Saturday, September 20, 2008

တိတ်တခိုး


အရိပ်ကလေးရယ် ...
မင်း ဘာကြောင့်ထွက်ပြေးနေရတာလဲကွာ …
ကိုယ့်အကြည့်တွေကို မုန်းလို့လား ?
မင်းရဲ့ အသိစိတ်ကဘဲ
ထွက်ပြေချင်နေတာလား ?
တရားသောနည်းနဲ့
မင်းကို ဖွဖွလေး ခိုးနမ်းနေမိတယ်။
မင်းရဲ့ စကားလုံးတွေ
ကိုယ့်ပေါ်လျှံကျလာတဲ့အခါ …
မင်းရဲ့အကြည့်တွေကို
အထင်းသား မြင်ရတဲ့အခါ …
ကိုယ့်စိတ်ကို ညာနေခဲ့ရတယ်။
မင်း....ကိုယ်ယောင်ဖျောက်သွားတဲ့အခါ
ကိုယ်တစ်ယောက်ထဲဘယ်လိုနေရတယ် ဆိုတာ
မင်းကို မသိစေချင်ပါဘူးကွာ။
စိတ်ရဲ့ ထွက်ပေါက်အဖြစ်
အိပ်မက်တွေကို သောက်ပြီး
အိပ်စက်ရတဲ့ ညတွေလဲ များပြီ။
ကိုယ်ရဲ့စိတ်နဲ့
တစ်စုံတရာ ဖန်ဆင်းခွင့်ရခဲ့ရင်
မင်းရဲ့ အရိပ်ကို
တခြားသူတွေ မမြင်အောင်
ကောင်းကင်ပေါ်မှာ
ချိတ်ဆွဲထားချင်ပါရဲ့။

4 comments:

khin oo may said...

အိပ်မက်တွေကို သောက်ပြီး
အိပ်စက်ရတဲ့ ညတွေလဲ များပြီ။

လင်းဦး(စိတ်ပညာ) said...

စိတ်ရဲ့ ထွက်ပေါက် အိပ်မက်တွေကို သောက်ပြီး အိပ်စက်ရတဲ့ ညတွေလဲ များပြီ။။။ မှန်လိုက်တာဗျာ။
စိတ်က သူ့ဆီမှာပဲပေါ့ ဟုတ်စ။။ ကောင်း၏

မသက်ဇင် said...

စိတ်ရဲ့ ထွက်ပေါက်အဖြစ်
အိပ်မက်တွေကို သောက်ပြီး
အိပ်စက်ရတဲ့ ညတွေလဲ များပြီ။
ကိုယ်ရဲ့စိတ်နဲ့
တစ်စုံတရာ ဖန်ဆင်းခွင့်ရခဲ့ရင်
မင်းရဲ့ အရိပ်ကို
တခြားသူတွေ မမြင်အောင်
ကောင်းကင်ပေါ်မှာ
ချိတ်ဆွဲထားချင်ပါရဲ့။

ကောင်းလိုက်တဲ့စာသားလေး-----
အရိပ်ကို သူများတွေမမြင်စေချင်ရင် ကောင်းကင်ပေါ်မှာ ချိတ်ဆွဲမထားနဲ့လေ---။
ကဗျာဆရာရဲ့ နှလုံးသားထဲမှာ သိမ်းထားပါလား---။
ခင်မင်တဲ့
မသက်ဇင်

တားမြစ် ထားသော... said...

တိတ်တခိုး ခံစားချက်တွေက ကဗျာဆန်လွန်းသွားတော့ ဒီလိုစာသားတွေ ပေါ်ပေါက်လာတယ်ထင်ပ။ ကျွန်တော်လည်း “တရားသောနည်းနဲ့ သူ့ကို ဖွဖွလေးခိုးနမ်းချင်တယ်။”

ကဗျာကောင်းတစ်ပုဒ်ပါခင်ဗျာ။

သုခမိန်(E-Journal)