နွေတစ်ရက်
လေပြည်တစ်ခွက်ကို သောက်ပြီ
အလွမ်းဖြေ
အလွမ်းတွေ မပြေခဲ့ပါဘူး။
ကမ်းခြေကို စွန့်ခွာသွားတဲ့ လှိုင်း
စကားလုံး အရိုင်းတွေသုံးပြီး လှည့်ထွက်
သူမို့ပြောရက်တယ်.။
(မင်းမှာကြင်နာတတ်တဲ့ နှလုံးသားရော ရှိရဲ့လားကွာ ။)
မညီမျှခြင်းရဲ့ တစ်ဖက်
ငါ အသက်ဆက်ခဲ့တာ
မင်း အတွက်ပါ။
ငါ မဟုတ်တဲ့
မင်းရဲ့ အသက်ရှူသံတွေက
ငါ့ကို လစ်လျူရှုခဲ့တာ
မင်း သိချင်မှသိမှာ။
ဟူး..............
အသက်ရှူရတာ မွန်းကျပ်လာပြီ
ကျေးဇူးပြုပြီး
ကမ္ဘာကြီးကို ရပ်တန့်မထားကြပါနဲ့
ယောင်ပြန်ဟပ်ခံရမဲ့
လ ရဲ့အကြင်နာတွေကို
မမြင်ရမှာ စိုးလို့ပါ။
ဒီလိုနဲ့ .....................
နေ့တွေကို ရေတွက်
တစ်ရက်နဲ့ တစ်ရက်ကလဲကြာလိုက်တာ။
သူမရဲ့ မျက်နှာလေးကိုမြင်ရဖို့
နေ့နဲ့ည တွေကိုညာလို့ရရင် ကောင်းမှာ။
အခုတော့..............
ကိုယ့်စိတ်ကိုမညာချင်ဘဲ
ညာ နေ ခဲ့ ရ တယ် ။
တောကြောင်။ ။
တောကြောင်။ ။
5 comments:
“နွေတစ်ရက်
လေပြည်တစ်ခွက်ကို သောက်ပြီ
အလွမ်းဖြေ
အလွမ်းတွေ မပြေခဲ့ပါဘူး။”
……………………………………………..
ကဗျာမှော်ဝင်စားနေတာ ထင်ရှားစွာ တွေ့ရပါတယ်။
“ချစ်သူနှင့်ငါ”
မညီမျှခြင်းရဲ့ တစ်ဖက်
ငါ အသက်ဆက်ခဲ့တာ
ယောင်ပြန်ဟပ်ခံရမဲ့
လ ရဲ့အကြင်နာတွေကို
စကားလုံး အရိုင်းတွေသုံးပြီး လှည့်ထွက်
တစ်ရက်နဲ့ တစ်ရက်ကလဲကြာလိုက်တာ။
သုခမိန်(E-Journal)
ကိုတောကြောင်ရေ...
နေ့ တွေညတွေကိုလည်းမညာနဲ့ ....
ကိုယ့်ကိုယ်လည်းမညာနဲ့ ဗျာ...
မကောင်းဘူး....
(မယ်)
နွေတစ်ရက်
လေပြည်တစ်ခွက်ကို သောက်ပြီ
အလွမ်းဖြေ
အလွမ်းတွေ မပြေခဲ့ပါဘူး။
ကမ်းခြေကို စွန့်ခွာသွားတဲ့ လှိုင်း
စာသားလေးက ထိတယ်---မိတယ်---
အတွေးကောင်းတယ်-- ဆက်တွေးပြီး
ဆက်ရေးပါ။
ခင်မင်လျက်
မသက်ဇင်
Post a Comment