Showing posts with label နယုန်မိုး. Show all posts
Showing posts with label နယုန်မိုး. Show all posts

Friday, June 12, 2009

လမ်း (သို့) ချိန်းစာ

ပြေးလွှားနေဆဲ . . .


ရုန်းထွက်နေဆဲ . . .


ယုံကြည်ရာလျှောက်လိုက်တော့ခရောင်းလမ်းပေါ့ . . .


မျှော်မှန်းရာကို ရောက်ဖို့ခက်ခက်


အသက်ထက်တန်ဖိုးထားတာ


ကိုယ်နဲ့အတူမကွဲမကွာ . . .


တောတန်းလေးထဲ အေးအေးချမ်းချမ်းအိပ်စက်ဖို့ရာ


မေတ္တာခြုံစောင်လေးနဲ့ပေါ့ . . .


ပွင့်ဖတ်နံ့လေးသင်းနေတဲ့ပန်းခင်းလေးဘေးမှာ တို့အတူဆုံမယ်နော် . . .။



(ကိုနယုန်မိုး Draftနဲ့သိမ်းထားတဲ့ စာလေးတစ်ပုဒ်ပါ။ Label မပေးရသေးပေမဲ့ ကဗျာခေါင်းစဉ်အောက်မှာ ထည့်လိုက်ပါတယ်။ ကိုနယုန်မိုးရဲ့ ခွင့်ပြုချက်မပါတာတော့ သေချာပါတယ်။ ခွင့်လွှတ်မယ်လဲ ထင်ပါရဲ့။.....။ သုခမိန်)

ဆက်ဖတ်မယ်ဆိုရင် ...

Friday, June 20, 2008

ရနံ့

ရနံ့

တစ်ထပ်ပြီးတစ်ထပ်
တစ်လွှာပြီးတစ်လွှာ
တစ်နှစ်ပြီးတစ်နှစ်နဲ့
ရာစုတွေလည်းပြောင်းခဲ့ပြီ . . .
အနည်ထိုင်ကျောက်တွေနဲ့အတူ
တန်ဖိုးတွေလည်း မြင့်တက်လာခဲ့ပြီ . . .
အရည်ပျော်မြစ်တွေ စီးဆင်းခြင်းနဲ့အတူ
မေတ္တာတရားတွေ စီးမျောနေတာတွေ့တယ် . . .
ချစ်ခြင်းတရားရဲ့ အနံ့တွေမွှေးပျံ့လာတယ် . . .
အာရုံတွေအားလုံးရဲ့ တောင့်တမှုနဲ့
အသက်ရှင်ချိန်တွေအားလုံး ပေးဆပ်ရမယ့်အတူတ
မျက်ရည်မြစ်တွေရဲ့ မြစ်ဖျားခံရာကိုရှာဖွေရင်း
ဘ၀ကို ငါစတေးပါရစေ . . .

နယုန်မိုး

ဆက်ဖတ်မယ်ဆိုရင် ...

Sunday, June 15, 2008

ပခုံးလေးတွန့်ပြပါဗျာ


ဆက်ဖတ်မယ်ဆိုရင် ...

Friday, June 13, 2008

သွေး


ဆက်ဖတ်မယ်ဆိုရင် ...

Monday, June 9, 2008

ရေးထိုးနေဆဲ သမိုင်း

ဆက်ဖတ်မယ်ဆိုရင် ...

သစ္စာ

ဆက်ဖတ်မယ်ဆိုရင် ...