Saturday, September 13, 2008

မြင်သိပုံရှုထောင့်


ဆရာ Republic ရဲ့ “SCALING ”ကို ခံစားအပြီးမှာ ရေးခဲ့တဲ့ comment ပါ။
မိတ်ဆွေက ပို့စ် အဖြစ်တင်ပြီး သိမ်းထားဖို့ တိုက်တွန်းတာကြောင့် “မြင်သိပုံရှုထောင့်” လို့ အမည်တပ်ကာ ဝတ္ထုတိုအဖြစ် သတ်မှတ်ဖော်ပြလိုက်ခြင်းဖြစ်ပါတယ်။

မြင်သိပုံရှုထောင့်

“သုည” ပါဗျ။
“ဝလုံး” ပါ။
မဟုတ်ပါဘူး “အို” ပါ။
“ဇီးရိုး” ပါကွာ။

မာရေးသျှင်

7 comments:

မောင်ငယ်ရင်သွေး said...

ဒါလည်း ဆရာ့ရဲ့ မြင်သိပုံရှုထောင့်ပဲပေါ့နော်….
ရဲရင့်တည်ကြည်ယုံကြည်မှုကို တော့ တကယ်လေးစားပါတယ်။

MgThaJan said...

ဘုံတူညီမှု ခပ်ဝိုင်းဝိုင်း ရေးခြစ်ထားတယ်

မသက်ဇင် said...

မြင်သိပုံရှုထောင့်
ကို
တိုတိုနဲ့လိုရင်း
ရှင်းလင်းပါ့
မာရေးသျှင်
ပြစ်မတင်
ချစ်ခင်လိုရှင့်
သက်ဇင်ဆုတောင်း။

. said...

လ၀န်းကြီးပါ။ :-D

RePublic said...

ကိုမာရေးသျှင် ကြီးက အဲလိုမနောက်ပါနဲ့ဗျ ၊၊ ကျနော် က ဆရာ ဟုတ်ပါဘူးဗျာ ၊၊ ရိုးရိုးပါ ၊၊

အကိုကော်မန့်ရေးသွားတည်းက သဘောကျပြီး ပြုံးနေတာ ၊၊ ရေးသွားတဲ့ အတွေးကိုလေ ၊၊

ခင်မင်စွာဖြင့်

တားမြစ် ထားသော... said...

“ဟေ့လူတွေ၊ တော်ကြတော့။
ခင်ဗျားတို့ အမြင်နဲ့ အထင်တွေပဲ ပြောနေတယ်။
တစ်ကယ်က ဟိုကလေးလက်ဆော့သွားတာ။
သူမှ စာမတတ်ပဲ၊ သူရေးတာမဟုတ်လောက်ဘူး။
ဆွဲတာ။ ဟုတ်တယ်၊ အရုပ်ဆွဲတာနေမယ်။
ကဲ.. သူပြန်လာရင် မုန့်ကျွေးပြီးမေးကြတာပေါ့။”

သုခမိန်(E-Journal)

မင်းရဲရှင် said...

အစ်ကို တို့ ရေ...
ကျွန်တော့်အတွက်တော့...
သုည လည်းဟုတ်၏..ဝ လုံးလည်း
ဟုတ်၏...အို ဆိုလည်း မမှားဘူးလေ..
ဇီးရိုး ဆိုလည်း လက်ခံနိုင်တယ်..
မဟုတ်ဘူး ဆိုလည်း လက်ခံနိုင်တယ်...
မဟုတ်လား ဆိုလည်း လက်ခံနိုင်တယ်...
ကျွန်တော့်အတွက် သူ က နေရာတကာ
ဝင်ဆန့် တာကိုး....
ရိုသေစွာနဲ့ ..