Showing posts with label အခြား. Show all posts
Showing posts with label အခြား. Show all posts

Thursday, October 23, 2008

Specific & Absolute Values

“ဇ”၏ ပကတိတန်ဖိုးများ
ပကတိဆိုရာမှာ ‘အပေါင်း’ ‘အနှုတ်’ တွေကို မျက်ကွယ်ပြုကြည့်တာ။ ဇ မှာလည်း ကောင်းတာ ဆိုးတာ ဒွန်တွဲမြဲပဲ။ ကောင်းတာ ဆိုးတာ ဖယ်ထုတ်ပြီး စွမ်းတာ တစ်ခုပဲ ယူကြည့်မှာ။



လူတွေမှာ ‘ဇ’ ကို အထူးတန်ဖိုး လို့သချာင်္မှာလို သတ်မှတ်လို့ရမလား။ “သိပ်လုပ်စရာမလိုလိုက်ဘူး၊ လွယ်လွယ်ကူကူ ပြီးသွားတယ်။” ဆိုတာမျိုးဟာ သူ့ရဲ့ ပင်ကိုဗီဇအစွမ်းကြောင့်လား။ မေးခွန်းနဲ့စရတာက သူငယ်ချင်းတွေ ဆွေးနွေးကြည့်တဲ့သဘောပဲ။
ပကတိဆိုရာမှာ ‘အပေါင်း’ ‘အနှုတ်’ တွေကို မျက်ကွယ်ပြုကြည့်တာ။ ဇ မှာလည်း ကောင်းတာ ဆိုးတာ ဒွန်တွဲမြဲပဲ။ ကောင်းတာ ဆိုးတာ ဖယ်ထုတ်ပြီး စွမ်းတာ တစ်ခုပဲ ယူကြည့်မှာ။
အခြားတို့ နုစဉ်ကစပြီး ကိုယ်လျှောက်နေတဲ့လမ်းကို မရဲတရဲ ပြန်ပြန်ကြည့်တတ်ကြတယ်။ ဒီလမ်းက ဘယ်ကိုဦးတည်နေတာလည်းပေါ့။ ကိုကတော့သွားနေတာ အသေအခြာပဲ။ ရှေ့ကိုလား၊ နောက်ကိုလား။ အပေါ်ကိုလား၊ အောက်ကိုလား။ ဘေးကိုပဲ ထွက်နေတာလား။ ဒါမှမဟုတ် ဝင်္ကပါထဲမှာ လည်နေတာလား။
အရေးတကြီး ဇ ရဲ့အကြောင်း ဆွေးနွေးရတာက ဘဝရဲ့လမ်းတွေလျှောက်ရာမှာ သူ့ရဲ့ နေရာက အရေးကြီးတယ်လို့ ယူဆလို့ပဲ။
နောက် ဇ ကို ဓါးလိုပဲ သွေးပေးလို့ရတယ်။ တုံးသွားအောင် လုပ်လို့လည်း ရတယ်။ ပျောက်ကွယ်အောင် လုပ်ဖို့ပဲ ခက်မှာ။
နောက် ဇ က အခြေအနေ အချိန်အခါ ပေါ်မှာလည်း မူတည်ပြီး အစွမ်းပြတတ်တယ်။ အဲဒါကတော့ ဇ ပိုင်ရှင်တွေကိုယ်တိုင် သတိမထားမိတတ်တာပဲ။ အဲဒါကြောင့် အထူးသတိထားပြီး ထိန်းကြောင်းသွားဖို့ပဲ။
နောက်ဆုံး အနေနဲ့က ဇ ကို နေ့စဉ်လုပ်ငန်းတွေမှာ သုံးပုံပဲ။ သချာင်္ညီမျှခြင်းတစ်ခုမှာ အထူးကိန်းသေတန်ဖိုး ထည့်သလိုပဲ။ ညီမျှခြင်းက သာမန် အပေါင်း၊အနှုတ်လား အမြှောက်၊အစားလား ထပ်ကိန်းတွေနဲ့လား။ အဲဒီညီမျှခြင်းမှာ ဇ က ဘယ်နေရာက ပါဝင်ရမှာလည်း။ နေရာပေါ်မူတည်ပြီး ရလဒ်တွေ အမျိုးမျိုး ထွက်လာမယ်။ ကွာဟမှူ တွေ တွေ့ရမယ်။ အံ့ဩလောက်စရာ ဘာထူးခြားမှူမှ မရှိပါဘူး။
အခြားတို့ အနေနဲ့ လုပ်နိုင်တာက သွေးနေဖို့၊ အခြေအနေ၊အချိန်အခါ သဘောပေါက်ဖို့နဲ့၊ ညီမျှခြင်းကို ရွေးခြယ်တတ်ဖို့ပဲ။ နောက် ကိုယ့်ရွေးခြယ်မှူမှာ ကျေကျေနပ်နပ် နေထိုင်သွားဖို့ပဲ။
လေးစားလျှက်။ ။

The other.(ကိုအခြားကို ခွင့်မတောင်းဘဲ ပြန်တင်လိုက်တာပါ။ မဖတ်ရသေးသူများအတွက် ရည်ရွယ်ပါတယ်။ -- သုခမိန်)

ဆက်ဖတ်မယ်ဆိုရင် ...

Saturday, July 12, 2008

To E-Journal.


သေခြာတာကတော့ ကောင်းတာတွေ လုပ်ချင်လို့ E-Journal ကိုလာတာပါ။



အခြားက ငယ်ငယ်တည်းက ကိုးလိုးကန့်လန့်ကောင်။
သူ့မှာမကောင်းတဲ့အကျင့်တော်တော်များများ ရှိတယ်။
ဒီလိုပါပဲ ဇလည်းရှိ၊ အတုမြင် အတတ်သင် တွေလည်းရှိတာပေါ့။
နည်းနည်း လူလတ်ပိုင်း ဖြစ်လာတော့ ကောင်းတာ၊ မကောင်းတာ နည်းနည်းမျှပြီး လုပ်ကြည့်ဖို့ စိတ်ကူးရှိ လာ တယ်။
အဲဒါကတော့ E-Journal ကို ရောက်လာရတဲ့ အကြောင်းရင်း ပါ။
အခြားက Blog တွေ နဲ့ တော်တော်ကြီး ကို စိမ်းပါသေးတယ်။
သေခြာတာကတော့ ကောင်းတာတွေ လုပ်ချင်လို့ E-Journal ကိုလာတာပါ။
E-Journal သူငယ်ချင်း များကိုလေးစားလျက် ။ ။

The other .

ဆက်ဖတ်မယ်ဆိုရင် ...