Tuesday, September 23, 2008

အရိပ်ကလေး

အရိပ်ကလေး

ချိတ်ဆွဲထားချင်ပါရဲ့
ကောင်းကင်ပေါ်မှာ…
တခြားသူတွေ မမြင်အောင်
မင်းရဲ့ အရိပ်ကို
တစ်စုံတရာ ဖန်ဆင်းခွင့်ရခဲ့ရင်…

ကိုယ်ရဲ့စိတ်နဲ့
အိပ်စက်ရတဲ့ ညတွေလဲ များပြီ။
အိပ်မက်တွေကို သောက်ပြီး
စိတ်ရဲ့ ထွက်ပေါက်အဖြစ်
မင်းကို မသိစေချင်ပါဘူးကွာ။

ကိုယ်တစ်ယောက်ထဲဘယ်လိုနေရတယ် ဆိုတာ
မင်း....ကိုယ်ယောင်ဖျောက်သွားတဲ့အခါ
ကိုယ့်စိတ်ကို ညာနေခဲ့ရတယ်။
မင်းရဲ့အကြည့်တွေကို အထင်းသား မြင်ရတဲ့အခါ …
မင်းရဲ့ စကားလုံးတွေ ကိုယ့်ပေါ်လျှံကျလာတဲ့အခါ …
မင်းကို ဖွဖွလေး ခိုးနမ်းနေမိတယ်။

တရားသောနည်းနဲ့
ထွက်ပြေးချင်နေတာလား။
မင်းရဲ့ အသိစိတ်ကပဲ
ကိုယ့်အကြည့်တွေကို မုန်းလို့လား။
မင်း ဘာကြောင့်ထွက်ပြေးနေရတာလဲကွာ
အရိပ်ကလေးရယ် ... ။………………..။

မာရေးသျှင်

Material : တိတ်တခိုး (တောကြောင်)

2 comments:

တားမြစ် ထားသော... said...

ကိုမာရေးသျှင်၊ သဘောကျသဗျ။

ကျွန်တော် တောင်းပန်ထားရတဲ့ ကွန်မန့်တွေအတွက် (ဟိုတနေ့က အမည်မသိသို့ တောင်းပန်ခြင်းကို ပြောပါတယ်။) နောင်ဆိုရင် အခု ကိုမာရေးသျှင်ပြုစုသလိုလေး လုပ်ချင်သဗျာ။
ကောင်းသောအပြုအမူဖြစ်လို့ အတုခိုးခွင့်တော့ပြု။

သုခမိန်(E-Journal)

ကိုရင်နော်ခင်လေးငယ် said...

ငုတ်တုတ်မိုးလင်းတဲ့ညတွေမှာ
အေးမြနူးညံ့ခြင်းလေးနဲ့
ဖွဖွလေး ဖက်ထားမိချင်တာ..
တရားသောနည်းနဲ့ ထွက်ပြေးချင်တဲ့
မင်း မတရားဘူး အရိပ်ကလေးရယ်...။

ခင်မင်ခြင်းများစွာဖြင့်....