Thursday, December 6, 2007

ရီစရာ မောစရာ ဟာသများ (၃)


မုဆိုးနှစ်ယောက်သည် သစ်တောထဲတွင် အမဲလိုက်ထွက်နေစဉ် တစ်ယောက်သောသူသည် ရုတ်တရက် လဲကျသွားလေသည်။ အသက်လည်းရှုပုံမရ၊ မျက်လုံးများမှာလည်း ရီဝေေ၀ဖြစ်နေလေသည်။ ကျန်တစ်ယောက်က ဖုန်းကိုထုတ်ကာ အရေးပေါ်ဌာနသို့ဆက်လေသည်။
အမောတကောဖြင့်ပြောလေသည်
- ကျနော် သူငယ်ချင်း သေပြီ၊ ဘယ်လိုလုပ်ရမလဲ။
အရေးပေါ်ဌာနမှ ပြန်ပြောလေသည် - စိတ်အေးအေးထားပါဗျာ။ ပထမ သေဆုံးတာ တကယ်ဟုတ်မဟုတ် သေချာအောင်လုပ်ပါဦး။
ခဏ စကားပြောသံ တိတ်သွားလေသည်။ ထို့နောက် သေနတ်သံတစ်ချက်ကြားလိုက်ရသည်။ ပြီး ဖုန်းမှ စကားပြောသံပြန်ကြားရလေသည်
- အင်း တကယ်သေသွားပြီ၊ ဘာဆက်လုပ်ရမလဲဗျ။

အမျိုးသမီးတစ်ယောက်သည် လိုင်းကားပေါ်သို့ သူ့ကလေးအားချီပြီးတတ်လာသည်။
ဒရိုင်ဘာမှ ပြောလေသည်
- ဒီလောက်ရုပ်ဆိုးတဲ့ကလေး ဒီတစ်ခါပဲတွေ့ဖူးသေးတယ်။
အမျိုးသမီးသည် ဒေါသတကြီးဖြင့် ကားနောက်ပိုင်းတွင်လာထိုင်ပြီး ဘေးနားတွင်ကပ်လျက်ထိုင်နေသော အမျိုးသားတစ်ယောက်အား
- ကျမကို သိပ်စော်ကားတာပဲ-ဟုပြောလေသည်။
ယင်းအမျိုးသားမှ - ဒရိုင်ဘာကိုအခုချက်ခြင်းသွားပြီး ရန်တွေ့သင့်တယ်။ ကျုပ်ခင်ဗျား မျောက်ကလေးကိုထိန်းထားမယ်။

ရှားလော့ဟုမ်း(စ)နှင့် ဒေါက်တာ ၀တ်ဆင်တို့ တောတွင်းခရီးသွား၏။ ညစာစားပြီးသော်၊ ခဏတဖြုတ်နားပြီး အိပ်ကြလေသည်။
နာရီအတန်ကြာအိပ်ပြီးသော် ရှားလော့ဟုမ်း(စ)သည် တရေးနိုးလာပြီး၊ သစ္စာရှိသူငယ်ချင်း ၀တ်ဆင်အားနိုးပြီး- ကောင်းကင်ကိုကြည့်ပြီး ဘာတွေမြင်လဲ ပြောစမ်းပါဦး။
- ကြယ်တွေ အသိန်း၊ အသန်းမြင်ရတာပေါ့ဗျာ။
- ကိုင်း ဘာတွေ ကောက်ချက်ချလို့ရမလဲဗျာ။
ဝတ်ဆင်သည်လည်း ခဏလောက် စေ့စေ့တွေးပြီး
- နက္ခတ္တဗေဒအရဆို အဲဒီကြယ်တွေဆိုတာ ဂလက်ဆီတွေ၊ဂြိုလ်တွေ အသိန်းအသန်းပေါ့။ နက္ခဗေဒင်အရဆိုရင် စေတန်က လီယိုဘက်ရောက်နေတယ်ဗျာ။ ဇာတာခွင်အရဆို အချိန် သုံးနာရီ ဆယ့်ငါးပေါ့။ ရာသီဥတုဆိုရင်တော့ မနက်ဖြန် နေသာပြီး သာယာမယ်ဗျာ။ ဘာသာရေးအရဆိုရင် ဘုရားသခင်က တန်ခိုးအလွန်ကြီးမားပြီး၊ ကျုပ်တို့က စကြာဠာထဲမှာ အလွန်သေးငယ်တဲ့အရာလေးတွေပေါ့။ နေပါဦး ခင်ဗျားကရော ဘာကောက်ချက်ချမလဲဗျာ။
ရှားလော့ဟုမ်း(စ)သည် ခဏဆိတ်ငြိမ်ပြီး
- ၀တ်ဆင်၊ ခင်ဗျားက ဝေးသကိုးဗျာ။ ကျုပ်တို့ရွက်ဖျင်တဲကို တစ်ယောက်ယောက် ခိုးသွားပြီဗျ။

ဆက်ဖတ်မယ်ဆိုရင် ...

Tuesday, December 4, 2007

Super Trains: Plans to Fix U.S. Rail Could End Road & Sky Gridlock



With airports and highways more congested than ever, new steel-wheel and maglev lines that move millions in Europe and Japan have the potential to resurrect the age of American railroads.

Unlike conventional diesel- and electric-powered trains, the motor for maglev trains is essentially embedded in the track. The track creates a traveling magnetic field beneath the train, which lifts the cars and propels them at 300-plus mph. The train’s on-board systems are powered by induction from the track. And only the section of track under the train is energized. (Illustration by Nathan Fariss)

http://www.popularmechanics.com/technology/transportation/4232548.html

ဆက်ဖတ်မယ်ဆိုရင် ...

နာရေး

နာရေး
သစ္စာနီ


ခေါင်းလည်းကျလို့ရ
ပန်းလည်းကျလို့ရတဲ့
ဒင်္ဂါးပြားတစ်ခုလိုပေါ့လေ။
လူတွေ...
အေးရာအေးကြောင်းရှာပုံက
လေငင်ရာယိမ်းလို့
တစ်ယောက်နဲ့တစ်ယောက်
ထိပ်ပုတ်ခေါင်းပုတ်လုပ်လို့
ဆေးမြီးတိုသောက်လို့။
လူတွေ...
အေးရာအေးကြောင်းရှာပုံက
ရာသီဥတုကို အပြစ်ပြောလို့
ဒုက္ခကို ယပ်ခတ်လို့
ဒီကွေ့မှာ ဒီတက်နဲ့လှော်လို့။
လူတွေ...
အေးရာအေးကြောင်းရှာပုံက
နေကာမျက်မှန် ကိုယ်စီတပ်လို့
ကိန်းဂဏန်းတွေကို ဖိုထိုးလို့
ပွဲတော်ရက်တွေကို မျှော်လို့။
မြက်ခင်းစိမ်းစိမ်းတွေဖုံးနေတဲ့
မြေပုံမို့မို့
မနက်ဖြန်ကို
အဲဒီနေရာမှာ မြှုပ်နှံခဲ့တာပေါ့။ ။

ဆက်ဖတ်မယ်ဆိုရင် ...

Sunday, December 2, 2007

ပျဉ်းမငုတ်တို

ပျဉ်းမငုတ်တို

- ဖုထစ်ရွတ်တွ၊ ငှက်ဠင်းတသို့
ပျဉ်းမငုတ်တို၊ သက်ကျားအိုသည်
ကုန်းမိုထက်တွင် တပင်တည်း။

- ခွဆုံအကွေး၊ သစ်ခေါင်းဆွေးလည်း
အဖေးတက်လျာ၊ အိုင်းအမာသို့
ကျယ်စွာဟက်ပက် ခြအိမ်ပျက်။

- ကုန်းမိုကမ်းပါး၊ မြေပတ်ကြားတွင်
စစ်သားခမောက်၊ ပိတ်ခြောက်ခြောက်ရုပ်
စစ်ရောက်စခန်း လက်ပြညွှန်း။

- ထိုပင်ငုတ်တို၊ ပျဉ်းမအိုသည်
စစ်ကိုလည်းကြုံ၊ ခြအုံလည်းဖြစ်
ဓားထစ်လည်းခံ၊ နေလျှံလည်းတိုက်
လေပြင်းခိုက်လည်း၊ မငိုက်ဦးခေါင်း
နွေသစ်လောင်းသော်။
ရွက်ဟောင်းညှာကြွေ၊ ရွက်သစ်ဝေ၍
လေပြည်ထဲတွင်၊ ငယ်ရုပ်ဆင်သည်
အသင်ယောက်ျားကောင်းတကား။ ။

မင်းသုဝဏ်
၁၁ ရက်၊ဇန်န၀ါရီ၊ ၁၉၄၉ခုနှစ်တွင် ဖွဲ့ဆိုခဲ့သည်။

ဆက်ဖတ်မယ်ဆိုရင် ...

Friday, November 30, 2007

မိုးတွေပြိုကျ..နေ့တိုင်းပဲ

အဲဒီနေ့ကပေါ့ အလုပ်ကအပြန် တစ်ခွက်တစ်ဖလား ၀င်ဆွဲတာ။
အပြန်လမ်းမှာ ဆိုးလွန်းဝါးလွန်း လူမြင်မကောင်း၊သူမြင်မကောင်းယိုင်ထိုးနေတာလည်း မဟုတ်ပါဘူး။ ပါးစပ်ကလည်း တတွတ်တွတ်နဲ့ အသံတွေထွက်နေပေမယ့် ဟိုလိုညစ်ညစ်ညမ်းညမ်းတွေကလည်း မပြောတတ်ပါဘူး။ ကျုပ်အော်တာကလည်း "ဘယ်ခွေးမှ လူမထင်ဘူးကွ" လို့ပါ။ ဘာမှားလို့လဲဗျာ။ ဘယ်လိုကဘယ်လို အမြင်ကတ်ခံနေရမှန်းကို မသိပါဘူး။ တစ်ခုခုနဲ့တော့ အထုခံလိုက်ရပုံတူပါရဲ့။


ကောင်လေးတစ်ယောက်က သူ့နောက်ကလိုက်ခဲ့ပါလို့ခေါ်လို့ အခန်းတစ်ခန်းထဲကို ၀င်ရတယ်ဗျ။ စပေ့မြန်မာတွေက အင်တာဗျူးချင်ကြလို့တဲ့။ လူ့ပြည်က မြန်မာတစ်ယောက်နဲ့ တွေ့ချင်နေတာကြာပြီတဲ့။ မင်းတို့လည်း မြန်မာလူမျိုးတွေပဲဟာကို ဘာထူးဆန်းလို့လဲ ပြန်ပြောတော့ ကောင်လေးက ကျွန်တော်တို့က မြန်မာပါပဲတဲ့၊ ဒါပေမယ့် လူပြည်ကတော့ မဟုတ်ပါဘူးတဲ့။ အော် ဒါ့ကြောင့်စပေ့မြန်မာတွေလို့ ပြောခဲ့တာကိုး။

အခန်းထဲကို ၀င်လိုက်တော့ လန့်သွားတာပဲဗျာ။ "အူ..အူ.." ဆိုပြီးထအော်ပါရောလား။ ဘေးက ကောင်လေးကို ဘာကြောင့် ခွေးလိုအော်နေရတာလဲမေးတော့ ခွေးလိုအော်နေတာ မဟုတ်ပါဘူးတဲ့။ နှုတ်ခွန်းဆက်စကားပါပဲတဲ့။ တကယ်တမ်းကျတော့ ဘေးကကောင်လေးက စကားပြန်ကိုဗျ။ မြန်မာလူမျိုးခြင်းအတူတူ စကားပြန်ထားရသတဲ့။ ဟီးဟီး ကြားဘူးပေါင်ဗျာ။ ကျန်တဲ့လူတွေက ကျုပ်ပြောတတ်တဲ့ လူစကားကို မပြောတတ်တာဗျ။ ဟိုကောင်လေးက ရှေးဟောင်းမြန်မာစကားကိုလေ့လာတာတဲ့။ ဘယ်လိုပါလိမ့်။ ဘယ်လိုလုပ်ပြီး ရှေးဟောင်းတာလဲဆိုတော့၊ ဦးလေးတို့ ကမ္ဘာမှာ ၂၀၀၇ ခုနှစ်ပဲရှိသေးတာမဟုတ်လားတဲ့။ ဒီမှာက ၃၀၀၇ ခုနှစ်ရောက်နေပါပြီတဲ့။

မေးကြပါလေရော။ ဦးလေးက ဒီကို ဘယ်လိုရောက်လာတာလဲတဲ့။ ကျုပ်လည်း မှတ်မိသလောက်ပဲ ရှက်ကလေးပင့်ချင်လို့ ၀င်ဆွဲလိုက်တာ၊ ဘယ်သောက်ကမြင်းကောင်တွေ ဆော်လိုက်တယ်မသိဘူးလို့။ သတိရတော့ ဒီသူငယ်လေးက အင်တာဗျူးချင်လို့ဆိုပြီး ခေါ်လာလို့ ဒီရောက်လာတာလို့။ ပြောကာမှဆိုးရော ရှက်ဆိုတာလဲ၊ ရှက်ပင့်တယ်ဆိုတာကရော ဘယ်လိုအဓိပ္ပါယ်လဲတဲ့။ ပြောရတော့တာပေါ့ ရှက်ပင့်တယ်ဆိုတာက အရက်သောက်တာကို ပြောတာပါပေါ့။ လုပ်ပြန်ရော အရက်ဆိုတာ ဘာပါလဲတဲ့။ အရက်ဆိုတာ အရည်တွေလို့။ အဲဒါတွေသောက်လိုက်ရင် ခေါင်းကို ချာချာလည်နေအောင် မူးတာပေါ့။ မူးလာရင် ပြောချင်ရာတွေ ပြော၊ လုပ်ချင်ရာတွေလုပ်တာပေါ့။ ရှေ့နောက် မဆင်ခြင်တော့ဘူး။ အရှက်ဆိုတာလည်း မရှိသလောက် နည်းသွားတယ်ပေါ့။ လူစိတ်ပျောက်ပြီး လူလူချင်းတောင် လူမထင်တော့တာပေါ့။ စိတ်ထဲ အရက်သမားတွေ ဖြစ်တတ်တယ်ထင်တာတွေ အကုန်ပြောပြလိုက်တယ်။ အဲဒီမှာ ရှေးဟောင်းမြန်မာ့ရာဇ၀င်ကိုလေ့လာနေတဲ့ ကျောင်းသားတစ်ယောက်က ထပြောတာပေါ့။ ဒါဆို အရက်ဆိုတာ အာဏာလိုဖြစ်ရမယ်တဲ့။ ခက်ပါလေရော။ ဘယ်လိုဘယ်လိုကွ ဆိုတော့ သူလေ့လာတဲ့ ရာဇ၀င်ထဲက စစ်ဘုရင်တစ်ပါးက အရက်သောက်မသောက်တော့မသိဘူးတဲ့၊ ရှေးဟောင်းသမိုင်းစာမျက်နှာတွေမှာ ဖတ်ရတာတော့ အာဏာယစ်မူးပြီး၊ တိုင်းသူပြည်သားလူအများကိုတောင် လူလို့ မမြင်တော့တာဖတ်ဖူး၊လေ့လာဖူးသတဲ့။ ကျုပ်လည်း သက်ပြင်းချ၊ ခေါင့်တစ်ငြိမ့်ငြိမ့်လုပ်ရတော့တာပေါ့။

စပေ့မြန်မာဆိုပေမယ့် မြန်မာချင်းတော့ သံယောဇဉ်ရှိပုံရပါတယ်။ ဘယ်လိုတွေနေ၊ ဘာတွေစားကြသလဲဆိုပြီး မေးတော့ကာ၊ ကျုပ်လည်း ထမင်းတောင် နပ်မှန်အောင် မစားရတဲ့သူတွေကများသဗျာဆိုတော့လည်း နားမလည်ကြဘူး၊ ထမင်းဆိုတာ ဆန်ကနေချက်ယူရတဲ့အကြောင်း၊ ဆန်ဆိုတာက စပါးပင်ကနေရတယ်ဆိုတဲ့ အကြောင်းရှင်းပြရတာပေါ့။ စပါးပင်ဆိုတာက လယ်ကွင်းထဲမှာစိုက်ယူရတယ်။ ထမင်းနပ်မမှန်တာဆိုကလည်း မစားရတဲ့နေ့တွေကများနေတာကို ဆိုလိုကြောင်း အကျယ်တ၀င့်ရှင်းလင်းတင်ပြရတော့တာပေါ့။ ဒါတောင် နားလည်ပုံမပေါက်ကြပါဘူး။ ပေါင်မုန့်မရှိရင် ကိတ်မုန့်စားကြပေါ့ဆိုတဲ့ အမျိုးတွေကြနေတာပဲ။

အလုပ်ကို မြန်မာတွေဘယ်လိုလုပ်သလဲတဲ့။ ကြိုးစားကြသလားတဲ့။ အင်း ပြောရတယ်။ အများကတော့ မလုပ်၊မရှုပ်၊မပြုတ်လုပ်နေကြတယ်ပေါ့။ တိုးတက်သလားဆိုတော့ နှစ်ပိုင်းရှိတယ်။ တစ်စုကတော့ တိုးတက်တယ်လို့ ပြောကြတယ်။ တစ်ခြမ်းကတော့ ဆုတ်ယုတ်တယ်လို့ ပြောကြတယ်။ ဘာလို့ နှစ်ခုကြီးဖြစ်နေတာလဲတဲ့။ တစ်ဖက်က ညာနေလို့ပေါ့လို့။ ညာတယ်ဆိုတာဘာလဲတဲ့။ ညာတယ်ဆိုတာ မဟုတ်တာတွေ၊မမှန်တာတွေကို ပြောဆိုတာကိုပြောတာလို့။ မမှန်တာတွေ၊ မဟုတ်တာတွေကို ပြောတာ ဘုရားမကြိုက်ဖူးလို့ ဖတ်ဖူးပါတယ်တဲ့။ အင်း ခက်လှပါလားကွယ်။ သူတို့တွေ ဘုရားမကြိုက်တာ အကုန်လုပ်တယ်ဆိုတာ သူတို့ နားမလည်ကြဘူး။

သူတို့လည်း စားသောက်နေထိုင်ရေးတွေ မေးရတာ စိတ်ချမ်းသာစရာ မကောင်းဘူးလို့ သဘောပေါက်သွားတယ်ထင်ပါတယ်။ လူတွေ အချင်းချင်း မေတ္တာတရားရှိကြ၊ထားကြသလားတဲ့။ လူပါဆို၊ အမျိုးမျိုးပေါ့။ မေတ္တာတရား ပေါများတဲ့သူရှိသလို၊ ခေါင်းပါးတဲ့သူတွေလည်းရှိတာပေါ့လို့။ ဘယ်သူတွေ ကြီးစိုးသလဲတဲ့။ ခက်ပါ့ကွယ်။ မမေးကြပါနဲ့။ အလည်သာလိုက်ခဲ့ကြပါ။ အော့နှလုံးနာပြီး ပြန်သွားကြမယ်။ ကိုယ့်အိမ်ကိုပြန်ချင်လှပါပြီ။ ကိုယ့်ခေါင်းကို ကိုယ်ပြန်ရိုက် သတိမေ့လိုက်ရကောင်မလား။ ကိုယ့်အရပ်မှာတော့ မေ့ချင်ရင်လည်း ရှက်ကီလေးနဲ့ပေါ့။ ဒီမှာကလည်း ဒါတွေကမရှိတော့ အခက်သား။

အဲဒီမှာ "၀ုန်း"ဆိုတဲ့ အသံကြီးနဲ့ ရေတွေ ကျုပ်အပေါ်ပြုတ်ကျ။မျက်လုံးဖွင့်လိုက်တော့ စပေ့ကမိုးပြိုတာမဟုတ်ဘဲ အိမ်ကညီလေးက အကိုကြီးအမူးပြေအောင် ရေပုံးနဲ့ရေလောင်းချလိုက်တာတဲ့။


ဆက်ဖတ်မယ်ဆိုရင် ...

Thursday, November 29, 2007

Tokio Hotel - Forgotten Children



Tokio Hotel - Forgotten Children

Just a normal day
Streets turn into graves
Traces have been removed
The search was disapproved
So cold the night
The weak ones lose the fight
Too many of them out there
Noone seems to care

Lost and so alone
Born but never known
Left all on their own
Forgotten children
We'll never hear a name
They carry all the blame
Too young to break the chains
Forgotten children

They see, they feel, believe
Just like we do
They're laughing, and crying
Wanna live here
Like me and you

Eyes without light
Too tired of good-byes
Never felt embraced
And frightened of every face
A life in disguise
Hope forever died

Lost and so alone
Born but never known
Left all on their own
Forgotten children
We'll never hear a name
They carry all the blame
Too young to break the chains
Forgotten children

They see, they feel, believe
Just like we do
The're laughing and crying
Wanna live here
Like me and you

It shouldn't really be that way
It shouldn't really be that way

We see, we feel, believe
Just like you
We're laughing and crying
Wanna live here
We see, we feel, believe
Just like you
We're laughing and crying
Wanna live here
Just like you

ဆက်ဖတ်မယ်ဆိုရင် ...

Sunday, November 25, 2007

မှန်

ဗြုန်းကနဲ မှန်ထဲကို သေသေချာချာပြန်စိုက်ကြည့်မိသည်။ ခါတိုင်းဆို မနက်လင်းတိုင်း ဒီမှန်ရှေ့ မျက်နှာသစ်နေကျ ပုံမှန်အတိုင်း ကိုယ့်မျက်နှာကိုတောင်သေချာမကြည့်ဖြစ်ဘဲ မျက်နှာသစ်ပြီးသွားတာပါပဲ။ ဒီနေ့မနက်ကျမှ ခုလိုမှန်ထဲ ကိုယ့်မျက်နှာကို သေချာပြန်ကြည့်မိတာ ဒါပထမဆုံးပဲ။ ဘာဖြစ်လို့လဲဆိုတော့ . . . . . .

မိုးလင်းလင်းချင်း သွားမတိုက် ၊ မျက်နှာမသစ်ဘဲ အိမ်ရှေ့က လဟာပြင်ထဲ လေသန့်သန့်ကိုရှုလိုက်ရမှ သူ့အကျင့်က။ ပြီးတော့မှ သွားတိုက်မျက်နှာသစ်သည်။ ဒီဘေစင် (basin) ကမှန်ကို သေချာဂရုမစိုက်မိဘဲ မနက်ခင်းပေါင်းများစွာကျော်ဖြတ်လာခဲ့သည်မှာလည်း ကြာပြီ။ ဒီနေ့တော့ မျက်နှာသစ်ခါနီး မှန်ထဲကို အမှတ်တမဲ့ကြည့်လိုက်မိတော့ ကိုယ့်မျက်နှာကို ကိုယ်ပြန်တွေ့ရသည်။ ဒါပေမယ့် ပုံမှန်တော့မဟုတ်။ ကျနော့်မျက်လုံးတွေ ၊ ကျနော့်နှုတ်ခမ်းတွေမဟုတ်သလို ခံစားရသည်။ အဲဒါနဲ့ပဲ ဒီနေ့မနက်ကျမှ ဒီမှန်ထဲကို နောက်ထပ်တစ်ခါ သေချာပြန်ကြည့်ဖြစ်တာပါပဲ။ ပြီးတော့ ကျနော် မှန်ထဲကကျနော့်ကို ပြုံးပြကြည့်သည်။ သူက ပြန်ပြုံးမပြ။ ဟာ ! ဒါဆိုလွဲပြီပေါ့။ ဘာဖြစ်လို့လဲဆိုတော့ မှန်ရဲ့သဘောက ရောင်ပြန်ဟပ်တာပဲမဟုတ်လား။
ကျနော်ပြုံးပြရင် မှန်ထဲကကျနော်ကလည်း အပြင်ကကျနော့်ကို ပြန်ပြုံးပြရမှာပေါ့။ ဟုတ်ဖူးလား။ အဲ - ဒါပေမယ့် အခုတော့ အဲဒီလိုမဟုတ်တော့ဘူးဗျ။ မှန်ထဲကကျနော်က အပြင်ကကျနော့်ကို ခပ်တည်တည်ပဲ စိုက်ကြည့်နေတယ်ဗျ။ ရုတ်တရက် ဗြုန်းဆို ကျနော့် ကြက်သီးတွေဘာတွေထပြီး စိတ်ထဲထိတ်သွားတယ်။ ပြီးတော့ ကျနော်က မှန်ထဲကကျနော့်ကို ခေါင်းခါပြတော့ အောင်မယ် . . မှန်ထဲကကျနော်က ခေါင်းပြန်ညိတ်ပြတယ်ဗျ။ ကျနော်ခေါင်းခါတာကို သူသဘောပေါက်တယ်ပေါ့လေ။ အဲဒါနဲ့ ကျနော်လည်း သိပ်တော့ စိုးရိမ်စိတ်မရှိတော့ပါဘူး။ မှန်ထဲကကျနော်နဲ့ အပြင်ကကျနော်တို့ နားလည်မှုတစ်ခုတော့ရှိသွားပြီလို့ထင်လိုက်တယ်။ အဲဒါနဲ့ ကျနော်က နောက်ထပ်တစ်ခု စမ်းကြည့်တယ်။ အသံပေါ့ . . .
မှန်ထဲကကျနော်က အသံနဲ့ကောပြန်ပြောနိုင်လားလို့ စမ်းကြည့်ချင်လာတယ်။ အဲဒါနဲ့ ကျနော်က မှန်ထဲကကျနော့်ကို င်္မင်္ဂလာပါ င်္ လို့ပြောလိုက်တယ်။ အဲဒါနဲ့သူကလည်း ကျနော့်ကို င်္မင်္ဂလာပါ င်္တဲ့ ! ဟာ - ဒါဆို မှန်ထဲကကျနော်နဲ့ စကားပြောလို့ရပြီပေါ့လို့ ကျနော်တွေးလိုက်မိတယ်။ ဒါနဲ့ ကျနော်ကဆက်ပြီး ခင်ဗျားက ကျနော်လားလို့မေးတော့ မှန်ထဲကကျနော်က င်္ခင်ဗျားကခင်ဗျား ၊ ကျနော်က ကျနော်ပါပဲ င်္တဲ့။ ဒါဆိုမတူဘူးပေါ့နော် လို့ ကျနော်ကပြန်မေးတော့ သူက င်္အတူတူတော့ အတူတူပါပဲ ၊ ဒါပေမယ့် မတူဘူးဗျ င်္လို့ ပြန်ဖြေသဗျ။ အဲဒါနဲ့ ကျနော်လည်း နားရှုပ်သွားတော့ ခင်ဗျားရှင်းအောင်ဖြေစမ်းပါဗျ လို့ စိတ်တိုတိုနဲ့ ခပ်ဆတ်ဆတ်ပြောလိုက်တော့ - အောင်မယ် သူက ရယ်သဗျ။ င်္ခင်ဗျားကလည်း စိတ်ဆိုးတယ်မြန်သကိုး ၊ ကျနော်ပြောတာက ကျနော်က ခင်ဗျားတော့ ခင်ဗျားပဲ ၊ ဒါ့ကြောင့်အတူတူပဲလို့ပြောတာ ၊ ဒါပေမယ့် ကျနော်က မှန်ထဲက - ခင်ဗျားက အပြင်ကဆိုတော့ မတူဘူးလို့ပြောတာ ၊ ရှင်းပြီလားဗျ င်္လို့ ခပ်ရွှင်ရွှင်အသံနဲ့ ကျနော့်ကို ပြန်ဖြေရှင်းတယ်။ ဒါနဲ့ ကျနော်လည်း နည်းနည်းတော့ အားနာသွားသဗျ။ သူပြောတာလည်း ဟုတ်တာကိုး။အဲဒါနဲ့ ကျနော်က သူ့ကို ဆောရီးပဲဗျာ ၊ ကျနော်က နားရှုပ်သွားလို့ ခင်ဗျားကို ခပ်ရှင်းရှင်းပြန်ပြောပြခိုင်းတာပါ ၊ စိတ်မဆိုးပါဘူး လို့ ပြန်ပြောလိုက်တယ်။ သူကတော့ ကျနော့်ကိုကြည့်ပြီး ပေါ့ပေါ့ပါးပါးနဲ့ ပြုံးပြနေတယ်ဗျ။ ပြီးတော့ သူကကျနော့်ကို ပြောပြန်တယ်။ ခင်ဗျား ဟိုစာတန်းလေးကို ဖတ်ဖူးလား ? င်္သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ င်္ဆိုတဲ့စာတန်းလေးလေ လို့မေးတယ်။ ကျနော်က အင်း . . . ဖတ်ဖူးပါတယ်။ ဘာဖြစ်လို့လဲလို့ ပြန်မေးတော့ သူက ဟက်ဟက်ပက်ပက်ရယ်သဗျ။ ပြီးတော့မှ အရယ်ရပ်ပြီး ခင်ဗျားက အခုထိ အတွေးမပါဘဲနေတုန်းကိုးဗျ။ အဲဒီ့စာတန်းကို ခင်ဗျားသေချာစဉ်းစားကြည့်စမ်းပါဗျ။ ခင်ဗျားဟာ စိတ်ကောင်းရှိသူလား ၊ စိတ်ထားမကောင်းသူလားဆိုတာ ခုနက ခင်ဗျားမေးခွန်းလို ခင်ဗျားအတွေးရှုပ်သွားမှာပဲဗျ။ လို့ ပြောတယ်။ အဲဒါနဲ့ ကျနော်ကဆက်ပြီး သူ့ကို ခင်ဗျားကလည်း တစ်ခါတည်းခပ်ရှင်းရှင်းပဲ စကားပြောစမ်းပါဗျာ။ တွေးခိုင်းမနေပါနဲ့လို့ ကျနော်ကပြောတော့ သူက အင်း . . . ဒီလိုဗျ။ အဲဒီ့စာတန်းလေးက င်္သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ င်္ ဆိုတော့ သင်မကောင်းလျှင်တော့ ကျွန်ုပ်က ဆိုးတော့မည်ပေါ့ ?
ဒါဆိုရင်တော့ ခင်ဗျားစိတ်က မခိုင်မာသေးဘူးပေါ့။ စိတ်ထားကောင်းတယ်ရယ်လို့ မဆိုဘူးပေါ့။ ကျနော်ကတော့ ခင်ဗျားကို ရဲရဲပြောရဲတယ်။ ကျနော်က ခင်ဗျားရဲ့မှန်ထဲကအရိပ် ၊ ဒါပေမယ့် ခင်ဗျားလိုတော့ မဟုတ်ဘူး ။ ကျနော်က ခင်ဗျားစိတ်ဆိုးတိုင်း စိတ်လိုက်မဆိုးဘူး။ ကျနော့်စိတ်ထဲကအတိုင်း ကောင်းသောတုံ့ပြန်ခြင်းပဲပေးတယ်။ ဒါကျနော့်ရဲ့စိတ်ထားပဲ။ ဒါ့ကြောင့် ကျနော်က ခင်ဗျားတော့ ခင်ဗျားပဲ။ ဒါပေမယ့် ခင်ဗျားမဟုတ်ဘူးလို့ ဆိုတာပေါ့ဗျ။ ခင်ဗျားစိတ်ဆိုးတိုင်းသာ ကျနော်ပါလိုက်စိတ်ဆိုးရင် ကျနော်က ခင်ဗျားရဲ့အရိပ်ပဲပေါ့ဗျာ။ အခုတော့ ကျနော်က ကျနော်ပါပဲ။ ခင်ဗျားကလည်းခင်ဗျားပါပဲ။ ခင်ဗျားက မှန်ထဲက ကျနော့်ကို ကြည့်ပြီး ပြုမူဆက်ဆံလည်း ခင်ဗျားအတိုင်း ကျနော်က လိုက်မလုပ်ဘူးလေ။ ကျနော့်စိတ်ရင်းအတိုင်း ခင်ဗျားကို ပြုမူဆက်ဆံတာပါ။ ဒါဆို ခင်ဗျားသဘောပေါက်ပြီလား ၊ ခင်ဗျားနဲ့ ကျနော့်ကွာခြားချက်ကို
. . . . . .
သြော် . . . ကျနော်သဘောပေါက်သွားသည်။ ဒီနေ့မနက် မျက်နှာမသစ်ခင် မှန်ထဲက ကျနော့်ကို စကားစမြည်ပြောဖြစ်လိုက်သည့်အချိန်ကစပြီး နောက်နေ့မနက်တိုင်း မှန်ထဲကကျနော့်ကို ကျနော် လေးစားစွာ နှုတ်ဆက်စကားပြောဖြစ်သည်။ သူကလည်း သူ့မူအတိုင်း ကျနော့်ကို ခပ်မြူးမြူးအသံဖြင့်
င်္င်္ခင်ဗျား ကျနော့်ကို ခင်ဗျားလို့ မသတ်မှတ်တော့ဘူးလား င်္င်္လို့မေးတိုင်း ကျနော်က င်္ဘာသတ်မှတ်စရာလိုတော့လို့လဲ ၊ ခင်ဗျားကခင်ဗျား ၊ ကျနော်ကကျနော်ပဲဟာ မှန်ထဲကအရိပ်လို အပြင်ကလူကကော လိုက်လုပ်တတ်လို့လား င်္လို့ ပြန်ဖြေလိုက်ပြီး နှစ်ယောက်စလုံးသဘောကျစွာဖြင့် ညီတူညီညာဟက်ဟက်ပက်ပက်ရယ်လိုက်ကြသည်မှာ ကျနော်တစ်ယောက်တည်း မှန်ကြည့်ရင်း ရယ်နေသလားအောက်မေ့ရအောင်အထိပင် . . .။

နယုန်မိုး

ဆက်ဖတ်မယ်ဆိုရင် ...

ရီစရာ မောစရာ ဟာသများ (၂)

ခေါင်းတွေကိုစားလို့.....

စာမေးပွဲတစ်ခုတွင် မှား၊မှန် မေးခွန်းအမျိုးအစားများကိုသာမေးလေသည်။
ကျောင်းသားတစ်ယောက်သည် ပိုက်ဆံအကြွေစေ့တစ်စေ့အားမြောက်ကာ အဖြေများအားချရေးလေသည်။
ပရော်ဖက်ဆာက စဉ်းစားလေသည်။
- သူကတော့ အရင်ဆုံးပြီးတော့မှာပဲ။
စာမေးပွဲအချိန်ပြည့်သွားလေသည်။
ကျန်ကျောင်းသားများသည် အဖြေများရေးပြီး၊ အဖြေစာရွက် အပ်ကာထွက်သွားသော်လည်း ယင်းကျောင်းသားမှာ အကြွေစေ့အားဆက်၍မြောက်နေဆဲပင်ဖြစ်လေသည်။
ပရော်ဖက်ဆာသည် စိတ်တွင် မရိုးမရွှဖြစ်လာကာ၊ ကျောင်းသားအားမေးလေသည်။
- မင်း မေးခွန်းအားလုံးကို ဖြေပြီးပြီမဟုတ်လား။
- ဟုတ်ကဲ့ဖြေပြီးပါပြီ။
- အေး ဒါဆို ဘာဆက်လုပ်နေတာလဲကွ။
- အဖြေပြန်စစ်နေတာခင်ဗျ။


မောင်ခေါ်ရာလိုက်ခဲ့တော့.....

အမျိုးသမီးမှ သူမ၏ အမျိုးသားကိုပြောသည်။
- တို့လည်းနော် ဘယ်မှလည်း မထွက်ဖြစ်၊ မသွားဖြစ်ဘူးနော်။
- အေး၊ မနက်ဖြန်ခါ အမှိုက်ပစ်သွားမယ်၊ မင်းကိုငါနဲ့အတူခေါ်မယ်နော်။

ကိုယ့်ကလေးကျတော့သိတတ်လိုက်တာ...

- မိန်းမရေ၊ တို့ကလေးဘယ်နှစ်ယောက်ရှိတာလဲကွ။
- နှစ်ယောက်လေ။
- အခန်းထဲမှာ ခြောက်ယောက်ဖြစ်နေပါ့လား။
- အော် သူတို့ သူငယ်ချင်းလေးတွေ ရောက်နေတာ။
- ဘယ်လိုလုပ်ပြီး တို့ကလေးနဲ့ တစ်ခြားကလေးကို ခွဲရမှာလဲကွ။
- အော် ကျမ အမှတ်အသားလုပ်ထားတယ်။ ထိပ်ကွက်ပြီး အနီရောင်ဆေးဆိုးထားတာက တို့ကလေးတွေ မဟုတ်ဘူး။

အပေါင်းအသင်းကောင်းဆိုတာဒီလို..

- အမျိုးသမီး အပေါင်းအသင်းများ
မိန်းမတစ်ယောက်သည် ညအိမ်ပြန်မအိပ်ဘဲ၊ မနက်လင်းခါမှ အိမ်ပြန်ရောက်လာကာ ညက သူငယ်ချင်းမ တစ်ယောက်ထံတွင်အိပ်ခဲ့သည်ဟု ပြောလေသည်။
ယောက်ျားမှ မိန်းမနှင့် အခင်မင်ဆုံး သူငယ်ချင်းမ ၁၀ ယောက်ထံသို့ ဖုန်းဆက်ကာ မေးမြန်းသောအခါ - ၁၀ ယောက်လုံးသည် ညတုန်းက သူမတို့ဆီတွင် အိပ်မသွားပါဟု ဖြေကြလေသည်။
- အမျိုးသား အပေါင်းအသင်းများ
ယောက်က်ျားတစ်ယောက်သည် ညအိမ်ပြန်မအိပ်ဘဲ၊ မနက်လင်းခါမှ အိမ်ပြန်ရောက်လာကာ ညက သူငယ်ချင်း တစ်ယောက်ထံတွင်အိပ်ခဲ့သည်ဟု ပြောလေသည်။
မိန်းမမှ ယောက်ျားနှင့် အခင်မင်ဆုံး သူငယ်ချင်း ၁၀ ယောက်ထံသို့ ဖုန်းဆက်ကာ မေးမြန်းသောအခါ - ၅ ယောက်မှ သူတို့ထံတွင်အိပ်၍ ပြန်သွားပြီးဟုဖြေပြီး၊ ကျန် ၅ ယောက်က ယခုဖုန်းဆက်သည် အချိန်ထိ သူ့တို့ဆီတွင်ရှိသည်ဟု ဖြေကြလေသည်။

ဆက်ဖတ်မယ်ဆိုရင် ...

ယောက်ျားဘသား လူကလေးများသို့ ... .. .

မြန်မာဘလောဂ့် တစ်ခုကနေ ကျွန်တော်တို့ မြန်မာယောက်ျားလေးတွေကို ဖြစ်စေချင်တဲ့၊ ဖြစ်လဲဖြစ်သင့်တဲ့ အယူအဆလေးတွေ အတွေးအခေါ်လေးတွေ ဖတ်ရတော့ ကျွန်တော် အမကြီးတစ်ယောက်ဆီကနေ ရဖူးတဲ့ ကဗျာလေးတစ်ခုကို ပြန်မျှဝေလိုက်တယ်။
ထူးဆန်းတာ တစ်ခုကိုလဲ သတိထားမိရဲ့။ ကျွန်တော့်ကို ကဗျာပေးဖတ်တာကလဲ အမကြီးပဲ၊ ဘလောဂ့်မှာရေးထားတာလဲ အမကြီးပဲလေ။ (ငယ်ရင်လဲငယ်အုံးမှာပါ၊ သေချာမသိလို့နော … စိတ်ဆိုးနဲ့ :P) ဒီကဗျာကို အရင်ခံစားတုန်းက (ပထမဆုံးဖတ်ရတုန်းက) ချရေးထားတာလေးတွေပါ ဒီပို့စ်မှာထည့်ပေးလိုက်တယ်။ စိတ်ဝင်တစား ဆွေးနွေးထားတဲ့ ပို့စ်က ဒီမှာဖတ်ပါ။

“လူကလေးများအလိုရှိသည်”
ထက်မြက်သော၊ စေတနာအသာရှိသော လူကလေးများ
ကိုယ်ရောစိတ်ပါ အားကောင်းမောင်းသန်များ
ဘာမဆို ကျော်နင်းအောင်မြင်ဖို့ စွမ်းသူများ
ထိုသူများအား အချိန်တိုင်း နာရီတိုင်း အလိုရှိသည်။
အားနည်းသူကို အလိုမရှိ၊ အကျိုးမပြီး အချည်းနှီးငြီးတွားနေသူ
အခက်အခဲများကို ပုံကြီးချဲ့သူ
‘ ငါမတတ်နိုင်ဘူး ‘ ယင်းစကားလုံး လက်စွဲသုံးသူများ အလိုမရှိ
‘ ငါကြိုးစားမယ် ‘ ထိုမြင့်မြတ်သော စကားတစ်ခွန်းသာ အလိုရှိသည်။
လုပ်စရာရှိသည်တို့ကို လုပ်၊
အမှန်တကယ် စွဲမြဲသဒ္ဓါ ဇွဲရှိလျှက်သာလုပ်၊
လုပ်ရေးဆောင်တာကို ခွန်အားဗလနှင့်လုပ်ကာ
ကြိုးပမ်းလျှက်သာ ထမ်းလော့။
တာဝန်ဟာ ခက်ခဲစေကာမူ
ကံမကောင်းဟူ၍ မမှတ်ယူလင့်၊
သန့်ရှင်းဖြူစင်သော ဆောင်ကြဉ်းစရာဖြစ်လျှင်
သန့်ရှင်းဖြူစင်သော မနောနှင့်ဆောင်ရွက်လော့။
အလုပ်ရုံ၌ဖြစ်စေ၊ လယ်ကွင်းထဲ၌ဖြစ်စေ
စားပွဲ၌ဖြစ်အုံး၊ ရောက်လေသမျှနေရာတိုင်း
သင်တို့၏ အားထုတ်မှု၌သာ
နိုင်ငံကံကြမ္မာ တည်နေပါတယ် လူကလေးတို့။ ။

ကိုယ်တိုင်က အဲဒီလို လူငယ်တစ်ယောက် မဟုတ်တာကတော့ သေချာတယ်။ “အကျိုးမပြီး အချည်းနှီးငြီးတွားနေသူ၊ အခက်အခဲများကို ပုံကြီးချဲ့သူ၊ ‘ ငါမတတ်နိုင်ဘူး ‘ ယင်းစကားလုံး လက်စွဲသုံးသူ” အဲဒီမှာတင် စာမေးပွဲကျတယ်ဗျာ။ လူက အပျင်းရောဂါ စွဲနေပေါ့။ ဘာလုပ်လုပ် ကိုယ်တိုင် အားမရတာတွေ၊ ကိုယ့်ကိုကိုယ် ယုံကြည်မှုတွေ အားနည်းတာတွေနဲ့လေ။ အချိန်အားရပြီဟေ့ဆိုလဲ သူများမကောင်းကြောင်း ကိုယ့်ကောင်းကြောင်း ပြောရတာ အမောပဲ။
တစ်ကယ်က ကျွန်တော်တို့ အသက်အရွယ်ဆိုတာ တစ်ကယ့် အားကောင်းမောင်းသန်၊ အရာရာကို စိတ်ဝင်စားပြီးတော့ ကဲလုပ်လိုက်ကြမယ်ဟေ့ ဆိုတဲ့ စိတ်ဓာတ်မျိုးနဲ့ တက်ကြွတဲ့ လူငယ်တွေ ဖြစ်ရမယ်။ ဒီနေ့ခေတ် ကမ္ဘာ့လူငယ်တွေကြားမှာ တို့တတွေလဲ ရင်ဘောင်တန်း လက်ခမောင်းခတ်နေရမှာ။ ကိုယ်တိုင်အရကတော့ အားရစရာမရှိဘူးဗျ။ ငါမကောင်းတာနဲ့ သူများမကောင်းဘူး ပြောလိုတာမဟုတ်ဘူး။ ဒီနေ့ ဒီအချိန်မှာ အားရစရာ အားကျစရာ လူငယ်တွေလဲ ပြည့်လို့။ ဒါပေမဲ့ အားမနာပဲ ဝေဖန်ကြည့်ရရင်တော့ အများနဲ့ ရင်ဘောင်တန်းရအောင်ဆိုရင် ရေအတွက်က နည်းနေသလိုပဲ။ သိသလောက်ကတော့ ရောင်ဝါးတွေနဲ့ ဘေးထိုင်ဘုပြောတွေ၊ အနာဂတ်ဆိုတာ နောက်ဖေးလမ်းကြားက ဘိလယက်ခုံလောက် စိတ်ဝင်စားစရာ ကောင်းပုံမပေါ်ဘူး။ ဒါတွေက ကိုယ့်အချင်းချင်း သက်တူရွယ်တူချင်း ကိုယ်ကပြန်ပြီး မကောင်းပြောနေတာ။ (အဲဒါကြောင့် ကြိုပြောထားသားပဲ သူများမကောင်းကြောင်းဆို မောနေအောင်ပြောတယ်လို့။)
လူကြီးတွေကတော့ တောင်းဆိုကုန်ပေါ့။ လူငယ်တွေ၊ တန်ဖိုးရှိတဲ့ လူငယ်တွေ လိုချင်သတဲ့။ ဘယ်လိုပဲပြောပြော သူတို့ကလဲ ငယ်ခဲ့ဘူးတယ်။ တို့တွေရဲ့ ခံစားချက်တွေကို နားလည်မှာပါ။ အားမလို အားမရနဲ့ ကြိုးစားကြစမ်းပါလို့ ပြောယူနေရတဲ့ အဆင့်ကိုတော့ ရောက်နေလို့ ဖြစ်မှာပေါ့။ သူတို့ အားမရခဲ့တာတွေကို တို့တတွေနဲ့ ဖြည့်ဆည်း၊ အင်း… တဖြည်းဖြည်းနဲ့ ငါတို့ကလဲ ပခုံးပြောင်းဖို့နီးနီးလာတော့ အမှိုက်တွေပဲ ပေးမလား၊ နောက်က (တို့တွေက) လူငယ်ခေါ်ရမဲ့သူတွေကို လက်ဆောင်ကောင်းကောင်းပဲ ပေးမလား။ လက်ဆောင်ကောင်းကောင်း ဆိုရင်တော့ ငယ်ငယ်ကတည်းက ကြားဘူးတဲ့ သီချင်းစာသားတစ်ခုကို ကိုယ်တိုင်အတွက် ဆိုရတော့မှာပဲ။
ထိုင်နေလို့တော့ ဘာမှဖြစ်မလာဘူး……

သုခမိန်

ဆက်ဖတ်မယ်ဆိုရင် ...

Saturday, November 24, 2007

ပန်းဝင်ခွင့်မရသူ

မြေးလေး ဖွား အမွေပေးချင်ပြီပြောတော့
ရှက်ရှက်နဲ့ရီရင်း
ဖွား အသက်ရှည်စေချင်လို့ပါ အကြောင်းပြ . . . . .
လူလေး အမေ စိတ်အေးချင်ပြီ ဆိုလာတော့
မချိပြုံးနဲ့ ရယ်ပြီးပြုံးပြ
အမေက ကြည်နူးဖွယ်ရာ အပြုံးနဲ့
ငါ့သားက အ သုံးလုံးမှ မကျေပဲတဲ့ . . . . .
ညီ ညီမတွေကလည်းတီးတိုးဆို
ကိုကို လူပျိုကြီးလုပ်မှာလားတဲ့ . . . . .


ဟား . . . . လောကကြီးကိုက မတရားတာပါကွယ်
ငါချစ် သူချစ် အတူချစ်ကြသူတွေကြားမှာ
ဘာ့ကြောင့်များ သူပြန်မချစ်သလဲကွယ်
အတူရှိလည်း လွမ်း . . . အတူမရှိလည်း လွမ်း
တမ်းတနေရချိန် ချည်း . . . . .
ခြေလှမ်းလှမ်းတိုင်းလည်း အရာမထင်
မြတ်နိုးမှူ့တွေ သူမမြင်လို့များလား
ဝေေ၀၀ါးဝါးနဲ့ တွေးမရ
သြော် . . . . .
တကယ်တမ်းကျတော့
ငါက ပန်းဝင်ခွင့်မရတဲ့ ပြေးသူ ။ ။ ။


ဆက်ဖတ်မယ်ဆိုရင် ...

Friday, November 23, 2007

ဘလွတ်ရွှတ်တမေးခွန်းများ

အချိန် . . .
အချိန်ဆိုတာ ဘာလဲ ?
အိုင်းစတိုင်းရဲ့ သဘောတရားအရ နှိုင်းရနှိုင်းမဲ့သဘောလား ? သူ့ကိုဘာနဲ့နှိုင်းရမလဲ ။ လူ့ဘ၀ရဲ့သက်တမ်းတစ်ခုလား ? အဆောက်အအုံတစ်ခုရဲ့ သက်တမ်းလား ? သမိုင်းဖြစ်စဉ်တစ်ခုရဲ့ သက်တမ်းလား ? ကမ္ဘာကြီးရဲ့ သက်တမ်းလား ? . . . . . . လား ? ဘာလဲ ?


အလင်းထက်မြန်တာ သီအိုရီအရမှာ မရှိတဲ့ -
ဒါပေမယ့် စိတ်ကကော . . . ? သူက အလင်းထက်ပိုမြန်သလား ? အလင်းနဲ့နှိုင်းလို့လား ?
စိတ်ကကော ဘယ်သူ့စိတ်ကပိုမြန်သလဲ ? သူ့စိတ်နဲ့သူ့ကိုယ်နဲ့ မခွဲမခွာအတူတူရှိနေရဲ့လား? ဒါကတော့သိပ်မထင်ဘူးနော်။ ဘာလို့လဲဆိုတော့ တစ်ချို့ကပြောတယ်လေ. . .
င်္ဟင်း . . . မင်းစိတ်ကဘယ်ရောက်နေလို့လဲ တဲ့ . . .

လူဟာ ရယ်စရာသတ္က၀ါလား ? သနားစရာသတ္က၀ါလား ? ကြောက်စရာသတ္က၀ါလား ? မသိကျိုးကျွန်ပြုထားရမယ့်အရာလား ? ဒါပေမယ့်တစ်ချို့က လူဟာလူပါပဲ တဲ့။

အဖြေရှိပြီးသားပုစ္ဆာမေးခွန်းနဲ့ အဖြေလုံးဝမရှိတဲ့မေးခွန်းပုစ္ဆာကို ဘယ်လိုသဘောရလဲ ? ပထမမေးခွန်းက အဓိပ္ပါယ်ရှိသလား? ဒုတိယမေးခွန်းက အဓိပ္ပါယ်ရှိသလား? မေးခွန်းတိုင်းဟာ အဖြေကိုလိုအပ်သလား? အဖြေမရှိတဲ့မေးခွန်းကကောမေးဖို့လိုအပ်သလား?

လုပ်ချင်တဲ့အရာကိစ္စနဲ့ လုပ်သင့်တဲ့ကိစ္စအလုပ်မှာ ဘယ်ဟာက ပိုအရေးကြီးသလဲ ? လုပ်ချင်တာလုပ်တာကောင်းသလား ? လုပ်သင့်တာလုပ်တာကောင်းသလား ?

ခံစားချက်မဲ့နေတဲ့အတိတ်နဲ့ ခံစားချက်ပြင်းထန်တဲ့အတိတ်တို့နှစ်ခုမှာ ဘယ်ဟာကို မှတ်ဥာဏ်ထဲမှာ သိမ်းထားသင့်ပြီး ဘယ်ဟာကို မေ့ပစ်လိုက်သင့်သလဲ ?
အတိတ်ဆိုတာ တကယ်ရှိသလား ? မနေ့က ရှိနေခဲ့သလား ? အခုကော ရှိနေတုန်းပဲလား ? မနေ့ကနဲ့ ဒီနေ့နဲ့ အတူတူပဲလား ?

မသိသေးတဲ့သူက မေးခွန်းတွေများတတ်ပြီး သိပြီးသားလူက နှုတ်ဆိတ်တယ်တဲ့။ ဒါဆို စကားများပြီး အမေးအမြန်းထူတဲ့ပညာရှင်တွေက သိပ်မသိသေးဘဲ နှုတ်ပိတ်တိတ်ဆိတ်နားထောင်နေတဲ့သူက ပညာရှိပေါ့နော်!

သူတပါးခံစားရတာကိုကြည့်ပြီး ကိုယ်တိုင်ခံစားရတာကို ကိုယ်ချင်းစာစိတ်ရှိတယ်တဲ့ . . . ဒါဆို ကိုယ်ချင်းစာနာစိတ်မရှိတဲ့သူတွေက သူတပါးခံစားရတာကို ကိုယ်တိုင်လိုက်မခံစားတာပေါ့နော် . . . အဲဒါဆို ကိုယ်ချင်းစာနာစိတ်ရှိတဲ့သူဖြစ်ချင်လား ? မရှိတဲ့သူဖြစ်ချင်လား ?

လူဆိုးလူမိုက်နဲ့ လူကောင်းလူတော်ဆိုတာ ဘယ်လိုခွဲရသလဲ ? လူတစ်ယောက်တည်းမှာကော တစ်မျိုးတည်းရှိနေတာလား ? ဒီလူဟာ လူဆိုးလူမိုက် ၊ ဒီလူဟာ လူတော်လူကောင်းဆိုတာရှိနိုင်ရဲ့လား ? အဲဒါကကော အချိန်အပိုင်းအခြားနဲ့ဆိုင်မလား . . . ?

ပျင်းတဲ့လူနဲ့ တက်ကြွတဲ့လူကိုကော ခွဲခြားလို့ရလား ? ရှင်သန်နေတုန်း (အားလုံးနဲ့ဆိုင်သော) အလုပ်တွေလုပ်နေပြီးမှ သေသွားတဲ့လူတွေလား ? ဒီလိုဒီလိုပဲ စားလိုက်အိပ်လိုက် ထိုင်ခုံတစ်လုံးမှာ စာအုပ်ပေါင်းစုံဖတ်ပြီး သေသွားတဲ့လူကိုလား ?
မရေရာမသေချာတဲ့ဘ၀ကို (သို့မဟုတ်) ဒီဟာတစ်ခုကို (ဘယ်ဟာပဲဖြစ်ဖြစ်ပေါ့ဗျာ) ဦးတည်စဉ်းစားပြီး ဆုံးဖြတ်လုပ်ကိုင်မှာလား ? ဒါမှမဟုတ် ဘာသာတရားကိုစွဲကိုင်ပြီး (စဉ်းစားတွေးခေါ်ပြီး) တန်ဖိုးရှိလှပါပြီဆိုတဲ့ အလုပ်တွေလုပ်ကိုင်ပြီး နာမည်မသေ - ဘ၀မသေတဲ့အရာတွေကို ဆုပ်ကိုင်ပြီး ဆက်သွားနေဦးမှာလား ?

ကျနော်ကတော့ သိပ်မထင်ပါဘူးဗျာ . . . ကဲ ! ခင်ဗျားကကော ဘယ်လိုအဖြေထုတ်ပြီး ဘယ်လိုစဉ်းစားရှင်သန်သွားမှာလဲ ? အခု ကျနော်ကကော (မေးခွန်းတွေထုတ်ပြီး) ယောင်တောင်တောင်နဲ့စာတွေရေးနေတဲ့လူလား ? ဒါမှမဟုတ် အလေးအနက်တွေးခေါ်ပြီး လူတွေသိအောင် သဘောတရားတစ်ခုကို အဖြေရှာနေတဲ့လူလား ?
မစဉ်းစားတဲ့လူနဲ့ စဉ်းစားတဲ့လူကော ဘာကွာလဲ ?
မသိဘူးဗျာ . . . မသိဘူးဗျာ . . . လို့တော့ မပြောလိုက်ပါနဲ့ ။

ကဲ - ရောက်တဲ့နေရာမှာ ခံစားပျော်ဝင်ကြည့်လိုက်ပါ။ အရာအားလုံးဟာ မရှိမဖြစ်တစ်ခုမှမရှိပါဘူး။ ပြီးတော့ အားလုံးဟာ ဘယ်ရောက်သွားမှာလဲ ? ရေရာသေချာရဲ့လား ? သိပ္ပံပညာရှင်တွေ ၊ သင်္ချာပညာရှင်တွေ ၊ တစ်ခြားပညာရှင်တွေကကော ဘာပြောလဲ ? သူတို့ကကော ယုံကြည်လောက်ရဲ့လား ? ဘာသာရေးခေါင်းဆောင်တွေကကော ဘယ်လိုတဲ့လဲ ? သူတို့ကိုယ်သူတို့ကော ဘယ်လိုထင်ပြီး ဘယ်လိုယုံကြည်ရှင်သန်နေကြလဲ ? အလေးအနက်လား ? အရူးအမူးလား ?
ဟုတ်ပါပြီ - ကဲ ! အရူးအမူး အလေးအနက်ပဲဆိုကြပါစို့။ ပြီးတော့ သူတို့ဘယ်ရောက်သွားလဲ ?
ဒီကမ္ဘာကြီးပျက်သုဉ်းသွားပြီး နောက်တစ်ခုရှိဦးမှာလား ? ရှိလာလို့ရှိရင် နောက်ကမ္ဘာက ပညာရှင်တွေက ဒီကမ္ဘာကြီးက လက်ကျန်လေ့လာစရာတွေကိုကော ဆက်ရှာဖွေလေ့လာနေဦးမှာလား ? သူတို့လေ့လာစရာမရှိတော့လောက်အောင် ပျက်သုဉ်းသွားခဲ့ရင်ကော သူတို့က ဘယ်အထိလိုက်လေ့လာမှာလဲ ?

အခုကျနော်က ဘာသာတရားအသစ်တစ်ခု တီထွင်နေတာလည်းမဟုတ်ဘူး။ အတွေးအခေါ်သစ်တစ်ရပ် တည်ဆောက်နေတာလည်းမဟုတ်ပါဘူး။ ပြီးတော့ ခင်ဗျားတို့ကပြောဦးမယ်။ ငါဖတ်နေလို့ ငါစဉ်းစားနေတာ. . .၊ ဒါကြောင့် ငါရှိနေတာပဲရယ်လို့တော့ မပြောလိုက်ပါနဲ့ဗျာ . . .

ကဲ ! အခုခင်ဗျားဖတ်လိုက်ရတဲ့စာပိုဒ်အစကို ပြန်မှတ်မိရဲ့လား။ ကျနော်ကတော့ မှတ်မိမယ်မထင်ပါဘူး။ အဲဒါဘာဖြစ်လို့လဲဆိုတော့ လူဆိုတာ မေးခွန်းတွေကို မနှစ်သက်တတ်ကြပါဘူးဗျ။ အဲဒါကြောင့် ခင်ဗျားမေ့ပစ်လိုက်တာ။
ကျနော်ကတော့ ဒီလိုဗျ ၊ ခင်ဗျားကိုယုံတယ်။ ရှင်သန်နေရတာကို ယုံတယ်။ ခင်ဗျားရှိနေတာကို ယုံတယ်။ ခင်ဗျားမရှိတော့ရင်လည်း အဲဒါကို ယုံတယ်။ လူဆိုးဆိုတာကိုလည်း ယုံတယ်။ လူကောင်းဆိုတာတွေကိုလည်း ယုံတယ်။ အလုပ်တွေရှုပ်နေတဲ့လူကိုလည်း ယုံတယ်။ ငပျင်းဆိုတဲ့လူတွေကိုလည်း ယုံပါတယ်ဗျာ။ မေးခွန်းတွေကို မေးသာမေးနေတာ မဖြေလည်းရပါတယ်။ အဖြေမရှိလို့ပဲဖြစ်ဖြစ် ၊ မဖြေချင်လို့ပဲဖြစ်ဖြစ် ယုံပါတယ်ဗျာ။ ခင်ဗျားစဉ်းစားနေတယ်ဆိုတာကိုလေ . . . . . .။

နယုန်မိုး

ဆက်ဖတ်မယ်ဆိုရင် ...

ရေနွေးထဲက ဖားလေး

သူမသွားတော့မယ်လို့နှုတ်ဆက်ရင်း ပြတင်းတံခါးကခုန်ချသွားတယ်
မသွားခင်မှာ သူမရဲ့ နှလုံးသားကို အရင်ပစ်ချခဲ့တယ် . . .
မြူခိုးတွေဝေ့နေတဲ့ ကုန်းမြေတစ်ခုမှာ သူ့ကိုရှာဖွေတွေ့ရှိခဲ့တယ်
သူဟာငြိမ်သက်ခြင်းနဲ့ အေးချမ်းမှုကို ယူဆောင်လာခဲ့တယ် . . .


ကမ္ဘာလောကကြီးဟာ ပင်လယ်ကြီးဖြစ်သွားလိုက်
သဲကန္တာရကြီးဖြစ်သွားလိုက်
မြို့ပျက်ကြီးများနဲ့ ရှုပ်ထွေးလိုက်
သတ္တ၀ါဆန်းတွေနဲ့ ပြည့်နှက်နေလိုက်နဲ့ . . .

ဘာကိုဘာမှ မခံစားနဲ့လို့ပြောရအောင်ကလည်း
ဘာကိုခံစားရမှန်းမသိအောင် ခံစားမှုတွေများတဲ့ကမ္ဘာကြီးကိုး . . .
လက်ရှိကမ္ဘာက ဘာဖြစ်နေလဲဆိုတာ မခံစားနိုင်ကြဘူး
ကမ္ဘာကြီးရှေ့ဘာဖြစ်မလဲဆိုတာပဲ တစ်ချိန်လုံးတွေးနေတယ် . . .
ကဲ! ဘယ်လိုလဲ ?
ကမ္ဘာကြီးက ပူနွေးလာပြီတဲ့ !!!
ရေနွေးထဲက ဖားလေးကမေးနေပြီ
ဖြေတော့ဗျာ . . . . . ။

နယုန်မိုး

ဆက်ဖတ်မယ်ဆိုရင် ...

Wednesday, November 21, 2007

ရီစရာ မောစရာ ဟာသများ

ချစ်တတ်လိုက်တာ....
စားသောက်ဆိုင်တွင် စားပွဲထိုးမှ မိန်းမလှလေးတစ်ယောက်ရှေ့တွင် စာရွက်တစ်ရွက်ချပေးလိုက်သည်။
"မင်းကိုမြင်မြင်ခြင်းကိုချစ်မိသွားတယ်၊မင်းမရှိဘဲနဲ့ ဘ၀မှာတစ်ယောက်တည်းမနေပါရစေနဲ့။ မနက်ဖြန် ညနေစာ အတူစားဖို့ ဖိတ်ခေါ်ပါရစေ။ အကယ်၍ မနက်ဖြန်ခါမှာ မင်းမအားဘူးဆိုရင် မင်းရဲ့ညာဖက်မှာထိုင်နေတဲ့ ကောင်မလေးလှလှဆီကို ဒီစာရွက်လေးကမ်းပေးပါ။"


အမျိုးသမီးတွေဘောလုံးကန်သတဲ့....
အမျိုးသမီးတွေ ဘောလုံးကန်တာတော့ မယုံချင်ဘူးကွာ။ စဉ်းစားကြည့် ၀တ်စုံဆင်တူဝတ်နိုင်တဲ့ အမျိုးသမီး ၁၁ ယောက်ကို ဘယ်သွားရှာမှာလဲ။

အပြောမတော်တော့...
- မောင်ရေ နောက်တစ်ကြိမ်သာ မေ့ကို အနမ်းတစ်ပွင့်ပေးမယ်ဆိုရင်တော့၊ မေ့ဘ၀တစ်ခုလုံးက မောင့်အတွက်ပါပဲ။
- သတိပေးတာ ကျေးဇူးတင်ပါတယ်ကွာ။

ခန္ဓာဗေဒ စာမေးပွဲမှာ....
ခန္ဓာဗေဒ စာမေးပွဲတွင် ပရော်ဖက်ဆာမှ ကျောင်းသူတစ်ယောက်အား မေးခွန်းတစ်ခုမေးသည်။
- လူ့ရဲ့ဘယ်အင်္ဂါအစိတ်အပိုင်းက အချစ်သင်္ကေတအဖြစ် ရည်ညွန်းသလဲ။
- အမျိုးသမီးရဲ့ အင်္ဂါအစိတ်အပိုင်းကို မေးတာလား၊ အမျိုးသားရဲ့အင်္ဂါအစိတ်အပိုင်းကိုမေးတာလား။
- ဘုရားရေ- ဆရာဝန်မှ သက်ပြင်းချကာ ပြော၏ - တို့ခေတ်တုန်းကတော့ အသည်းလို့ပဲ ရိုးရိုးပြောတာပါကွာ။

ဂရန်တီရှိတာပဲ...
ကွန်ပျုတာဆိုင်သို့ အမျိုးသားတစ်ဦးရောက်လာသည်။
- ကျနော် မနေ့က ဒီဆိုင်က ကွန်ပျူတာ ၀ယ်သွားခဲ့ပါတယ်ဗျ။
- ဟုတ်ကဲ့၊ ဘာဖြစ်လို့ပါလဲ။
- လောင်သွားလို့ဗျ။
- ပြဿနာမရှိပါဘူးခင်ဗျ။ ဂရန်တီရှိသေးတာပဲဗျ။ ဘာလောင်သွားပါလိမ့်။
- အကုန်ပေါ့ဗျာ။
- အဲလိုတော့ မဖြစ်တတ်ပါဘူးခင်ဗျ။ ပရိုဆင်ဆာ လောင်သွားတာလား။
- လောင်သွားပါတယ်။
- ဟာ့ဒစ်ရော။
- လောင်သွားပါတယ်။
- မန်မိုရီရော။
- လောင်သွားပါတယ်။
- မော်နီတာရော။
- လောင်သွားပါတယ်။
- လူကြီးမင်း၊ ခင်ဗျား ဘာများလုပ်လိုက်လို့လဲဗျာ။
- အင်းဗျာ မနေ့ကအိမ်မီးလောင်သွားတာဗျ။

ဆက်ဖတ်မယ်ဆိုရင် ...

မြန်မာ့ အငြိမ့်နှင့်ဟာသ။

ဒီရက်ပိုင်း ကျွန်တော်တို့ အလုပ်နားက ထိုင်နေကျ လ္ဘက်ရည်ဆိုင်လေးမှာ တီဗွီတစ်လုံးရောက်လာတယ်။ ရောင်းကောင်းတယ် ထင်ပါတယ်။ စဖွင့်ခါစတုန်းကဆို လ္ဘက်ရည်ဆိုင် ခေါ်သာရုံလေးပါ။နောက်တော့ ဒီဗွီဒီစက်ဝယ်တယ်။ သီချင်းတွေဖွင့်တယ်။ တစ်ခါတလေ အဲဒီဆိုင်မှာထိုင်ပြီး သီချင်းတွေနားထောင်၊ သူငယ်ချင်းတွေနဲ့ လေကန်လိုက် ဝေဖန်လိုက်ပေါ့။ ဟောအခုတော့ တီဗွီတစ်လုံးပါ ထပ်ရောက်လာပြန်ပြီ။ ဆိုင်လေးမှာထိုင်ရတာ အပျင်းပိုပြေလာတယ် ပေါ့ဗျာ။

ဒါပေမဲ့ တစ်ခုတော့ရှိတယ်၊ ဆိုင်လေးက ခပ်ကျဉ်းကျဉ်းရယ်။ တစ်ဆိုင်လုံးမှ စားပွဲက ခြောက်လုံးလောက်ရှိတာ။ စားပွဲတစ်ခုနဲ့ တစ်ခုကလဲ ရုတ်တရက်ထလို့မရဘူး။ ဟိုဘက်ဝိုင်းဒီဘက်ဝိုင်းက မလွတ်မလပ်လေ။ ဆိုင်ရှင်မိသားစုကလဲ ကြိုက်လိုက်တဲ့ တီဗွီ။ တစ်ချိန်လုံး ဒါပဲ ကလိနေတာ။ ရုပ်ရှင်၊ ပြဇာတ်၊ အငြိမ့်၊ သီချင်းမျိုးစုံ၊ အိုဗျာ… စုံလို့ပဲပြောပါတော့။ ကျွန်တော်တို့ အလုပ်နားမှာကလဲ သူတို့တစ်ဆိုင်တည်းရယ်။ တစ်ခုတော့ရှိတယ် ဒီနားမှာကလဲ ကျွန်တော်တို့ အလုပ်တစ်ခုတည်းလေ။ ကိုင်းကျွန်းမှီ - ကျွန်းကိုင်းမှီ ပေါ့ဗျာ။ အော်.. အရေးကြီးတာတစ်ခု ပြောအုံးမယ်၊ ကျွန်တော်တို့ အလုပ်မှာက မိန်းကလေးများတယ်။ အဲဒီတော့ ဆိုင်မှာက မိန်းကလေး တစ်ယောက်နှစ်ယောက်တော့ ရှိနေတတ်တာပဲ။ ပြဿနာက အဲဒီမှာစတာ။
ရုပ်ရှင်ကြည့်တယ် ပျော်စရာဟာသကားလေးလား၊ ဘဝသရုပ်ဖော်လား၊ စုံထောက်ကားလား၊ ဒါမှမဟုတ် လူ့ဘဝအကြောင်း (အလွန်အကြူး) ဖွဲ့ဆိုထားတတ်တဲ့ ဦးကျော်ဟိန်း ရိုက်တတ်တဲ့ ဇာတ်လမ်းမျိုးလား၊ ဒါမှမဟုတ်လဲ ဟိုတချိန်က မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းကြပုံတွေလား။ ဘယ်လို ရုပ်ရှင်ဖြစ်ဖြစ်ပါ။ ရုပ်ရှင်တစ်ခုကို ကြည့်ရင် ဇာတ်လမ်းရှိမယ်။ သရုပ်ဆောင်ကြပုံတွေ၊ စကားလုံးတွေကနေ ရသတွေပေးမယ်။ တစ်ကွက်နှစ်ကွက် မကောင်းရင်၊ ရိုင်းပြသွားရင် ဇာတ်လမ်းကြီးတစ်ခုလုံးခြုံပြီး မေ့ပေးလို့ရနိုင်ကောင်းတယ်။ ကျွန်တော်က အဲဒီလိုလဲထင်တယ်။ အဲ.. ခက်တာက အငြိမ့်ဗျ။ သေသေချာချာတော့ မြန်မာ့အငြိမ့်ကို နားမလည်ပါဘူး။ အဆို၊ အက၊ တင်ဆက်ပုံတွေ ကောင်းလား မကောင်းဘူးလား ပြောရအောင်ကို အခြေခံမရှိတာ။ ဒါပေမဲ့ဗျာ၊ ကျွန်တော်တို့က ပရိတ်သတ်လေ။ အားလုံးနားလည်နေစရာ လိုမှမလိုပဲ။ တစ်ခုပဲ၊ ပရိတ်သတ်ကို ရသတစ်ခုခုနဲ့ ပျော်ရွှင်မှုတော့ ပေးနိုင်ရမယ်။ မြန်မာ့အငြိမ့်ကို အဲဒီလိုနားလည်တယ်။ မြေဝိုင်းအဆင့်ကနေ အခုလိုစင်မြင့်အခြေအနေ၊ စင်မြင့်အခြေအနေမှာလဲ ဒီနေ့ခေတ် တခြားနိုင်ငံတွေက ပြဇာတ်တွေလို မသားနားတာ အပြစ်မှမဟုတ်တာ။ ဖြစ်အောင်လုပ်နေရတယ်ဟ ရှိတာလေးနဲ့။ အဲဒီလို နားလည်ပေးလို့ရတယ်။ ပြောချင်တာက နားလည်မပေးနိုင်တာ ရှိနေလို့ဗျ။ ဘယ်လိုမှလဲ ခွဲခြားထားလို့မရတဲ့ အငြိမ့်နဲ့ဟာသ၊ မြန်မာ့အငြိမ့်နဲ့ မြန်မာ့ဟာသလေ။
ဟာသဆိုတာကလဲ လူတွေအတွက်က သဲခြေကြိုက်။ မကြိုက်တဲ့လူဆိုတာကလဲ အင်း.. ခပ်ရှားရှားကိုး။ ကျွန်တော်တို့ ငယ်ငယ်ကတည်းက အငြိမ့်ကြည့်သွားရမယ်ဆို ပျော်တာဗျ။ ရယ်ရတာကိုး။ လူရွှင်တော်ကြီးတွေကို ကြည့်ရတာကိုက ပြုံးချင်စရာဖြစ်နေပြီ။ အဲ မင်းသမီးများကပြီဆိုရင် အိပ်ချင်တော့တာ။ ငယ်ငယ်တုန်းကလို့သာပြောရတာ။ မတိုးတက်ပုံများ အခုထိအဲဒီလိုပဲ။ မင်းသမီးလေးက လှရင်တော့ နည်နည်းကြည့်မိသား။ နောက်ရှိသေးတယ် ဘယ်ကနေဘယ်လိုကြားဘူးတဲ့ သီချင်းစာသားလဲ မသိဘူး၊ မှတ်မိနေတာရှိသေးတယ်။ “မြန်မာဆိုတာ ကမ္ဘာပေါ်မှာ အယဉ်ကျေးဆုံး တိုင်းပြည်တစ်ခုပါ”တဲ့။ ခက်လိုက်တဲ့ ခံစားချက်ဗျာ။ စိုင်းစိုင်းခမ်းလှိုင် သီချင်းစာသားတစ်ခုလို “ရှက်တတ်ရင်လဲသေဖို့ကောင်းတယ်” လို့ပဲပြောရမလား။ ယဉ်ကျေးပါတယ်ဆိုတဲ့ ကျွန်တော်တို့မြန်မာတွေရဲ့၊ ဖျော်ဖြေမှု အနုပညာတစ်ခုကဟာသတွေမှာ ညစ်ညမ်းစကားလုံးတွေ လွှမ်းမိုးနေလေရဲ့။ သတိထားမိသလောက် မျိုးဆက်သစ် လူရွှင်တော်ဆိုတာလဲ ခပ်ရှားရှားပဲ။ ဝါရင့် သဘာရင့်တွေဗျ။ သူတို့အတွက် ပြက်လုံးမရှားပါဘူး။ ခွင်ကျကျလေးဆိုရင် သိပြီးသားပြက်လုံးတောင် ရယ်ရပါတယ်။ အခုဟာက အသစ်လဲရှား၊ ပျက်လိုက်ရင်လဲ မောင်နှမသားချင်းမှ အတူပြုံးရ ရယ်ရလို့မသင့်တော်။ ကျွန်တော်တို့တွေကရော အဲဒါတွေနဲ့မှ ရယ်တတ်ကြတာလား။ မဟုတ်ဘူး၊ မဟုတ်ဘူးထင်တယ်ဗျ။ ဟာသတစ်ခုဟာ ညစ်ညမ်းဖို့မှ မလိုအပ်ပဲ။ သူ့ရဲ့အဓိကအချက်က လူတွေကို ပြုံးပျော်ဖို့၊ ကြည်နူးသွားစေဖို့လေ။ အခုတော့ဗျာ ဆိုးပလို့ပဲပြောရတော့မယ်။နောက်ရှိသေးတယ် ဆရာတော်တစ်ပါးရဲ့ မွေးနေ့မှာ ကပြတဲ့အငြိမ့်ဆိုပဲ။ တော်သေးရဲ့ ရိုးရိုးလူတစ်ယောက်အတွက် ပွဲသာဆို ဘယ်လိုပျက်လုံးတွေလာမလဲမသိဘူး။ အဆဲအဆိုတွေတောင် ပါရဲ့ဗျာ။ အစတုန်းက ဒီပို့စ်မှာ ဟာသတွေကိုပါ ချရေးရင်ကောင်းမလား စဉ်းစားသေးတယ်။ နောက်တော့ စာရိုက်ရတာပျင်းတာနဲ့ မလုပ်ဖြစ်တော့ဘူး။ ဒါပေမဲ့ ကျွန်တော်ဘာပြောချင်လဲ နားလည်ကြမယ်ထင်ပ။ အဲဒီလိုဟာသတွေနဲ့ အငြိမ့်တစ်ခုကို လ္ဘက်ရည်ဆိုင် သေးသေးလေးတစ်ခုမှာ မိန်းကလေးတွေ ရှိနေတုန်း ဘယ်မျက်နှာထားပြီး အားပေးရမလဲ။ ကျွန်တော်ကိုယ်တိုင် အဲဒီပွဲထဲမှာဆိုရင်ရော ဘေးဘီကိုကြည့်ပြီးမှ ပြုံးရမဲ့ဟာသတွေလား။ ဒါမှမဟုတ် မြန်မာ့အငြိမ့်ဆိုတာ နောက်ဆိုရင် တစ်ယောက်တည်းကြည့်ရတဲ့ တိပ်ခွေ၊ စီဒီအဆင့်မှာ ရောက်နေမှာလား။ လွတ်လပ်ယဉ်ကျေးစွာ၊ ဟာသတွေနဲ့ ကြည်နူးရရင် ပိုမကောင်းပေဘူးလားဗျာ။ ဘယ်လိုပဲပြောပြော အဲဒီဆိုင်မှာ အငြိမ့်ကြည့်ရင်း ပြုံးခဲ့ဘူးတယ်။


သုခမိန်

**ဒီပို့စ်ကို ရေးချင်နေတာ၊ စိတ်ထဲမှာ ရေးထားတာကြာပေါ့။ ပီစီကအဆင်မပြေတာရယ် (သုံးရတဲ့ အချိန်ကနည်းတာရယ်)၊ အွန်လိုင်းသုံးရတာ အချိန်နည်းနည်းမှာ လုပ်ချင်တာတွေများနေတော့ အသစ်မတင်ပဲ ဟိုဖတ်ဒီဖတ်လုပ်နေတာ ပိုများတယ်။ ဒီနေ့တော့ ကိုရွက်ဝါဆီမှာ ကျွန်တော်ချစ်သော အငြိမ့်သဘင် ဆိုတာကို ဖတ်လိုက်ရမှ၊ အင်း… ပြီးပြတ်အောင် ရေးအုံးမှပါ ဆိုပြီးချရေးဖြစ်တာပါ။

ဆက်ဖတ်မယ်ဆိုရင် ...

Tuesday, November 20, 2007

ရီစရာ မောစရာ

အသွားမတော်တော့ တစ်လှမ်း။


အသိမ်းအဆည်းကောင်းပုံက ဒီလို။

Group Photo တော့ရိုက်ချင်ပါ့။ ဒီလိုကြီးကျလည်း တစ်မျိုးကြီးပဲ။ကျုပ်တို့ ဘာလုပ်မိလို့လဲဗျာ။

ကိုင်း ဒီလိုဆို ပို မရှင်းပေဘူးလား။

စားသတိ၊သွားသတိ.. သတိရှိကြနော်။

ကိုင်း.. မှတ်ပြီလား။

ဟဲဟဲ...ကိုယ့်ဝမ်းစာ ကိုယ့်ဟာကိုရှာရတယ်။

အမလေး ဘုရား၊ဘုရား။



အတုံ့အလှဲ့ပေါ့ဗျာ။

ဆီမရှိရင် မြင်းတပ်မောင်းမယ်။

ကားမရှိလို့များ စိတ်မညစ်နဲ့။


ပျောက်မှာဆိုးသတဲ့လား။

ဆက်ဖတ်မယ်ဆိုရင် ...

Monday, November 19, 2007

အချစ်နှင့် . . . . .

အချစ်နှင့် တွဲဖက်မစားသင့်သော အရာများ . . .
အချစ်နှင့် တွဲဖက်ဖွယ်ရာ အမြိန်အရသာများ . . . ကို အစီအစဉ် လိုက် နံပတ်ထိုးထားပါကြောင်း နှင့်
လွတ်လပ်စွာ သဘောကွဲလွဲခွင့် ပြုပါကြောင်း . . . .

(ကလောင်အပိတ်ခံထားရသော ကျနော်တို့ My e-journal ၀ိုင်းတော်သား ကိုဗာဘို အတွက်အမှတ်တရ )

အချစ်နှင့် တွဲဖက်မစားသင့်သော အရာများ
၁) မာန
၂)သံသယ
၃) ဥစ္စာပစ္စည်း
)စွဲလမ်းစွာအချစ်ကြီးခြင်း ( ကိုဗာဘို မှကျေးဇူးပြုပါသည် )
)စိတ်ဆတ်၍ အရှည်မကြည့်ခြင်းများ( အရွဲ့တိုက်ခြင်း)
၆) တကိုယ်ကောင်းဆန်ခြင်း

. . . . . . .? ? ? ? ?

အချစ်နှင့် တွဲဖက်ဖွယ်ရာ အမြိန်အရသာများ
၁) အလွမ်း
၂)နားလည် ၊ တန်ဖိုးထားခြင်း
၃)ကြင်နာယုယခြင်း
၎)ခရီးသွားခြင်း
၅)အနုပညာရပ်များကို ခံစားခြင်း
၆)အားကစား လှုပ်ရှားခြင်း
. . . . . .? ? ? ? ?


ဆက်ဖတ်မယ်ဆိုရင် ...

Sunday, November 18, 2007

" ငုံးဥကျုတ်တွေ . . . ညေပဲကျုတ်တွေ " (၁)

ငါတို့မှာကား
ကမ္ဘာတစ်လွှား ၊ မကြည့်အားနိုင်
ကိုယ်သွားသောလမ်း ၊ကိုယ့်စခန်းနှင့်
မိမိဓလေ့ ၊ မိမိမွေ့လျက်
နေ့နေ့ညည၊ လျှောက်လှမ်းကြသည်
ဓမ္မသံဝေ ၊ စိတ်ကိုဖြေရင်း
နွေနွေမိုးမိုး ၊ ဆောင်းနှင့်တိုးတိုး
နေရိုးနေစဉ် နှစ်များစွာ ။ ။ ။

စာတွေဖတ်ဖြစ်တော့လည်း မျက်စိလေးနည်းနည်းကျယ်လာသလိုပါပဲဗျာ ။
ကမ္ဘာပြားပြီ စာအုပ်ဖတ်ပြီးတော့ Outsourcing တို့ Off shoring တို့ကိုသဘောကျလှသဗျာ ။ အိုးမကွာ အိမ်မကွာ စီးပွားရှာလို့လည်းရသမို့ ငါတို့တော့ ကော်တာပဲလို့ အတွေးလေးက ၀င်လာသဗျ ။အဲဒါနဲ့ ရွာက သူငယ်ချင်း ကျောင်းဆရာကို ပြောပြတော့ ပြားလည်း ပြားပြားကွာ တဲ့ ငါတို့ကတော့ လုံးတာတောင် ယုံအောင်ပြောလို့ မပြီးသေးဘူးတဲ့ ။ အင်း ဟုတ်တော့လည်း ဟုတ်သားလား ကျုပ်တို့ က ပညာလေး မြို့တက်ပြီးသင်လာတော့ တောမရောက် တောင်မရောက် အတွေးလေး က အနည်အနှစ် ကြွကြွလာတယ်ထင်ပါ့ ။ ခက်တာက ကျုပ်တို့ တကယ်အလုပ်လုပ်မှ ရမယ်ဆိုတာသိပေမယ့် ခုထိ ဝေလေလေထဲက မထွက်နိုင်ကြသေးတာပါပဲ။ တစ်နိုင်တစ်ပိုင်လေးလုပ်ရအောင်ဆိုတော့လည်း
ရေနံဆီ မီးခွက်မှမကယ်ရင် ညစာတောင် လရောင်ရှိမှစားရမယ့် ဘ၀မှာ
ဘယ်လိုလုပ်ပြီး High Tech တွေက ထမင်းကြွေးမတုံးဗျာ ။
အိမ်ကဟင်းစား တစ်ခွက်ရအောင် ကျောင်းမတက်ပဲ မြောင်းထဲမှာ ငါးပက်နေကြတဲ့ ကလေးတွေ၊ တစ်ဝမ်းတစ်ခါးအတွက် "ငုံးဥကျုတ်ရမယ် ညေ ပဲကျုတ်ရမယ် "ဆိုနေရတဲ့ ကလေးတွေ ၊ ယပ်တောင် ကော်ကပ်နေရတဲ့ ကလေးတွေ ၊ စားပွဲထိုးနေရတဲ့ ချာတိတ်ပေါက်စတွေ ၊ အများကြီးမှ အများကြီး ။

" ကလေးတွေ အင်ဖက်ကောက်တာ၊ အင်ဥဖော်တာက ပိုက်ဆံရတယ်ကျောင်ဆရာရဲ့ " လို့ပြောတဲ့ ရွာထိပ်နားက ကလေးတွေတစ်ပြုံတစ်မနဲ့ မပြုံးရီကို သူ့ကလေးတွေ ကျောင်းကိုလွှတ်အောင် ကျုပ်တို့ ဘယ် လို များပြောကြမလဲ ။ ကျုပ်တို့ယုံကြည်တဲ့ ပညာကရော ဒီဘ၀တွေကို တကယ်ပဲ လွတ်မြောက်စေနိုင်ပြီလား။ဘယ်မှာလဲ ပညာ။ ဘယ်မှာလည်း ပညာ့တန်ဖိုး ။ သူများတွေ တစ်ဖွဖွရွတ်တဲ့ ပညာခေတ်မှာ ကျုပ်တို့ မွန်းတည့်ပါဦးမလား ။
တွေးရင်လည်း ရင်မောပါရဲ့ဗျာ ။


ဆက်ဖတ်မယ်ဆိုရင် ...

ပုပ်သိုးနှစ်

နှင်းဆီရနံ့ကို
လိုလားတောင့်တနေဆဲ . . . . .
နှင်းဆီဟာ
တစ်နေ့ထက်တစ်နေ့
အရောင် ရင့် ရင့်လာတယ် . . . .

နယုန်မိုး

(အကိုကြီးတစ်ယောက်ရဲ့ ရင်တဲက စကားစုတွေပေါ့ဗျာ ။
Blog မှာဝေမျှပေးတာပါ ။)

ဆက်ဖတ်မယ်ဆိုရင် ...

ကျေးဇူးပြု၍ . . . . . .

ချစ်သူကို သတိမရတဲ့သူ ဘယ်သူရှိပါသတဲ့လဲ
ပျော်ရွှင်နေစေချင်ကြသူချည်း
နီးခြင်း ဝေးခြင်း ဆိုတာ ပညတ်ချက်တွေပါပဲလို့ ဆိုခဲ့သူရေ
ကောင်းကင်နဲ့မြေလွှာလို ထာဝရ ဝေးကြရင်ရောကွယ် . . . .


ကျနော်လား . . . . . အချစ် တောက် နေတယ်
နေလို့လည်းမကောင်းပါခင်ဗျား . . . .
ရာသီကလည်း အလွမ်းကိုဆာလောင်နေလိုကို အငြိုးတကြီး
လမင်းကြီးတောင် မျက်နှာတစ်ဖက်ဝှက်လို့
စုံတွဲတွေကလည်း လှောင်ပြောင်ဖို့ မနက်ဆို အချိန်မှန်
ဟယ် . . . . ငါ့ကံပါပဲ လို့ ပုံပုံ ချလွန်းလို့
အခွန်တောင် နှစ်ဆ ဆောင်နေရတာလည်း ကြာပြီ ။

ကံ့ကူလက်လှည့်ဆရာရေ
ကျနော့်နှလုံးသားကို နေသားတစ်ကျဖြစ်အောင် ကူပါဦး
အသစ်မဖြစ်တာ သေချာနေပေမယ့်
အချစ်နဲ့ အရာရာ နေသားတကျ ဖြစ်ပါရစေ ။ ။

ဆက်ဖတ်မယ်ဆိုရင် ...

Thursday, November 8, 2007

ကျနော်တို့နိုင်ငံ၏ပညာရေး( အင်ဂျင်နီယာပိုင်း)

ကျနော်ခုရက်ပိုင်း ရုံးပိတ်ရက်ကလည်းဆက်တာနဲ့ အပြင်မှာ အချိန်ကုန်တာများပါတယ် ။ အပေါင်းအသင်းသစ်တွေလည်းရပါရဲ့ဗျာ ။
ကျနော်တစ်ခု သတိထားမိတာက အားလုံးက ကိုယ့်တိုင်းပြည်ကိုကောင်းစားစေချင်ကြသူချည်းဗျ ။ ကျနော်သူတို့အသံတွေကို နားထောင်ကြည့်တယ် တစ်ချို့ကတော့ အားမလိုအားမရ ၊ တစ်ချို့လည်း တက်တက်ကြွကြွ ။
ဒါနဲ့ ကျနော့်အသံကို ဘလော့မောင်နှမတွေကြားဝေမျှချင်ပါတယ်။ နိုင်ငံ့အရေးလိုပဲ ခေါင်းစဉ်မြင်စေချင်ပါတယ်။


ကျနော်သတိထားမိတာတစ်ခုရှိတယ်။ ကျနော်တို့ငယ်ငယ်က ဂျီတီအိုင်ကျောင်းဆင်းတို့ အာအိုင်တီကျောင်းဆင်းတို့ဆိုတာ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်တွေဗျ။ အနာဂတ်သေချာပြီးသားဆိုပါတော့ဗျာ။
ဆေးကျောင်းသားဆိုလည်းထို့အတူပေါ့။ နိုင်ငံခြားထွက်လည်း အားလုံးက နွေးထွေးစွာ ကြိုဆိုပါ၏ပဲ ။ ကိုယ့်ဘာသာကိုလည်း ယုံကြည်စိတ်အပြည့်ရှိကြတာ ဗျ။ ကျနော်ထင်တာမမှားဘူးဆိုရင် ခုနောက်ပိုင်း ကျနော်တို့မျိုးဆက်မှာ ကိုယ့်ကိုယ်ကိုရော သူများကကိုယ့်ကို မြင်ကြပုံပါ ယုံကြည်မှူ့က သုညနားကပ်ကပ်လာသလိုပဲ။
ကျနော်တို့ အချိန်တွေကုန် ငွေတွေကုန် လူပင်ပမ်းစိတ်ပင်ပမ်းခံပြီးကျောင်းတွေတက်ကြ ပညာတွေရှာကြတာဟာအနာဂတ်တစ်ခုခိုင်မာဖို့ဆိုတဲ့ အတွေးတွေ ၊ မျှော်လင့်ချက်တွေ၊ အိမ်မက်တွေက ၈၀ ရာခိုင်နှုန်းထက်ပိုမယ်ထင်ပါတယ်။ မိသားစုကလည်းထို့အတူ ထပ်တူထပ်မျှနီးနီးပါ။ ခုကျနော်တို့ဘာတွေဖြစ်နေကြပါသလဲ၊ ကျနော်တို့မြင်တာကတော့ တစ်ခုခုတော့ မှားနေတယ်ထင်ပါရဲ့။ မြန်မာတွေမညံ့ကြတာတော့ အစဉ်အလာနဲ့ကို ချီပြီးပြောလို့ရပါတယ်။ ခုထိလည်း သက်သေပြနိုင်ကြဆဲလို့ ကျနော်ရိုးသားစွာ ယုံကြည်ပါတယ်။
ခုအတိုင်းဆက်သွားကြရင်တော့ ကျနော်တို့ဟာ ကျနော်တို့ရဲ့ လူသားအရင်းအမြစ်ကို ကောင်းစွာအသုံးချခွင့် ဆက်လက်ဆုံးရှုံးနေရဦးမည်ဟု ကျနော်ထင်ပါသည်။ ပိုးသာကုန် မောင်ပုံစောင်းမတတ် တော့ မဖြစ်စေ ချင် လှပါ။
လျာရှည်တယ်လို့ပြောလည်းခံရမှာပါပဲ ။ ကျနော့်ကိုမေးခွန်းတစ်ခုမေးခွင့်ပြုပါ။
ကျနော်တို့ ဘယ်လို များပိုမိုတိုးတက်ကောင်းမွန်အောင် လုပ်နိုင်ပါသေးလဲခင်ဗျာ။ အကြံပြုပေးကြပါလို့ လေးစားစွာ ဖိတ်ခေါ်အပ်ပါတယ် ။

ဆက်ဖတ်မယ်ဆိုရင် ...

အချစ်

............ရေ လို့
သူသူငါငါ ဟစ်ကြွေးကြဖူး
တမ်းတဖူးသည်
အချစ်ဆိုတာ . . . . .


အလွမ်းတဲ့ဗျာ
နောက်ဆက်တွဲ အရှည်ကြီးနဲ့ရထား
တစ်ရွေ့ရွေ့နဲ့ အိပဲ့ပဲ့ သွားတာခက်တယ်
ကျန်ခဲ့တဲ့ . . .
မနက်တွေ
ညတွေ
နာမ တွေကို ဖွဖွလေးရွတ်
နှင်းဆွတ်တဲ့ မနက်လည်းလွမ်း
ဥသြသံကြားလည်းအလွမ်းပို
မိုးသည်းထဲဆို နေလို့ကိုမရ
ဒါ . . . .
အချစ်၏ နောက်ဆက်တွဲ က ခ ဂ တွေပေါ့ ။ ။

ဆက်ဖတ်မယ်ဆိုရင် ...

"အမေ" ၊ "ထယ်ခဲ ကြားထဲက ကြာပန်းတစ်ပွင့်"

တာတူး အမေရဲ့ အသက် ၆၀နှစ်ပြည့် အမှတ်တရ Post တင်တာပါ။တာတူးမှာ မဟုတ်မခံတတ်သော၊ တရားမျှတမှူ့ကိုမြတ်နိုးသော၊ အားနည်းသည့်ဘက် မှန်သည့်ဘက်တို့မှ ရပ်တည်တတ်သော ဂုဏ်ယူဖွယ်ရာ မိဘများရှိပါတယ်။ သား တို့ရဲ့ ထုံးစံအတိုင်း တာတူးက အမေကို ပိုချစ်ပါတယ်။ လူ့ဘ၀ထက်ဝက်ကျိုးလာချိန်အထိ လူမဖြစ်သေးသော (လုဘ၀က မတတ်သေးသော) တာတူးဆိုတဲ့သားတစ်ယောက်ကို အသက်နှင့်ရင်း၍မွေးဖွားပေးခဲ့သော ကျေးဇူးရှင်အမေရဲ့အကြောင်းပါ ။
"ထယ်ခဲ ကြားထဲက ကြာပန်းတစ်ပွင့်" အကြောင်းကို မပြည့်စုံသေးသော်လည်း တာတူးတတ်နိုင်သမျှ ပုံဖော်ထားတာပါ။


အမေက အခြေခံပညာရေးဘက်က ကျောင်းဆရာမတစ်ယောက်ပါ။ အမေ့အမည်က ဒေါ်သန်းရှင်လို့ခေါ်ပါတယ် ။ငယ်ငယ်ကထဲက မဟုတ်မခံတတ်သောကြောင့်မိနှုတ်သီးလို့ ခေါ်ကြပါတယ်။ အမေက သူတို့မောင်နှမ (၇)ယောက်မှာ သမီးဦး ပြီးတော့ တာဝန်လည်း သိတတ်တော့ မိဘလက်ငုတ်လယ်ယာအလုပ်ကို ဆက်မလုပ်ပဲ သူမအိမ်မက်ဖြစ်သော ကျောင်းဆရာမ အလုပ်ကို လုပ်ခဲ့ရတာဟာ လွယ်ကူသောလမ်းကြောင်းတော့ မဟုတ်ခဲ့ပါ။ ငယ်ငယ်ကတည်းက ရွာဦးကျောင်းမှာ သင်္ဂြိုလ် တွေ ၊ သင်ပုန်းကြီးတွေ သင်ကတည်းက ဥာဏ်ကောင်းပြီး စွာလည်းစွာလို့ လူသိများတယ်လို့ ဆရာတော်ကြီးက မိန့်ကြားဘူးပါတယ်။ အမေက ရွာကျောင်းမှာ လေးတန်းအောင်ပြီးတော့ ၈ တန်းအထိကို မြို့ကျောင်းမှာ ခြေလျင်သွားပြီးတက်ခဲ့ရတာပေါ့။ အမေတို့ခေတ်တုန်းက စက်ဘီးဆိုတာကလည်း လူတန်းစားတစ်ရပ်ရဲ့ အဆောင်အယောင်တစ်ခုအဖြစ်ရပ်တည်ဆဲကာလပါ ။ ၉တန်း (အဲဒီခေါတ်က တန်းမြင့်ကျောင်းလို့ ခေါ်သော) မှာတော့ အနီးအနားမှ မြို့ကြီးတစ်ခုမှာ မနက် စာပို့လော်ကယ်နဲ့သွား ညနေ စာပို့လော်ကယ်နဲ့ပြန်လာ ပြီးကျောင်းတက်ရတာပေါ့ ။ ခြံထဲက အသီးအနှံရောင်းဖို့ ရှိရင်လည်း ကျောင်းလွယ်အိတ်ကို တောင်းထဲမှာထည့်ရွက်ပြီး ကျောင်းမတက်ခင် ဈေးရောင်းပြီး ကျောင်းတက်ခဲ့ရတဲ့ ဘ၀ပါ။ ပညာဆိုတာကို လိုချင်စိတ်ရှိလွန်းလို့သာ ဒုက္ခခံပြီးကြိုးစားခဲ့ရတာလို့ အမေက သူ့အတိတ်ကို ပြန်ဆောင်ပါတယ်။
သူနဲ့ကျောင်းသွားဖော်တွေအကြောင်းကို ယခုအထိ အမေက မမောနိုင် မပန်းနိုင်ပြောပြချင်တတ်ဆဲ။ ပိုက်ဆံရှိပြီး အနည်းငယ်ရုပ်လှသော်လည်း အလှပြင်ရန်ထက် ပညာတတ်ဖို့ စာတတ်ဖို့သာ အားသန်ခဲ့သော မိသန်းရှင် လို့အမေ့သူငယ်ချင်းများက ပုံဖော်ကြပါတယ် ။
အမေက (၉)တန်းအောင်တော့ ကျောင်းဆရာမ၀င်လုပ်ပါတယ်။ သူမအိမ်နဲ့ဝေ:ကွာလှသော တောစပ်ကရွာလေးတစ်ရွာမှာ တာဝန်ကျပါတယ် ။ အဲဒီကာလက ခေတ်ပျက်ကြီးဆိုတော့ အမေ့အိမ်က သွားရောက်တာဝန်ထမ်းဆောင်ဖို့ သဘောမတူပါ။ ရွာကျောင်းမှာပဲ ဆရာမ လုပ်ဖို့ သွေးဆောင်ကြတာပေါ့။ အမေကတော့ ခေါင်းမာစွာနဲ့ တောကိုထွက်ခဲ့သူပါ။ နောက်ဆုံးကျတော့ အဘိုးရဲ့ ကျောင်းနေဖက် ရဲဘော်ဖြူ အဲဒီဒေသခေါင်းဆောင်က တာဝန်ခံပေးမှ အိမ်က သဘောတူပြီး အမေက သူ့ဆရာမဘ၀ကို စတင်နိုင်ခဲ့တာပါ။ ခေတ်က မငြိမ်တော့ အမေတို့ကျောင်းလေးလည်း ဖွင့်လိုက်ပိတ်လိုက် ပြေးလိုက်ပုန်းလိုက်ပေါ့။ တောထဲမှာတိုက်ပွဲဖြစ်နေပြီ ကျောင်းလွှတ်တော့ဆိုရင် ကျောင်းလွှတ် ၊ တိုက်ပွဲက နီးနေရင် ဘုန်းကြီးကျောင်း အောက်ထပ်က ခုတင်တွေ ၊ စာသင်တဲ့ စတိတ်ခုံတွေအောက်မှာ ပုန်းရင်း ၀ပ်ရင်း သင်ကြားခဲ့ရသော သူ့ရဲ့ ဦးဆုံးအတွေ့အကြုံကိုဝေမျှရင်း တာတူးကိုလည်း နိုင်ငံကောင်းအောင် လုပ်စေချင်ခဲ့သောအမေပါ။
ဆရာမလုပ်နေရင်းကနေပြီး အိမ်ကရော အမေ့သူငယ်ချင်းတွေကပါ ၀ိုင်းပြောတော့မှ အမေက (၁၀)တန်းကို ညကျောင်းတက်ပြီးဖြေပါတယ်။ အောင်တော့ ပြည်ဆရာအတတ်သင်သိပ္မံ ၊ နောက် မော်လမြိုင်ဆရာအတတ်သင်သိပ္မံများကိုဆက်တက်ပါတယ် ။
အဲ . . . . . အရေးကြီးသော ပြောစရာ တစ်ခုကျန်တာက အဖေနဲ့ မော်လမြိုင်မှာကျောင်းတက်ရင်းဖူးစာစုံပါတယ် ။ အမေက သူ့ဆရာမဘ၀ကို မစွန့်ချင်၍ အဝေးသင်တက်ပြီး ဘွဲ့တစ်ခု ယူပါတယ် ။ တာတူးက တိုက်တွန်းလွန်း၍ တာတူး (၁၀) တန်းနှစ်ရောက်မှ အမေက B.Ed ပြန်တက်ပေးပါတယ်။ ကျောင်းပြီးသော်လည်း အမေက အုပ်ချုပ်ရေးကို ၀ါသနာမပါလှပါ။ သူမ၏ ပညာရေးအရာရှိ ဆရာများ ၊ သူငယ်ချင်းများ ကတိုက်တွန်းသော်လည်း အမေက သင်ကြားရေးပေါ်မှာပဲ အာရုံစိုက်ချင်သူပါ။
အမေက ယခုအချိန်အထိ သူမ၏ တပည့်ဟောင်းများ ၊တပည့်များအကြောင်းကို ပြောမဆုံးပါ။ လူနဲ့နာမည်နဲ့ တွဲပြီးမှတ်မိဆဲ ၊သတင်းနားစွင့်ဆဲ။ သူမ၏တပည့်ဟောင်းကြီးများကိုလည်း ယနေ့အထိ အမြင်မတော်လျင်ခေါင်းခေါက်တတ်သော ဆုံးမတတ်သော ၊တပည့်များကလည်း လိုလားစွာ ကျေနပ်လက်ခံသော အသိုင်းအ၀န်းကြားမှ ကျောင်းဆရာမကြီးတစ်ယောက်ပါ။
သူကဘယ်သူ့သား ၊ငါကဘယ်သူ့သမီး ဆိုတာတွေလည်းမရှိ ဆရာဆုံးမတာကို ကျေကျေနပ်နပ်လက်ခံကြတာလို့ အမေက သူ့အတိတ်ကို တစ်ခါတစ်ခါတော့လည်း လွမ်းပြပါတယ်။
ယခုအထိ အမေ့ဝန်းကျင်မှာ ဆရာမလေးခေါ်သံတွေ ရှိဆဲပါ။ သူမရဲ့တပည့်တွေကလည်း ဈေးရောင်းလာရင် ဆရာမဖို့ အသီးအနှံ တစ်ခုခု ပါလာဆဲ၊ အမေကလည်းရှိတာ ချကျွေးတတ် ဆဲ။သူ့မြေးတပည့်တွေကို လည်းတက်တက်ကြွကြွ စာသင်ပေးနေဆဲ။
ဘုရား၊တရား၊သံဃာကိုမမေ့ဖို့ ၊ကိုယ်တတ်သမျှကို ဖြန့်ဝေဖို့၊ ကူညီတတ်ဖို့ ၊ကိုယ်ချင်းစာတရားရှိဖို့ ၊အမှန်အမှားဝေခွဲတတ်ဖို့၊ ချင့်ချိန်စဉ်းစားတတ်ဖို့ အမေက အမြဲဆုံးမပါတယ် ။
အမေက သူမ ၁၉ နှစ်သမီးထဲက လုပ်လာခဲ့သော ကျောင်းဆရာမအလုပ်ကို အတော့်ကို (အရမ်း) မြတ်နိုးတန်ဖိုးထားသူ၊သံယောဇဉ်ကြီးသူပါ။
သူမ သက်စေ့ပင်စင်ယူသော နောက်ဆုံးနှုတ်ဆက်ပွဲ နေ့မှာ တာတူးက အမေ့ရဲ့ ဟိုးအဝေးကြီးတစ်နေရာမှာပါ။ အမေငိုနေလိမ့်မယ်ဆိုတာ သေချာပါတယ် ။လူလေးလို့ အမေခေါ်တဲ့ တာတူးက အမေ့ကို နှစ်သိမ့်ပေးနိုင်တဲ့အကွာအဝေးမှာရှိမနေခဲ့ပါဘူး။ ၀မ်းသာမျက်ရည်တွေကျနေမယ့်အမေ့ကို လွမ်းဆွတ်ရင်း ဒီစာစုလေးနဲ့ သား ကန်တော့ပါတယ်အမေ ။

ဆက်ဖတ်မယ်ဆိုရင် ...

Some Funny Pictures






ဆက်ဖတ်မယ်ဆိုရင် ...

Wednesday, November 7, 2007

လိမ္မာခြင်းနှင့် မိုက်မဲခြင်း

သာယာဝတီ လယ်သမားသူပုန်ကြီး ပြိုကွဲသည့်နောက်တွင် ဓနရှင်လူတန်းစား ခေါင်းဆောင်သော ဝံသာနုလှုပ်ရှားမှုကြီး စခန်းသိမ်းသွားလေသည်။ တိုးတက်သော ဓနရှင်ပေါက်စ ပညာတတ် လူငယ်များ ခေါင်းဆောင်သော တို့ဗမာအစည်းအရုံးကြီး ပေါ်ပေါက်လာလေသည်။

အင်္ဂလိပ်ဗြူရိုကရက် အရာရှိများက “သခင်” အခေါ်ခံနေရချိန်၊ ၎င်းတို့အား “ဘုရား” ထူးနေရချိန်တွင် တို့ဗမာအစည်းအရုံးဝင်များက မိမိတို့၏ နာမည်ရှေ့တွင် သခင်-သခင်မ တပ်၍ ရေးသားကြ - ခေါ်ဝေါ်လာကြလေသည်။ သခင်မျိုးဟေ့ တို့ဗမာဟု ကြွေးကြော်လာကြလေသည်။ လာမည့်ဘေး ပြေးတွေ့ ဟူသည်မှာ တို့ဗမာအစည်းအရုံးကြီး၏ ရဲရဲတောက် ဆောင်ပုဒ်တခု ဖြစ်လေသည်။




““လိမ္မာသည်ဆိုခြင်းမှာ သူရဲဘောနည်းခြင်း၊ ကြောက်ခြင်း၊ သွေးမရှိခြင်း၊ သတ္တိမွဲခြင်း၊ ဒူးတုန်ခြင်း၊ တကိုယ်ကောင်း ကြံခြင်း၊ အမေနှင့်ငါ မာလျှင်ပြီးရောဆိုသော စိတ်ရှိခြင်း၊ ကိုယ့်အိမ်မှ ကိုယ့်အိမ်မှတ်ခြင်း၊ ကိုယ့်အကျိုးစီးပွား တစ်ခုတည်းကိုသာ ကြည့်ခြင်း၊ ရှေ့လာမည့်ဘေးကို စည်းလုံး၍ ခုခံရမှန်းမသိခြင်း ဖြစ်ပါမူ၊ အို-..အချင်းတို့၊ ငါတို့သည် မလိမ္မာလိုပါပြီ။ မိုက်သာမိုက်လိုပါ၏။ ငါတို့အား မိုက်ခွင့်ကို ပြုကြပါကုန်။ ငါတို့မိုက်ပါရစေ။””
““ – ”” .. ၁၉၃၂-ခု၊ ဇန်နဝါရီလ ၂-ရက်နေ့ထုတ် ဒီးဒုတ်ဂျာနယ်၊ အတွဲ-၇၊ အမှတ် ၃၊ တို့ဗမာ သတင်းစဉ် မှတ်တမ်းမှကောက်နှုတ်ချက်။




စာရေးဆရာ (ဦး) မောင်တင်ရွှေ ရေးသားတဲ့ “သခင်ကိုယ်တော်မှိုင်း” ၊ ပထမအကြိမ်၊ ၁၉၇၆-ခု၊ ဇန်နဝါရီလ။ စာအုပ်မှ ကောက်နုတ် ဖော်ပြခြင်း ဖြစ်ပါသည်။ လွန်ခဲ့သော နှစ်များစွာမှ မြန်မာ့လူငယ်များ၏ လွတ်လပ်မှုနှင့် မတရားမှုများကို တွန်းလှန်ရန်အတွက် စိတ်ဓါတ်ရေးရာ ခွန်အားဖြည့် စာသားများဖြစ်ဟန်တူသည်။ အဓိပ္ပါယ်ပြည့်ဝသော၊ ခွန်အားအပြည့်ပါသော စာများ၊ စကားများသည် ခေတ်ကာလ မည်သို့ပင် ပြောင်းစေကာမူ ရှင်သန်ဆဲဖြစ်လေ့ရှိသည်။ ယနေ့ ကျွန်တော်တို့ခေတ်တွင်လည်း ယခုစကားစုလေးသည် အဓိပ္ပါယ်ပြည့်ဝဆ၊ဲ ခွန်အားရှိဆဲ ဖြစ်နေသည်ဟု တွေးမိသဖြင့် မျှဝေလိုက်ပါကြောင်း။


သုခမိန်


ဆက်ဖတ်မယ်ဆိုရင် ...

Tuesday, November 6, 2007

အကြောင်းရင်းငါးခု


အာလုံးလည်း ပြီးဆုံးသွားခဲ့ပြီ
ကုန်လွန်ခဲ့တဲ့အချိန်တွေလည်း မနည်းတော့ဘူးလေ
တစ်ယောက်တည်းနေတတ်အောင်လည်း သင်ယူမတတ်မြောက်ခဲ့ပါဘူး
ပထမအချက်ကတော့- မင်းပါပဲ
ဒုတိယအချက်ကတော့ - မင်းရဲ့ အိပ်မက်တွေပေါ့
တတိယအချက်ကတော့ - မင်းပြောခဲ့တဲ့စကားတွေပါ
အဲဒါတွေကို ငါကမှ မယုံကြည်ခဲ့တာ
စတုတ္ထအချက်ကတော့ - မုသားတွေလေ
ဘယ်သူမှန်တယ်၊မှားတယ်တော့ အဖြေမရှာပါနဲ့တော့
ပဉ္စမအချက်ကတော့ - ဒဏ်ရာတွေပါ
အဲဒါကြောင့်ပဲ အချစ်တွေသေဆုံးခဲ့တာပေါ့။

ဒီနေ့ ငါမင်းကို အိပ်မက်ထဲမှာတွေ့တယ်တယ်
ပြုံးတော့ပြပါရဲ့၊ ငါ့ကိုတော့ မဟုတ်ဘူးလေ
မင်းက တစ်စိမ်းယောက်ျားတွေ ကမ္ဘာကိုထွက်သွားပြီပဲ
မင်းမှာလည်း အကြောင်းပြချက်ငါးခုနဲ့ပဲလေ
ပထမအချက်ကတော့- ငါပါပဲ
ဒုတိယအချက်ကတော့ - မင်းရဲ့ သူငယ်ချင်းတွေပေါ့
တတိယအချက်ကတော့ - မင်းရဲ့ အချစ်သစ်
အဲဒါကတော့ ပြောမပြလည်း နားလည်ပါတယ်
စတုတ္ထအချက်ကတော့ - မုသားတွေလေ
ဘယ်သူမှန်တယ်၊မှားတယ်တော့ အဖြေမရှာပါနဲ့တော့
ပဉ္စမအချက်ကတော့ - ဒဏ်ရာတွေပါ
အဲဒါကြောင့်ပဲ အချစ်တွေသေဆုံးခဲ့တာပေါ့။

I. Nikolaev ၏စာသားများအားပြန်ဆိုသည်။

ဆက်ဖတ်မယ်ဆိုရင် ...

Sunday, November 4, 2007

Our World








ဆက်ဖတ်မယ်ဆိုရင် ...

Thursday, November 1, 2007

Buddhabrot





Buddhabrot ဆိုတာက Mandelbrot Set ကိုအထူးပြုပြင်ထားတာပါ။

သူကို့ နည်းနည်းလေးလှည့်ကြည့်လိုက်ရင် ဗုဒ္ဓပုံတော်နဲ့ ခပ်ဆင်ဆင်တူလို့ အဲသလိုနာမည်ပေးလိုက်ကြတာပါ။
သင်္ချာတွေကလည်း ထူးဆန်းပါပေ့။
စာညွှန်းတယ်ပဲဆိုပါတော့။ ၀ီကီပီးဒီးယားမှာ ဖတ်လိုက်ရင် ရှင်းသွားမှာပါ။
ဒီမှာသွားဖတ်လိုက်ကြပါ။

ဆက်ဖတ်မယ်ဆိုရင် ...

Tuesday, October 30, 2007

“သင် Blog စွဲနေပြီလား... ?”

57%How Addicted to Blogging Are You?


ဆက်ဖတ်မယ်ဆိုရင် ...

“သင် Blog စွဲနေပြီလား..... ?”

77%How Addicted to Blogging Are You? ကိုစိုးထက် ဆီမှာတွေ့လို့ စစ်ကြည့်လိုက်တာ။

ဒီနေရာ ကနေစစ်ရတာ။ အဖြေက စိုးရိမ်ရမှာလား၊ ဘာတဲ့လဲပေါ့။ စဉ်းစားစရာတွေ ဖြစ်လာရော။ ခက်သားဗျ တစ်ခုခုကို စွဲလမ်းမိပြီဆိုရင် စိတ်က ဘယ်လိုမှ မနေနိုင်ဘူး။ အဲဒီကိုပဲ စိတ်မှာရောက်နေတတ်တာ။ ဘာပဲပြောပြော ပျော်စရာတော့ ကောင်းသားဗျ။ ခင်ဗျားလဲ စစ်ကြည့်အုံး။ Online ပေါ်က စိတ်ဝင်စားမှုလေးကိုပေါ့။

ဆက်ဖတ်မယ်ဆိုရင် ...

ချစ်မောင်၊ ဦး၊ ဂျာနယ်ကျော်။


ဦးချစ်မောင်သည် သာယာဝတီခရိုင် အုတ်ဖိုမြို့တွင် အဘ ဦးမြ အမိ ဒေါ်စောယုတို့မှ ၁၂၇၄ ခု၊ ပြာသိုလဆန်း ၁၃ ရက်၊ တနင်္ဂလာနေ့တွင် ဖွားမြင်ခဲ့သည်။ ဒေါ်စောယု၏ ဖခင်မှာ အင်္ဂလိပ်တို့ မြန်မာနိုင်ငံကို သိမ်းယူစဉ်က တော်လှန်တိုက်ခိုက်ရင်း ကျဆုံးခဲ့သော ရွှေကျင်ဝန်ကြီး ဦးကြင်ဖြစ်သည်။

ဦးချစ်မောင်သည် မြန်မာသက္ကရာဇ် ၁၂၉၂ (ခရစ်နှစ် ၁၉၃၀ ပြည့်) လောက်မှစ၍ ထင်ရှားလာသော သတင်းထောက်၊ သတင်းစာဆရာ၊ စာရေးဆရာနှင့် မျိုးချစ်ပုဂ္ဂိုလ်ကြီးအဖြစ် ထင်ရှားလာသည်။ ဂျာနယ်ကျော် သတင်းစဉ်ကို ထုတ်ဝေသဖြင့်လည်း “ဂျာနယ်ကျော်-ဦးချစ်မောင်”ဟု မြန်မာနိုင်ငံတဝန်းလုံး ပိုမိုထင်ရှားလာခဲ့သည်။

မောင်ချစ်မောင်သည် ငယ်စဉ်က လက်ပံတန်းမြို့တွင် ပညာသင်ကြားရသည်။ လက်ပံတန်းမြို့ အစိုးရအထက်တန်းကျောင်း ကျောင်းအုပ်ကြီး မစ္စတာအိုအောင်ထွန်းက ကျောင်းထားပေးသဖြင့် ၁၀ တန်း စာမေးပွဲကို အောင်မြင်ခဲ့သည်။ ထို့နောက် လက်ပံတန်းမြို့မှ ရန်ကုန်မြို့သို့ စာအုပ်ဝယ်ရန် ခေတ္တလာရောက်ရာမှ တစ်ခါတည်း မပြန်တော့ဘဲ နော်ရထာ သတင်းစာတိုက်တွင် ဝင်ရောက်အလုပ် လုပ်ကိုင်တော့သည်။

ထို့နောက် ဈေးနှုန်းသတင်းစာတိုက်နှင့် မြန်မာ့အလင်းသတင်းစာတိုက် များတွင် ဝင်ရောက်လုပ်ကိုင်သည်။ ကိုချစ်မောင်သည် ဉာဏ်ထက်မြက်သူဖြစ်၍ အလုပ်ကို မနားမနေ ကြိုးစားသည်။ စာကို အမြဲမပြတ် ဖတ်လေ့ရှိသည်။ ယင်းသို့ကြောင့်ပင် မြန်မာ့အလင်း သတင်းစာတိုက်တွင် ညအယ်ဒီတာဘဝမှ အယ်ဒီတာချုပ်အဖြစ်သို့ ရောက်အောင် အဆင့်ဆင့် တိုးတက်လာခဲ့သည်။ အယ်ဒီတာဘဝ မဖြစ်ခင် လန်ဒန်မှနေ၍ မြန်မာ့အလင်း သတင်းထောက်အဖြစ်ဖြင့် သတင်း၊ ဆောင်းပါးများကို ပို့ပေးသည်။ တိုင်းပြည်တိုင်း ဖြစ်ပျက်နေသော နိုင်ငံရေး အခြေအနေများကို တစေ့တစောင်း လေ့လာအကဲခတ် လာခဲ့သည်။ ဘဝ တိုးတက်ရေးအတွက်လည်း အင်္ဂလိပ်စာကို အချိန်ရှိသရွေ့ လေ့လာဆည်းပူးခဲ့သည်။

ဦးချစ်မောင်သည် မြန်မာ့အလင်းသတင်စာတွင် အယ်ဒီတာချုပ် အဖြစ်သို့ ရောက်လာသောအခါ မျိုးချစ်စိတ်အရင်းခံရှိပြီး ဖြစ်သည့်အတိုင်း နိုင်ငံအတွက် အကျိုးရှိမည့်အရေးကိစ္စများတွင် ရဲရဲရင့်ရင့် ရေးသား ဖော်ဖြလေ့ရှိသည်။ ထိုသို့ ရေးသားသဖြင့် လွတ်လပ်စွာ ရေးသားခွင့်အတွက် တိုက်ရှင်နှင့် စိတ်သဘောချင်း မတိုက်ဆိုင်၍ ၁၃၀၁ ခုနှစ် (ခရစ် ၁၉၃၉ ခုနှစ်)တွင် အယ်ဒီတာအဖြစ်မှ နုတ်ထွက်ခဲ့သည်။

ဦးချစ်မောင်သည် မြန်မာ့အလင်းသတင်းစာမှ နုတ်ထွက်ပြီးနောက် မိမိကိုယ်တိုင် ဦးစီး၍ ”ဂျာနယ်ကျော်” အမည်ဖြင့် သတင်းစဉ်တစ်စောင်ကို ထုတ်ဝေလိုက်သည်။ ယင်းဂျာနယ်ကျော် သတင်းစဉ်သည် နိုင်ငံရေး စစ်ရေးတို့ကို ပြတ်ပြတ်သားသား ပေါ်ပေါ်လွင်လွင် ဝေဖန်ရေးသားသဖြင့် အလွန် လူကြိုက်များလာသည်။ ဗြိတိလျှခေတ်တွင် တိုင်းပြည်လူထုကို မျိုးချစ်စိတ် ထက်သန်စေရန်နှင့် လွတ်လပ်ရေးဆန္ဒ ပြင်းထန်စေရန် အထူးတိုက်တွန်း ရေးသားခဲ့သည်။ ဆင်းရဲသားတို့၏ နစ်နာမှုများကိုလည်း အထူးတလည်တင်ပြကာ နယ်ချဲ့ဗြိတိလျှ အစိုးရအား ပြင်းထန်စွာ ဝေဖန်ရေးသားခဲ့သည်။ ယင်းသို့ကြောင့်ပင် ဂျာနယ်ကျော် ဆိုသည့်အတိုင်း ကျော်ကြားထင်ရှား လူကြိုက်အများဆုံး ဖြစ်ခဲ့သော ဂျာနယ်တစ်စောင် ဖြစ်ခဲ့သည်။

ဦးချစ်မောင်သည် ”ရွှေလင်းယုန်” ကလောင်အမည်ဖြင့် ”ရှာရှာဖွေဖွေ” ”ကမ္ဘာကြီး ပျက်စီးလုနီးပြီလော” စသော စာအုပ်များကိုလည်း ရေးသားထုတ်ဝေခဲ့သည်။ စိတ်နေစိတ်ထား ပြုပြင်ရေးအတွက် သင်ခန်းစာပေးသော ”သူ” အမည်ရှိ ဝတ္ထုတစ်ပုဒ်ရေးသဖြင့် လူကြိုက်အလွန်များခဲ့သည်။ ”မှိုင်းမှုံမှုံ” ဝတ္ထုကိုလည်း ဦးချစ်မောင်ပင် ရေးသားခဲ့သည်။

ဦးချစ်မောင်သည် ဂျပန်ခေတ်တွင် ဘိုကလေးမြို့သို့ ရှောင်ခွာနေခဲ့သည်။ ယင်းနောက်မှ ရန်ကုန်သို့ ပြန်လာကာ တော်လှန်ရေးလုပ်ငန်းများကို လျှို့ဝှက်စွာ ဆောင်ရွက်ခဲ့သည်။ ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံး၍ ဗြိတိလျှ စစ်တပ်များ ပြန်ဝင်လာသောအခါ ခဏခေတ္တ ဖမ်းဆီးခြင်းခံရသေးသည်။ ယင်းနောက် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော ဖ၊ ဆ၊ ပ၊ လ ဗဟိုဦးစီးအဖွဲ့တွင် ပါဝင်ကာ လွတ်လပ်ရေးအတွက် အရေးဆိုရာတွင် အဓိကနေရာမှ ထိရောက်စွာ ပါဝင်ဆောင်ရွက်ခဲ့သည်။ ဖ၊ ဆ၊ ပ၊ လ အစိုးရဖွဲ့စည်းရန်အတွက် ဘုရင်ခံသို့ တင်ပြတောင်းဆိုချက် စည်းကမ်းများကို ရေးဆွဲရာတွင် ဦးချစ်မောင်၏ အကြံဉာဏ်များစွာ ပါဝင်သည်။

ဦးချစ်မောင်သည် ထိုနှစ်တွင် မြန်မာနိုင်ငံ စာရေးဆရာအသင်း၌ ဥက္ကဌအဖြစ် ဆောင်ရွက်လုပ်ကိုင်ခဲ့သည်။ ထိုသို့ ဆောင်ရွက်နေဆဲတွင် ရုတ်တရက် မကျန်းမမာဖြစ်ကာ ၁၃၀၇ ခုနှစ် နှောင်းတန်ခူးလဆန်း ၂ ရက်နေ့၊ အသက်(၃၃) နှစ်အရွယ်တွင် ကွယ်လွန်သွားရှာသည်။ ဦးချစ်မောင်၏ အလောင်းကို ဖ၊ ဆ၊ ပ၊ လ အဖွဲ့ချုပ်ကြီးမှပင် ကြီးမှူး၍ ကြံတောသုသာန်တွင် သင်္ဂြီုလ်သည်။

ဦးချစ်မောင်၏ ဇနီးမှာ အမျိုးသမီး စာရေးဆရာမ နာမည်ကျော် ဂျာနယ်ကျော်မမလေး (ခေါ်) ဒေါ်မမလေးဖြစ်သည်။ ဦးချစ်မောင်တွင် သား ၂ ယောက်၊ သမီး ၁ ယောက် ကျန်ရစ်ခဲ့သည်။ ဦးချစ်မောင်၏ အတ္ထုပတ္တိကို သူ၏ဇနီး ဂျာနယ်ကျော် မမလေးက ”သူလိုလူ” ဟူသော စာအုပ်ဖြင့် မှတ်တမ်းတင်ခဲ့သည်။


စပယ်ဦး စာပေဖြန့်ချီရေးက ထုတ်တဲ့ တစ်ချိန်ကထင်ရှားခဲ့သော ပုဂ္ဂိုလ်ကြီးများ - ရွှေဥသြ ပြုစုသည် ဆိုတဲ့စာအုပ်ထဲကပါ။ ဦးချစ်မောင်ဆိုပြီး စာအညွှန်းပါတာက မြန်မာ့စွယ်စုံကျမ်း အတွဲ ၂၊ ဒုတိယအကြိမ် ၁၉၇၃၊ စာမျက်နှာ ၄၀၄။ စာအုပ်ထဲမှာကတော့ ပုဂ္ဂိုလ်ကျော်တွေ အများကြီးပါ။ လောလောဆယ် Post တင်စရာကလဲမရှိ စာအုပ်ထဲက တစ်ချို့ အကြောင်းအရာတွေကို ဝေမျှချင်တာနဲ့ တင်လိုက်တာပါ။ နောက်ပြီး Blog ကလဲ ဂျာနယ်လို့ အမည်ရတယ်ကိုး။ သူငယ်ချင်းတစ်ယောက် ပြောသလိုပဲ Blog နဲ့မှပဲ စာရေးဆရာ ဖြစ်တော့တယ်လေ။ ဘာပဲပြောပြော ဖတ်လို့ကောင်းတဲ့ အကြောင်းအရာ ဖြစ်တယ်ဆို ကျေနပ်ရမှာ။ နောက်အဆင်ပြေရင် တခြားသူတွေ ကိုလဲ တင်အုံးမယ်။
သုခမိန်

ဆက်ဖတ်မယ်ဆိုရင် ...

ဘ၀ဆိုတဲ့ခရီးမှာ သေချာတယ်ဆိုတာ မရှိပါ ။

ပြီးခဲ့တဲ့သီတင်းပတ်တွေတုန်းကကိုယ်ဆုံးဖြတ်ခဲ့တာတွေမှားနေပြီ ဆိုတဲ့စိတ်နဲ့ လူကနေလို့ထိုင်လို့ကို မရခဲ့ဘူး။ လူဆိုတာကတော့ ယေဘူယျပြောရရင် ပြောင်းလဲဖို့ခက်ခဲတာ၊ ရှိ ပြီးသား အနေအထား တစ်ခုကို မျှောလိုက်ချင်တာ၊မစွန့်စားချင်တာ၊ သေချာမှူ့တစ်ခုကို လက်ကိုင် ပြုထားချင်ကြတာ ချည်းပါ။ ကျနော်လည်း အခြေအနေ တစ်ခုကြောင့် ပြောင်းလဲရတဲ့အခါထင်သလို ဖြစ်မလာတော့ ကိုယ့်စိတ်က ငါမှားပြီလို့ ထင်လာ၊ယုံလာတယ်။ အရာရာဟာ အဆင် မပြေဖြစ်လာတာပေါ့ဗျာ။ဒါနဲ့စာအုပ်တွေ ပြန် ဖတ်မိတော့ Article တစ်ခုသွားတွေ့တယ်။ဆရာကိုတာပြုစုသော"အခြားတစ်ဖက်မှ ဆင်ခြင်ရန် အကြောင်းများ " ဆိုတဲ့စာအုပ်ထဲကပါ ။ "ထုပ်ထားတဲ့ငှက် " ဆိုတဲ့ Article လေးပါ။

သူရေးထားတာကဂျက်ဖရီပို့ဖြေခဲ့ရတဲ့စာမေးပွဲ(ထုပ်ထားတဲ့ငှက်)လိုပါပဲ ကျနော်တို့လည်းဘ၀မှာ မှန်းဆပြီး ဆုံးဖြတ်ကြ၊ ဖြေရှင်းကြရတာပါ။ လက်ခံချင်သည်ဖြစ်စေ၊ လက်မခံချင်ဘူး ဖြစ်စေ ကြုံတော့ကြုံနေရတာပါပဲ။ အရာအားလုံးမှာသေချာတယ်ဆိုတာမရှိ။ ကျနော်တို့ဟာ မပြည့်စုံသော အချက်အလက်တွေပေါ် မှာအခြေတည် ပြီးဆုံးဖြတ်ချက် ချရတာ ချည်းပါ။ကိုယ့်ရဲ့ အတွေ့အကြုံ ၊ ဗဟုသုတ၊ စိတ်(ခံစားမှူ့) တို့ပေါ်မူတည်ပြီး ဖြေရှင်ကြရတာချည်းပါ။
နောက်ဆုံးစာပိုဒ်လေးက အနှစ်ချုပ်မှတ်တမ်းပါ ။

အခန်းအပြင်ဘက် ပြေးထွက်ပြီး ရှောင်ထွက်သွားတာ၊ ရှိပြီးအခြေအနေအတိုင်း မျှောလိုက် သွားတာက လွယ်တယ်။ ခြားနားသွားအောင်လုပ်ဖို့ကတော့ ကိုယ့်ဥာဏ်၊ ကိုယ့်အရည်အချင်းကို ယုံကြည်ဖို့၊ ကို လုပ်တာ ကောင်းတယ်၊ မှန်တယ်လို့ ယုံကြည်မှူ့ရှိဖို့လိုအပ် ပါတယ်တဲ့။ ဘ၀ကို ဆက်လက်ချီတက်ဖို့ လိုအပ်တာကတော့ ဆင်ခြင်စဉ်းစားပြီးမှ ရရှိလာတဲ့ ယုံကြည်မှူ့ပါ။ ကိုယ့်ကိုယ်ကို သစ္စာရှိဖို့ကတော့ အရေးအကြီးဆုံးအရာပါလို့ ဆရာတာ ကတော့ ရေးပြသွားတာပါ။
ဆရာတာလို ပြောပြချင်မိပေမယ့် မစွမ်းသေးတာမို့ မှတ်မိသမျှကိုပဲ လက်ဆင့်ကမ်းပေးလိုက်ပါတယ် ။

ဆက်ဖတ်မယ်ဆိုရင် ...

Tuesday, October 23, 2007

စတင်ခြင်း

Peek-a-Boo Post လေးကိုစမ်းကြည့်တာ၊ ဘယ်နေရာကလဲ သိချင်ရင်တော့ ဆက်ဖတ်ကြည့်ပါ။

ဒီနေရာကနေ အကူအညီယူ လုပ်တာ။

ဆက်ဖတ်မယ်ဆိုရင် ...

Sunday, October 14, 2007

စတင်ခြင်း

စတင်ခြင်း

ဆက်ဖတ်မယ်ဆိုရင် ...