ငါသာလျှင် ငါ့ကံ၏အရှင်သခင်
(ဆွဲဆောင်မှုနိယာမ)
“စေတနာ ဟံ၊ ဘိက္ခဝေ ကမံ္မ ၀ဒါမိ”
ရဟန်းတို့ စေတနာကိုပင် ကံ ဟု ငါဆိုသည်။
(ဗုဒ္ဓ )
“ကိုမာရေးသျှင်ရေ...
မယ် “ငါသာလျှင် ငါ့ကံ၏အရှင်သခင် (၅) သို့ မှတ်ချက်”
“ခင်များသဘောမတူဘဲ ဘယ်သူမှ ခင်များကိုနာကျင်အောင် မလုပ်နိုင်ပါ။”
“Stephen R. Covey ; The 7 Habits of Highly Effective People” မှ
ခင်များ တွေ့ကြုံဖြစ်ပျက်နေသမျှအရာရာဟာ ခင်များ မဆင့်ခေါ်ဘဲ ဆိုင်းမဆင့် ဗုံမဆင့် ရောက်လာကြတာ တစ်ခုမှ မဟုတ်ပါ။ အဲဒါတွေဟာ ခင်များမလိုချင်တာတွေဆိုရင်တောင် ပြိုင်ဖက်တင်ပေးဖို့ ခင်များရဲ့ ပျက်ကွက်မှုကြောင့်သာ တစ်ယောက်တည်းပြေးပြီး ပန်းဝင်ဗိုလ်စွဲလာတဲ့ အရာတွေမျှသာ။
ဘယ်သူကတော့ သူ မလိုချင်တဲ့အရာတွေကို တမင်တကာ ဆွဲဆောင်ဖိတ်ခေါ်ပါ့မလဲ။ လိုချင်တာကို ဆွဲဆောင်ရကောင်းမှန်း မသိလို့သာ (သို့) လိုချင်တာတွေကို ဆွဲဆောင်ဖို့ ပျက်ကွက်လို့သာ မလိုချင်တာတွေရဲ့ ကျူးကျော်သိမ်းပိုက်ဝင်ရောက်ခြင်း ခံနေကြရတာပါ။
မကောင်းတဲ့အရာတွေနဲ့ ယှဉ်ပြိုင်စရာ ကောင်းတာတွေကို ဆွဲဆောင်ရမှာ ခင်များဝန်တာ။
ကောင်းရာတုလျက်
ကောင်းမှုမြတ်နိုး
ကောင်းအောင်ကြိုး၍
ကောင်းကျိုးကိုယ်၌ တည်စေမင်း။……….။
ကိုးကား။.........။ THE SECRET by RHONDA BYRNE
03072025
1 week ago
5 comments:
ကောင်းရာတုလျက်
ကောင်းမှုမြတ်နိုး
ကောင်းအောင်ကြိုး၍
ကောင်းကျိုးကိုယ်၌ တည်စေမင်း။……….။
ဟုတ်ကဲ့ပါ...
ကောင်းရာတုလျက်
ကောင်းမှုမြတ်နိုး
ကောင်းအောင်ကြိုး၍
ကောင်းကျိုးကိုယ်၌ တည်စေမင်း။……….။
ကြိုးစားပါ့မယ်....
ကျေးဇူးပါ....
ကို မာရေးသျှင် အရေးအသားတွေကို ကျွန်တော် နှစ်သက်ပါတယ် ၊၊ နားလည်ပါတယ် ၊၊တစ်ချို့ စာတွေကို အရောက်ပို့ပေးဖို့ တော်တော် အားထုတ်ရတယ် ၊၊
အမြဲအားပေးလျက်ပါဗျာ..
ငါသာလျှင် ငါ့ကံ၏ အရှင်သခင်
ကောင်းလိုက် တဲ့ စာသား အတွေးကောင်းတွေပါပဲ
မာရေးသျှင်ရေ ခံစားပြီး ရင်ထဲအထိ
သယ်ဆောင် ယူသွားပါတယ်။
အရမ်းကောင်းတယ်နော် ငါသာလျှင် ငါ့ကံဧ။်အရှင်သခင်ဆိုတာကို စိတ်ထဲမှာ မှတ်သားထားပါ့မယ်
Post a Comment