Tuesday, September 30, 2008

ညည်းချင်း…….


“ညည်းချင်း”

မိုးဆောင်းနွေတို့ လှည့်ပတ်
ရှစ်နှစ်ဆိုတဲ့၊ အခန်းဆက်မှာ
ပညာပြည့်ဝ၊ ဘွဲ့ တွေရလို့ 
မိဘနဲ့ ဝေး၊ တာဝန်ပေးလို့ 
စွမ်းဆောင်ဝန်တာ၊ အလုပ်မှာကား
ပညာနှင့် နည်းနည်းမှမဆိုင်။

သို့ ပေမဲ့လည်း
တာဝန်တွေသိ၊ လုပ်ဆောင်ခဲ့၏။

နားဖို့ ချိန်၊ ဘယ်မရှိ
စားဖို့ ဆန်၊ ၀ယ်ချိန်မရှိ
စိတ်မပျော်တဲ့၊ ဒီဘဝမှာ
မျှော်လင့်တဲ့၊ စိတ်အာရုံ
အလုပ်ဆိုသည်မှာ
ဈာန်ဝင်စားရာသာ ဖြစ်ခြေသည်တကား။

ဖြစ်ချင်တာမဖြစ်၊
ဖြစ်ချင်တာဖြစ်နေတဲ့လောကမှာ
လုပ်သည့်အလုပ်၊ စာရေးသာသာ
ဟိုလူကအော်၊ ဒီလူငေါက်နဲ့ 
ကြိမ်ဖန်များတော့၊ ဘဝရယ်နာ။

အော်… မေမေရယ်
ဟောဒီ့အလုပ်ကိုလေ
မေမေ့သမီးမှာ…..
စိတ်ပျက်ပါ၏။ ထွက်ပြေးချင်မိ။
မယ်(5:30pm,23.9.08)

5 comments:

Anonymous said...

အတန်းပညာတွေ၊ အတတ်ပညာတွေ တော်ကြပါစို့။
ဘဝနေနည်းအနုပညာမှာ တစ်ဖက်ကမ်းခတ်အောင်သာ ကြိုးစားကျင့်ကြံကြပါစို့။
အပ္ပမာဒေန ၊ သမ္ပာဒေထ

khin oo may said...

လုပ်နိုင်ရင်လုပ် ။ မလုပ်နိုင်ရင်ထွက်. မထွက် နီုင်ရင် ဆက်လုပ်.။ :D

RePublic said...

ဘ၀ရဲ့ ကန့်သတ်ချက်တွေ ကြားမှာ အချုပ်ကျနေသူတစ်ယောက်လိုပါပဲ ၊၊ ဒါဟာလည်း ရှောင်လွဲမရနိုင်တဲ့ သဘောတရားပါ ၊၊ ကောင်းခြင်း ဆိုးခြင်း ရသတွေနဲ့ပေါ့ ၊၊

မသက်ဇင် said...

အော်… မေမေရယ်
ဟောဒီ့အလုပ်ကိုလေ
မေမေ့သမီးမှာ…..
စိတ်ပျက်ပါ၏။ ထွက်ပြေးချင်မိ။

ဒီအပိုဒ်လေးဖတ်ပြီးစိတ်မကောင်းဖြစ်ရတယ်
သူတပါးနိုင်ငံမှာ မျက်နှာလာငယ်ရတယ်နော်
တနေ့ အမိမြေ ကိုပြန်ရင်လေ----
ငါဟာ လုပ်ငန်းရှင်ဖြစ်ရမယ် ဆိုတဲ့ အသိနဲ့
သည်းခံပါ---မျှော်လင့်ချက်ထားပေါ့နော်---
ခင်မင်လျက်
မသက်ဇင်

တားမြစ် ထားသော... said...

ညည်းချင်း။
သိပ်မညည်းပါနဲ့ဗျ။ တနေ့ပေါ့။ ဘယ်နေ့လဲတော့မမေးနဲ့။ အဲဒီတနေ့ပဲ။ ဒါမှမဟုတ် တစ်ခဏ။ ဘယ်တစ်ခဏလဲတော့ မမေးနဲ့။ အဲဒီတစ်ခဏပဲ။

ကိုယ်တိုင်ရှာဖွေရမယ်လေ။

ပျော်ရွှင်အဆင်ပြေပါစေဗျ။

သုခမိန်(E-Journal)