“ သားရေ…..တွေ့ တဲ့ သူနဲ့ တည့်အောင် ပေါင်းပါ……တဲ့ ။……..” ကျွန်နော် တွေ့ တဲ့ သူနဲ့ တည့်အောင်ပေါင်းခဲ့တယ်။ (ကျောင်းတုန်းကပြောတာဗျာ့။ ဖားတတ်ခဲ့တယ်…မြှောက်လည်းမြှောက်ပြောတတ်ခဲ့ တယ်ဆိုပါတော့) ယုံမလား တဲ့ သူတွေတောင် ကျွန်နော့်ကိုသိကြတယ်ဗျာ့။ ( ကျွန်နော့် သူငယ်ချင်း လက်သုံး စကားအတိုင်းပြောရရင်တော့ ကျော်ဟိန်းကို လူတိုင်းက သိပေမယ့် ကျော်ဟိန်း ကတော့ လူတိုင်းကို မသိပါဘူး …ဆိုသလိုမျိုး ဆိုပါတော့) ကျွန်နော့် ပတ်ဝန်းကျင် မှာပြောတာနော်။ လူတိုင်းမပြောနဲ့ ကျွန်နော် နေတဲ့ ရပ်ကွက်က ခွေးကအစ ကျွန်နော် ကိုသိတယ်။ အဲဒီလောက်တောင် ကျွန်နော် တည့်အောင်ပေါင်းနိုင်ခဲ့တယ်။ ကျွန်နော့် ကို ကျောင်းမှာ ကောင်မလှလှလေးတွေက ဒီလိုခေါ်ကြတယ်။ “ ကိုကို နာဗူးတဲ”့ ။ (ချစ်စနိုးနဲ့ ခေါ်ကြတာ) မလှတလှ ကောင်မလေးတွေက “ကိုကိုဖူးစာရေးနတ်တဲ “့။ (ချစ်စနိုးနဲ့ ခေါ်ကြတာ) ကျွန်နော့် ကိုသိတဲ့ အပျိုကြီးတွေဆို တချို့ က “အားကိုးတုံး ကြီး”(အောင်သွယ်ဆရာလုပ်ပေးလို့ ) တချို့ က “ကျောက်ချောရေပက်မျက်နှာ”တဲ့  (ကျောက်ချောကို မြင်ဖူးမယ်ထင်တယ်…ကျောက်ချောပေါ် ရေပက်ထားရင် ဖြစ်နေတဲ့  ပုံစံလို ကျွန်နော် မျက်နှာက ဆွဲဆောင်မှုရှိလို့ ထင်တယ်) အဖွားကြီးတွေကဆို “လိမ္မာတုံးလေး…လိမ္မာတုံးလေး” နဲ့ တစ်တွတ်တွတ်ရွတ်လို့ ။ ရွယ်တူဘော်ဒါတွေ၊ ကောင်လေးတွေ၊ ကောင်ကြီးတွေကဆို “ ဖူးစာရေးနတ်(အောင်သွယ်ပေးလို့ ) အာလူး၊ငပေါ၊စာရေးဆရာ( ရည်းစားစာတွေရေးလို့ )ကတ်ပါးကောင်( ပိုက်ဆံ ရှိတဲ့ သူတွေနောက်မှာ အမြဲတမ်းကပ်လိုက်နေလို့ )ဖွတ်ချမ်းသာ တဲ့ (လက်ထဲ မှာ ပိုက်ဆံတစ်ပြားမှ မရှိပေမယ့် လိုတာရနေလို့ )” ယုံမလားမသိဘူး… ကျွန်နော် ဒီလို ငါးမည်ရ ခြောက်မည်ရ နာမယ်တွေ တွင်လို့ ။အဲဒီလောက်တောင် တည့်အောင်ပေါင်းခဲ့တာ။ အဖိုးကြီးတွေ၊ ဦးလေးကြီးတွေလား မပြောနဲ့  ကျွန်နော် Social ကောင်းပုံများ” ကောင်လေး၊ မြေးလေး…အခုရည်းစားရှိနေပြီလား…ငါ့သမီးနဲ့  ငါ့မြေးမလေးနဲ့  ငါ့တူမလေးနဲ့  စပ်ပေးမလို့ …ပေးစားချင်လို့ ” ဒီလို စိတ်ကူးမျိုးဖြစ် လာအောင်ကို ကျွန်နော် တွေ့ တဲ့ သူတိုင်းနဲ့ တည့်အောင်ပေါင်းခဲ့တာ။လူတွေမပြောနဲ့  ကျွန်နော် နေတဲ့ ရပ်ကွက်က ခွေးတွေဆို ကျွန်နော့် အသံကို မဆိုထားနဲ့  အဝေးက နေကျွန်နော့် အန့ံကိုရတာနဲ့ တင် သူ့ ထက်ငါသာ ပျော်ပျော်ကြီး သံပြိုင်ထိုးဟောင် (မဟုတ်ပါဘူး) သံပြိုင်အူပြီး ကျွန်နော့်ကို ဆီးကြိုကြတာ၊ ရှေးခတ်က ဘုရင်တွေ နန်းတော်ထဲကထွက်တော့မယ်ဆိုရင် ဘုံတွေဘင်တွေ၊ခရာတွေ၊ခရုတွေ မှုတ်သလို ၊တီးသလိုမျိုး။ အဲဒီလောက်တောင် ကျွန်နော် Social ကောင်းခဲ့တယ်ဗျာ့။ ဒါပေမယ့် ကျွန်နော် အမြတ်မထုတ်ခဲ့ဘူး။ မရိုးမသားလုံးဝကို မလုပ်ခဲ့ ဘူး။ တကယ့်ကိုစိတ်ရင်းအမှန်နဲ့ ပေါင်းသင်းခဲ့ တာဗျာ့။ အမေ့ ကျေးဇူး ကြီးမား လှပါဘိ။ ကျွန်နော့်ရွယ်တူတွေ၊ကြီးတွေ၊ငယ်တွေ အားလုံးဟာ ကျွန်နော့်ထက် အများကြီးရှိ၊ သုံးနိုင် ဖြုံးနိုင်ပေမယ့် ကျွန်နော့်လောက်တော့လူတိုင်းနဲ့ တည့်အောင်မပေါင်းနိုင်ကြဘူး။ ကျွန်နော့်မှာဘာမှမရှိဘူး ဒါပေမယ့် အများကြီးရှိတဲ့ သူတွေနဲ့ စာရင် လူတိုင်းနဲ့  တည့်ခဲ့တယ်။ ပေါင်းခဲ့တယ်။ သူများစီးသလိုစီးနိုင်ခဲ့တယ်။ သူများသုံးသလို သုံးနိုင်ခဲ့တယ်။ သူများသွားသလို သွားနိုင်ခဲ့တယ်။ ဘာဖြစ်လို့ လဲဆိုတော့ ကျွန်နော် လူတိုင်းနဲ့ လည်းတည့်အောင်ပေါင်းတယ်။ တည့်အောင်နေတယ်ဆိုတော့ စီးနိုင်တဲ့ သူတွေ၊ သုံးနိုင်တဲ့ သူတွေ၊ သွားနိုင်တဲ့ သူတွေက ကျွန်နော့်ကိုခေါ်ခေါ် ကြလွန်းလို့ ( ဒါကြောင့်လားမသိဘူး တချို့ က ကျွန်နော့်ကို ခေါ်ကြတယ် “ ကပ်ပါးကောင်၊ ဖွတ်ချမ်းသာ “တဲ့  ချစ်စနိုးနဲ့ ခေါ်ကြတာပါ။ ချစ်စနိုးနဲ့ မခေါ်လည်း စိတ်မဆိုးပါဘူး( ယုံမလား မသိဘူး…ကြုံတုန်း ရေးပြရတာဆိုတော့… အမေ့ စကားက အမြဲတမ်း နားထဲကြားနေတာဗျာ့… အမြဲတမ်း အရှုံးသမား ဖြစ်နေပေမယ့်..အမြဲတမ်း နိုင်နေခဲ့တယ်… မာန မရှိဘူးဆိုပေမယ့်…..မာန ဆိုတာကို လှလှပပထုတ်ပိုးခဲ့တယ်… ကျွန်နော့် မာနက လူတိုင်းအတွက် ချိုနေတာဗျာ့…တကယ်လုပ်ခဲ့တယ်… မယုံရင် ဟာသလို့ မှတ်)။ နောက်တစ်ခွန်းကျန်သေးတယ်ဗျာ့..... မျှော်........
KuchingTrip
1 week ago
No comments:
Post a Comment