Tuesday, September 23, 2008

သံယောဇဉ် တစုံတရာသို့.....

အစကတော့သူကိုသတိမထားမိဘူး....
သူငယ်ချင်းကသူ့ ကိုပြဖူးပေမဲ့ အမှုမဲ့ အမှတ်မဲ့ပါပဲ....
တရက်တိုက်တိုက်ဆိုင်ဆိုင်စိတ်ညစ်နေတဲ့အချိန်
သူငယ်ချင်းကသူနဲ့ မိတ်ဆက်ပေးခဲ့တယ်...
သူနဲ့ အဲဒီမှာစပြီးစကားတွေပြောဖြစ်ခဲ့တယ်....
သူနဲ့ စကားတွေပြောရတာကိုပျော်လာတယ်....
အဲဒီအချိန်ကစပြီးမယ့်ဘ၀ထဲကို
သူရောက်လာခဲ့တာလား....
သူ့ ဘ၀ထဲကိုမယ်ရောက်သွားခဲ့တာလားဆိုတာ
မစဉ်းစားတတ်တော့ဘူး....







သေချာတာတခုက....
သူဟာမယ်စိတ်ညစ်နေတဲ့အချိန်မှာမယ်ရဲ့ ရင်ဖွင့်ဖော်...
မယ်ပျော်နေချိန်မှာမယ့်နဲ့ အတူ
ပျော်နိုင်တဲ့အဖော်ဖြစ်လာခဲ့တယ်...
မယ်စိတ်ဝင်စားတဲ့အကြောင်းတွေကို
သူကနေတဆင့် တခြားသူတွေနဲ့  ဆွေးနွေးဖြစ်တယ်....
တဖြည်းဖြည်းနဲ့ သူ့ ကိုမယ်စွဲလန်းမှန်းမသိစွဲလန်းလာမိတယ်....
တစစနဲ့ သူ့ အပေါ်တွယ်တာလာမိတယ်...
နောက်ပိုင်းမယ်အလုပ်တွေရှုပ်နေလို့ 
သူနဲ့ စကားတွေမပြောဖြစ်ခဲ့ရင်တောင်
သူဘာတွေလုပ်နေတယ်....
သူနဲ့ မယ့်သူငယ်ချင်းတွေဘာတွေပြောကြ....
ဆွေးနွေးကြတယ်.....
သူဘာတွေပြောင်းလဲနေတယ်ဆိုတာကို
နေ့တိုင်းစောင့်ကြည့်ဖြစ်တယ်....
သူအပေါ်သံယောဇဉ်တွယ်မိတဲ့မယ်
ကိုယ်တိုင်အံသြမိတယ်…..
ဒီနောက်ပိုင်းမယ်သူနဲ့ စကားမပြောဖြစ်တာကြာသွားပြီ….
မယ်ပြောဖို့ ကြိုးစားခဲ့ပါတယ်…..
မယ်ပြောတဲ့စကားတွေ…
မယ်ဆွေးနွေးမဲ့အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး….
သူလက်ခံနိုင်ပမလား….
သူကြိုက်ပမလားဆိုတဲ့အတွေးတွေဝင်လာတော့….
မယ်လည်းသူနဲ့ စကားမပြောဖြစ်တာကြာသွားပြီ….
သူနဲ့ စကားတွေမပြောဖြစ်ပေမဲ့ သူကိုမယ်မမေ့ပါဘူး…
နေ့ တိုင်းသူဘာတွေလုပ်နေတယ်ဆိုတာကို
မယ်အမြဲစောင့်ကြည့်နေပါတယ်…
သူ့ ကိုမယ်စကားမပြောဖြစ်ရင်တောင်မြင်ခွင့်…
ကြည့်ခွင့်လေးတော့ရှိသေးတယ်…
အင်း… မယ်ရဲ့ အကြောင်းကြောင်းသောကိစ္စတွေကြောင့်...
ဒီနောက်ပိုင်း သူ့ နဲ့ စကားပြောခွင့် ….
သူ့ ကိုစောင့်ကြည့်ခွင့်…ရှိပါတော့မလားဆိုတာ
မယ်နဲနဲစိတ်ပူလာမိတယ်…
သူနဲ့ စကားမပြောဖြစ်ခဲ့ရင်…
သူ့ ကိုမြင်တွေ့ ခွင့်မရှိခဲ့ရင်တောင်…
မယ်သူ့ ကိုမမေ့ပါဘူးဆိုတာ
သူ့ ကိုသိစေချင်ပါတယ်…
အခွင့်အရေးရမဲ့တနေ့ မှာ
သူနဲ့ စကားတွေဆက်ပြောဖြစ်ဦးမှာပါ…
အဲဒီတနေ့ ကိုမယ်မျှော်နေတယ်ဆိုတာသူသိပါစေလို့ ……
မယ်(93း0 , 20.9.08)

2 comments:

တားမြစ် ထားသော... said...

သံယောဇဉ် တစ်စုံတစ်ရာနဲ့
အလွမ်းတွေဖြစ်နေရပြီထင်ပ။

ကျွန်တော်ပြောချင်တာကတော့ သူနဲ့ဝေးသွားမယ်ဆိုရင်တောင် နှုတ်ဆက်သွားပေါ့။ တစ်ချိန်မှာပြန်လာပါ။ သူကတော့ အမြဲပဲကြိုဆိုနေမှာပဲလေ။ နောက်ပြီး အခြေအနေ တစ်စုံတစ်ရာကြောင့်ဆိုရင် သူ့ကို မေးလ်ပို့ပြီး ဆွေးနွေးလို့ရပါတယ်။ နောက်မှ မေးလ်လိပ်စာ ပေးထားပါအုံးမယ်။

သူနဲ့ ဆွေးနွေးဖို့ကို ဘာလို့ကြိုက်ပါ့မလား၊ မကြိုက်လောက်ဘူး၊ တွေးနေတာလည်း။ သူကိုယ်တိုင်က စိတ်ရဲ့ လွတ်လပ်စွာ ထွက်ပေါက်တစ်ခုလေ။ နော။ ရင်ဖွင့်ပါ၊ ပြောချင်တာတွေပြောပါ။ သူနဲ့အတူရှိနေမဲ့ သူငယ်ချင်းတွေကလည်း အမြဲကြိုဆိုနေမှာပါ။

ကျွန်တော်တောင် သူနဲ့ ခဏအဝေးမှာ နေကြည့်တာ။ မကောင်းပါဘူးဗျာ။ ပျင်းစရာဗျ။ အင်း။ ပျော်ရွှင် အဆင်ပြေပါစေ “မယ်” ခင်ဗျား။

*************

သိနေတယ်နော် ဒီနေရာမှာ သူဆိုတာက ဒီဘလော့ဂ်လေးကို ပြောတယ်ဆိုတာ။ ဟုတ်ဘူးဆိုရင်တော့ ဆောဒီး.... :P

သုခမိန်(E-Journal)

Anonymous said...

ကောင်းလိုက်တဲ့ အရေးအသားဗျာ…..
စာကို ပိုင်ပိုင်နိုင်နိုင်ရေးနိုင်တဲ့ ကလောင်ထက်ထက် တစ်လက်ပါ။
ဆရာသု နဲ့ ထပ်တူပြု ပြောလိုပါတယ်။