Thursday, December 6, 2007

ရီစရာ မောစရာ ဟာသများ (၃)


မုဆိုးနှစ်ယောက်သည် သစ်တောထဲတွင် အမဲလိုက်ထွက်နေစဉ် တစ်ယောက်သောသူသည် ရုတ်တရက် လဲကျသွားလေသည်။ အသက်လည်းရှုပုံမရ၊ မျက်လုံးများမှာလည်း ရီဝေေ၀ဖြစ်နေလေသည်။ ကျန်တစ်ယောက်က ဖုန်းကိုထုတ်ကာ အရေးပေါ်ဌာနသို့ဆက်လေသည်။
အမောတကောဖြင့်ပြောလေသည်
- ကျနော် သူငယ်ချင်း သေပြီ၊ ဘယ်လိုလုပ်ရမလဲ။
အရေးပေါ်ဌာနမှ ပြန်ပြောလေသည် - စိတ်အေးအေးထားပါဗျာ။ ပထမ သေဆုံးတာ တကယ်ဟုတ်မဟုတ် သေချာအောင်လုပ်ပါဦး။
ခဏ စကားပြောသံ တိတ်သွားလေသည်။ ထို့နောက် သေနတ်သံတစ်ချက်ကြားလိုက်ရသည်။ ပြီး ဖုန်းမှ စကားပြောသံပြန်ကြားရလေသည်
- အင်း တကယ်သေသွားပြီ၊ ဘာဆက်လုပ်ရမလဲဗျ။

အမျိုးသမီးတစ်ယောက်သည် လိုင်းကားပေါ်သို့ သူ့ကလေးအားချီပြီးတတ်လာသည်။
ဒရိုင်ဘာမှ ပြောလေသည်
- ဒီလောက်ရုပ်ဆိုးတဲ့ကလေး ဒီတစ်ခါပဲတွေ့ဖူးသေးတယ်။
အမျိုးသမီးသည် ဒေါသတကြီးဖြင့် ကားနောက်ပိုင်းတွင်လာထိုင်ပြီး ဘေးနားတွင်ကပ်လျက်ထိုင်နေသော အမျိုးသားတစ်ယောက်အား
- ကျမကို သိပ်စော်ကားတာပဲ-ဟုပြောလေသည်။
ယင်းအမျိုးသားမှ - ဒရိုင်ဘာကိုအခုချက်ခြင်းသွားပြီး ရန်တွေ့သင့်တယ်။ ကျုပ်ခင်ဗျား မျောက်ကလေးကိုထိန်းထားမယ်။

ရှားလော့ဟုမ်း(စ)နှင့် ဒေါက်တာ ၀တ်ဆင်တို့ တောတွင်းခရီးသွား၏။ ညစာစားပြီးသော်၊ ခဏတဖြုတ်နားပြီး အိပ်ကြလေသည်။
နာရီအတန်ကြာအိပ်ပြီးသော် ရှားလော့ဟုမ်း(စ)သည် တရေးနိုးလာပြီး၊ သစ္စာရှိသူငယ်ချင်း ၀တ်ဆင်အားနိုးပြီး- ကောင်းကင်ကိုကြည့်ပြီး ဘာတွေမြင်လဲ ပြောစမ်းပါဦး။
- ကြယ်တွေ အသိန်း၊ အသန်းမြင်ရတာပေါ့ဗျာ။
- ကိုင်း ဘာတွေ ကောက်ချက်ချလို့ရမလဲဗျာ။
ဝတ်ဆင်သည်လည်း ခဏလောက် စေ့စေ့တွေးပြီး
- နက္ခတ္တဗေဒအရဆို အဲဒီကြယ်တွေဆိုတာ ဂလက်ဆီတွေ၊ဂြိုလ်တွေ အသိန်းအသန်းပေါ့။ နက္ခဗေဒင်အရဆိုရင် စေတန်က လီယိုဘက်ရောက်နေတယ်ဗျာ။ ဇာတာခွင်အရဆို အချိန် သုံးနာရီ ဆယ့်ငါးပေါ့။ ရာသီဥတုဆိုရင်တော့ မနက်ဖြန် နေသာပြီး သာယာမယ်ဗျာ။ ဘာသာရေးအရဆိုရင် ဘုရားသခင်က တန်ခိုးအလွန်ကြီးမားပြီး၊ ကျုပ်တို့က စကြာဠာထဲမှာ အလွန်သေးငယ်တဲ့အရာလေးတွေပေါ့။ နေပါဦး ခင်ဗျားကရော ဘာကောက်ချက်ချမလဲဗျာ။
ရှားလော့ဟုမ်း(စ)သည် ခဏဆိတ်ငြိမ်ပြီး
- ၀တ်ဆင်၊ ခင်ဗျားက ဝေးသကိုးဗျာ။ ကျုပ်တို့ရွက်ဖျင်တဲကို တစ်ယောက်ယောက် ခိုးသွားပြီဗျ။

ဆက်ဖတ်မယ်ဆိုရင် ...

Tuesday, December 4, 2007

Super Trains: Plans to Fix U.S. Rail Could End Road & Sky Gridlock



With airports and highways more congested than ever, new steel-wheel and maglev lines that move millions in Europe and Japan have the potential to resurrect the age of American railroads.

Unlike conventional diesel- and electric-powered trains, the motor for maglev trains is essentially embedded in the track. The track creates a traveling magnetic field beneath the train, which lifts the cars and propels them at 300-plus mph. The train’s on-board systems are powered by induction from the track. And only the section of track under the train is energized. (Illustration by Nathan Fariss)

http://www.popularmechanics.com/technology/transportation/4232548.html

ဆက်ဖတ်မယ်ဆိုရင် ...

နာရေး

နာရေး
သစ္စာနီ


ခေါင်းလည်းကျလို့ရ
ပန်းလည်းကျလို့ရတဲ့
ဒင်္ဂါးပြားတစ်ခုလိုပေါ့လေ။
လူတွေ...
အေးရာအေးကြောင်းရှာပုံက
လေငင်ရာယိမ်းလို့
တစ်ယောက်နဲ့တစ်ယောက်
ထိပ်ပုတ်ခေါင်းပုတ်လုပ်လို့
ဆေးမြီးတိုသောက်လို့။
လူတွေ...
အေးရာအေးကြောင်းရှာပုံက
ရာသီဥတုကို အပြစ်ပြောလို့
ဒုက္ခကို ယပ်ခတ်လို့
ဒီကွေ့မှာ ဒီတက်နဲ့လှော်လို့။
လူတွေ...
အေးရာအေးကြောင်းရှာပုံက
နေကာမျက်မှန် ကိုယ်စီတပ်လို့
ကိန်းဂဏန်းတွေကို ဖိုထိုးလို့
ပွဲတော်ရက်တွေကို မျှော်လို့။
မြက်ခင်းစိမ်းစိမ်းတွေဖုံးနေတဲ့
မြေပုံမို့မို့
မနက်ဖြန်ကို
အဲဒီနေရာမှာ မြှုပ်နှံခဲ့တာပေါ့။ ။

ဆက်ဖတ်မယ်ဆိုရင် ...

Sunday, December 2, 2007

ပျဉ်းမငုတ်တို

ပျဉ်းမငုတ်တို

- ဖုထစ်ရွတ်တွ၊ ငှက်ဠင်းတသို့
ပျဉ်းမငုတ်တို၊ သက်ကျားအိုသည်
ကုန်းမိုထက်တွင် တပင်တည်း။

- ခွဆုံအကွေး၊ သစ်ခေါင်းဆွေးလည်း
အဖေးတက်လျာ၊ အိုင်းအမာသို့
ကျယ်စွာဟက်ပက် ခြအိမ်ပျက်။

- ကုန်းမိုကမ်းပါး၊ မြေပတ်ကြားတွင်
စစ်သားခမောက်၊ ပိတ်ခြောက်ခြောက်ရုပ်
စစ်ရောက်စခန်း လက်ပြညွှန်း။

- ထိုပင်ငုတ်တို၊ ပျဉ်းမအိုသည်
စစ်ကိုလည်းကြုံ၊ ခြအုံလည်းဖြစ်
ဓားထစ်လည်းခံ၊ နေလျှံလည်းတိုက်
လေပြင်းခိုက်လည်း၊ မငိုက်ဦးခေါင်း
နွေသစ်လောင်းသော်။
ရွက်ဟောင်းညှာကြွေ၊ ရွက်သစ်ဝေ၍
လေပြည်ထဲတွင်၊ ငယ်ရုပ်ဆင်သည်
အသင်ယောက်ျားကောင်းတကား။ ။

မင်းသုဝဏ်
၁၁ ရက်၊ဇန်န၀ါရီ၊ ၁၉၄၉ခုနှစ်တွင် ဖွဲ့ဆိုခဲ့သည်။

ဆက်ဖတ်မယ်ဆိုရင် ...