Sunday, February 6, 2011

Age 30 !!

အသက် ၃၀ ကျော်လာတာတော့ တော်တော် ကြာပါပြီ ။ ကဗျာက အခုမှ လက်စသတ်ဖြစ်လို့ e-journal မှာ ဝေမျှလိုက်ပါတယ် . . . ။ လာလည်သူ အပေါင်း ချမ်းသာကိုယ် စိတ် မြဲကြပါစေခင်ဗျာ ။

အသက် ၃၀

ဘ၀ကို နောက်ပြန် ငုံ့ကြည့်တော့
ဖြတ်သန်းခဲ့တဲ့ ၁၀ စုနှစ် ၃ ခုဟာ
ရေပွက်ပမာ တခဏလေး ပဲ။

၇၀ စု အဆုံးမှာ ချက်ကြွေ
၈၀ စု အဆုံးနားကျတော့
အပြောင်းအလဲများတဲ့လောကမှာ
ဘ၀တွေဟာ စ ခါးလာခဲ့ကြ ။
ဒီလိုနဲ့ ၉၀ စွန်းစွန်းကျတော့
သံယောဇဉ်ဆိုတာကို အချစ်ထင်ခဲ့ဘူးရဲ့။

ဒီလိုနဲ့ . . .
ထောင်စုနှစ် စွန်းစ ရောက်တော့
အချစ် ဆိုတာ လ သာ လာခဲ့ဘူးတယ်
လ ဆိုတာကလည်း
သဘာဝကိုက
ပုန်းလိုက် ကွယ်လိုက် ဆိုသမို့
ကျုပ် အဖို့တော့ ရင်ဖို . .

ဒီလိုနဲ့ နေ့တွေ ညတွေဖြတ်သန်း
သောကတောင်တန်းတွေ၊
ဒေါသတောင်တန်းတွေ၊
လောဘတောင်တန်းတွေ . . .
အတောမသတ်တဲ့ မီးတွေကြား
သံယောဇဉ်လိပ်ပြာကလည်း မီးဇာကုန်။

သြော် . . .
နွေ ကလည်း ကြာခဲလှရန်ကော
ဒီလိုနဲ့ပဲ . . . .
ဘ၀ဆိုတဲ့ ဇတ်ခုံမှာ
ပျော်မူးရူးမိုက်ေ၀၀ါး အရှိုက်ခက်ရင်း . . .။ ။

တာတူး

No comments: