မှိုင်းမှုံဝေဝါး
မြူတွေကြား
ချောက်ကမ်းပါးတို့ရှိပါသည်။
ပညတ်နယ်သား
ခရီးသွား
“တံတား”ထိုးလို့လျှောက်ပါလေ။
“ဘုရားပုထိုး”သို့ရောက်ပါစေ။...........။
မာရေးသျှင်
(၂၀၁၁ ခုနှစ် နောက်ဆုံးနေ့)
မှိုင်းမှုံဝေဝါး
မြူတွေကြား
ချောက်ကမ်းပါးတို့ရှိပါသည်။
ပညတ်နယ်သား
ခရီးသွား
“တံတား”ထိုးလို့လျှောက်ပါလေ။
“ဘုရားပုထိုး”သို့ရောက်ပါစေ။...........။
မာရေးသျှင်
(၂၀၁၁ ခုနှစ် နောက်ဆုံးနေ့)
ခံစား၊ ဝေမျှ၊ တင်ပြသူက မာရေးသျှင် at 7:39 PM 0 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် ကဗျာ့ ပန်းခင်း, မာရေးသျှင်
ခံစား၊ ဝေမျှ၊ တင်ပြသူက
မာရေးသျှင်
at
9:23 PM
0
comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင်
ကဗျာ့ ပန်းခင်း,
မာရေးသျှင်
မေတ္တာလွှမ်းခြုံ
အချစ်ငုံမို့
လုံးစုံမပွင့်
ရာသီချင့်ရင်း
ရော်ရင့်ကြွေကျ “ငုံ”ဘဝဖြင့်။..........။
မာရေးသျှင်
၂၇၊ ၄၊ ၁၉၉၈ - မနက် (၈း၅၀) နာရီ။
အသက် ၃၀
ဘ၀ကို နောက်ပြန် ငုံ့ကြည့်တော့
ဖြတ်သန်းခဲ့တဲ့ ၁၀ စုနှစ် ၃ ခုဟာ
ရေပွက်ပမာ တခဏလေး ပဲ။
၈၀ စု အဆုံးနားကျတော့
အပြောင်းအလဲများတဲ့လောကမှာ
ဘ၀တွေဟာ စ ခါးလာခဲ့ကြ ။
ဒီလိုနဲ့ ၉၀ စွန်းစွန်းကျတော့
သံယောဇဉ်ဆိုတာကို အချစ်ထင်ခဲ့ဘူးရဲ့။
ဒီလိုနဲ့ . . .
ထောင်စုနှစ် စွန်းစ ရောက်တော့
အချစ် ဆိုတာ လ သာ လာခဲ့ဘူးတယ်
လ ဆိုတာကလည်း
သဘာဝကိုက
ပုန်းလိုက် ကွယ်လိုက် ဆိုသမို့
ကျုပ် အဖို့တော့ ရင်ဖို . .
ဒီလိုနဲ့ နေ့တွေ ညတွေဖြတ်သန်း
သောကတောင်တန်းတွေ၊
ဒေါသတောင်တန်းတွေ၊
လောဘတောင်တန်းတွေ . . .
အတောမသတ်တဲ့ မီးတွေကြား
သံယောဇဉ်လိပ်ပြာကလည်း မီးဇာကုန်။
သြော် . . .
နွေ ကလည်း ကြာခဲလှရန်ကော
ဒီလိုနဲ့ပဲ . . . .
ဘ၀ဆိုတဲ့ ဇတ်ခုံမှာ
ပျော်မူးရူးမိုက်ေ၀၀ါး အရှိုက်ခက်ရင်း . . .။ ။
တာတူး
ခံစား၊ ဝေမျှ၊ တင်ပြသူက တာတူး(၀ါ) အမေ့ခံလူတစ်ယောက် at 10:50 AM 0 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် ကဗျာ့ ပန်းခင်း, တာတူး (ဝါ) အမေ့ခံလူတစ်ယောက်
“တစ်ဂူထဲမှာ ခြင်္သေ့နှစ်ကောင် မအောင်းဘူး - တဲ့
အမေ့ဂူထဲမှာ ခြင်္သေ့သုံးကောင်
ယောင်လို့တောင် မဟောင်ကြ
ထူးခြားလှချည်လားကွယ်။”
အမေ့ကဗျာထဲက ခြင်္သေ့နှစ်ကောင်
မောင်လေးတို့ တကယ်မဟောင်ခဲ့ကြဘူးနော်။
နေ့တူနာမ်တူ “အလတ်”ချင်းလည်းတူ
ဒါပေမယ့် အစ်မကတော့ ဘယ်တုန်းကမှ မလစ်လပ်ခဲ့သူ။
အကြိမ်အကြိမ်အခါခါ မှားနေတဲ့သူ့မောင်အား
မရမက ဂုဏ်ယူဝံ့ကြွားသူ။
တက္ကသိုလ်ဆိုတာ မမြင်ဖူးတဲ့မောင်လေးကို
မာစတာတန်းကသူငယ်ချင်းတွေနဲ့အတူ စာကူရှင်းဖို့ တောင်းဆိုသူ။
ဟိုယောင်ယောင် ဒီယောင်ယောင် သူ့မောင်
အစာအိမ်ပါယောင်တဲ့အခါ
သူ့နားကအဆောင်မှာခေါ်ထား
ရုံးသွားတိုင်း ထမင်းချိုင့်ထွက်ပေးခဲ့သူ။
သူ့ကျောင်းနေသက်ကို သိုးမွေးချည်တွေ၊ တက်တင်းချည်တွေနဲ့ ဆက်ခဲ့သူ။
သူ့အခန်းဖော်ဟူသမျှ၊ သူ့အတန်းဖော်ဟူသမျှ
သူ့လက်ရာအင်္ကျီတွေနဲ့လှနေကြပေမယ့်
သူ့အဝတ်သေတ္တာမှာ အမေဝယ်ပေးထားတာပဲရှိသူ။
သူဟာ ငါတို့အိမ်ရဲ့ထောင်မှာကျနေတဲ့ အိမ်ထောင်မရှိသူ အပျိုစင်
သူဟာ ငါတို့ရဲ့ မာသာထရီဇာ
သူ့ကိုယ်သူမှတစ်ပါး တစ်မိသားစုလုံးအား ပူပန်သူ။
အစ်မကြီးမဟုတ်သော်ငြား အမိအရာထားထိုက်သူ။
မိုးခါးရေထက်ခါးတဲ့ အမှန်တရားနဲ့ ရွတ်ရွတ်ချွန်ချွန်မှားနေသူ။
အရိုးသားဆုံးထက်ရိုးသား အကြိုးစားထက်ကြိုးစားကာ
ဘဝနေနည်းအနုပညာမှာ ခရတ်ဒစ်မပါသူ။
အလှတရားကို သနပ်ခါးထက် ပိုမသိသူ။
စိန်ဥမုန့်ဟင်းခါးပင် မသိသော်ငြား အမေ့ပါးကို ပြောင်စေသူ။
ထို သူ (သို့) သူမ….
ကိုးရက်တစ်လမှာ
အဖိုးဖြတ်မရတဲ့ ငါတို့အစ်မဖြစ်လာခဲ့တယ်။………။
မာရေးသျှင်
၉၊၁၊၂၀၁၀ (အစ်မရည်လေးမွေးနေ့)
ခံစား၊ ဝေမျှ၊ တင်ပြသူက မာရေးသျှင် at 10:39 PM 0 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် ကဗျာ့ ပန်းခင်း, မာရေးသျှင်
ခံစား၊ ဝေမျှ၊ တင်ပြသူက
မာရေးသျှင်
at
11:06 PM
0
comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင်
ကဗျာ့ ပန်းခင်း,
မာရေးသျှင်
ဒီဇင်ဘာ ၂၅ မှာ ခရစ်တော်အား မွေးဖွားခဲ့ပြီး
ဒီဇင်ဘာ ၂၄ မှာ (ငါတို့ရဲ့)အချစ်တော်လေး မွေးဖွားခဲ့တယ်။
ဒီကနေ့ဆို
ငါ့သမိုင်းရဲ့ အနက်ရှိုင်းဆုံးမေတ္တာတရား
စတင်ထွန်းကားလာတာ
နှစ်ပေါင်း(၂၈)နှစ်ကြာပြီ။
ငါတို့အိမ်ရဲ့ အထွေးဆုံးလေး
အဖေပေးတဲ့နာမည်က “ဧရာ”
ပညတ်သွားရာ ဓာတ်သက်ပါ
ငါတို့ပိုင်ဆိုင်သမျှအရာရာမှာ
မင်းဟာ
တကယ့်တကယ် အကြီးမားဆုံးရတနာပါ “အငယ်လေး”။
အထွေးဆုံးနဲ့ နို့ညှာတို့ရဲ့ အစဉ်အလာ
သဝန်တိုတယ်ဆိုတာ၊
တစ်အူထုံ့ဆင်းတွေရဲ့ အတူကြုံခြင်းဓမ္မတာ
ရန်ဖြစ်စကားများတယ်ဆိုတာ
မင်းနဲ့ငါမှာ မရှိခဲ့ဘူး ညီလေး။
တစ်နှစ်နဲ့သုံးလသာဆိုပေမယ့်
တစ်ဆယ်နဲ့သုံးနှစ်တာ အသက်ကွာတဲ့ညီအစ်ကိုပမာ
မင်းနဲ့ငါ ကြင်နာခဲ့။
အစ်ကိုနဲ့ညီကြား ရှာမှရှားတဲ့ ချစ်ခြင်းမေတ္တာတရား
မင်းနဲ့ငါကြားမှာ အမှန်တကယ်ထွန်းကားခဲ့တယ်။
ဟိုး ... လွန်ခဲ့တဲ့ နှစ်ပေါင်း(၂၅)နှစ်တာ
သီတင်းကျွတ်မီးထွန်းပွဲတော်တစ်ခုမှာ
ခွေးပိုင်ရှင်အဒေါ်ကြီးရဲ့ ရင်ခွင်တွင်းက ဇောက်ထိုးမြင်ကွင်း ...
“သူ့အစ်ကိုကိုလိုက်တဲ့ခွေးကိုဆဲရင်း
ခွေးပိုင်ရှင်တွေကို ပြစ်တင်ကြိမ်းမောင်းရင်း
တရှုပ်ရှုပ်ငိုနေတဲ့မင်း”
ဒါ ငါ့ဘဝရဲ့ ပထမဆုံးသောချစ်ခြင်းမြင်ကွင်းပါ ညီလေး။
“နဖူး(ယာ)အမာရွတ်ပါ”ဆိုတဲ့ မှတ်ပုံတင်ထဲကစာ
အဲဒီတုန်းက ရခဲ့တာဖြစ်သလို
ငါ့ဘဝရဲ့အထင်ရှားဆုံးအမှတ်အသား ချစ်ခြင်းမေတ္တာတရား
စတင်ထင်ရှားလာတာလည်း
အဲဒီတုန်းကပါပဲ ညီ။
တကယ်တော့
ချစ်ခြင်းမေတ္တာဆိုတာ
မင်းကြောင့်သာ တတ်မြောက်ခဲ့ရတဲ့ အနုပညာ။
မင်းကိုချစ်တဲ့ချစ်ခြင်းမေတ္တာနဲ့
ဒီကနေ့ ဒီနေရာမှာ
ငါရပ်တည်နေတာပါ ညီလေး။
ညီလေးရေ ငါ မင်းကို သိပ်ချစ်တယ်။..........။
မာရေးသျှင်
Christmas eve' 2009, 7PM
စာအုပ်ပုံကြားမှာ မွေးဖွားလာတဲ့
ငါတို့တစ်မိသားစုလုံး
စိတ်ကူးစံတွေနဲ့ နပန်းလုံးနေတုန်း
ပြုံးပြုံးလေးနဲ့ လက်တွေ့ကျသူ။
လူတကာရဲ့အကြံပေး၊ သူ့မောင်လေးကို
ပိဿလေးနဲ့ဘေးပစ်၊ ဆန်းစစ်ဖို့ ဝန်မလေးသူ။
လူအရာအထောင်ကို ဦးဆောင်နေတဲ့သူ့မောင်
ကြောင်ရင် ကြောင်တယ်၊ ယောင်ရင် ယောင်တယ်
မရှောင်မဖယ် ဗြောင်တွယ်တတ်သူ။
ခံစား၊ ဝေမျှ၊ တင်ပြသူက မာရေးသျှင် at 2:20 PM 0 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် ကဗျာ့ ပန်းခင်း, မာရေးသျှင်
ခံစား၊ ဝေမျှ၊ တင်ပြသူက
မာရေးသျှင်
at
10:25 PM
0
comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင်
ကဗျာ့ ပန်းခင်း,
မာရေးသျှင်
လွတ်မြောက်လိုစိတ်မှာ အကျဉ်းမကျကြဖို့
မိတ်ဆွေအချို့ကို သတိပေးရင်း
သတင်းတွေသက်သက်နဲ့ ဟင်းတစ်ခွက်မဖြစ်ကြောင်း
ထပ်လောင်းပြောဖြစ်ခဲ့ပြန်တယ်။........။
မာရေးသျှင်
၂၂ ရက်၊ နိုဝင်ဘာ၊ ၂၀၁၀၊ ည ၁၀ နာရီခန့်။
နင့်အနားမှာနေ
နင်စေရာသွား
ဘာ စကားပဲ ဆိုဆို
ငါလေ. . . စိတ်မတိုဖြစ်ခဲ့ပါဘူး . . . ။
ငါ့ရဲ့မျှော်လင့်ခြင်း
ကောင်းကင်က လမင်းမို့
ဝေးလှတဲ့ ဘ၀ကို . စိတ်ဓါတ်ကျတာ မဟုတ်ပဲ
ရင် အကွဲခံပြိး မြိုသိပ်
နင့်ကို . အရိပ်အောက်မှာ ထားရစ်ခဲ့တာပါ။
ကြေကွဲစွာ စူးနစ်
ရူးသွပ်မိတဲ့ ဒဏ်ရာ ဗရပွ
ရင်မှာ ထိရှနေလျက်နဲ့
မကြေငြာရဲ ခဲ့တဲ့ ငါ့အဖြစ်ကို
အိမ် မက်လို့ပဲ . . . စိတ်စွဲ လိုက်ပါတော့ . . .။
အဲဒီကဗျာလေးက ပြီးခဲ့တဲ့ ရက်တုံးကမှ အဲဒီ သူငယ်ချင်းက ပြန်ရွတ်ပြလို့ အမှတ်တရလေး ကျနော်တို့ e-journal မှာ တင်တာပါ။ ကဗျာလေး ခေါင်းစဉ်က အတည် မဖြစ်တာ အဲဒီ အချိန်ကတည်းက။ ကျနော်တို့ သူငယ်ချင်းတစ်စု Proposed လုပ်ခဲ့ကြတဲ့ ခေါင်းစဉ်တွေက “တဘတ်သတ် အချစ်” ၊ “ချန်ရစ်ခဲ့သူ၏ ဝေဒနာ” ၊
“သံယောဇဉ် ဖြတ်စာ” ၊ “ထူးကဲတဲ့ အချစ်” နဲ့ “မိကြည် သို့” ။
ကျနော်ကတော့ “ချန်ရစ်ခဲ့သူ၏ ဝေဒနာ” ဆိုတာလေးကို ပိုသဘောကျလို့ အခုတော့ အဲဒီခေါင်းစဉ်လေး တပ်လိုက်ပါတယ် ။
လေးစား ခင်မင်လျက်
တာတူး
ခံစား၊ ဝေမျှ၊ တင်ပြသူက တာတူး(၀ါ) အမေ့ခံလူတစ်ယောက် at 4:04 PM 0 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် ကဗျာ့ ပန်းခင်း, တာတူး (ဝါ) အမေ့ခံလူတစ်ယောက်
မုန်တိုင်းရဲ့အဝေးမှာ
မုန်တိုင်းဘေးသင့်ရတဲ့အဖြစ်၊
တကယ်တော့ .....
မုန်တိုင်းရဲ့ဗဟိုချက်မက
ငါ့အတ္တပဲ။..........။
မာရေးသျှင်
၂၂၊ ၁၀၊ ၂၀၁၀။
(မိဝေးဖဝေး၊ “ဂီရိ”နံဘေးက အငယ်လေးအတွက် ပူဆွေးနေကြတဲ့ မိဘဘိုးဘွား မောင်နှမများသို့ ...)
ခံစား၊ ဝေမျှ၊ တင်ပြသူက မာရေးသျှင် at 5:34 PM 1 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် ကဗျာ့ ပန်းခင်း, မာရေးသျှင်
ခံစား၊ ဝေမျှ၊ တင်ပြသူက
မာရေးသျှင်
at
10:31 AM
0
comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင်
ကဗျာ့ ပန်းခင်း,
မာရေးသျှင်
နဖူးဆံစ
ပင့်တင်မ၍
ခြွေးခဆံတို
ပိုကရိုကို
မငြိုမငြင်ဖြီးပေးချင်သည်
သခင် ... ခေါင်းကလေးမော့ပေးပါ။..........။
မာရေးသျှင်
ပြည်သူ့ဥယျာဉ် ၊ ၁၉၉၉။
အယူမှားလို့များ
အပူများခဲ့လေသလား
လူသားဖြစ်ရတဲ့ ဒီဘဝ။
အေးအေးလူလူ
အချိန်ယူပြီး
ပူပူပင်ပင်ဖြစ်ခဲ့ဖူးသလား။
သင်လည်း လူသား
အတ္တများနဲ့ ဖြစ်ပျက်ကောင် …
ငါလည်း လူသား
မောဟများနဲ့ ဖြစ်ပျက်ကောင် …
ဥပေက္ခာတရားက
ဥပေက္ခာထားနေသမျှ
ကိလေသာနဲ့နေသားကျခဲ့ကြ။
ကိလေသာရယ်
ရှိနေတာသိလျက် အနှင်ခက်
စဉ်ဆက်မကွာ ဒီတစ်သံသရာလုံး
အခု ငါတို့မုန်းသင့်ပြီ။
တကယ်တော့
ဘဝဆိုတာ
သံဇကာကြားမှာ
မတော်တဆညပ်နေတဲ့
သစ်ရွှက်အကြွေတွေလိုပါပဲ။
ညာခြေထောက်ပေါ်ကဘဝ
ဘယ်ခြေထောက်ပေါ်မှ ကျပါ့ဦးမလား …
ဘဝကား အနိစ္စ။
ဒီလိုပဲ
ကိုယ့်လှေနံ ကိုယ်ဓားထစ်
ကိုယ့်တရားစစ်နဲ့ ကိုယ်ပျော်ခဲ့။
အင်္ကျီအဖြူ
ဘောင်းဘီအဖြူ
စိတ်ကိုဖြူအောင် ဘယ်လိုလုပ်ရပါ့။
အသားကပ်စွပ်ကျယ်တစ်ထည်လို
ငါ့စိတ်ကို ငါ စွဲချွတ်လို့ရမလား။
အရှိအမှန်သဘာဝကို အသိညဏ်ဗလာကျ
သင်္ခါရတွေက မမြဲဘူး
အစွဲတွေကြောင့်မြဲခဲ့တယ်။
ငါ့ကိုငါမမြင်၍
ငါ့ကို “ငါ”ထင်ခဲ့တာလား။
ငါ့ကို “ငါ”ထင်လို့
ငါ့ကိုငါမမြင်ခဲ့တာလား။
စိတ်သွားတိုင်းကိုယ်ပါဖို့သာ ဆုတောင်းနေကြ
ကိုယ်သွားတိုင်းစိတ်ပါဖို့ဆိုတာ ဆုတောင်းလို့မှမရတာ။
(ဟေ့! တော်
ကဗျာမှော်အရှုပ်
ငါ ကလော်တုတ်လိုက်ရမလား။)
ဖြစ်၊တည်၊ပျက်နဲ့
စစ်ချီထွက်လာတဲ့အခါ …
အဲဒီပစ္စုပ္ပန်
ငါ့တို့ကိုတည့်တည့်မှန်အောင်
မရှောင်မှဖြစ်မယ်။
ငါတို့တွေရှောင်ရှောင်နေလို့သာ
ကတွတ်ပီ အမဲရရနေတာ။
မယိမ်းမယိုင်
ခိုင်မာတဲ့စိတ်ထားဆိုတာ
ပေါ့ပေါ့ပါးပါး ညင်ညင်သာသာထားရတယ်။
အယူမမှားတဲ့
လူသား
ဘုရားဖြစ်ခဲ့တယ်။………။
မာရေးသျှင်
ယောဂီငြိမ်း (ငြိမ်းဧရာ) သို့ မွေးနေ့လက်ဆောင်ကဗျာ
(တော်သလင်းလဆန်း - ၁၄ ရက်၊ ၁၃၇၂)
အနော်မာသောင်ကမ်း (သို့) ပင်လယ်အတုထဲကကျွန်း
ခံစား၊ ဝေမျှ၊ တင်ပြသူက မာရေးသျှင် at 3:07 PM 0 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် ကဗျာ့ ပန်းခင်း, မာရေးသျှင်
ခံစား၊ ဝေမျှ၊ တင်ပြသူက
မာရေးသျှင်
at
1:50 PM
1 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင်
ကဗျာ့ ပန်းခင်း,
မာရေးသျှင်
အဲဒီ (၁၀)ရက်လုံးလုံး
လှိုင်းတွေတဝုန်းဝုန်း
ငါ့ရှေ့ကပင်လယ်ရှုံးခဲ့တယ်။..........။
မာရေးသျှင်
၂၄၊ စက်တင်ဘာ၊ ၂၀၁၀။
(အနော်မာသောင်ကမ်း)
ကြွပ်ကြွပ်ဆူသည်
ဘယ်သူမပြု ၊ မိမိမှုဟု
ယခုသိက ၊ ခုအေးမြ၍
အကာလိက ၊ မြတ်ဓမ္မကို
ရွှင်ပျရိုကျိုး ၊ လက်စုံမိုး
ရှိခိုးပါ၏ဘုရား။.........။
မာရေးသျှင်
သြဂုတ်လ ၁၂ ရက်၊ ၂၀၁၀ - နံနက် ၉ နာရီ။
ခံစား၊ ဝေမျှ၊ တင်ပြသူက မာရေးသျှင် at 11:50 AM 0 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် ကဗျာ့ ပန်းခင်း, မာရေးသျှင်
ခံစား၊ ဝေမျှ၊ တင်ပြသူက
Anonymous
at
8:24 PM
0
comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင်
ကဗျာ့ ပန်းခင်း,
မာရေးသျှင်
လောကဓံတရားရယ်
ဖြစ်ပျက်ဆဲ ဒီခဏ
ဖြစ်ပျက်မြဲ ဒီဘဝ
ဘာတွေကိုထောက်ထားလို့
ကြောက်အားပိုနေရမလဲ
မင်းနဲ့ငါ အပွဲပွဲနွဲဖို့
ကိုယ့်ကိုယ်ကိုယ်အသည်းခွဲပြီးတဲ့နောက်။..........။
မာရေးသျှင်
သင်္ကြန်အဦး
ပိတောက်ဖူးကို
ခြွေခူးမိယောင်ယမ်း …
မျက်ရည်ခန်းထိ
စွတ်ဖြန်းလန်းပွင့်စေပါ့မည်။……….။
မာရေးသျှင်
9 Apr’98(Thu) 2:10 pm
၁၉၉၈ ခုနှစ်တုန်းက ပွင့်အန်လျှံကျခဲ့တဲ့ ကဗျာလေးပါ။ ထုံးစံအတိုင်း ခေါင်းစဉ်တပ်မထားတဲ့ အဲဒီ သင်္ကြန်ကဗျာလေးဟာ (၁၂)နှစ်ပြည့်ခဲ့ရှာပါပြီ။
ပိတောက်ဖူးလေးတွေကို သူ့မျက်ရည်နဲ့ စွတ်ဖြန်းပြ်ီး ပွင့်လန်းစေပါမယ်ဆိုတဲ့ (၁၈)နှစ်သား ကောင်လေးဟာ အခုလို ဆယ်စုနှစ်တစ်ခု ကျော်ဖြတ်ပြီးတဲ့အခါ ...............
ဝေဝေနွမ်းနွမ်း
မေတ္တာဖြန်းလျက်
ငြိမ်းငြိမ်းချမ်းချမ်းချစ်နေသည်။……….။
နောက် ဆယ်စုနှစ်တစ်ခု ထပ်ကျော်ဖြတ်ပြီးတဲ့ အခါ အဲဒီကောင်လေးဟာ ဟောသလို ရေးမှာပါ ..........
ပိတောက်မမြင်
ဖြစ်ပျက်မြင်သည်
နေ့စဉ်သင်္ကြန်ကျလျက်။……..။
**(ဒုတိယအကြိမ် ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။)
ခံစား၊ ဝေမျှ၊ တင်ပြသူက Anonymous at 3:23 PM 0 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် ကဗျာ့ ပန်းခင်း, မာရေးသျှင်
မျောက်ကလည်း မျောက်အလျောက်
လောက်ကလည်း လောက်အလျောက်
အောက်ကျလှတယ် မဆိုသာပါဘူး။
သဘောက်ကလည်း သဘောက်ဘဝ
နောက်ကလည်း နောက်ကျ
ကြောက်ကလည်း ကြောက်ရ
တယ် အောက်ကျသကိုး။..........။
မာရေးသျှင်
၂၀၁၀၊ မတ်လ၊ ၂၆ (မွန်းလွဲ ၁း၂၀ နာရီ)
ခံစား၊ ဝေမျှ၊ တင်ပြသူက Anonymous at 11:49 AM 0 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် ကဗျာ့ ပန်းခင်း, မာရေးသျှင်
မေမေ
အမိုးအကာနဲ့ နံရံတွေကို ငြင်းဆန်ခဲ့တဲ့သား
ကျောင်းသွားနေပါပြီ မေမေ။
ဒါဟာ
မေမေ့ကိုချစ်တဲ့ ချစ်ခြင်းမေတ္တာမှတစ်ပါး
အခြားသောအရာများအတွက် မဟုတ်ပါ။
တကယ်တော့ မေမေရယ် ...
သားကျောင်းသွားနေတာရယ်တော့ မဟုတ်ပြန်ပါဘူး။
မေမေ့သားလေးကို ကျောင်းထားပေးနေတာပါ။
ထို့ထက်ပို၍
မေမေ့နိုင်ငံသားလေးကို ကျောင်းထားပေးနေတာပါ။
ဟောဒီမှာ
မေမေ့နိုင်ငံသားတွေ ကိုယ်စားပြု
သားရဲ့အားထုတ်မှုပါ မေမေ
E-Commerce - AD
Enterprise Resource Planning - AD
Supply Chain Management - AD
မေမေ့ကို သားသိပ်ချစ်တယ်။..........။
မာရေးသျှင်
၂၀၁၀၊ မတ်လ၊ ၂၀ (နံနက် ၈ နာရီ)
အခြားသော တစ်နေရာမှာ ကိုယ်ရေးကိုယ်တာဆန်ဆန်ရေးထားတာလေးပါ။ မိတ်ဆွေက ကဗျာအဖြစ် သိမ်းထားဖို့ တိုက်တွန်းတာကြောင့် အကောင်အထည်ဖော်လိုက်တာပါ။ သူ့ဒိုင်ယာရီထဲကစာလေးတွေကို ကိုစောဝေက ကဗျာ ဆိုလို့ ကဗျာလိုက်တာပါ- လို့ ကိုနေမျိုးဆေးပြောဖူးတယ်ထင်ပါရဲ့။ အဲဒီလိုပဲပေါ့ဗျာ။
ခံစား၊ ဝေမျှ၊ တင်ပြသူက Anonymous at 8:14 AM 0 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် ကဗျာ့ ပန်းခင်း, မာရေးသျှင်
ဘယ်လောက်ရင့်ရင့်
မလွင့်မကြွေတဲ့“ပန်း”
“အလွမ်း”ဟုခေါ်သည်။..........။
မာရေးသျှင်
ခံစား၊ ဝေမျှ၊ တင်ပြသူက Anonymous at 2:33 PM 0 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် ကဗျာ့ ပန်းခင်း, မာရေးသျှင်
သိမ်းထားတဲ့ကဗျာများကို သိမ်းခြင်း
လွန်ခဲ့တဲ့ (၁၀)နှစ်ကျော်၊ (၁၅)နှစ် ဝန်းကျင်ခန့်က ပွင့်အန်လျှံကျခဲ့တဲ့ ကဗျာလေးတွေပါ။ ကျနော်ဘာသာဆို ရှိတော့မှာ မဟုတ်ပါ။ အမေ တကူးတက သိမ်းထားပြီး တကူးတက ပို့ပေးလို့သာ ကျနော် ပြန်ဖတ်ရတာပါ။ ဟိုးအညာက အမေ့အိမ်ရဲ့အဝေး ရန်ကုန်(နေရာစုံ)မှာနေခဲ့တဲ့ ကျနော့်စာအုပ်အတိုအစ၊ ကဗျာအတိုအစတွေကို အမေ ဘယ်အချိန်က ဘယ်လို သိမ်းထားခဲ့လဲ ကျနော်မသိခဲ့ပါ။ ဘာပဲဖြစ်ဖြစ် ဆယ်စုနှစ်တစ်ခုစာ အမေ တခုတ်တရ သိမ်းထားခဲ့တဲ့ ကဗျာလေးတွေကို E-Journalမှာ သိမ်းထားဖို့ စိတ်ကူးရလာကာ အကောင်အထည်ဖော်ဖြစ် နေတာပါ။ နောင် ရာစုနှစ်တစ်ခုစာ အဓွန့်ရှည်ကြာသော် ရှည်ကြာငြား အမေ့ရဲ့မြေးမြစ်များအတွက်ပေါ့ ခင်မျာ။
အဲဒီ ကဗျာတော်တော်များများ ဟာ ခေါင်းစဉ်ပေးမထားပါ။ ဒါကြောင့် “သိမ်းထားတဲ့ကဗျာ” ဟုသာ သိမ်းထားလိုက်တာပါ။
သိမ်းထားတဲ့ကဗျာ (၃)
မှန်းဆလို့ပြောရဲအောင်မရှိတဲ့ ပကတိတရား
မှန်သားပြင်ပေါ်က မျက်နှာ
ထိတွေ့မှု ရှာမရသလို
ပွေ့မရ ပိုက်မရ
စိတ္တဇသခင် .....
လေတိုက်လည်းမရွေ့
မိုးရွာလည်းမစို
နေပူလည်းမနွမ်း
မျက်ဝန်းမှာပင် အစဉ်လွှမ်း
ရွှင်လန်းတဲ့ သူ့မျက်နှာ ...
မျက်စိမှိတ်လည်း ပေါ်ဆဲ
မျက်ဝန်းထဲက ပုံရိပ်
အိပ်မက်၌နေရာယူ
ကိုယ်လေ .....
ငြူစူခြင်းမရှိ ပကတိကျေနပ်ခြင်းနဲ့ပေါ့။..........။
မာရေးသျှင်
(ဒီကဗျာလေးဟာ လွန်ခဲ့တဲ့ (၁၅)နှစ်ခန့်က ပွင့်အန်လျှံကျခဲ့တဲ့ ကျနော်ရဲ့ ပထမဦးဆုံးသော ကြီးကောင်ဝင်စကဗျာလို့ ထင်ပါတယ်။ အဲဒီအတိုင်းအမှန်ပဲဆိုရင် ဒါဟာ မာရေးသျှင်ရဲ့စတင်ခြင်းကဗျာလည်း ဖြစ်ပါတယ်။ ဘယ်တော့မှ မဆုံးမယ့်အရာဟာ မာရေးသျှင်ဆိုတာ အဲဒီကတည်းက သေချာခဲ့တာပါ။.........။)
ခံစား၊ ဝေမျှ၊ တင်ပြသူက Anonymous at 3:09 PM 2 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် ကဗျာ့ ပန်းခင်း, မာရေးသျှင်
“တစ်ဂူထဲမှာ ခြင်္သေ့နှစ်ကောင် မအောင်းဘူး - တဲ့
အမေ့ဂူထဲမှာ ခြင်္သေ့သုံးကောင်
ရောင်လို့တောင် မဟောင်ကြ
ထူးခြားလှချည်လားကွယ်။”
အမေ့ကဗျာထဲက ခြင်္သေ့နှစ်ကောင်
မောင်လေးတို့ တကယ်မဟောင်ခဲ့ကြဘူးနော်။
နေ့တူနာမ်တူ “အလတ်”ချင်းလည်းတူ
ဒါပေမယ့် အစ်မကတော့ ဘယ်တုန်းကမှ မလစ်လပ်ခဲ့သူ။
အကြိမ်အကြိမ်အခါခါ မှားနေတဲ့သူ့မောင်အား
မရမက ဂုဏ်ယူဝံ့ကြွားသူ။
တက္ကသိုလ်ဆိုတာ မမြင်ဖူးတဲ့မောင်လေးကို
မာစတာတန်းကသူငယ်ချင်းတွေနဲ့အတူ စာကူရှင်းဖို့ တောင်းဆိုသူ။
ဟိုယောင်ယောင် ဒီယောင်ယောင် သူ့မောင်
အစာအိမ်ပါယောင်တဲ့အခါ
သူ့နားကအဆောင်မှာခေါ်ထား
ရုံးသွားတိုင်း ထမင်းချိုင့်ထွက်ပေးခဲ့သူ။
သူ့ကျောင်းနေသက်ကို သိုးမွေးချည်တွေ၊ တက်တင်းချည်တွေနဲ့ ဆက်ခဲ့သူ။
သူ့အခန်းဖော်ဟူသမျှ၊ သူ့အတန်းဖော်ဟူသမျှ
သူ့လက်ရာအင်္ကျီတွေနဲ့လှနေကြပေမယ့်
သူ့အဝတ်သေတ္တာမှာ အမေဝယ်ပေးထားတာပဲရှိသူ။
သူဟာ ငါတို့အိမ်ရဲ့ထောင်မှာကျနေတဲ့ အိမ်ထောင်မရှိသူ အပျိုစင်
သူဟာ ငါတို့ရဲ့ မာသာထရီဇာ
သူ့ကိုယ်သူမှတစ်ပါး တစ်မိသားစုလုံးအား ပူပန်သူ။
အစ်မကြီးမဟုတ်သော်ငြား အမိအရာထားထိုက်သူ။
မိုးခါးရေထက်ခါးတဲ့ အမှန်တရားနဲ့ ရွတ်ရွတ်ချွန်ချွန်မှားနေသူ။
အရိုးသားဆုံးထက်ရိုးသား အကြိုးစားထက်ကြိုးစားကာ
ဘဝနေနည်းအနုပညာမှာ ခရတ်ဒစ်မပါသူ။
အလှတရားကို သနပ်ခါးထက် ပိုမသိသူ။
စိန်ဥမုန့်ဟင်းခါးပင် မသိသော်ငြား အမေ့ပါးကို ပြောင်စေသူ။
ထို သူ (သို့) သူမ….
ကိုးရက်တစ်လမှာ
အဖိုးဖြတ်မရတဲ့ ငါတို့အစ်မဖြစ်လာခဲ့တယ်။………။
မာရေးသျှင်
၉၊၁၊၂၀၁၀ (အစ်မရည်လေးမွေးနေ့)
ခံစား၊ ဝေမျှ၊ တင်ပြသူက Anonymous at 1:10 PM 4 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် ကဗျာ့ ပန်းခင်း, မာရေးသျှင်