အင်တာနက်ထဲမှာ ဟိုရှာ ဒီရှာလုပ်ရင် ပါဝါပွိုင့်ဆလိုက်တွေကိုတွေ့တော့ ဖတ်ကြည့်မိတာလေးတွေပါ။
Research must be teamed
“If you want to go quickly, go alone. If you want to go far, go together.”
“Doing alone, no more job and grant; doing as team, plenty of jobs and grants.”
အာဖရိကန် စကားပုံဆိုလိုတာက - ခရီးတခုကို မြန်မြန်သွားလိုရင် တစ်ယောက်တည်းသွားတဲ့၊ အဲ ဝေးဝေးသွားချင်ရင် အပေါင်းအဖော်တွေနဲ့ အတူတူသွားလို့ ဆိုလိုတာဖြစ်ပါလိမ့်မယ်။
သူကိုလိုက်တုပြီး ပေါ်လာတဲ့ စကားပုံက တစ်ယောက်တည်းသာ အလုပ်လုပ်နေရင် ဘာမှလည်းဆက်လုပ်စရာပေါ်လာမှာ မဟုတ်သလို၊ ဘာအထောက်အပံ့မှလည်း ရမှာ မဟုတ်ဘူးပေါ့၊ အသင်းအစုအနေနဲ့ အလုပ်လုပ်ရင်တော့ အလုပ်အကိုင်တွေ၊ အထောက်အပံ့တွေလည်း များလာမယ်လို့ ဆိုလိုတာပါ။သုသေသနအလုပ်လုပ်တဲ့အခါ အသင်းအဖွဲ့နဲ့ လုပ်တာ ကောင်းတယ်ဆိုတဲ့ သဘောကို ပြောချင်တာဖြစ်ပါလိမ့်မယ်။ သုသေသန အလုပ်တခုလုပ်တဲ့အခါမှာ အတွေ့အကြုံရှိတဲ့၊ သဘာရင့် ဆရာတွေက မျိုးဆက်သစ်တွေကို တွဲခေါ်ရမယ်။ တွဲခေါ်မယ်ဆိုတော့ ဝါရင့် သဘာရင့်တွေက မျိုးဆက်သစ် အငယ်တွေကို ဘယ်လိုတွဲခေါ်မှာတုန်း။ အထောက်အပံ့ဆိုတာကလည်းရှိမှသာ တွဲခေါ်သူကလည်း တွဲခေါ်နိုင်ရှာမယ်ပေါ့။ ဒီတော့ အထောက်အပံ့ကို ဘယ်က ရမှာပါလိမ့်။
Research, industry and system as a team and rule of game
သုသေသနရယ်၊ (စက်မှု)လုပ်ငန်းရယ်၊ စနစ်ရယ်က သဟဇာတဖြစ်နေရမယ်။ဒီတော့ကာ တို့နိုင်ငံမှာရော သုသေသနရယ်၊ စက်မှုလုပ်ငန်းတွေရယ် အဆက်အစပ်ရှိပြီလား။ အပြင်ကလုပ်ငန်းတွေရဲ့နည်းပညာလိုအပ်ချက်တွေကို သုသေသနလုပ်ငန်းတွေက လိုက်ပြီးဖြည့်ဆည်းနိုင်ပြီလား။ သုတေသနသမား ကောင်းကောင်းတွေမွေးထုတ်ဖို့ တက္ကသိုလ်ကောင်းကောင်းတွေရော ရှိပြီလား။ တကယ်ကောင်းတဲ့ တက္ကသိုလ်တွေဖြစ်ဖို့ လိုအပ်တဲ့ အခြေခံအထောက်အပံ့တွေရော ရရှိရဲ့လား။
လားပေါင်းများစွာနဲ့ပဲ အဆုံးသတ်လိုက်ပါတယ်။
ဆုံရပ် 1st Dec 2024
2 weeks ago
4 comments:
ထောက်ပြထားတာတွေကောင်းပါတယ် ၊၊ မသိခြင်း "လား" ပေါင်းများစွာဟာ ပြီးပြည့်စုံခြင်းပါပဲ ၊၊
မရှိသေးပါဘူး။ အရှိနဲ့ မရှိကိုတော့ မငြင်းလိုပါ။ “လား”ပေါင်းများစွာဟာ မေးခွန်းအဆင့်ကနေ လုပ်ဆောင်မှုအဆင့်ကို ရောက်သင့်နေပါပြီ။ ကျွန်တော်တို့ အများကြီးနောက်ကျနေပါပြီ။
တန်ဖိုးရှိတဲ့ ပိုစ့်တစ်ခုပါ။ ကျေးဇူးပါခင်ဗျာ။
သုခမိန်(E-Journal)
ကျေးဇူးအထူးတင်ပါတယ် ဆရာကေဇက် ခင်များ။
တိုတို နဲ့လိုရင်း ပြောတတ်ပါပေတယ်။ တကယ့် ပါရမီရှင်ပါပဲ။
အဲဒီလားပေါင်း များစွာကို ဖြေရပါမှာလည်း ဆရာတို့ ကျနော်တို့ ကိုယ်တိုင်ပါပဲ ခင်များ။
ဒီကနေ့ ကျနော်တို့နိုင်ငံမှာ အဓိကတာဝန်အရှိဆုံး လူတွေကို ပြောပါဆိုရင်…
ဆရာတို့ ကျနော်တို့ (၃၀)တန်း လူငယ်တွေပါပဲ ခင်များ။ တစ်ခြား ဘယ်သူမှ မဟုတ်ပါဘူး။
ဘာမှမရှိသေးတာ..သေချာတယ်..ဘာမှမဖြစ်သေးတာလဲသေချာတယ်..
ဘယ်လိုလုပ်ယူရမှန်းကို..မသိဘူး...အာဆီယံမှာကို..တော်တော်ကွာနေပြီ..ကျန်တာနဲ့တော့မနှိုင်းနဲ့တော့..
Post a Comment