Showing posts with label Rhyme. Show all posts
Showing posts with label Rhyme. Show all posts

Tuesday, June 2, 2009

Lost in Summer!



(image link)

နွေအလွမ်း

မဝေခင်ကကြွေ

ရင်ကိုပူစေတဲ့နွေလား။

မနမ်းခင်ကပြယ်

အလွမ်းတွေကိုသယ်တဲ့လေလား။

မလှမ်းဝံ့ခင်မြေမှာခ

ကြွေကာကျတဲ့ဒီမျက်ရည်

ရင်တွင်းအပူကိုခဏသိမ်း

တစိမ့်စိမ့် နှိပ်စက်နေတဲ့ နွေ။

Rhyme

ဆက်ဖတ်မယ်ဆိုရင် ...

Monday, May 18, 2009

အယူခံ

အယူခံ


မတန်ဘူးဆိုတဲ့စိတ်တစ်ခုနဲ့
မာနဆိုတဲ့ရုပ်တုတစ်ခု
တမင်တကာထုဆစ်ခဲ့တာမဟုတ်ပါဘူးမောင်။

ပင်မြင့်ကိုမှမှန်းတတ်တဲ့
ပန်းသဇင်လိုဟန်ရေးကြွယ်ပြီး
အဝေးကနေမာန်ဝင့်ထည်ခဲ့တာမဟုတ်ပါဘူးမောင်။

လေအဝေ့မှာ အလိုက်သင့်မျော
ရွက်ဝါတို့ရဲ့ သဘောတစ်ခုလို
အတွေးတွေနဲ့ရူး
စိတ်ကူးကစားခဲ့တာမဟုတ်ပါဘူးမောင်။

ဇာတ်ဆရာရဲ့အလိုကျ
ခဏတာဝေးရကံဖန်ခဲ့ပြန်တာမို့
နှုတ်မဆက်ဘဲချန်ထား
စိမ်းကားလို့သွားခဲ့တာမဟုတ်ပါဘူးမောင်။

မိန်းကလေးဘ၀ စရခက်ခဲ့တာမို့
နှုတ်ခမ်းဖျားကမပြောသာ
မျက်ဝန်းစကားရဲ့နမိတ်အထာကို
ရိပ်မိမှာလို့ထင်ခဲ့တာပါမောင်။

တို့နှစ်ဦးရံကြား
ထင်မှတ်မထားတဲ့လွဲချော်မှုများက
မာနဆိုတဲ့အရာနဲ့
စည်းခြားလို့ထားရစ်ခဲ့တာလားမောင်။

မြတ်နိုးစွာတောင်းခံ
ကြည်ဖြူစွာပန်ဆင်ပါမှ
မျှော်လင့်ရတဲ့မိန်းကလေးဘဝ
ပန်းအလှလိုလန်းဆတ်ရမှာပါမောင်။
Rhyme

(ကျွန်တော်တို့ရဲ့ဝိုင်းတော်သားဖြစ်သော၊ ကဗျာကိုချစ်တတ်သော Rhyme-ဆိုသည့် ညီမလေး၏လက်ရာပါ ခင်ဗျား။ ရှားရှားပါးပါးရောက်လာတဲ့ ဧည့်သည်တွေ မှားမှားနေကြလို့။း) - သုခမိန် )

ဆက်ဖတ်မယ်ဆိုရင် ...

Tuesday, March 3, 2009

Love ~ Life

















“အချစ် # ဘဝ”



ရွှေဘုံနန်းမှာ စံမြန်းရတဲ့မင်း
ဘဝကြမ်းမှာ ကြီးပြင်းရတဲ့ငါ
ဘဝချင်းက ခြားနား
အခြေအနေတွေက ကွာခြားလို့
တံတိုင်းများလည်း ကာဆီးထားခဲ့ပြီလေ။

ပန်းခင်းလမ်းမှာ လျှောက်ရတဲ့မင်း
ဆူးခင်းလမ်းမှာ နင်းလျှောက်နေတဲ့ငါ
မိုးနဲ့မြေပမာ အလှမ်းကွာဝေးလှလို့
ငါ့ဘဝနဲ့ငါ မင်းဘဝနဲ့မင်း
ရှိပါစေတော့လေ။

မင်းဘဝက
နန်းသုံးတော်ဝင် ပန်းသဇင်
ငါ့ဘဝက
ယာယီသာအသုံးကျ
အဆင်းမလှတဲ့ ပန်းတမျှသာ။

အဆင်းလှတဲ့ပန်း၊ အဆင်းမလှတဲ့ပန်း
နန်းတော်ကပန်း၊ လမ်းပေါ်ကပန်း
ဘယ်လိုပန်းပဲဖြစ်ဖြစ်
ပန်းသဇင်လို နန်းတော်ဝင် မဖြစ်ရလဲ
ပန်းခရေလို နွမ်းကာကြွေသည့်တိုင်
အဆင်းမရှိလည်း အချင်းကတော့ ရှိနေဆဲပါလေ။…..။
Rhyme

ဆက်ဖတ်မယ်ဆိုရင် ...

Saturday, February 28, 2009

Selfishness!



“အတ္တ”

ချစ်သူရေ …

မင်းသာ စိတ်ကူးယဉ်တတ်ရင်ပေါ့
အဲဒီ့စိတ်ကူး
ငါဖြစ်ဖူးချင်မိတယ်။

မင်းသာ အတွေးကွန်ရက်ဖွဲ့တတ်ရင်ပေါ့
အဲဒီ့အတွေး
ငါခဏလေး ဝင်ချင်မိတယ်။

မင်းသာ အိမ်မက်နွံထဲ နှစ်မျောမိရင်ပေါ့
အဲဒီ့အိမ်မက်
တစ်ဝက်လောက်တော့ ငါပိုင်ချင်မိတယ်။

မင်းသာ အပြုံးတွေကို မွေးဖွားခဲ့ရင်ပေါ့
အဲဒီ့အပြုံး
ငါတစ်သက်လုံး သိမ်းထားချင်မိတယ်။

မင်းသာ ဂီတတစ်ခု ဖန်တီးခဲ့ရင်ပေါ့
အဲဒီ့ဂီတ
တစ်ပိုင်းတစ်စတော့ ငါဖြစ်ချင်မိတယ်။

မင်းရည်ရွယ်ရင်း ဆန္ဒခြင်းရာ
ဘယ်သို့ပင်ကွာပါစေလေ -
ဒါဟာ ငါ့အတွက်လို့
စိတ်ကူးတွေနဲ့ ယစ်မူး
ခဏလေးတော့ ရူးခွင့်ရချင်မိတယ်။…..။

Rhyme

ဆက်ဖတ်မယ်ဆိုရင် ...

Monday, November 10, 2008

"Forget me not"


The flower say,

Pluck me not.

The little bird say,

Shoot me not.

The river say,

Dry me not.

Please, let me say,

Forget me not!


Rhyme (2:25PM)

ပုံလေးကို ဒီနေရာကနေ ယူပါတယ်။

ဆက်ဖတ်မယ်ဆိုရင် ...

Friday, October 24, 2008

to my lovely Mom!


အနှိုင်းမဲ့ မေတ္တာရှင်

မေမေ…
နှုတ်ဝယ်ဖွဖွ တသသရွတ်ရင်း
တောင်းဆုပန်ခြွေ
နေကောင်းပါစေ မွေးမေမေ။



(၁)
မေမေ…
အားအင်တွေကိုဖြည့်ဆည်း
ချစ်သမီးရဲ့ ဘဝခရီး လမ်း
ကြမ်းတမ်းမှုတွေကင်းဝေး
ပန်းခင်းထားတဲ့လမ်း ဖြစ်စေဖို့အရေး
ကိုယ် ကိုယ်တိုင်ကတော့
ခရောင်းလမ်းကိုဖြတ်
ဆူးခင်းလမ်းဖြစ်လည်း ခရီးဆက်ခဲ့တယ်။

(၂)
ချစ်ရတဲ့သား
ကြီးတဲ့အခါ အားဖြစ်စေဖို့။
ချစ်ရတဲ့သမီး
ကြီးတဲ့အခါ ထီးဖြစ်စေဖို့။
ဘဝရဲ့လှိုင်းဒဏ် ရုန်းကန်လို့ရင်ဆိုင်ရင်း
သားလေးမျက်နှာ သော်တာငွေစင်
သမီးလေးမျက်နှာ သီတာရေစင် လို့
စိတ်မှာစွဲမှတ်
သားသမီးတွေအတွက် ပေးဆပ်ခဲ့တယ်။

(၃)
မိဘတို့ဝတ္တရား ငါးပါးထက်မက
ပိုပြီးများလှတဲ့ အနန္တမေတ္တာတွေနဲ့
လုပ်ကျွေးပြုစု ယုယပိုက်ထွေး
လိုချင်တာတွေ ဖြည့်ဆည်းပေးရင်း
ကိုယ်ပိုင်တဲ့ ကိုယ့်နေရာလေး
သေချာစွာ ရဖို့အတွက်
ဘွဲ့တစ်ခုကိုလည်း အပ်နှင်း လို့ပေးခဲ့သေးတယ်။

(၄)
ဆယ်ကျော်သက်အရွယ်
အသိဉာဏ် မကြွယ်သေးခင်က
ကိုယ့်မြင်းကိုယ်စိုင်း စစ်ကိုင်းပဲရောက်
မတောက်တခေါက် အတွေးတွေကြောင့်
လမ်းပျောက်လို့ မသွားရအောင်
နူးညံ့တဲ့အပြုံး ချိုသာတဲ့စကားလုံးတွေနဲ့
လမ်းမှန်ပေါ်ကိုဆွဲတင်
အရာရာကိုမြင်တတ်အောင်
မေမေက သင်ပေးခဲ့တယ်။

(၅)
မေမေပေးလိုက်တဲ့ ဘွဲ့တစ်ခု
ကိုယ်ကိုယ်တိုင် အသုံးပြုဖို့
လောကကြီးထဲကိုတိုးဝင်
ခြေချလို့မှ မရသေးခင်မှာ
လူတွေရဲ့အကြောင်း လောကရဲ့အကြောင်း
ကောင်းကောင်းသိစေဖို့အရေး
လက်တွေ့ကျကျ ပညာရအောင်
မေမေက သင်ပြပေးခဲ့သေးတယ်။

(၆)
လောကရဲ့ဇာတ်ခုံမှာ
ဘဝအဖုံဖုံနဲ့ လှုပ်ရှားရင်း
ကယ်မလိုနဲ့ ဖယ်ခွာ
ကူမလိုနဲ့ ရှုတ်ချ
ဝမ်းနည်းသယောင်နဲ့ ဟားတိုက်ကြတဲ့
တချို့တချို့သော လူတွေရဲ့
ဟန်ဆောင် မျက်နှာဖုံးအတုတွေအကြောင်း
မေမေကိုယ်တိုင် သိစေခဲ့တယ်။

(၇)
တစ်ခါတစ်ခါ လူတွေနဲ့အဆင်မပြေ
လောကကြီးနဲ့ မကြေလည်လေတော့
အရာရာကို စိတ်တိုင်းမကျ
အဆိုးဘက်ကချည်း မြင်လေတဲ့အခါ
အမေ့ဘဝကိုပမာပြု
သမီး အံတုနိုင်အောင် အားပေးခဲ့တယ်။
….. ကံကြမ္မာဂြိုဟ်ဆိုးဝင်လို့
အဆိုးတွေနဲ့ ရင်ဆိုင်၊ အရှုံးတွေကို ဆင်နွှဲ
လူတွေလည်း ဝိုင်းပြီးပြစ်တင်ချိန်မှာ
မေမေ့ရင်မှာ ခေါင်းဝှက်စေရင်း
သမီးဘက်ကအမြဲ
ရပ်တည်လို့ပေးမဲ့ အမေ
အရှုံးမပေးစတမ်းတဲ့လေ။

(၈)
ဘယ်အရွယ်ပဲရောက်ရောက်
အမေ့ရဲ့မျက်စိအောက်မှာတော့
သမီးက ကလေးပဲရှိသေးတယ်။
ဘယ်လိုပဲနေနေ
အမေ့မျက်လုံးထဲမှာတော့
သမီးက အလှဆုံးပဲတဲ့လေ။
သမီးပျော်ရင် အမေလည်းပျော်သလို
သမီးငိုကြွေးတဲ့အခါမှာလည်း
အမေက ပူဆွေးတတ်သေးတယ်။


မေမေ…
နှုတ်ဝယ်ဖွဖွ တသသရွတ်ရင်း
တောင်းဆုပန်ခြွေ ကျေးဇူးဆပ်ခွင့်ပြုပါအမေ။
မေမေ…
နှုတ်ဝယ်ဖွဖွ တသသရွတ်ရင်း
တောင်းဆုပန်ခြွေ
အမေနဲ့သမီး၊ သမီးနဲ့အမေ
ဘယ်လိုဘဝမှာပဲနေနေ
အမြဲထာဝရ အမေ့ရဲ့သမီးဘဝ
ရပါရစေ မာတာမိခင် မွေးမေမေ။…..။
Rhyme (10:45 PM)

ဆက်ဖတ်မယ်ဆိုရင် ...

Thursday, August 21, 2008

တိုင်တည်ခွင့်

တိုင်တည်ခွင့်


အမှတ်တရ ဖြစ်ဖို့အတွက်
အမှတ်တမဲ့ ဖြစ်ခဲ့တာလား။

နာကျင်စေဖို့အတွက်
ကြင်နာခဲ့မိတာလား။

အဖြေကမရေရာ
မသေချာလှတဲ့ ဘဝမှာ…
မိုးနတ်မင်းကြီးရယ်
တိုင်တယ်ခွင့်ပေးပါ။

သူ့ကိုချစ်ခဲ့မိတာဟာ
အမှတ်တမဲ့ဖြစ်ပေမဲ့
နှလုံးသားမှာ ထာဝရ
အမှတ်တရ ဖြစ်နေမယ်ဆိုတာ
သူသိစေချင်လိုက်တာ။

Rhyme။…..။

ဆက်ဖတ်မယ်ဆိုရင် ...

Sunday, August 17, 2008

ငယ်ချစ်ဦး

ငယ်ချစ်ဦး


ပန်ဆင်မယ်ခူး
မေ့သည်းဦးမို့
မဝေးချင်ဘူး
သိစေလို။
တသက်တာရည်စူး
ငယ်ချစ်ဦးမို့
မမေ့ဘူးမောင့်ကို
ယုံစေလို။

Rhyme။…..။

ဆက်ဖတ်မယ်ဆိုရင် ...

Friday, August 15, 2008

ဆုတောင်း


*********************************************************
အသစ်သော ပါဝင်ရေးသားမဲ့သူတစ်ယောက်ပါ။ အွန်လိုင်းနဲ့ ခပ်စိမ်းစိမ်းပါပဲ။ ကဗျာတွေရေးတာ ဝါသနာပါသူဆိုလို့ ပါဝင်ရေးသားနိုင်အောင် ကျွန်တော်ပဲ ကူညီခေါ်ဆောင်ခဲ့တာပါ။ အခုမှ အသစ် စတင်ရေးသားတာဆိုတော့ အားပေးကြပါအုံး။ အားပေးမှုတွေ သူ့အတွက် လိုအပ်နေမှာပါ။ သူကတော့ သိပ်လည်းမငယ်တော့တဲ့ အလွန်လည်း အရွယ်မရောက်သေးတဲ့ ကောင်မလေးတစ်ယောက်ပါ။ Rhyme ကိုယ်တိုင်လည်း ဒီ E–Journal မှာ ပျော်ရွှင်နိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါကြောင်း……

သုခမိန်။…..။
*********************************************************



ဆုတောင်း


ဘဝက အိမ်မက်တစ်ခုလား။
ပြဇာတ်တစ်ပုဒ်လား။
မရေရာမှုတွေနဲ့ ရောထွေးနေတယ်။
ဘဝပေးကပဲ ကြမ်းတမ်းတာလား။
ကံတရားကပဲ ရက်စက်တာလား။
ခက်ခဲမှုတွေနဲ့ ရုန်းကန်ခဲ့ရတယ်။

မိုးနတ်မင်းကြီးရယ်…
ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင်လေ၊
ဟောဒီလောက သဘာဝကြီးကို
တစ်ကပြန်စ
အသစ် အသစ်သာ ဖြစ်ပါရစေ။

Rhyme

ဆက်ဖတ်မယ်ဆိုရင် ...