Monday, September 29, 2008

"တစ်ကိုယ်ရေ လွမ်းဆွတ်မှု"

အလွမ်းတွေ
တစ်စက်ပြီးတစ်စက် ကြွေကြ
ခြေချစရာနေရာမရှိ
အလွမ်းတွေ ပြည့်လို့နေပြီ။
နင်းမိတဲ့အလွမ်း
မနွမ်းဘဲ လန်းဆန်း
ရင်ကို ထိအောင်နမ်းခဲ့တယ်။
အလွမ်းရဲ့ ရနံ့
နှလုံးသားနဲ့ ရှူရှိုက်ခွင့်ရပြန်တော့
ရင်မှာ ပိုလွမ်း
တမ်းတလို့ နေမိပြန်တယ်။
အလွမ်းတွေ မဝေဆာခင်
အလွမ်းနဲ့ ဝေးရာကို
ထွက်ပြေချင်ပေမယ့်
အလွမ်းတွေက
ကျနော့်ကို ဝန်းရံနေကြပြီလေ။
မြေမှာလဲ အလွမ်း
လေမှာလဲ အလွမ်း
အနမ်းတွေကို လွမ်းရင်း
အလွမ်တွေနဲ့ ရင်းနှီးလို့လာခဲ့ပြီ။
ပြေးဖို့ ကြိုးစားတဲ့ခြေလှမ်း
အလွမ်းရဲ့ ရစ်ပတ်ခြင်းကိုခံရတော့
ခြေလှမ်းတွေ လှမ်းလို့မရတော့ဘူး။
အလွမ်းတွေ ရစ်ပတ်ခံနေရတဲ့ကျနော်
အသံကုန် အော်ဟစ်ပြီး အကူအညီတောင်းနေပေမဲ့
ဘယ်သူမှ မကြားကြဘူး။
အလွမ်းတွေ ကျနော့်ကို ရစ်ပတ်လိုက်တာ
ခြေဖျားကနေ စလို့
အခုဆို ..
ကျနော့်နှလုံးသားအထက်ဆီရောက်လို့လာခဲ့ပြီ။
ဟူး ....................................
အသက်ရှူရတာလဲ မဝတော့ဘူး။
အလွမ်းတွေနဲ့ မွန်းကြပ်လိုက်တာ.....
ကျနော့်ကို ကယ်ကြပါအုံးလို့
အော် ခေါ်နေပေမယ့်
အသံက မထွက်တော့ဘူး။
နောက်ဆုံး ................
အလွမ်းရဲ့ လက်ချက်နဲ့
ကျနော်တစ်ယောက်
တမလွန်ဘဝကို ရောက်ခဲ့ရပြီလေ။

တောကြောင်။

3 comments:

WWKM said...

အလွန်ကောင်းပါ၏ ။
အားပေးဖတ်သွားပြီနော်။ ဒါနဲ့ မေးခွန်းလဲ မတွေ့ပါလား။

Anonymous said...

တက်ကုန်ရွက်ကုန်လွမ်း
ဝံ့ဝံ့စားစားလွမ်း
ရွတ်ရွတ်ချွန်ချွန်လွမ်း
အားကြိုးမာန်တက်လွမ်း
ဦးဆွေးဆံမြေ့လွမ်း
ဦးလည်မသုန်လွမ်း
စွမ်းစွမ်းတမံလွမ်း
မီးကုန်ယမ်းကုန်လွမ်း
မဆုတ်မနစ်လွမ်း

တားမြစ် ထားသော... said...

အလွမ်းနဲ့ကဗျာမှာ အသားကျခြင်းတွေပါနေ ပလား။ အလွမ်းက အသားကျနေတယ်ပေါ့။

သုခမိန်(E-Journal)