Monday, September 15, 2008

Introduction about me


ကျနော်ပြောပြချင်သော ကျနော့ အကြောင်းများ

အမ မသက်ဇင်က မေးလာတာနဲ့ ကျနော်လည်း ကျနော့ကိုယ် ကျနော်တော့ မိတ်ဆက်ဦးမှလို့ အတွေးဝင်လာပါသည်။ ဘလော့ လောကမှာ ခင်ကြမင်ကြသော ညီအကို မောင်နှမ အားလုံး ကို ကျနော်ပြောပြချင်သော ကျနော့် အကြောင်း များ ဆိုပါတော့ ခင်ဗျာ။ ကိုယ့်ပေါင် ကိုယ်လှန်ထောင်းတော့ နဲနဲ သက်သာလို သက်သာငြားပေါ့။ ကျနော့် သူငယ်ချင်း ဂျာနယ်လစ်များ အကြောင်းကတော့ ကျနော် လက်လှမ်းမှီသမျှ ဖွထားပါသည် ။ (အ ဟီး . . . ရှင်းပြထားပါသည် )။




ကျနော်က တာတူးပါ။ နာမည် အရင်းကတော့ ခု ပြောချင်သေးဘူး ပေါ့ခင်ဗျာ ။ နောက်တော့ ပြောပြဖြစ်မှာပါ။ တာ တူး ဆိုတာကတော့ ကျနော့ ငယ်နာမည် တစ်ခုပါ ။(၀ါ )အမေ့ခံ လူတစ်ယောက်ဆိုတာက တာတူး ၊ဒါမှ မဟုတ် အမေ့ခံလူတစ်ယောက်လို့ ၀ိသေသ ပြုတာပါ ။ အမေ့လျော့ ခံရတာ၊ ဂျောင်ထိုးခံရတာတွေ များခဲ့လို့ ပေးထားတဲ့ နာမည် ပါ ။ ဒီ E-Journal လေးမှာ စတင်ပြီးရေးဖို့ ကိုဗာဘိုက ခေါ်တော့ ကလောင်နာမည်ကိုပေးဖို့ စဉ်းစားရပါသည်။ ကျနော့မှာ သုံးလက်စ ကလောင် အမည်ခွဲ အချို့ ရှိခဲ့ဘူးသည်ဆိုတော့ ဆက်သုံးမလား ၊ အသစ်ရွေးမလားပေါ့ ။ နောက်ဆုံးတော့ တာတူး ဆိုတာလေးကိုပဲ ရွေးဖြစ်သွားပါသည်။ ငယ်နာမည် ဖြစ်တာက တစ်ကြောင်း ၊ လွပ်လပ် ပေါ့ပါးသော ၊ ခပ်ဆိုးဆိုး ပေတေတေလေ လေးလို့ သဘောသက်ရောက်မည် လည်း ထင် ၍ ယူထား ပါသည် ခင်ဗျာ ။ အသက်ကတော့ သိပ် မပြောချင်လှပါ။ တစ်ခါတစ်ရံ ကျနော့် အသက်နှင့် ရေးသောစာသည် မမျှလှပဲ ကလေး ကလား ဆန်တတ်သောကြောင့်ပါ။ ဒါပေမယ့် ခင်၍ မင်၍ ပြောပြပါမည် လူပျိုကြီး ရာထူးရယူထားပြီဖြစ်သော ၃၀ ပါ ။ လက်ရှိနေရပ်က အမိမြေ တောင်ဘက် ယွန်းယွန်းက ခြင်္သေ့ ကျွန်း ပေါ့ ။ ဖုန်း နံပတ်ကလား အ ဟီး ပြော ပြပါဘူးနော် ။ :P (အကြွေးတောင်းမှာ စိုးလို့ ။) e-mail ကတော့ tartuu007@gmail.com ဆို ကျနော့ဆီရောက်ပါသည်။ Journal တိုက်က C-Box မှာ လာအော်လည်း ရောက်ပါသည် ခင်ဗျာ ။
ထမင်း ဖိတ်ကြွေးချင်လျင် တော့ သေချာ လိပ်စာ ပေးခဲ့ပါ ။ မရောက် ရောက်အောင် ကြိုးစားလာပါမည် ။ :D

ကိုဗာဘိုကတော့ ဂျာနယ်လေး အကြောင်းရယ် ၊ သူ့အကြောင်းရယ် ၊ ကျနော်တို့ ဝေမျှသူတွေ အကြောင်းရယ်ကို ဒီလင့်လေးမှာ ရေးထားပါသည် ။ တပ်မံ ဖော်ပြပါကလည်း ကျနော်တို့ ငယ်ကျိုး ငယ်နာတွေ ပေါ်ကုန်တော့မည် ထင်ပါသည် ။
ကိုဗာဘိုကို တားမြစ်ခံထားရသော လူကြီးလို့ ကျနော်က တစ်ခါ တစ်ခါ နောက်တတ် ပါသည် ခင်ဗျာ ။ သူလည်း ကလောင်နာမည်ဟုသာ ကျနော် ထင်မြင်ပါကြောင်း ။ :P

အိမ်လွမ်းသူကတော့ နာမည်ရင်း တစ်လုံးမှ မပါပဲ ကလောင်နာမည် သက်သက် ပါခင်ဗျာ ။ အိမ်လွမ်းသူ (မှန်နီကုန်း) ဆိုတာကတော့ အိမ်ကိုတော့ လွမ်းတာပဲ ။ ဘယ် အိမ်ကို လွမ်းသလဲ ဆိုတာသာ ကျနော်တို့သေချာ မသိတာ ။ အနောက်မြောက် မြို့တော်က အိမ် ဖြစ်ဖို့တော့ ရာနှုန်း ၉၀ ပါ။ :P (အိမ်လွမ်းသူရေ စိတ်ဆိုးနဲ့နော်) ။
မှန်နီကုန်း ဆိုတာကတော့ သူ့မွေးရပ် ရွာပါ။ ခုတော့ အဲဒီ မှန်နီကုန်းလည်း ကန့်ဘလူမြို့ရဲ့ ရွာလား ရပ်ကွက်လား သေချာ မပြောတတ်ပါ ။ ဒီမှာလည်း လေ့လာနိုင်ပါသည်။

မယ်ကတော့ သူအကြောင်းရေးရင် အသိပဲဟု ကျနော်တို့ကို ကြိမ်းထား၍ လက်ရှောင်ပါသည် ခင်ဗျာ။ ကာယကံရှင် မရေးသေးသမျှ ကျနော်တို့လည်း ပြောမပြ နိုင်ပါကြောင်း ။ :P ( ထမင်းလိုက်ကြွေးရင် ပြောပြမယ် ။)

ကျန်တဲ့ သူများအကြောင်းကတော့ ကျနော် မဖွ အဲ မရေး သေးပါ ခင်ဗျာ ။ ပါမစ်ရမှပဲ တင်ပြပါတော့မယ် ။ ဘယ်တော့လဲလို့တော့ ကျေးဇူးပြု၍ မမေးစေချင်ပါ ။ မြန်မာပြည်က ကားပါမစ်လို ကြာချင်လည်း ကြာမည် ။ မြန်ချင်မိလည်း မြန်မည် ။ လျောက်လွှာပျောက်ဆုံးနေပါသဖြင့် သို့မဟုတ် လမ်းခရီးတွင် ကြန့်ကြာနေပါသဖြင့် လူကြီးမင်း၏ ပါမစ်အား စဉ်းစားရန် မဖြစ်နိုင်သေးပါရှင် လည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။

လက်ရှိ ကျနော်တို့ ဂျာနယ်လစ်စာရင်းက

လေဒီ ဖက်စ် ဆိုတော့
မယ် (Asterisk)
Rhyme

ပြီးတော့
ကိုနယုန်မိုး
ကိုဗာဘို (ကို သုခမိန်)
အိမ်လွမ်းသူ (မှန်နီကုန်း)
ကို အခြား
ကိုကေဇက်
ကို မာရေးသျှင်
ကိုတောကြောင်
ပြီးတော့ ကျနော်
ကိုတာတူး ပေါ့ ။
အသက်ကတော့ ကျနော်ကလွဲရင် ကျန်တဲ့ ညီ အကိုတွေက အသက် ကြီးစဉ်ငယ်လိုက်ဖြစ်မယ် ထင်ပါတယ် ။ ကျနော်လည်း သေချာတော့ မသိပါ။
အားလုံးကို ကြီးစဉ်ငယ်လိုက် ယူဆရင်တော့ ကျနော်က စိတ်မဆိုးလှပါ ။ :D
(မောင်နှမများခင်ဗျာ You and Me လို့ပဲ ပြောကြ ဆိုကြလို့ ကျနော့်နံပတ်ကို အောက်ဆုံးမှာ လိပ်မူထားပါသည် ခင်ဗျာ ။ :P)
ကိုဗာဘိုကတော့ မင်းက အငယ်လား ငါက အငယ်လားဆိုပြီး ဇယား ကိုလက်ညိုးထိုးပြီး ကျနော့ နံပတ်ကို ပြင်ချင်နေမယ် ထင်ပါသည်။ :D
(အဟိ . . . နာ အငယ်ဆုံးကွ )


အားလုံးကို ခင်မင်လေးစားလျက်

တာတူး

8 comments:

တားမြစ် ထားသော... said...

သူ့အကြောင်းပြောမယ်ဆိုလို့ ဖတ်ကြည့်တယ်။ ဟုတ်လည်းမဟုတ်ဘူး။ အဲ။ စုံလည်းမစုံဘူး ပြောပါတယ်။ ဟဲ၊ ဟဲ။
သုခမိန်(E-Journal)

မယ် said...

ကိုတားမြစ်ရေ...
ဟုတ်တယ်....
ကိုတာတူးကသူ့ အကြောင်းတွေ အကုန်ရေးမထားဘူးဗျ...
မယ်သိတာထပ်ရေးပေးလိမ့်မယ်..
သဘောတူတယ်ဟုတ်???????
ကိုတာတူးရေ....
မယ်အကြောင်းတော့မရေးပါနဲ့ အုံး....
သိချင်ရင်မယ့်ကိုမေးပါလို့ နော်...
ထမင်းလိုက်ကြွေးရင်လည်း ကောင်းတာလေးပဲပြောနော်... :P
(မယ်)

khin oo may said...

ဟုတ်တယ။် အငယ်ဆုံးလေးက အချောဆုံး။

Anonymous said...

“ကျနော်က တာတူးပါ။
အမေ့ခံလူတစ်ယောက်လို့ ၀ိသေသ ပြုတာပါ ။ အမေ့လျော့ ခံရတာ၊ ဂျောင်ထိုးခံရတာတွေ များခဲ့လို့ ပေးထားတဲ့ နာမည် ပါ ။
လူပျိုကြီး ရာထူးရယူထားပြီဖြစ်သော ၃၀ ပါ။
လက်ရှိနေရပ်က အမိမြေ တောင်ဘက် ယွန်းယွန်းက ခြင်္သေ့ ကျွန်း ပေါ့ ။
e-mail ကတော့ tartuu007@gmail.com”
မာရေးသျှင် မေတ္တာဖြင့် ကူညီသည်။ (ပျော်လို့ပါ)

အိမ်လွမ်းသူ(မှန်နီကုန်း) said...

ကိုတာတူးတို့ တော်..ချက်ကတော့ မပြောချင်ဘူး...ဗျို့..။ကိုယ်အကြောင်းလို့ ခေါင်းစဉ်တတ်ပြီး သူများတွေ အကြောင်းကိုပြောပြတတ်လိုက်တာ...နော်..။
ကျုပ်ကလည်း....ပြောတော့ ပြချင်ပါရဲ့...အကြောင်းစုံ ကို လမ်းဆုံက ထိုင်ပြီးတော့....။ဒါပေမဲ့ လောလောဆယ်တော့ ပြောသေးဘူး..လူမစုံသေးလို့လေ...။
ရွှင်လန်းချမ်းမြေ့ ကြပါစေ။

မသက်ဇင် said...

E-journal
ကို ဖတ်နေတာ ကြာပြီ သုခမိန် ကိုရေးခဲ့သလို
ရသနဲ့သုတ ကို ဖန်တီး နိုင်စွမ်းရှိပြီး အနာဂါတ် မြန်မာစာပေယဉ်ကျေးမှုအတွက်
အားထားလောက်တဲ့ ကလောင်ရှင် လူငယ်
တွေပါပဲ ခုတော့ သိရပြီ။
ကလောင်ရှင်တွေကတော့ -----
မယ် (Asterisk)
Rhyme
ကိုနယုန်မိုး
ကိုဗာဘို (ကို သုခမိန်)
အိမ်လွမ်းသူ (မှန်နီကုန်း)
ကိုကေဇက်
ကို မာရေးသျှင်
ကိုတောကြောင်
ကိုတာတူး။
အားလုံးကို လေးစားတန်ဘိုးထားပါတယ်။

မြန်မာလူငယ်များ စာများများဖတ်ကြပါ။

မြန်မာစာနှင့်မြန်မာ့ယဉ်ကျေးမှုကို
တန်ဘိုးထား ချစ်သူ
မသက်ဇင်

တာတူး(၀ါ) အမေ့ခံလူတစ်ယောက် said...

ကို သုတို့ မယ်တို့ရယ် ပြော ပါတယ်ဗျာ ကျနော် ပြောချင်သော ကျနော့ အကြောင်းပါလို့ ဆိုနေမှ ။ ရုပ်ရည်က တွမ်ခရု့စ် နဲ့ နင်လားငါလား အပြိုင်ဆိုတာက မပြောချင်လို့ ထားခဲ့တာ။ ချဲဆီး အသင်းကို ၀ယ်တော့မယ်ဆိုတာက မေ့လို့ မပြောဖြစ်ပဲ ကျန်ခဲ့တာပါ ။ တခြား မေ့တာတွေ ၊ ချန်ခဲ့တာတွေ အတွက်လည်း ခွင့် လွှတ်ပါနော် ။ သတိရ မှ ထပ်ရေးပြမယ် ။ :D

အ မ မခင်ဦးမေ တစ်ယောက်ပဲ စာရေးသူ နဲ့ ဟာဒယ ကိုက် တယ်။ အ မရေ အညာ ပြန် လက်ဆောင် ပုန်းရည်ကြီး ယူမလား ။ ရောက်လာရင် လာပို့ပေးမယ် အမ ။ 

ကိုမာရေးသျှင်ရေ ကျေးဇူးတင်ပါတယ်နော် ။ မေတ္တာ ဖြင့်ကူညီသည် ဆိုလို့ ထမင်း လိုက် မကျွေးတော့ ဘူးနော် ။ :P

ကိုအိမ်လွမ်း သူရေ ကျနော် တော် တယ်ဆိုတာ ခု မှ သိတာလား ။ ညံ့ပဗျာ ။ ဒါဆို ဖိုင်းချမယ် ။ကျနော် မှာတာတွေ အပြင် အမ မခင်ဦးမေဖို့ လယ်သမား တံဆိပ် ပုန်းရည်ကြီး ကွန်တိန်နာ တစ်လုံးစာ သယ်လာခဲ့ ။

ဟိုး . . . ဆရာ ဟိုး ထားနော် . ဟိုးထား. . . လမ်းဆုံက ထိုင်ပြီးပြောချင်လည်း ဒီရောက်မှ ပြောနော် . . . တော် ကြာ အမိမြေက ဂျာနယ်ထဲ စာလုံးအမဲ ကြီးနဲ့ ပါနေဦးမယ် ။ :D

အမ မသက်ဇင်ရေ ခုလို လာဖတ်ပေးတာ ၊ ကော်မန့်ပေးတာ ကျေးဇူး တင်ပါတယ်ခင်ဗျာ။

(လာပေးကြေသူ စာမူခများကို ကျေးဇူးတင်ကြောင်း ပြန်ပြောမည် ကြံတော့ ဘယ်လိုရေးရမယ် မသိဘူး ။ ခုလိုရေး ထားတာကို ပြန်ဖတ်ကြည့်ပြီး လူတွေက ကျနော်တို့ ကို များ ပေါ့ သွမ်းသွမ်း ထင်မလား လည်း စိုးရိမ်မိပါသည်။ ခင်မင် ရင်းနှီးသောကြောင့် ရင်းနှီးသည့် ဟန်ပေါ်အောင် ရေးသားထားခြင်းသာ ဖြစ်ပါသည် ခင်ဗျာ။ အဆင်မပြေမှု့ ရှိပါက ခွှင့်လွှတ်ပေးပါ စာရှူ့သူ ခင်ဗျာ။ )

တာတူး(၀ါ) အမေ့ခံလူတစ်ယောက် said...

အမ မခင်ဦးမေရေ :) ပြုံးပြတာက ? ဖြစ်သွားလို့နော် ။