Monday, September 29, 2008

Just Psychological Test for fun.



သင်အိမ်ထောင်ကျမကျ ဒီအခြေအနေနဲ့ စမ်းသပ်ရအောင်

ကျွန်တော်တို့ အခြေအနေတစ်ရပ်ကို ဖန်တီးကြမယ်။ ခြောက်သွေ့နေတဲ့ တောတန်းတစ်ခုကို ဖြတ်သန်းအသွား အန္တရာယ်တစ်ခုနဲ့ တွေ့တယ်ပေါ့။ အသက်လုပြီး ပြေးနေရတယ်။ မောပန်းနွမ်းနယ်နေပြီ။ အဲဒီအချိန်မှာ ကမ်းပါးတစ်ခုကို ကျော်ဖြတ်ရတယ်။ ခင်ဗျား အရမ်းပင်ပန်းနေပြီ။ ဒါပေမဲ့ အသက်ဘေးနဲ့ ကြုံတွေ့နေရလို့ ကမ်းပါးရံကို ကျော်ဖြတ်ကို ဖြတ်ရတော့မယ်။ အားတင်းလို့ ကျော်ဖြတ်နေတုန်းမှာ ခင်ဗျားရေအရမ်းဆာလာတယ်။ နည်းနည်းလောက် ဆက်ကြိုးစားလိုက်ရင်လည်း ကမ်းပါးကို ကျော်ဖြတ်လို့ အန္တရာယ်ကနေ လွန်တော့မယ်။ ရေကလည်း အရမ်းဆာနေပြီ။ ဆိုးသွားတာတစ်ခုက ခင်ဗျားရေသောက်ချင်တယ်ဆိုရင် ကမ်းပါးရံအောက်ခြေကို ဆင်းသောက်ရမယ်။ ရေကလည်း ရနိုင်တာ ဒီတစ်နေရာပဲ။ ကမ်းပါးရံရဲ့ဟိုတစ်ဖက်မှာက ရေအတွက်မသေချာဘူး။ အောက်ခြေမှာ အန္တရယ်နဲ့ရေ ရှိနေလေရဲ့။ ခင်ဗျားဘာ လုပ်မလည်း။ စိတ်မှာ ပုံဖော်ခံစားကြည့်ပြီး အဖြေတစ်ခု စဉ်းစားထားလိုက်ပါ။ ခင်ဗျား ကမ်းပါးရံကိုပဲ ကျော်ဖြတ်တော့မှာလား၊ ရေဆင်းသောက်မလား။
ပြီးမှ ဆက်ဖတ်ရန်ကို နိပ်နော်။



ခင်ဗျားက ကမ်းပါးရံကိုပဲ ကျော်ဖြတ်လို့ သွားတော့မယ်ဆိုရင် အိမ်ထောင်ကျဖို့အတွက် သိပ်မသေချာသူပါတဲ့။ သူတို့ပြောတာကတော့ အကျပ်အတည်းတစ်ခုကို ဖောက်ထွက်ရာမှာ ကိုယ့်အသက်ကိုကိုယ် ရွေးချယ်လို့တဲ့။
ခင်ဗျားက ရေဆင်းသောက်အုံးမယ် ဆိုရင်တော့ အိမ်ထောင်ကျဖို့ ရာနှုန်းများသူပါတဲ့။ အကျပ်အတည်းတစ်ခုမှာတောင် အသက်ကိုပဓာဏမထားပဲ အန္တရာယ်ရှိရာကို ပြန်သွားလို့တဲ့။

ဟုတ်မဟုတ်တော့ အရမ်းမတွေးကြပါနဲ့။ စိတ်ပိုင်းဆိုင်ရာ အပျော်မေးခွန်းလေးတစ်ခုပါ။ ကျွန်တော့်ကိုလည်း သူငယ်ချင်းတစ်ယောက်က မေးလို့မှတ်မိနေတာလေးပါ။ ဒီမေးခွန်းလေးကို သိပြီးသားဆိုရင်တော့လည်း ပြုံးသွားလိုက်ယုံပေါ့နော။ ဒါနဲ့ စကားမစပ် ကျွန်တော်ကတော့ ရေဆင်းသောက်သေးတယ်ဗျ။ ဟီး…ဟီး..။ အခုထိကတော့ ရည်းစားမရှိ လူပျိုပါခင်ဗျာ။း)

သုခမိန်။…..။

14 comments:

Scott McLean said...

Hello, I'm Scott. Glad to find your blog but unfortunately I can't see words or have translation. Hope to read it sometime.

ဆောင်း said...

ကြော်ငြာဝင်နေတာကိုး အင်းအင်း ပြောပေးမယ် ညီမလေးတွေ တူမလေးတွေကို နော်..

ဒီမှာ လူပျို ဂျီး ကို သုခမိန်ရှိတယ် လို့ 

ထွက်ပြေးသွားရင်တော့ တာဝန်မယူပါ ...

ကိုရင်နော်ခင်လေးငယ် said...

ဗုဒ္ဓွေါ....
ခင်လေးတော့ ကမ်းပါးကြီးကို အားပါးတရ
ကျော်တက်ပစ်လိုက်တာ....
ဘုရား.. ဘုရားး
လွဲပါစေ.. မှားပါစေ...။
ကိုသုခမိန်ကြီး နောက်တာဖြစ်ပါစေ..။

Anonymous said...

ကမ်းပါးကြီးကို အားပါးတရ
ကျော်တက်ပစ်လိုက်တာ ဒါဆို အိမ်ထောင်ကျဖို့  မသေချာဘူးပေါ့ ဒါလည်းကောင်းတာပဲး)

ဒီဇင်ဘာနှင်း said...

အောက်ခြေမှာအန္တရယ်နဲ့ရေ ရှိနေလေရဲ့ ဆိုတော့ ကမ်းပါးကိုပဲ ကျော်ဖြတ်လိုက်တာပေါ့။ အခုတော့ သွားပါပြီ။ တော်သေးတာပေါ့ အပျော်မေးခွန်းလေးတစ်ခုပါဆိုလို့။

Anonymous said...

ကမ်းပါးရံကိုပဲ ကျော်ဖြတ်တော့မယ်…
(ဆက်ဖတ်မယ်ဆိုရင်- ကို မနှိပ်ခင် ဖြေသည်။)
…………………………………………………
ဟီး ဟီး ဟီး ဟီး
(အဆုံးထိဖတ်အပြီး မည်သံစွဲ အင်္လကာ)
ငိုသံလား ရယ်သံလား မခွဲခြားတတ်ပါ။

လင်းဦး(စိတ်ပညာ) said...

အဟဲ... Test လေးက တော်တော်လေး ကောင်းသားဗျ။ ကျွန်တော်လည်း ကမ်းပါးကို ကျော်တက်လိုက်တာ။ အဟ :)

ဇနိ said...

ဟဲဟဲ ကျနော်က ရေပြန်သောက်မယ့်လူ...
(အောက်ကိုဆက်မဖတ်ဘဲ ဖြေလိုက်တာ။)

ကွက်တိပဲ....

megumi said...

ဟောတော့၊ စာဖတ်သူတွေကို မေးတာလား၊ ကိုယ့်ကို ကို ကြေငြာဝင်တာလား။ :P
လူပျိုကြီးဖြစ်ကြောင်းကြေငြာတာ နှစ်ခေါက်ရှိပြီနော်။ ဟွန်း ဟွန်း ။ လုပ်လက်စနဲ့ လူပျိုကြီးပဲလုပ်လိုက်ပါတော့လား ကိုသုခမိန်ကြီးရယ်။ :P :P

ရွှန်းမီ said...

သြော်.. လာကြော်ငြာတာကိုး.. =)
အစ်ကိုကြီးက အသက် ကို မရွေးလို့ လူပျိုကြီးဖြစ်နေတာ နေမှာ . .. အဟဲ..။

thonn thonn said...

ဟိဟိ...သွန်းသွန်းတို့က ရေဆင်းသောက်လိုက်တာ ၊ တော်သေးတာပေါ့ ...။ အဟဲ

သက်တန့် said...

ရေဆင်းသောက်လိုက်တယ်... အဟဲ...
ရေအသက် တစ်မနက်တဲ့ ကြားဖူးလို့... :D

မယ် said...

မယ်လည်းကမ်းပါးကျော်မိပြီ....
ဘယ်လိုလုပ်ရမလဲ
ကိုတားမြစ်ကတော့ဟုတ်တော့ဘူး...
ကြုံတာနဲ့ ကြေငြာတော့တာပဲ...

အလင်းစေတမန် said...

အစကတော့ ကမ်းပါးရံကို ဖြတ်နေတာ
ရေဆင်းသောက်တာပဲ ကောင်းပါတယ်လေ။