တောကြောင်။ ။
ဆုံရပ် 1st Dec 2024
2 weeks ago
နွေတစ်ရက်လေပြည်တစ်ခွက်ကို သောက်ပြီအလွမ်းဖြေအလွမ်းတွေ မပြေခဲ့ပါဘူး။ကမ်းခြေကို စွန့်ခွာသွားတဲ့ လှိုင်းစကားလုံး အရိုင်းတွေသုံးပြီး လှည့်ထွက်သူမို့ပြောရက်တယ်.။(မင်းမှာကြင်နာတတ်တဲ့ နှလုံးသားရော ရှိရဲ့လားကွာ ။)မညီမျှခြင်းရဲ့ တစ်ဖက်ငါ အသက်ဆက်ခဲ့တာမင်း အတွက်ပါ။ငါ မဟုတ်တဲ့မင်းရဲ့ အသက်ရှူသံတွေကငါ့ကို လစ်လျူရှုခဲ့တာမင်း သိချင်မှသိမှာ။ဟူး..............အသက်ရှူရတာ မွန်းကျပ်လာပြီကျေးဇူးပြုပြီး ကမ္ဘာကြီးကို ရပ်တန့်မထားကြပါနဲ့ယောင်ပြန်ဟပ်ခံရမဲ့လ ရဲ့အကြင်နာတွေကိုမမြင်ရမှာ စိုးလို့ပါ။ဒီလိုနဲ့ .....................နေ့တွေကို ရေတွက်တစ်ရက်နဲ့ တစ်ရက်ကလဲကြာလိုက်တာ။သူမရဲ့ မျက်နှာလေးကိုမြင်ရဖို့နေ့နဲ့ည တွေကိုညာလို့ရရင် ကောင်းမှာ။အခုတော့..............ကိုယ့်စိတ်ကိုမညာချင်ဘဲညာ နေ ခဲ့ ရ တယ် ။
တောကြောင်။ ။
5 comments:
“နွေတစ်ရက်
လေပြည်တစ်ခွက်ကို သောက်ပြီ
အလွမ်းဖြေ
အလွမ်းတွေ မပြေခဲ့ပါဘူး။”
……………………………………………..
ကဗျာမှော်ဝင်စားနေတာ ထင်ရှားစွာ တွေ့ရပါတယ်။
“ချစ်သူနှင့်ငါ”
မညီမျှခြင်းရဲ့ တစ်ဖက်
ငါ အသက်ဆက်ခဲ့တာ
ယောင်ပြန်ဟပ်ခံရမဲ့
လ ရဲ့အကြင်နာတွေကို
စကားလုံး အရိုင်းတွေသုံးပြီး လှည့်ထွက်
တစ်ရက်နဲ့ တစ်ရက်ကလဲကြာလိုက်တာ။
သုခမိန်(E-Journal)
ကိုတောကြောင်ရေ...
နေ့ တွေညတွေကိုလည်းမညာနဲ့ ....
ကိုယ့်ကိုယ်လည်းမညာနဲ့ ဗျာ...
မကောင်းဘူး....
(မယ်)
နွေတစ်ရက်
လေပြည်တစ်ခွက်ကို သောက်ပြီ
အလွမ်းဖြေ
အလွမ်းတွေ မပြေခဲ့ပါဘူး။
ကမ်းခြေကို စွန့်ခွာသွားတဲ့ လှိုင်း
စာသားလေးက ထိတယ်---မိတယ်---
အတွေးကောင်းတယ်-- ဆက်တွေးပြီး
ဆက်ရေးပါ။
ခင်မင်လျက်
မသက်ဇင်
Post a Comment