Tuesday, September 2, 2008

မတော်တဆကြုံကြိုက်တိုက်ဆိုင်မှုတစ်ခု၏ သက်တမ်း (သို့) မွေးနေ့



၁၉၈၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက် (ကြာသပတေးနေ့)

အဲဒီနေ့က
ဒီဇင်ဘာရဲ့ နှင်းတစ်စက်ဟာ
ကမ္ဘာမြေပေါ်ရောက်ခဲ့တယ်။
အဲဒီနေ့က
ဒီကမ္ဘာမှာ
မတော်တဆကြုံကြိုက်တိုက်ဆိုင်မှုတစ်ခုဟာ
သေချာကျနစွာဖြစ်ခဲ့တယ်။



အဲဒီနေ့က..
ဒီဇင်ဘာနှင်းတစ်စက်ဟာ ---
မတော်တဆကြုံကြိုက်တိုက်ဆိုင်မှုတစ်ခုဟာ ---
ညီလေးဟာ ---
သူ့ဘဝကို သူရွေးချယ်ခဲ့တာမဟုတ်ပါ။
သူ့အဖေ နဲ့ သူ့အမေကို သူရွေးချယ်ခဲ့တာ မဟုတ်ပါ။
သူ့အဖေ နဲ့ သူ့အမေကလည်း သူ့ကို ရွေးချယ်ခဲ့ခြင်း မဟုတ်ပါ။
သူ့ဆွေမျိုး၊မောင်နှမများကို သူရွေးချယ်ခဲ့တာ မဟုတ်ပါ။
သူ့ဆွေမျိုး၊မောင်နှမများကလည်း သူ့ကိုရွေးချယ်ခဲ့ခြင်း မဟုတ်ပါ။
သူ့လိင်အမျိုးအစားကို သူရွေးချယ်ခဲ့တာ မဟုတ်ပါ။
သူ့အသားအရောင်၊မျက်လုံးအရောင်၊ဆံပင်အရောင်များကို သူရွေးချယ်ခဲ့တာမဟုတ်ပါ။
သူ့သွေးအမျိုးအစားကို သူရွေးချယ်ခဲ့တာ မဟုတ်ပါ။
သူ့မွေးနေ့၊မွေးရက်၊မွေးချိန်များကို သူရွေးချယ်ခဲ့တာ မဟုတ်ပါ။
သူ့ဇာတိချက်မြှုပ်ရာ ဒေသရပ်ရွာကို သူရွေးချယ်ခဲ့တာ မဟုတ်ပါ။
………………………………
ထို ရွေးချယ်ခြင်း အလျဉ်းမရှိသော ကြုံကြိုက်တိုက်ဆိုင်မှုတစ်ခုဟာ ---
ဒီဇင်ဘာနှင်းတစ်စက်ဟာ ---
ညီလေးဟာ ---
ယခုအခါ (၂၆) နှစ်ပြည့်မြောက်ပါပြီ။
သူက ကျနော့်ကို ရွေးချယ်ခဲ့တာ မဟုတ်ပါ။
ကျနော်က သူ့ကို ရွေးချယ်ခဲ့တာ မဟုတ်ပါ။
ထို တစ်ယောက်ကို တစ်ယောက်က ရွေးချယ်ခဲ့ခြင်း အလျဉ်းမရှိသော
ကျနော်တို့ နှစ်ယောက်ဟာ
ဘတ်စ်ကားပေါ်က ထိုင်ခုံမှာ မတော်တဆ ဆုံသလို
တစ်မိသားစုတည်းမှာ ညီအစ်ကို အဖြစ်ဆုံပါတယ်။
ထို့ကြောင့်…
ဒီစာကို မွေးနေ့လက်ဆောင်ပေးပါတယ်။

မွေးနေ့ကဒ်လှလှကလေးများတွင်ပါတတ်သော
ဆုတောင်းလှလှလေးများအတိုင်း
ဆုတောင်းလျက်….

4 comments:

ရွက်ဝါ said...

မွေးနေ့ရှင်ရော ကဗျာရှင်ပါ ကျန်းမာပျော်ရွှင်ပါစေလို့ ဆုတောင်းပေးပါတယ်။

Taungoo said...

ကိုမာရဲ့ ညီက ကျွန်တော့်ထက် လပိုင်းလေး နည်းနည်းပဲငယ်တယ်။ ၈၁ ဆို ဒီဇင်ဘာမှာ၂၇ ပြည့်မှာမဟုတ်လားဗျ။

စီပုံးထဲမှာ ဘာကိုပြောသွားတာလဲအကိုရေ။ ဘာကိုပြောမှန်းမသိတော့ ကျွန်တော်ကျောချမ်းတယ်။

မေတ္တာဖြင့်

တန်ခူး said...

ကဗျာလေးက အရမ်းကောင်းပါတယ်… နားမလည်တာ တခုက မွေးနေ့ မရောက်သေးပဲနဲ့  ဘာလို့ မွေးနေ့ ဆုတောင်းကြိုပေးတာလဲဆိုတာကိုပါ…အင်းလေ…ကြိုမပေးရဘူးလို့ မှ မရှိတာ…

Winkabar said...

ကော့မန့်မှာတွေ့လို့ ဒီပို့စ်ကို ရှာဖတ်သွားတာပါ။ တော်တော်ကောင်းတဲ့ကဗျာလေးပဲ။ ဆုတောင်းပေးသွားတာကျေးဇူးပဲနော်။