စိတ်ရှုပ်နေလျင် စိမ်းစိုအရိပ်ကောင်းတဲ့ သစ်တစ်ပင်အောက် အဝတ်တစ်စ လို ထိုင်ကြည့်လိုက်ပါ။ တွေးတောခြင်းသည် ဥာဏ်ကောင်းစေ၏။ တစ်ချိန်တုန်းက တစ်ယောက်သောသူသည် အရောင်တွေများစွာ ရှိသည့်တောအုပ်ထဲ နုနုနယ်နယ် အပင်ငယ်လေးတစ်ပင်ကို စိုက်ပျိုးခဲ့သည်။ ထိုအပင်ငယ်လေးသည် လိုသူတွေရဲ့ မေတ္တာနည်းနည်းလေးကို အာဟာရအဖြစ် စားသုံးရင်း မလိုသူတို့ရဲ့ ထိုးနက်မှုကို ခံခဲ့ရသည်။ အရောင်များရဲ့လောင်းရိပ်မိခဲ့၏။ စမ်းတဝါးဝါးဖြစ်ခဲ့ရ၏။ ကြောက်ရွံ့ ခဲ့ရ၏။ ထိုသစ်ပင်ငယ်လေးသည် ခေတ်တွေများစွာကို ကြံ့ကြံ့ခံရင်း၊ လွတ်မြောက်အောင်ရုန်းကန်ရင်း ရင့်ကျက်မှုနှင့်အတူ ရှင်သန်နေခဲ့လေသည်။
မည်သည့်သစ်ပင် အမျိုးအစားနည်း။ ထိုသစ်ပင်ငယ်လေးသည် ခိုင်မာသော ကိုယ်ထည်ရှိ၏။ အတွေ့အကြုံများစွာနဲ့ 
ရက်လုပ်ထားသော ထူထူထပ်ထပ် ခံနိုင်ရည်ရှိသည့် အရေခွံတစ်ခုကို ခြုံထား၏။ အတွင်းသားသည် စေးပျစ်၏။ သို့သော် ဖြူစင်၏။ ဂုဏ်သတ္တိသည် ပျော့ပြောင်း၏။ သို့သော် မာ၏။
ထိုသစ်ပင်ငယ်လေးသည် ကွေးကောက်နေသော ခြေထောက်များစွာနဲ့ ကမ္ဘာမြေသားကို ကုပ်တွယ်ထား၏။ ထိုကမ္ဘာမြေသားထဲမှ ခွန်အားတွေကို စုပ်ယူ၏။ ထိုသစ်ပင်ငယ်၏ လက်များစွာသည် ထိုကမ္ဘာမြေသားကို အုပ်မိုးထား၏။ လုံခြုံမှုကို ပေး၏။ နားခိုမှုကို ပေး၏။ အေးချမ်းမှုကိုပေး၏။ မြဲမြန်ခိုင်မာသည့် သစ္စာရှိမှုကိုပေး၏။ ထို့ကြောင့် ကမ္ဘာမြေသားနှင့်သစ်ပင်ငယ်တို့သည် အဆွေခင်ပွန်းဖြစ်နေ၏။
ထိုသစ်ပင်ငယ်လေးသည် တစ်ရာသီတွင် မကောင်းမှုမှန်သမျှ စွန့်လွှတ်၏။ တစ်ရာသီတွင် ကောင်းမှုမှန်သမျှကို ပြုစု၏။ တစ်ရာသီတွင် ကောင်းကျိုးတွေကို ပေးဝေ၏။ ထို့ကြောင့် အရောင်တွေများစွာရှိသည့်တောအုပ်အထဲ သူ့အလုပ်သူလုပ်ရင်း တစ်ရာသီပြီးတစ်ရာသီ ဖြစ်ကျော်ရင်း သစ်ပင်ကြီးဘဝထဲသို့ ဝင်ရောက်ခဲ့လေသည်။ မွှေးကြိုင်သော ပန်းများလည်း ဖူးပွင့်ခဲ့ပြီးပြီ။ အခုတော့ အသီးတွေ ပြွတ်သိပ်နေအောင် သီးနေကြပြီ။ အသီးများမှာ အရွယ်အစား စုံလင်လှ၏။ တစ်ချို့ကို ကမ္ဘာမြေသားအား ပေး၏။ တစ်ချို့ကို နားခိုသူတို့အား ပေး၏။
တစ်နေ့သောအခါ တစ်ယောက်သောသူသည် ထိုသစ်ပင်အောက်သို့ ရောက်လာ၏။ အသီးတွေ ပြွတ်သိပ်နေသော အပင်ပေါ် မော့ကြည့်၏။ “သြော် အသီးတွေ အများကြီးပဲ။ အဘယ်သို့သော အသီးတွေပါနည်း" ဟု ဆိုက ထွက်ခွာသွား၏။ တစ်ယောက်သောသူသည် ခူးဆွတ်၏။ အနံ့ နမ်းကြည့်၏။ "သြော် စားလို့ရမည်မဟုတ်" ဟုဆိုကာ သွားလေ၏။ တစ်ယောက်သောသူသည် ခူးဆွတ်၏။ တစ်ကိုက် ကိုက်ကြည့်၏။ "အရသာမရှိပါဘူး" ဟုဆိုကာ သွားလေ၏။ တစ်ယောက်သောသူသည် ခူးဆွတ်၏။ နှစ်ကိုက်လောက် စားကြည့်၏။ "အရင်က စားဖူးတဲ့အသီးတွေနဲ့ အတူတူပဲ" ဟူ၍ သွားလေ၏။ တစ်ယောက်သောသူသည် ခူးဆွတ်၏။ တစ်လုံးစားကြည့်၏။ "သြော် အရသာထူးသားပဲ" ဟုဆိုကာ သွားလေ၏။ တစ်ယောက်သောသူသည် ခူးဆွတ်၏။ စားကြည့်၏။ ပြုံး၏။ သူ၏မိတ်ဆွေတွေအတွက် သယ်ဆောင်သွား၏။ စကားမဆိုခဲ့ချေ။ သို့သော် သစ်သီးပင်ငယ်သည်ကား သူအလုပ်သူလုပ်ရင်း ရှင်သန်နေရင်း.....
တစ်နေ့ ထိုအပင်ငယ်အောက်သို့ သူပြန်ရောက်လာခဲ့သည်။ သူသည် အဖိုးအိုတစ်ယောက်။ သူသည် အိုမင်းသွားခဲ့ပြီ။ သို့သော် သစ်သီးအပင်ငယ်သည်ကား ပိုပြီးခန့်ထည်လာ၏။ အဖိုးအိုသည် အပင်ပေါ်သို့ မော့ကြည့်၏။ နားခိုသူ တစ်ချို့ကိုမြင်၏။ အရိုအသေပေး၏။ သူတွေး၏။ သူသည် ထည်ဝါသည့် အပင်၏အရိပ်ကို ခိုလှုံမည်။ နွေးထွေးမှုပေးသည့် ကမ္ဘာမြေသားအပေါ် လဲလျောင်းမည်။ နားခိုသူတွေကို မိတ်ဆွေဖွဲ့မည်။ တန်ဖိုးရှိသည့် သစ်သီးတစ်ချို့ကို လက်ဆောင်အဖြစ်ပေးမည်။ ကမ္ဘာမြေသား အပေါ်မှာ ထည်ဝါသည့်အပင်ငယ်လေးတွေကို ဆက်လက်ရှင်သန်စေမည်။ သူ၏တာဝန်သည် ကမ္ဘာမြေသားနှင့် သစ်ပင်ငယ်တို့ကို ပေါင်းစည်းပေးမည်။ လကာကွယ်ပေးရမည်။ "ဤသစ်ပင်ငယ်သည် အဘယ်မျှအဖိုးတန်သည်"ဆိုသည်ကို သူအသက်ရှိတုန်း နားခိုသူတို့ကို သစ်ပင်ငယ်၏ဂုဏ်သတင်းကို ပြောပြမည်။
သားတို့ ဤသစ်ပင်ငယ်သည် ခွန်းအားကိုပေးသည်။ လုံခြုံမှုကိုပေးသည်။ အေးချမ်းမှုကိုပေးသည်။ ငါ့မျက်လုံးများ မှိတ်သွားသည့်တိုင် ငါ၏ခန္ဒာကိုယ်ကိုယ် သူ၏ရင်ခွင်အတွင်း ထည့်သွင်း၍ နွေးထွေးမှုပေးလိမ်မည်။ ဤသစ်ပင်ငယ်သည် သူသေသွားသည့်တိုင်အောင် သူ၏ဂုဏ်သတင်းနှင့်အတူ "အဖိုးအို" ဆိုသည့် ငါ၏အမည်ကို တမ်းတရင်း ငါ၏လဲလျောင်းရာ မြေကမ္ဘာပေါ် ငါ့ခေါင်းရင်း၌ ငါ့အမည်ကိုဖော်ပြရင်း ငါနဲ့အတူတူ ငါ့ကိုအဖော်ပြုပြီး ငါ၏ဂုဏ်သတင်းကို အများသိအောင် ဖော်ပြနေမည့် အမှတ်အသားသစ်တိုင်အဖြစ် သူ၏ဂုဏ်ကို ဆောင်နေဦးမည် မဟုတ်ပါလား။
(မင်းရဲရှင်)
Thursday, June 17, 2010
သစ်ပင် .... အိုဘဲ့ .. အဆွေခင်ပွန်း
ခံစား၊ ဝေမျှ၊ တင်ပြသူက မင်းရဲရှင် at 3:41 PM 1 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် စတင်ခြင်း, မင်းရဲရှင်
Sunday, June 13, 2010
ကဗျာဆရာ လူငယ်တစ်ယောက်သို့ ပေးစာ အမှတ်တစ်
ခင်များက “အပြင်ဘက်”ကို ကြည့်နေသည်။ ဒါမျိုးက အရှောင်သင့်ဆုံး အလုပ်ဖြစ်၏။ ဘယ်သူဘယ်ဝါမှ အကြံသော်လည်းကောင်း၊ အကူအညီသော်လည်းကောင်း ခင်များကို မပေးနိုင်။ ဘယ်သူမှ မပေးနိုင်။ ခင်များလုပ်သင့်သည်မှာ တစ်ခုတည်း။ ခင်များရဲ့အတွင်းထဲကိုသွား။
ခင်များရဲ့ အတိတ်ဆိတ်ဆုံးကာလတွင် အတွင်းအနက်အရှိုင်းမှသာ ဖြေနိုင်ကောင်းဖြေနိုင်မည့် မေးခွန်းများကို ပြင်ပမှ အဖြေများကိုစောင့်ခြင်း ပြင်ပသို့ မျှော်ခြင်းအားဖြင့် ရင့်သန်ခြင်း အစဉ်အား မနှောင့်ယှက်လေနှင့်။
ပါရီ
၁၇ ဖေဖော်ဝါရီ ၁၉၀၃
ဆရာလေး
ရက်မကြာခင်ကပဲ ခင်ဗျားစာ ရောက်လာသည်။ ကျွန်တော်အပေါ် ယုံကြည်၍ ကျေးဇူးတင်ချင်၏။ တကယ်တော့ ဒါပဲ ကျွန်တော်တတ်နိုင်သည်။ ခင်ဗျားကဗျာတွေကို ကျွန်တော် မဆွေးနွေးနိုင်ပါ။ ဝေဖန်ရေးနှင့် ကျွန်တော့် မှာ ပြဒါးတစ်လမ်း သံတစ်လမ်း စိမ်းလှ၍ဖြစ်သည်။ အနုပညာအလုပ်တစ်ခုအပေါ် ဝေဖန်ရေးတွေက ဘယ်လောက်မှ မထိရောက်။ အမြဲတမ်းလိုလို နားမလည်တတ်ကြ။ “အကြောင်းခြင်းတ” ဟူသည်က လူတွေထင်နေသလောက် ပြောလို့ မလွယ်၊ လက်ဆုပ်လက်ကိုင် ဖြစ်တာတွေချည်း မဟုတ်။ အတွေ့ အကြုံအများစုမှာ ပြောလို့ မလွယ်၊ စကားလုံးများမဝင်နိုင်သော နေရာ အာကာသထဲ၌ ဖြစ်နေကြသည်။ အရာအားလုံးထက်ပိုကဲပြီး ထိုကဲ့သို့ ပြောလို့မရတာတွေကိုပဲ “အနုပညာတွေ”ဟု ခေါ်သည်။ သို့သော် ထိုထိုလျှို့ဝှက်ချက်များစွာ ဖြစ်တည်လာခြင်းများမှာ သက်တမ်းကျပြန်တော့ ကျွန်တော်တို့ရဲ့ ခဏပန်းယာယီ အသက်တွေထက် ရှည်သည်။
သည်လိုနိဒါန်းနဲ့ စကားဦးသန်းပြီးသည့်နောက် ခင်ဗျားကဗျာတွေမှာ ကိုယ်ပိုင်ဟန်မရှိဘူးလို့ ကျွန်တော် ပြောလိုသည်။ သို့သော် ပုဂ္ဂလိက တစ်ကိုယ်တော်ကိစ္စများအား တိတ်တိတ်နှင့် ပုန်းလျှိုးကွယ်လျှိုး အစပျိုးထားခြင်းများတော့ သူတို့၌ ပါပါသည်။ နောက်ဆုံးကဗျာ “ကျုပ်ဝိညာဉ်” ၌ ဒီသဘောကို ကျွန်တော် ရှင်းရှင်းလင်းလင်း ခံစားရပါ၏။ ထိုကဗျာ၌ ခင်ဗျားရဲ့ ကိုယ်ပိုင်သာဖြစ်သော တစ်စုံတစ်ရာသည် စကားလုံးနဲ့ တေးသွားဖြစ်လာအောင် ကြိုးစားနေသည်။ “လီယိုပါဒီသို့”မှာ ကဗျာလှလှလေးဖြစ်၏။ ယင်းကဗျာ၏ “ခမ်းနားသော ဧကစာ ကိုယ်ထီး”ပေါ်လာသည်ဟု ဆိုချင်သည်။ သို့ပင်ဖြစ်ငြား ကဗျာများမှာ သူတို့ပင်ကိုယ် တစ်စုံတစ်ရာမဟုတ်သေး။ လွတ်လပ်သော တစ်စုံတစ်ရာမဟုတ်သေး။ ကဗျာများနှင့် တွဲပါလာသော ခင်ဗျားရဲ့စာကြောင့် ကဗျာများကိုဖတ်ရင်း ကျွန်တော်ခံစားမိသော အနာအဆာများမှာ ပို၍ရှင်းလင်းလာသည်။ ထိုအနာအဆာများမှာ ဘယ်ဟာတွေဟူ၍တော့ တိတိပပ ကျွန်တော်အမည်မတပ်နိုင်။
ကဗျာတွေ ကောင်းကောကောင်းရဲ့လားဟု ခင်ဗျားမေးသည်။ ကျွန်တော့်ကို မေးသည်။ ကျွန်တော့်အရင် သူများကိုလည်းမေးသည်။ မဂ္ဂဇင်းများသို့လည်း ထိုကဗျာတွေပို့သည်။ ကဗျာတွေကို တခြားကဗျာတွေနဲ့ ခင်ဗျားယှဉ်ကြည့်သည်။ အယ်ဒီတာတချို့က ပယ်သော် ခင်ဗျား စိတ်အနှောက်အယှက်ဖြစ်သည်။ ယခုသော် ဒီလိုအလုပ်မျိုးကို ရပ်တန်းက ရပ်ပါဟု ကျွန်တော်ပြောချင်သည်။(ကျွန်တော့်အကြံဥာဏ်ကို ခင်ဗျား လိုချင်ပါသည်ဟုပြောသဖြင့်  ဒီစကားကို ဆိုခြင်းဖြစ်၏)။ ခင်ဗျားက “အပြင်ဘက်”ကို ကြည့်နေသည်။ ဒါမျိုးက အရှောင်သင့်ဆုံးအလုပ်ဖြစ်၏။ ဘယ်သူဘယ်ဝါမှ အကြံသော်လည်းကောင်း၊ အကူအညီသော်လည်းကောင်း ခင်ဗျားကို မပေးနိုင်။ ဘယ်သူမှမပေးနိုင်။ ခင်ဗျားလုပ်သင့်သည်မှာ တစ်ခုတည်း။ ခင်ဗျားရဲ့အတွင်းထဲကိုသွား။ စာရေးဖို့ ခင်ဗျားကိုတွန်းနေသော အကြောင်းပစ္စယကိုရှာ။ ထိုအကြောင်းအရာက အသည်းနှလုံးအထိ အမြစ်တွယ်နေပြီလား မတွယ်သေးဘူးလား မြင်အောင်ကြည့်။ စာမရေးရဟုတားမြစ်သော် ခင်ဗျား သေများသေသွားမလား ကိုယ့်ကိုယ်ကိုယ် ဖြောင့်ချက်ပေး။ ဒါတွေအားလုံးကို ခင်ဗျားရဲ့ တစ်ခုသောညတစ်ည အတိတ်ဆိတ်ဆုံးအချိန်၌ ကိုယ့်ကိုယ်ကိုယ် မေးပါလေ။ “ကျွန်တော်စာမရေးလို့ မဖြစ်ဘူးလား၊ရေးကို ရေးမှလား။ ကိုယ့်ကိုယ်ကိုယ် တူးဆွလျက် နက်နဲသောအဖြေ ထုတ်ပါလေ။ အေး ဟုတ်သဟဟုအဖြေထွက်သော်၊ ခမ်းနားသော ဤမေးခွန်းကို “ကျွန်တော်ရေးကိုရေးမယ်”ဟူ၍ အင်နှင့်အားနှင့် ရှင်းရှင်းဖြေသော်၊ ထိုအဖြေနှင့်လျော်စွာ ဘဝကိုတည်ဆောက်ပါလေ။ ထူး၍မခြားနားသော အချိန်များ၌သော်မှ ဘဝတစ်ခုလုံးအား ထိုသွေးခုန်ခြင်းကို သက်သေပြုလျက် ထိုသွေးခုန်ခြင်း၏ သရုပ်သာလျင် ဖြစ်ပါစေ။ ထို့နောက်သော်ကား သဘာဝနှင့်နီးနီးနေပါလေ။ ထိုနောက်၌မူ ကိုယ့်အရင်က ဘယ်သူဘယ်ဝါမှ မလုပ်ဖူးသည့်အလား မြင်သမျှ၊ ခံစားသမျှ၊ ချစ်သမျှ၊ ဆုံးရှုံးသမျှတို့အား ပြောကြားရန် ကြိုးစားပါလေ။ အချစ်ကဗျာများကိုတော့ မရေးလေနှင့်။ လွယ်လင့်တကူ ဘာမှမထူးခြားသော ပုံသဏ္ဌာန်များကို ရှောင်ပါ။ ဒါမျိုးတွေက ရေးရတာ အခက်ဆုံးဖြစ်သည်။ ကိုယ်ပိုင်တစ်စုံတစ်ရာကို ဖန်တီးဖို့မှာ ပြည့်ပြည့်ဝဝမှည့်ရွှမ်းသော စွမ်းအားလိုလိမ့်မည်။ အချစ်အကြောင်း ကောင်းသောကဗျာများ၊ ခမ်းနားတင့်တယ်သည်ဟုပင် ပြောနိုင်သောအရေးအသားများမှာ အစဉ်အဆက် များလှပြီ။ ထိုသို့သော ယေဘုယျအကြောင်းအရာများမှ ကိုယ့်ကိုယ်ကိုယ် ကယ်တင်ပါ။ နေ့စဉ်ဘဝက မိမိအား ပေးအပ်သမျှကိုသာရေး။ ဝမ်းနည်းစရာများနှင့် ဆန္ဒများကိုဖော်ပြ။ မိမိစိတ်ထဲကို ဖြတ်သွားသော အတွေးများ၊ အလှတစ်စုံတစ်ရာ အမျိုးအစားတစ်ခု၌ မိမိ၏သက်ဝင်မှု၊ ထိုထိုအရာများကို နှလုံးသား၌ ခံစားလျက် တိတ်တိတ်ဆိတ်ဆိတ် ရိုရိုကျိုးကျိုး ရိုးသားခြင်းနှင့် တင်ဆက်ပါလေ။ မိမိကိုယ်မိမိ ဖော်ထုတ်ရာ၌ မိမိကိုယ်ကို ဝန်းရံလျက်ရှိသော အရာများ၊ မိမိအိပ်မက်များမှ ပုံရိပ်များ၊ မိမိမှတ်မိနေသော အရာများကိုသုံး။ မိမိနေ့စဉ်ဘဝ အတွေ့အကြုံများမှာ နုံနဲ့လှသည်ထင်သော် ယင်းတို့ကို အပြစ်မတင်လိုက်နှင့်။ ကိုယ့်ကိုယ်ကိုယ်သာ အပြစ်တင်။ ကြွယ်ဝလျက်နှင့် မယူတတ် ကဗျာဆရာတစ်ယောက်ဖြစ်အောင် မတတ်သေးဟုဝန်ခံ။ အဘယ်ကြောင့်ဆိုသော် တီထွင်ဖန်ဆင်းသူ၌ ဆင်းရဲခြင်းဟူသည် မရှိ၊ နုံနဲ့၍ မထူးခြားသော နေရာဟူသည် မရှိ၍ ဖြစ်လေသည်။ အကယ်၍ ခင်ဗျားကိုယ်ခင်ဗျား အကျဉ်းထောင်တစ်ခုထဲ ရောက်နေသည်။ ထိုအကျဉ်းထောင်၏ နံရံများက ကမ္ဘာ၏ မည်သည့်အသံမဗလံကိုမှ ဝင်ခွင့်မပြုဟုခံစားရသော်မှ ခင်ဗျားမှာ ခင်ဗျားရဲ့ကလေးဘဝ တန်ဖိုးဖြတ်မရသော ရတနာ အောက်မေ့တမ်းတစရာများတည်ရာ ဘဏ်တိုက်ရှိလေသေးသည် မဟုတ်လော။ စိတ်အားထိုနေရာသို့လှည့်၊ အပြောကျယ်သော ထိုအတိတ်မှ နစ်မြုပ်နေသော ခံစားမှုများကိုမြှင့်လိုက်ပါ။ စိတ်အားကိုယ်အားသည် မာလာလိမ့်မည်။ ခင်ဗျား၏ ဧကစာ ထီးထီးကျန်ခြင်းသည် ကျယ်ပြန့်လာလျက် ရေးရေးရိပ်ရိပ် ရိုးရိုးရီရီမျှလင်းသော နေရာတစ်နေရာဖြစ်လာလိမ့်မည်။ တခြားသောသူတို့ ဖြတ်သွားသောအသံကား အဝေးဆီမှသာသဲ့သဲ့၊ ထိုနေရာ၌ ခင်ဗျားနေနိုင်လိမ့်မည်။ ထို့အပြင်မူ ထိုသို့သောအတွင်းသို့လှည့်ခြင်း(ဝါ) မိမိကိုယ်ပိုင်ကမ္ဘာလောကထဲသို့ စုပ်စုပ်မြုပ်နစ်နေခြင်းမှ ကဗျာများ ထွက်ပေါ်လာလိမ့်မည်။ ထိုအခါ ကဗျာများ ကောင်း၏ ညံ့၏ မည်သူမည်ဝါကိုတော့မေးလိုက်ဦးမှဟု ခင်ဗျားတွေးတော့မည်မဟုတ်။ မဂ္ဂဇင်းများအား ဤကဗျာများ၌ စိတ်ဝင်စားရန် ကြိုးစားတော့မည်မဟုတ်။ ဒါတွေကား သဘာဝအလျေက်ဖြစ်လာသော ခင်ဗျားချစ်သော ပိုင်ဆိုင်မှု၊ ခင်ဗျားဘဝ၏ အစိတ်အပိုင်းတစ်ခု၊ ဘဝမှလာသော အသံတစ်သံ၊ ထိုကဲ့သို့ ခင်ဗျားမြင်လာ၍ ဖြစ်လေသည်။ လိုအပ်ခြင်းမှ ထွက်ပေါ်လာသောအနုပညာပစ္စည်းကား ကောင်း၏။ အနုပညာပစ္စည်းကို အကဲဖြတ်ရန် ဤနည်းသာ တစ်ခုတည်းသော နည်းလမ်းဖြစ်ပေသည်။ ချစ်သောဆရာလေးခင်ဗျား … ကျွန်တော့်မှာ ခင်ဗျားအား အောက်ဖော်ပြပါ အကြံမှလွဲ၍ တခြား ဘာမှမပေးနိုင်။ “ကိုယ့်အတွင်းထဲသို့ လမ်းသလား။ အသက်ဇီဝစီးရာ ထိုနေရာ ဘယ်ကလောက်နက်ရှိုင်းသည် မြင်အောင်ရှု၊ အရင်းမူလ ထိုစမ်းဝ၌ ခင်ဗျား ဖန်ဆင်းမည် မမည် မေးခွန်း၏အဖြေကို တွေ့လိမ့်မည်။ ထိုအဖြေကို လက်ခံပါလေ။ အနက်ဖတ်ရန် မကြိုးစားနှင့်။ သတ်မှတ်ပြဋ္ဌာန်းပြီးလေပြီ”။ အနုပညာရှင်တစ်ဦးဖြစ်ဖို့ အကြောင်းပါလာသည်ဟု အကယ်၍ တွေးသည်ဆိုပါစို့။ ထိုရောအခါ၌ ထိုပန်းတိုင်သို့ ချီလေတော့၊ ရုန်းပေရော့၊ ထိုဝန်နှင့် ခမ်းနားကြီးကျယ်ခြင်းကို ထမ်းပေရော့။ အပြင်အပ ဗဟိဒ္ဓမှလာမည့် ဆုလာဘ်ကို မမေးစမ်း မမျှော်မှန်းဘဲလျက်။ တီထွင်ဖန်ဆင်းသူကား သူကမ္ဘာလောကနှင့်သူသာ ဖြစ်ကိုဖြစ်ရပေမည်။ သူ့ကိုယ်တိုင်နှင့် သဘာဝထံ ဘဝတစ်ခုလုံး ပုံအပ်ရာ၌ “အလုံးစုံ အားလုံးအား” တွေ့ကို တွေ့ရပေလိမ့်မည်။
အဇ္ဈတ္တအတွင်းနှင့် တစ်ကိုယ်ထီးထီး ဧကစာနေခြင်းသို့ သက်ဆင်းပြီးနောက်သော် ကဗျာဆရာတစ်ဦး မဟုတ်တကားဟု ခင်ဗျားငြင်းဆိုကောင်း ငြင်းဆိုနိုင်ပါသည်။ ပသို့ဆိုစေ ကိုယ့်ကိုယ်ကိုယ်ရှာဖွေခြင်းကား အကျိုးနတ္ထိ ဘာမှမရရှိ မဖြစ်နိုင်။ ကိုယ့်ကိုယ်ကိုယ်ရှာဖွေခြင်းမှသည် ဘဝလမ်းကြောင်းများ တွေ့နိုင်သေးလို့ ဖြစ်သည်။ ထိုလမ်းကြောင်းများ ကောင်းသော် ကောင်းမည်။ ကြွယ်ကြွယ်ဝဝ ဖြစ်သော်ဖြစ်မည်။ (ခင်ဗျားအတွက် ကျွန်တော် ဆုတောင်းပေးသလို) ကျွန်တော်ပြောနိုင်သည်ထက် ကျယ်ပြန့်သော် ကျယ်ပြန့်ပေလိမ့်မည်။
သည်ထက်သည် ဘာများ ခင်ဗျားကို ကျွန်တော် ပြောနိုင်ဦးမှာလဲ။ အရာမှန်သမျှ သူ့နေရာနှင့်သူ အရာရောက်သည်၊ အရေးပါကြသည်။ နောက်ဆုံးအနေနှင့် အကြံတစ်ခုသာ ဖြည့်စွက်ချင်၏။ “ရင့်သန်”လာရန် ငြိမ်ငြိမ်သက်သက်နှင့်သာ ဇွဲကောင်းလျက်သာ လုပ်ဆောင်ပါလေ။ ခင်ဗျားရဲ့ အတိတ်ဆုံးကာလတွင် အတွင်းအနက်ရှိုင်းမှသာ ဖြေနိုင်ကောင်း ဖြေနိုင်မည့် မေးခွန်းများကို၊ ပြင်ပမှအဖြေများကိုစောင့်ခြင်း ပြင်ပသို့ မျှော်ခြင်းအားဖြင့် ရင့်သန်ခြင်း အစဉ်အား မနှောင့်ယှက်လေနှင့်။
ပါမောက္ခ ဟိုရာဆက်၏အမည်ကို ခင်ဗျားရဲ့စာမှာ တွေ့ရခြင်း၌ ကျွန်တော့်အတွက် အရသာရှိပါ၏။ ကြင်နာတတ်သော ထိုပညာရှိအား ကျွန်တော် ကြည်ညိုသည်။ သူ့ကျေးဇူးကား ကျွန်တော့်အပေါ် နှစ်ပေါင်းများစွာ ကြာလှပြီ။ သူ့အား ကျွန်တော် မည်သို့ခံစားနေကြောင်း ကျေးဇူးပြု၍ပြောပေးပါ။ သူ ကျွန်တော်အား ယခုထိအောက်မေ့နေသေးသည်။ ဒါကို အလွန်လေးမြတ်နေပါ၏။
ကျွန်တော့်အား ယုံကြည်စွာပေးလိုက်သော ကဗျာများကို ပြန်ပို့လိုက်ပါသည်။ ခင်ဗျားရဲ့မေးခွန်းများနှင့် ကျွန်တော့်အား ထားရှိအပ်သော ရိုးသားသည့် ယုံကြည်မှုအတွက် ကျေှးဇူးထပ်ခါထပ်ခါတင်ပါသည်။ ကျွန်တော် တတ်နိုင်သလောက်ရိုးသားစွာဖြင့်၊ သူစိမ်းတစ်ယောက်အနေနှင့် ကိုယ်ရှိသည်ထက် ပိုကြွယ်ဝအောင် ကြိုးစားလျက် ခင်ဗျားမေးခွန်းများကို ဖြေလိုက်ပါသည်။
သစ္စာရှိစွာဖြင့်
ရိန်နာမာရီယာရီလ်ကီ
ရီလ်ကီ၏ပေးစာများ - ကိုတာ၊ ကိုရင်တာ နှစ်ပါးသွား၊ ချင်းတွင်း မဂ္ဂဇင်း၊ အမှတ် ၅၁၊ ဇွန်လ၊ ၂၀၁၀ မှ ထုတ်နုတ်ကူးယူမျှဝေခြင်းဖြစ်ပါသည်။
ခံစား၊ ဝေမျှ၊ တင်ပြသူက Anonymous at 2:04 PM 1 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် မာရေးသျှင်, မာရေးသျှင် ဝေမျှခြင်း အနုပညာ
Saturday, June 12, 2010
နယုန်လ ထဲက ဘဝ တစ်စ......
နယုန်လ ထဲက ဘဝတစ်စ ဆိုတဲ့ အဓိပါယ်က
ကျွန်တော်တို့ ဒေသ ရှိတောင်သူလယ်သမားတွေ နယုန်လ ရောက်ရင်
လယ်ယာလုပ်ငန်းခွင်ဝင်ပုံကို
" သား...ထတော့လေ "
အညာစောင်တစ်ထည်အောက် ပုဇွန်တစ်ကောင်လို ကွေးပြီး
လက်နှစ်ဖက်ပေါင်ကြားထဲ ထည့်၍အိပ်မောကျနေသော ကျွန်တော့်
နားထဲသို့  ချိုသာစွာတိုးဝင်လာတဲ့ အမေ့ ရဲ့ အချိန်မှန်နိုးစက်သံ...
သို့ သော် ကျွန်တော်အိပ်ယာမှ မထ.......
" သား..ထတော့ "
ဒုတိယပ္မိ အမေ့ ရဲ့ နိုးစက်အသံက နားထဲခပ်ထန်ထန်ဝင်လာပြီး
အသိဥာဏ်ကို နိုးလိုက်တယ်...သို့ သော် ကျွန်တော် အိပ်ယာမှ မထဖြစ်သေး....
သို့ သော် အသိဥာဏ်က နိုးထ ခဲ့ ပြီ...ပထမ ဦးဆုံးသိလိုက်တာက
အိမ်အပြင်ဖက် အငြိုးကြီးကြီး သဲကြီးမဲကြီး ရွာနေတဲ့ မိုး....တွေးလိုက်တာက
လယ်ထဲဆင်းရတော့မယ်.....(ဒေသ
" ပျင်းလိုက်တာ အိပ်လို့ ကောင်းတုန်း အမေကတော့ နိုးပြန်ပြီ...
ကောင်းကောင်းတောင်မအိပ်ရဘူး
အရွယ် တုန်းကပေါ့"
" သား..လေးနာရီခွဲတော့မယ် ထတော့ "
တတိယပ္မိ အမေ့ရဲ့ အသံနဲ့ အတူ ငေါက်ကနဲထထိုင်လိုက်ချိန် ကျွန်တော့်နှာခေါင်း
ထဲ အလုအယက်တိုးဝင်လာတာက ငါးခြောက်ဖုတ်ဆီဆမ်းအနံ့ 
" သြော်...အမေတောင် ဘုရားဆွမ်းကပ်ပြီးပြီပဲ့ "ဆိုတဲ့ အတွေးနဲ့ အလျင်အမြန်
ကိုယ်လက်သုတ်သင်ပြီး ပူပူလောင်လောင်ထမင်းကို ငါးခြောက်ဖုတ်ဆီဆမ်းနဲ့ 
အူမတောင့်အောင် လွေးလိုက်တာပေါ့....ဒီအချိန
" တဖြောက်ဖြောက်တောက်....ဝေါ.
တဲ့ ......လျပ်တပြက် ဝင်းကနဲ လက်ကနဲအလင်းရောင်တွေကြား အိမ်တစ်ဆောင်
လုံးတုန်သွားအောင် ချုန်းလိုက်တဲ့ မိုးကြိုး....ဇာတ်ပွဲထဲက ပတ်မ ကြီးလိုပဲ့ 
နားတောင်အူသွားတယ်....အလုံပ
အသံနဲ့ မဖိတ်မခေါ်ကျူးကျော်ဝင်လာတ
မှိန်တုတ်တုတ်ရေနံ ဆီမီးခွက်ငယ်လေးကို ငြိမ်းလုလုပေါ့....
" တဖြောက်ဖြောက်တောက်.....ဝေါ
ဆင်းလာတဲ့ ရေစက်တွေဟာ တလောက လုံးကို အမှောင်ဖုန်းပြီး မင်းမူနေပြီလေ..
ကျွန်တော့်အတွက်တော့ တလောကလုံးအမှောင်ဖုန်းနေပေမ
အတွက် လှမ်းထားတဲ့ တန်းပေါ်က အရောင်မွဲမွဲဘောင်းဘီရှည်ကိ
မွဲခြောက်ခြောက်ဖျင်သားအင်္ကျ
မိုးသီးတွေကိုကာကွယ်ဖို့ ဒေသ အခေါ် မိုးကာပိုင်းကို ကျောပြင်ပေါ်လွမ်းခြုံလိုက်
တယ်... ပြီးတော့ ရှေးခေတ် မြန်မာ စစ်သားတွေဆောင်းတဲ့ စစ်ခမောက်လိုလို
ဝါးခမောက်ကို ခေါင်းပေါ်မှာဆောင်း....အိမ်
လက်စွဲတော်ကြိမ်လုံးကို ဆွဲယူရင်း ပေါက်တူးတစ်လက်ကို ပုခုံးပေါ်ထမ်းပြီး
ဖိနပ်မပါ ခြေဗလာနဲ့  မှောင်မဲနေတဲ့ မိုးတောကြီးထဲ တိုးဝင်လိုက်ပုံက ပုဂံရာဇဝင်
ထဲ သူရဲကောင်းတွေလိုသတ္တိတွေ အပြည့်နဲ့ ပေါ့....
" အား......"
လို့ မအော်မိပေမဲ့  တစ်ကိုယ်လုံးတုန်သွားမိတယ်.
ရေခဲရေနဲ့ ကျောပြင်ပေါ် ရုတ်တရက်လောင်းချလိုက်သလိုခ
ခြေဖဝါးကတဆင့် ခြေသလုံးတစ်လျောက် အပေါ်ပိုင်းဆန်တက်လာတဲ့ 
အေးစက်မှု့ ...ခန္ဒာကိုယ်အပေါ် အလုအယက်ခုန်းဆင်းနေတဲ့  မိုးသီးဒဏ်...
ခံစားရတဲ့ ဝေဒနာတွေကြောင့် ပါးစပ်ကနေ ငြီးညူတဲ့ အသံ ရုတ်တရက်
ကျယ်ကျယ်လောင်လောင်တိုးထွက်
" အမ်ဘုံမောင် ရွာမယောင်ပျိုး...တစ်မိုးလံ
လျှပ်နွယ်လျှပ်ပန်း မပြတ်တကယ်ယှက်သန်း အမြဲတမ်းဝင်းလက်နေတယ်...
မရွာပါနဲ့ နော် မိုး....မိုး...မိုးရယ်....
တစ်ပိုင်းတစ်စ..ယခုခေတ်ဆို သားစိုးတို့ ..စိုင်းစိုင်းရဲ့ ရေအိုးလေးလုပ်ပါဦး
ဆိုတဲ့ သီချင်းတွေ ဆိုနေမလားပဲ့ ပေါ့.....ဟော သီချင်းဆိုရင်းနဲ့ တောင်
လယ်ကွင်းနား နီးလာပြီ.......
လယ်ကွင်းနား ရောက်ပေမဲ့  ပတ်ဝန်းကျင်ကို ရှင်းရှင်းလင်းလင်းမမြင်
ရသေး..လေတိုက်နေတာ တဝီဝီ...မိုးရွာနေတာ တဖြောက်ဖြောက်
အေးကလည်း အေး..မှောင်မှောင်မဲမဲထဲ ကျွဲနှစ်ကောင်ကို လိုက်ရှာရဦးမည်....
" ငါ့ ကျွဲနှစ်ကောင် ဘယ်နားရောက်နေလဲ" လျှပ်တပြတ် လျှပ်ရောင်ထဲ
သူခိုးမျက်လုံးနဲ့ ကျီးကန်းတောင်းမှောက် ပတ်ဝန်းကျင်ကို ကြည့်ရင်း
ကျွဲများကျက်စားတတ်တဲ့ နေရာကို တွေးဆရင်း ကျွဲရှာပုံတော် ဖွင့်ရပြန်ပြီပေါ့....
" ဖုတ်ဖလပ်....ဖုတ်ဖလပ်"
ဆိုတဲ့ ရွံ့ ပြင်ထဲနင်းလာတဲ့ ခြေသံတစ်သံ နားထဲ တိုးဝင်လာတော့ အသံမာမာနဲ့ 
" ဟေ့...ဘယ်သူလဲ...သြော်....ဥ
ကျွန်တော့် ကျွဲရောတွေ့ မိသေးလား" ဘဝတူ လယ်သမားဦးကြီးကို အငန်းမရ
မေးရတာပေါ့ ..ဦးကြီး လှဖေ က " အေး...ဘယ်သူလဲ...လူကလေး...လ
အေး..အေး...နင့် ကျွဲ နှစ်ကောင်ဟိုဖက်မှာ တွေ့ ခဲ့ တယ်..သွားခေါ်လိုက်တဲ့ "
လောကကြီး တစ်ခုလုံး ဘယ်လောက်ပဲ့မှောင်မဲ သောင်းကျန်းနေပါစေ
နားလည်မှု့ တွေနဲ့  နွေးထွေးတဲ့ ရိုင်းပင်းကူညီမှု့ တွေဟာ တောင်သူလယ်သမား
တွေရဲ့ လှပတဲ့ နှလုံးသား ပြယုဒ် တစ်ခုပေါ့ ....အခက်ခဲ တိုင်းအတွက် မျှော်လင့်
ချက်တိုင်းအတွက် ဒီလို နှလုံးသား တွေ များများလိုအပ်တယ်လေ....
ဟော...တွေ့ လိုက်ပြီ လျှပ်တပြတ် လျှပ်ရောင်ထဲ ရေပြင်ပေါ်မှာ ကျွဲခေါင်း
နှစ်လုံး.....သိပ်တော့မသေချ
ခြေသံလုံလုံနဲ့ကျွဲခေါင်းတွေ နဘေး သို့ လှမ်းရင်း ခပ်တိုးတိုးလေး သခင့် 
အသံပေးခေါ်ကြည့်လိုက်တယ်....
" လောဘ......ဒေါသ....လောဘ....
ပြောပြရဦးမယ်...ကျွန်တော့် ကျွဲ နှစ်ကောင်အကြောင်း....တစ်ကေ
အစားကြီးလို့  လောဘ လို့ နာမည်ပေးထားတဲ့ ကျွဲမ...နောက်တစ်ကောင်က
ဒေါသလို့ ပေးထားတယ်....ဒီအကောင်က သိပ်ဒေါသကြီးတယ်လေ....
ပြီးတော့ ကျွဲဆိုတဲ့ သတ္တဝါက ရွံ့ ဗွက်၊ မိုးရေ ဆိုအရမ်းနှစ်သက်တာ...နွားတေ
တော့ ဆန့် ကျင်ဖက်ပါပဲ့ ..နွားက မိုးရွာရင် ငိုတယ်...ကျွဲက မိုးရွာရင်
ပျော်တယ်....ပြီးတော့ ရွံ့ ထဲ၊ နွံ့ ထ၊ဲ မိုးရေထဲ မှာ ရုန်းအားလည်းကောင်းတယ်
ဆိုတော့ မိုးတွင်း လယ်သမားတွေ အတွက်တော့ မရှိမဖြစ် ရွှေထွက်တဲ့ စက်ပါပဲ့ လေ...
" ဝုန်းဘလွတ်...ဝုန်း..ဝုန်း.
သခင့် အသံကြားတော့ ရွံ့ အိုင်ထဲ တစ်ကိုယ်လုံးစိမ်ရင်း စားမြုံ့ ပြန်နေတဲ့  ကျွဲနှစ်ကောင်
ဝုန်းကနဲ ..ဝုန်းကနဲ ထလိုက်တဲ့ အသံလေ..သူတို့ က သခင်ကို သိပ်သိတယ်....
တဖြည်းဖြည်းလေး အနားတိုး ကျွဲပုခုံးလေး ပွတ်ပြီးတော့ " လုပ်ငန်းခွင်ဝင်ကြစို့ "လို့ 
ပြောပြီး အသာလေး ဆွဲခေါ်လာလိုက်တယ်....ကျွဲနှ
တဖဝါးမှမကွာ ပျင်းရိငြီးငွေ့ စွာလိုက်လာကြတယ်လေ....
လယ်ကွင်းထဲရောက်ပြီ....မိုး
အလင်းလည်း ရောက်ပြီ...လေကတော့ တိုက်တုံး...မိုးရိပ်က တော့တက်တုံး...
လောကတခွင်ဟာ ခပ်မှိုင်းမှိုင်းနဲ့ အတိတ်ကို လွမ်းနေတဲ့ အဖိုးအိုတစ်ယောက်လိုပေါ့..
ရွံ့ ပျော့ပျော့ရေဖွေးဖွေး မမြုပ်တမြုပ်မြစ်ပင်တွေနဲ့ မထွန်ယက်ရသေးတဲ့ 
လယ်ကွင်းပြင်ပေါ် ထွန်တုံးကို ချရင်း ကျွဲပုခုံးပေါ် ထမ်းပိုးတပ်ပြီး ပျိုးခင်းစဝင်ဖို့ 
ပြင်ဆင်ရပြန်ပြီပေါ့....ထို
" တောက်.."ဆိုတာ အချက်ပေးပြီး လက်စွဲတော် ကြိမ်လုံးအရှည်ကို လေထဲ
" ရွှမ်း" ကနဲ မြည်အောင်ဝှေ့ ရမ်းရင်း ထွန်ရေးညီအောင် ဂရုစိုက်ရပြီပေါ့..
ထွန်ရေးကြောင်းညီအောင် လက်က ထွန်တုံးကို ထိန်းရသလို နှုတ်ကလည်း
ကျွဲမောင်နှံ လမ်းကြောင်းတည့်အောင် ရုန်းနိုင်ဖို့ " ဆွေ..လှည့် လည်း....
တာ.....တာ..လှည့်လဲ...ဆွေ..
ရတယ်လေ...
ပြောပြရဦးမယ်..ကျွန်တော်တိ
လမ်းကြောင်းမှန်အောင် ထိန်းဖို့ " ဆွေ" တို့ " တာ"တို့ ကိုသုံးရတယ်..ညာဖက်က
ကျွဲကို ညာဖက်လှည့်ခိုင်းဖို့ " ဆွေလှည့်"လို့ ပြောရတယ်..ဘယ်ဖက်ကကျွဲကိုေ
" တာလှည့်"လို့ ပြောရတယ်...ဘယ်ဖက်လှည့်ဖို
ဆိုတာက စဆွဲတော့လို့ အဓိပါယ်ရတယ်လေ...ဒါတွေကတေ
ရဲ့ ကျွဲတွေကို ထိန်းချုပ်ထားတဲ့ လှပတဲ့ ရိုးရာဓလေ့ဘာသာစကားတစ်ခုပေ
လက်တစ်ဖက် ကထွန်တုံးကိုကိုင်၊ ကျန်တစ်ဖက်က ကြိမ်လုံးရှည်ရှည်ကို
လေထဲ" ရွှမ်း"ကနဲ မြည်အောင်ဝှေ့ ရမ်းရင်း နှုတ်ကလည်းအားမာန်အပြည့်နဲ့ 
ကျွဲမောင်နှံအတွက် လမ်းကြောင်းမှန်အောင်တွန်းအ
ခပ်မှိုင်းမှိုင်းလောကခွင်
အားထုတ်ရတဲ့ ပုံက စစ်ပွဲအတွင်း စစ်သူကြီးတစ်ယောက်လို အားမာန်တွေ
အပြည့်နဲ့ ပေါ့လေ....
မိုးကလည်းရွာလိုက်၊ ရပ်လိုက်၊ လောကတစ်ခွင်လည်း လင်းလိုက်
မှောင်လိုက်၊ မိုးချုန်းသံတညံညံ၊ လေသံ တဝီးဝီးကြား အားမာန်အပြည့်နဲ့ 
လယ်သမားတွေရဲ့ ဘဝတိုက်ပွဲဟာ စပါးအထွက်ကောင်းဖို့ ...အလှူအတန်း
လုပ်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ပေါ့.....ဒီလိုနဲ့ ....
အေးစက်တဲ့ မိုးတောထဲ ထွန်ရေးငင်နေတာ အသံလည်းဝင်လုပြီ...
နဖူးမှ ချွေးလည်းထွက်လုပြီ...ကျွဲေ
နေပြီ...ဝမ်းဗိုက်ထဲကလည်း ဆာလှပြီ ဆိုတော့ မြန်မာစံတော်ချိန် ဆယ်တစ်နာရီ
ခွဲပြီပေါ့....အလုပ်နားချိန
တွေမှာ ရှိတဲ့ သဘာဝနာရီတွေပေါ့...နေ့ လည်စာထမင်းစားချိန်ရောက်ပြ
လယ်နီးချင်းတွေကိုကြည့်လိုက
အလုပ်သိမ်းနေပြီလို့ ပြောတာ...ဟိုး...အရှေ့ လယ်ကန်သင်းဆီက အမေ
ထမင်းတောင်းရွက်ရင်း လာနေပြီ...ထမ်းပိုးကိုဖြုတ်
နိမ့်နယ်ပေးရင်း" ဝေးဝေးမသွားနဲ့ "လို့ တိုးတိုးလေးပြောရင်း လယ်တဲဆီလာနေ
တဲ့  အမေ့ထမင်းတောင်းကူသယ်ဖို့ အပြေးကလေးသွားရပြန်တယ်ပေါ့
" ဟေ့...ဖိုးအောင်...မောင်မဲ.
လို့ ခေါ်တဲ့ အမေ့ရဲ့ တေးသံချိုချို....နားထောင်
ရေနဲ့ မျက်နှာသစ်၊ ခြေလက်သုတ်သင်ပြီး အဝတ်လှဲလိုက်တယ်လေ...
ဆံသုံးဗူးချက်ထားတဲ့ ထမင်းဖွေးဖွေး..အနံ့စူးစူး ငါးပဲဖျော်တစ်ခွက်...
တဲနဘေး အလေ့ကျပေါက်နေတဲ့ တို့ စရာ
လယ်ကန်ဇွန်းရွက်...နီရဲရဲ ဆီတဝင်းဝင်းချက်ထား
တဲ့ ငါးဟင်းတစ်ခွက်...ဘီတာမင်ဓ
ဟင်းတစ်ခွက်နဲ့ မန်ကျည်းရွက်အသုတ်တစ်ခွက်ဟ
နေတဲ့ ကျွန်တော့်အတွက် အဘယ်မျှလောက် အရသာရှိလိုက်နေမည်နည်း...
တွေးသာကြည့်ပေတော့...ပြောမြ
" သားရေတရေးလောက် အိပ်လိုက်ဦး"
ဆိုတဲ့ အမေရဲ့ မေတ္တာသံချိုချို...ပြောင်သ
သိမ်းနေတဲ့ အမရဲ့ အပြုံး....ဟိုး...ခပ်ဝေးဝေ
စားမြုံ့ ပြန်နေတဲ့ ကျွဲမောင်နှံ....ထွန်ယက်ထာ
စွာ အသံတစာစာနဲ့ အုပ်စုလိုက်အစာရှာနေကြတဲ့ လယ်သမားတွေရဲ့ ကျေးဇူး
ရှင် ဆက်ရက် တစ်အုပ်ကြောင့် အလန့် တကြား ခေါင်းလေး ငုံ့ လိုက်....မော့ကြည့်
လိုက်နဲ့ တစ်ကိုယ်တည်းအထီးကျန်စွာ အစာရှာနေသော ဗျိုင်းဖြူတစ်ကောင်..တဲနံရံ
ကိုလေတိုးနေတဲ့ " တရွီရွီ"ဆိုတဲ့ ဂီတအသံ....ကျွန်တော့်အတွက်ေ
ပန်းချီကားထဲက သဘာဝ ဂီတသံ တွေကို မျက်လုံးလေးမှိတ် ခံစားရင်း တရေးနိုးထ
ရင် အစ်အမှန်ဘဝထဲ ပြန်လည်ဝင်ရောက်ဖို့ ကျွန်တော် အားမွေးရဦးမှာပေါ့လေ....
ခံစား၊ ဝေမျှ၊ တင်ပြသူက မင်းရဲရှင် at 10:57 PM 1 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် စတင်ခြင်း, မင်းရဲရှင်
သူမ ရဲ့ အက်ဆေး....
ကျွန်တော်တို့ သူနာပြု ကျောင်းမှာ စာသင်ဖို့ ရောက်လာတာ...
သူနာပြု ကျောင်းလေး ရှိတဲ့  ကျွန်တော်တို့ တောမြို့ လေးကို သူမ စရောက်
တဲ့ နေ့ ...ကြည်လင်တဲ့ အပြုံးကို အသားညက်ညက် မနိုမ့် မမြင့် အရပ်
မျက်ဝန်း လှလှပေါ်မှာ ပန်ဆင်ထားသူ..အသက်သုံးဆယ်မြ
ငြိမ် မှု့ က သူမ အသက်ထက် ကျော်လွန်နေသူ..ဒေသ စကား...ရာသီဥတု...
အစားအစာ အကုန်လုံးက သူမ အတွက် သူစိမ်းတွေ ဆိုတော့ ကျောင်းသူကျောင်း
သားတွေနဲ့ ပိုပြီးရင်းနီးသွားစေတာပေါ
သူမ....နေ့ တိုင်းဖုန်းဆက်တတ်တယ်...အရ
ဖေဖေ မေမေ တို့ နေကောင်းကြရဲ့ လား..သမီး ဒီမှာနေရတာ အကုန်လုံး အဆင်
ပြေပါတယ်တဲ့ ...သူမိဘတွေ ဆီကိုပေါ့ ...
သူမ...ညနေတိုင်း ကျောင်းသူကျောင်းသားတွေ နဲ့  မြို့ ထဲ လျှောက်လည်တယ်...
စက်ဘီး စီးပြီးတော့ ကျောင်းဆင်းချိန်ပေါ့ ...သူမဟာ ကျောင်းသူကျောင်းသား
တွေ နဲ့ တွေ့  ရင် ဆရာမ ဆိုတာ ပျောက်သွားတယ်...သူမကိုယ်တု
ဖြစ်သွားရော...စာသင်ချိန်ပြ
ထက်စာရင် သူမ ဟာ ကျောင်းသူကျောင်းသားတွေ ရဲ့ ခင်မင်မှု့ ကို ပိုရရှိစေတာပေါ့
သူမ ..ကြောက်တတ်တယ်...ဒါကြောင့် မို့ သူ့ အခန်းမှာ ကျောင်းသူတွေ အမြဲ ရှိနေ
တတ်တယ်...ညတိုင်းလည်း သူမရဲ့ အကြောင်း သူမ ရဲ့ ချစ်သူကောင်လေးအကြောင်း
ပြောပြတတ်တယ်.....နောက်ထပ်တ
ချစ်သူ ကောင်လေး က ရေခြားမြေခြားအဝေးမှာ အလုပ်လုပ်နေတယ်..သူပြန်လာရင
လက်ထပ်မှာ..မိဘတွေ ချင်းလည်းသိထားကြပြီးပြီ..လ
ဝယ်ထားပြီးပြီတဲ့ ....ချစ်သူကောင်လေး နဲ့ ငယ်ငယ်လေးကတည်းက အတူတူတွဲလာ
တာ ကျောင်းသွားအတူတူ စားလည်း အတူတူပဲ့ တဲ့ ....သူ့ အကြောင်း ကိုယ့် အကြောင်း
ကောင်းကောင်းသိတယ်..သူက ငါ့ အပေါ်သိပ်ကောင်းတယ်..နားလည်
ငါ့ ကိုလည်း တန်ဖိုးထားတယ်..ချစ်လည်း ချစ်တယ်တဲ့ ...ဒါကြောင့် ငါသူကိုချစ်တာတဲ့ 
တခါတရံ သူမ တည်ဆောက်ချင်တဲ့ ဘဝကမ္ဘာလေးအကြောင်း ပြောပြတတ်တယ်
အိမ်ထောင်ကျရင် ငါဖြစ်ချင်တာတွေ ငါလုပ်ချင်တာတွေလုပ်မယ်တဲ့ ...ညနေတိုင်း
ကိုယ့် ခင်ပွန်းနဲ့ အပြင်ထွက်လည်မယ်..ညတိုင်း တီဗွီ အတူတူကြည့်မယ်..မနက်စော
စော ကျောင်းပို့ ခိုင်းမယ်..ကျောင်းဆင်းချိ
တွေကို ကြည်နူးစွာ ခံယူချင်တယ်တဲ့ ......သူမက အချစ်ဆိုတာ စိတ်ကူးရင် အိပ်မက်
တွေ နဲ့ အရမ်းကို ကြည် နူးစေတယ်တဲ့ လေ....
ဒီလိုနဲ့ ပေါ့ ...တစ်နေ့ ကျောင်းသူတွေနဲ့ အပြင်ထွက်လည်ရင်း အပြန်မှာတော့
ကောင်လေး တစ်ယောက်ရဲ့ ပုံရိပ်တစ်ခုက သူမ မျက်ဝန်းထဲကပ်ပါလာခဲ့တယ်...
ဒီလိုနဲ့ တစ်နေ့ လေဆိပ်ကို ကိစ္စ တစ်ခုနဲ့ သွားရင်း အပြန်မှာတော့ ကောင်လေးရဲ့ 
ပုံရိပ်ဟာမျက်ဝန်းထဲမှ တစ်ဆင့် သူစိတ်ထဲ တိုးဝင်လာခဲ့တယ်..ဒီလိုနဲ့ တနေ့ လေလိုင်း
လေးတစ်ခု ဖုန်းထဲ မှ တဆင့် သူမ ရဲ့ စိတ်ထဲ တိုးဝင်လာခဲ့ ပြန်တယ်...ဒီလိုနဲ့ ဒီလိုနဲ့ 
ညနေတိုင်း လေလိုင်းလေး တစ်ခုဟာ ဖုန်းထဲမှတဆင့် သူမရဲ့ စိတ်ထဲ..စိတ်ထဲ မှတဆင့်
သူမရဲ့ နှလုံးသားထဲ ကိုလွမ်းမိုးလာခဲ့တယ်ပေါ့ လေ....
အေးချမ်းတဲ့ ဆောင်းမနက်ခင်းတစ်ခုမှာ "စ " သုံးလုံးဆိုတဲ့  ဌာနက လူတစ်ယောက်
ကျွန်တော်တို့ ကျောင်းကို အလည်လာခဲ့တယ်..ထူးခြားစွာပဲ့အေးချမ်းတဲ့ မနက်ခင်းမှာ
သူမ အစောကြီးနိုးနေခဲ့ တယ်...အေးချမ်းတဲ့ ဆောင်းတွင်းရေဟာ သူမ အတွက်အရမ်း
ကိုနွေးထွေးစေခဲ့ တယ်..ထူးခြားစွာပဲ့  သူမ ဒီနေ့ အလှပြင်နေခဲ့တယ်..ထူးခြားစ
သူမ နှုတ်ခမ်းနီ ဆိုးထားတယ်...အေးချမ်းတဲ့ ဆောင်းတွင်းမနက်ခင်းဟာ သူမရဲ့ 
နိုးကြားတဲ့  ထကြွလုံ့ လမှု့ အောက်မှာပြားပြားဝံ့နေခဲ့ ရတယ်...သူမဟာထူးထူးခြား
ခြား တစ်နေ့ လုံးပျော်ရွင်နေခဲ့ တယ်လေ.....
ဆောင်းရက်တွေ တဖြည်းဖြည်း အေးစက်လာခဲ့ ပြီ...သူမ လည်းတဖြည်း
ဖြည်း ပြောင်းလဲခဲ့ ပြီလေ...ညနေတိုင်းသူမဟာ ဖုန်းကိုမျှော်တတ်နေပြီ...ည
စက်ဘီးစီး မြို့ အနှံ့ လည်တာ ပျက်ကွက်ခဲ့ပြီ..နေ့ တိုင်းအချစ်သီချင်းတွေဆြို
နေပြီ...ညတိုင်းအချစ်အဓိပါယ
အချစ်ဆိုတာ အရမ်း ထူးဆန်းတာပဲ့ ..သူ့ အကြောင်းတွေးရင်း အလိုလိုပျော်လာ
တယ်..သူ့ ကိုတွေ့ လိုက်ရင် တစ်ကိုယ်လုံးနွေးထွေးလာစေတယ
နေတယ်...သူ့ အသံဟာ သူမ အတွက်ကြည် နူးစေတဲ့  အိပ်မက်တစ်ခုပဲ တဲ့ ....
ငါသူ့ ကိုချစ်မိခဲ့ ပြီ..ဒါကြောင့်ငါဟာ သူရဲ့ မျက်ဝန်းအောက်မှာကျရှုံးခဲ
သြော်.....အချစ်ဆိုတာ ချစ်နေမိတဲ့ သူအတွက် တစ်ဘဝလုံးအရှုံးတွေပိုက်ထား
မျှော်လင့်နေမှု့ ပါတဲ့ .............
ဒီလိုနဲ့ အေးစက်တဲ့ ဆောင်းရက်တွေ နွေးလာခဲ့ ပြီ...သူမလည်း ကောင်လေး
အကြောင်းစုံစမ်းတတ်နေပြီလေ.
မှာ အလုပ်လုပ်တာတဲ့ ...အပေါင်းသင်းလည်းများတယ်
တယ်တဲ့ ဘီယာလည်းသောက်တတ်တယ်တဲ့ ..သူမိဘက သိပ်အချမ်းသာကြီးမဟုတ်
ပေမဲ့  တစ်ဦးတည်းသောသားတဲ့ ...သူမ အတွက် သတင်းတွေလေ....
ပြောရအုံးမယ်..သူမရဲ့ စန်းပွင့်ပုံက
သူမ ကို ကျွန်တော်တို့ မြို့ လေးမှာ ရှိတဲ့ ဂုဏ်ရှိတယ်လို့ အထင်ခံရတဲ့ ဆရာဝန်ကအစ
စစ်ဗိုလ် အဆုံး ယောက်ျား အတော်တော်များများက စိတ်ဝင်စားကြတယ်..ဘာာဖြစ်လု
စိတ်ဝင်စားကြတာလဲ ကျွန်တော် မသိပေမဲ့ ...သတိထားမိတာ တစ်ခုကတော့...
သူမ မှာ လှပတဲ့ မျက်ဝန်းတစ်စုံရှိတယ်..နွေ
တည်ငြိမ်မှု့ တွေရှိတာပါပဲ့ ....
ဒီလိုနဲ့ နွေးထွေးစေတဲ့  နေ့ ရက်တွေရဲ့  မနက်ခင်းတစ်ခုမှာပေါ့ သူချစ်ရတဲ့ 
ကောင်လေးက ချစ်ခွင့် တောင်းလာခဲ့တယ်..လက်ထပ်ခွင
တိုတိုလေး ပြောကြပါစို့ သူတို့ ချစ်သူတွေ ဖြစ်သွားကြတယ်...သူမ ဟာ အရမ်းပျော်
နေခဲ့ တယ်..သူမ ချစ်ရတဲ့ ကောင်လေး က သူမ အပေါ်သိပ်ချစ်တာကိုး....
သူမ ချစ်သူ ကောင်လေး ဟာ ကျောင်းဆင်းချိန် ညနေတိုင်း မြို့ အနှံ့ လည်ဖို့ 
လာခေါ်တယ်....သူမလည်း ညနေတိုင်း အလှဆုံးပြင်ပြီး စောင့် မျှော်ရင်း ချစ်သူ
ကောင်လေး အကြောင်း ပြောပြတတ်နေပြီလေ...
သူက သဘောထားကြီးတယ်တဲ့ ...ပျော်စရာတွေလည်း ဖန်တီးတတ်တယ်တဲ့ ..
သူအလုပ်က သူငယ်ချင်းအပေါင်းအသင်းတွေအ
အပေါင်းအသင်းတွေ နဲ့ ဘီယာသောက်တာ နားလည်ပေးနိုင်တယ်တဲ့ ..သူဟာ ငါ့ ကို
သိပ်ချစ်တယ်တဲ့ ..ငါလည်းသူနဲ့ နေရတာ အရမ်းပျော်တယ်တဲ့ ...သူတို့ စုံတွဲဟာ
အရမ်းပျော်နေခဲ့ တယ်လေ...
ဒီလိုနဲ့  ပူလောင်တဲ့ နွေရဲ့ နေလည်ခင်းမှာပေါ့ .....
သူရဲ့ ကျောင်းနေဖက်ချစ်သူဟာ သူမ ဆီကို ရောက်လာခဲ့ တယ်...သူမ ဟာ အံ့သြတဲ့ 
မျက်ဝန်းတွေနဲ့ တည်ငြိမ်နေခဲ့ တယ်......ဘယ်တုန်းက ရောက်လာတာလဲ...
ဖုန်းလည်းကြိုမဆက်ပါလား...င
တွေ ရှိတယ်...ငါ့ ကို ခွင့် လွတ်ပါသူငယ်ချင်းတဲ့ ...နင့် ကို ငါ လက်မထပ်နိုင်တော့ဘူး.
အရင် က ငါဟာ သိပ်ရင်းနှီးတဲ့ သူငယ်ချင်းသံယောဉ်ကို အချစ်လို့ ထင်ခဲ့ တာ..အခု
အချစ်ဆိုတာ ငါ့ နှလုံးသားက သိလိုက်ပြီတဲ့  ...အခု ငါ့ မှာ ချစ်ရမည့် သူရှိနေပြီ...
ငါသူ့ ကို လက်ထပ်မှာတဲ့ လေ...သြော်....အချစ်ဆိုတာ အပြောင်းလဲမြန်လိုက်တာ...
ပူလောင်တဲ့ နေ့ လည်ခင်းမှာ တည်ငြိမ်တဲ့ စကားလုံတွေဟာ မျှော်လင့်မှု့ တွေနဲ့ 
လာတဲ့ သူငယ်ချင်းချင်းရဲ့ နှလုံးသားကို လောင်ကျွမ်းစေမယ်ဆိုတာ သူမ သိနေခဲ့ တယ်
ဒါပေမဲ့ သူငယ်ချင်း ချစ်သူရဲ့ မျက်ဝန်းတွေ ထဲမှာ မြူတွေ ဆိုင်းနေတာကိုတော့ မသိ
သလိုနေခဲ့တယ်လေ...သြော်...အ
ဒီလိုနဲ့ ပူလောင်တဲ့ နွေညနေခင်းတစ်ခုမှာ သူမမိဘတွေ ရောက်လာခဲ့ ကြတယ်..
အံ့သြစေတဲ့ သတင်းတွေနဲ့ အတူ ပြောင်းလဲနေတဲ့ သူမရဲ့ စိတ်တွေကိုမေးမြန်းဖို့ 
ပေါ့ ...သူမ ဟာ တည်တည်ငြိမ်ငြိမ်လေးနဲ့ ပြန်ပြောနေခဲ့တယ်လေ...
အမေတဲ့ ....အမေ အမေတို့ ဟာ သမီးကို တင့်တင့်တယ်တယ်နေတာကိုပဲ့ 
မြင်ချင်တာပဲ့ တဲ့ ..ဒါပေမဲ့ သမီးရဲ့ ပျော်ရွင်မှု့ စိတ်ခံစားချက်တွေကို လက်လျှူ
ရှူထားကြတယ်တဲ့ ...သမီးတို့ ချမ်းချမ်းသာသာ နေမှ သမီးတို့ ပျော်မယ်လို
အမေ တို့ ထင်နေတာ မဟုတ်လားတဲ့ ...အမေ ...သမီးလည်းအရွယ်ရောက်နေ
ပြီ..စဉ်းစားဆုံဖြတ်နိုင်တဲ
ကိုချစ်ရင် သမီးရဲ့ အိမ်ထောင်ရေးကို သမီးဘာသာ သမီး ဆုံးဖြတ်ပါရစေတဲ့ လေ...
သြော် ...အချစ်ဆိုတာ အခက်ခဲတွေကိုရင်ဆိုင်ရဲတဲ့ သတ္တိတွေလည်း အလိုလို
ပြည့်စုံလာစေပါလား.........
ဒီလိုနဲ့ သူမဟာ ချစ်ရတဲ့ သူနဲ့ မိုးရက်တွေကုန်ဆုံးတဲ့ အထိချစ်သက်တမ်း
ဖြစ်ခဲ့တယ်...အေးချမ်းတဲ့ ဆောင်းညနေခင်းမှာ လက်ထက်ခဲ့ကြတယ်..သူမ ဟာ
အရမ်းကြည် နူးနေခဲ့ တယ်..သူမရဲ့ အိပ်မက်ဟာဖြစ်လာခဲ့ ပြီလေ..သူမတို့ စုံတွဲ
ဟာ ကိုယ်ပိုင်အိမ်လေးနဲ့  နေကြတယ်...တီဗွီ အတူတူကြည့်တယ်...ညနေတိုင်း
ဆိုင်ကယ် စီးပြီး မြို့အနှံ့လည်တယ်..သူမ ကိုမနက်ဆိုရင်ခင်ပွန်းက ကျောင်းကို
လာပို့ တယ်...ကျောင်းဆင်းချိန်ကျရ
စားကြတယ်....တစ်ဦးကိုတစ်ဦ
အတွက်နွမ်းနယ်မှု့ တွေကို ဖြေသိပ်ကြတယ်လေ.....
ဒီလိုနဲ့ ပေါ့ ...သူမတို့ ရဲ့ အိမ်ထောင်ရေးဟာ အချစ်တွေနဲ့ နားလည်မှု့ တွေ
နဲ့ ကြည်နူးမှု့ တွေနဲ့ တည်ဆောက်ရင်း သူမမှာ ခလေးတစ်ယောက်ပိုင်ဆိုင်လာမဲ
လက္ခဏာတွေပြလာခဲ့ ပြီလေ...သူမရဲ့ စိတ်ကူးရင်အိပ်မက်ဟာအမှန်တ
လာခဲ့ ပြီ...သူတို့နှစ်ယောက်စလုံးဟာ အရမ်းကိုပျော်ရွှင်ခဲ့ တယ်လေ...
သူမ ဟာ အရင်ကထက်အနေအထိုင်အစားအသောက
တယ်....ခင်ပွန်းကလည်း အရင်ကထက် ယုယမှု့ တွေ ပိုပြီးပေးခဲ့ တယ်....
ဒါပေမဲ့ လေ သူမ မျှော်လင့် ထားတဲ့ အိပ်မက်ဟာ အေးစက်တဲ့ ဆောင်းညတစ်ညမှာ
ကျကွဲခဲ့ ရတယ်...သူမဟာ ငိုကြွေးနေခဲ့ တယ်...သူမရဲ့ မျက်လုံးတွေဟာ နီရဲနေ
တယ်...မျက်ရည်တွေဟာ ပူပြင်းလို့ အငွေ့ ပျံခြောက်ခမ်းနေပြီ...သူမရ
လှတွေဟာ ခြောက်သွေ့ ညိုမွဲနေခဲ့ ပြီ...သူနာပြု ဆရာမတစ်ယောက် ခေတ်ပညာ
ဆိုတဲ့ အသိတွေနဲ့ ကိုယ်ဝန်ပျက်ကျခဲ့ ပြီလေ....
ဘာကြောင့် မျှော်လင့်သလိုမဖြစ်လာတာလဲ
ဆောင်းညတွေဟာကုန်ဆုံးခဲ့ ပြန်ပြီလေ...ဒီလိုနဲ့ ပူလောင်တဲ့ နွေရက်တွေထဲ အဖြေ
ရှာရင်း ခင်ပွန်းရဲ့ ဂရုစိုက်မှု့ ဟာ အရင်ကထက်လျော့နည်းလာတယ်လို့ သံသယ
အတွေးတွေလည်းဝင်လာတတ်ခဲ့ ပြီ...အရင်က နေ့ ရက်တွေဆို ညနေတိုင်း သူမကို
ခေါ်ပြီး အပြင်သွားလည်တယ်...အခုနောက်
ထားခဲ့ တယ်...သူပြန်လာရင်ဘီယာ အနံ့ နဲ့ အတူ ညနက်မှ အိမ်ပြန်ရောက်လာတယ်.
သူမ ဟာ အခုဆို အထီးကျန်တစ်ယောက်တည်း နွေးထွေးမှု့ နှစ်သိပ်မှု့ တွေလိုအပ်နေ
မိတယ်...ခင်ပွန်းအလုပ် ကို နားလည်ပေးနိုင်တယ်ဆိုတော့ သူမပဲ့ တစ်ယောက်တည်း
ကျိတ်ခံစားနေရတာပေါ့လေ...အခ
တည်းတီဗွီကြည့်ရင်း ..ခင်ပွန်းဘယ်အချိန်လာမလဲ..
ပြေးကြည့်တတ်တဲ့ ပြတင်းပေါက်လေးနားကက်လျက်ထ
ပြန်ရင်း ကြည်နူးမှု့ တွေ ကို တူးဆွရင်း အားပေးနှစ်သိပ်မည့်သူ..ရင်ဖ
ထောင်ပေးမည့်သူကိုစောင့် မျှော်ရင်း နားလည်မှု့ နဲ့ အတူ အားငယ်နေတဲ့ 
သူမ တစ်ယောက်အကြောင်းပေါ့လေ...
ခံစား၊ ဝေမျှ၊ တင်ပြသူက မင်းရဲရှင် at 7:19 PM 1 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် စတင်ခြင်း, မင်းရဲရှင်
Friday, June 4, 2010
ကြယ်တွေငိုလျှင် - နေမျိုး
ကြယ်တွေငိုလျှင် ကျွန်တော်အိမ်ကို မပြန်ချင်တော့ပါ။ ကြယ်တွေငိုလျှင် ကျွန်တော် ဝမ်းနည်းသည်။ လမ်းများပေါ်မှာ ကျွန်တော် လျှောက်သွားမည်။ ခြေလှမ်းတွေရဲ့စေရာကို လိုက်ပါသွားတော့မည်။ ကောင်းကင်ဆီ မော့ကြည့်လိုက်လျှင် တရုတ်ဝတ္ထုတစ်ပုဒ်ထဲက ကြယ်တွေမှာ ဝမ်းနည်းဟန်ဖြင့် မှိုင်းရီနေကြသည် ဆိုသောစာသားကို အမှတ်ရလာတော့သည်။ ကြယ်တွေငိုလျှင် ကျွန်တော်ဝမ်းနည်းသည်။ ကျွန်တော့်ဇနီးသည် ကြယ်တစ်ခုဖြစ်သွားလျှင် မည်းမှောင်သော အာကာသဆီမှ ကျွန်တော့်ကို ငုံ့ကြည့်ကာ မျက်ရည်လည်နေပေလိမ့်မည်။ အကယ်၍ ဤစိတ်ကူး၏ ရူးနှမ်းမှုသာ မှန်ကန်ခဲ့ပါက ကျွန်တော်သည် ကလေးသုံးယောက်ကိုခေါ်ငင်ကာ အာကာသထဲသို့ လက်ညှိုးညွှန်၍ ဟိုမှာမြင်နေရတဲ့ကြယ်ဟာ သားတို့မေမေပေါ့ဟု ပြောမိပေလိမ့်မည်။ ခုတော့ကလေးတွေက သူတို့အဘိုးအဘွားနှင့် အိပ်မောကျနေရော့မည်။ ကြယ်တွေငိုလျှင် ကျွန်တော်အိမ်ကို မပြန်ချင်တော့ပါ။ ပြန်လာနိုင်မည့် ခရီးတစ်ခုဖြစ်လျှင် ကျွန်တော့်ဇနီးသည် တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ကျွန်တော်တို့ထံ ပြန်လာပေလိမ့်မည်။ ဤသို့ပင် ကျွန်တော့်ကို ယုံကြည်စေသည်။ ညသည် မှိုင်းမှိုင်း ရီရီဝေဝေ။ လေတဟူးဟူးက ကျွန်တော့်ကိုယ်ခန္ဓာထဲနစ်ဝင်ကာ ထွင်းဖောက်တိုက်ခတ်သွားတော့သည်။ လမ်းမများဟူသမျှ ဆုံးအောင်လျှောက်စမ်းချင်သည်။ နေ့များ၊ ညများ၊ သန်းခေါင်ယံများ၊ မွန်းတည့်များ ရောက်လာပေဦးမည်။ မြို့ဟောင်းဈေးဘက်သို့ ကျွန်တော့်ကို သယ်ဆောင်ပါ။ ထပ်၍ လိုက်စမ်းပါရစေ။ နှစ်များစွာ ..........။
နေမျိုး
၂၀၀၃၊ ၆၊ ၂၄
မြည်နေတဲ့ထရမ်းပတ်(ဝတ္ထုတိုငယ်စု)၊ ပထမအကြိမ် ၊ ဇန်နဝါရီလ၊ ၂၀၀၆
ဖြစ်နိုင်ရင် ဒီလိုအနုပညာတွေကို မကြိုက်ချင်ဘူး။ ဒါပေမယ့် မဖြစ်နိုင်တော့ ကြိုက်တယ်။ မကြိုက်ဘဲနေလို့ မရလို့ ကြိုက်တယ်။ အလွတ်နီးပါးရနေတယ်။ လေးနှစ်ကျော်ကျော် အောင့်အည်းထားတဲ့ကြားက အခု မဝေမျှဘဲ မနေနိုင်လို့ ဝေမျှတယ်။ ဖြစ်နိုင်ရင် ဒီလိုအနုပညာတွေကို မခံစားချင်ဘူး။ ဒါပေမယ့် မဖြစ်နိုင်တော့ ရင်ထဲမှာ စူးဝင်နေတယ်။ ဖြစ်နိုင်ရင် .......
မာရေးသျှင်
ခံစား၊ ဝေမျှ၊ တင်ပြသူက Anonymous at 3:14 PM 0 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် မာရေးသျှင်, မာရေးသျှင် ဝေမျှခြင်း အနုပညာ
Friday, May 7, 2010
ကျွန်မတို့ကကော မျောက်တွေပဲလား???
ခံစား၊ ဝေမျှ၊ တင်ပြသူက မယ် at 7:50 AM 0 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် Asterisk, အရောင်စုံ အတွေးများ . . . . .
Wednesday, April 28, 2010
ဓမ္မမှုန်နံ့သာ
နေချင်တာ “ကြက်သားအုပ်မ” ပမာ
အမေမသေမီ
ခြွေချင်တာ “ကိုယ်ချင်းစာကရုဏာ”
အမေမသေမီ
ဝေချင်တာ “အကြင်နာ နဲ့ မေတ္တာ”
အမေမသေမီ
ခွေချင်တာ “တဏှာ နဲ့ ဥပါဒါန်”
အမေမသေမီ
တွေနေတာ “သံယောဇဉ် နဲ့ ဝေဒနာ”
အမေ
နေချင်သလို မနေရပေမယ့်
ခြွေချင်တာ ခြွေပြီး
ဝေချင်တာတွေ ဝေခဲ့
ခွေချင်တာတွေ မခွေနိုင်သေးသမျှ
လျှော့ချနည်းစေခဲ့
တွေဝေတာတွေ အသိ၊သတိနဲ့ ထိန်း
ဘာဝနာကိန်းစေဖို့
အမေအမြဲလိမ်းနေတာ “ဓမ္မမှုန်နံ့သာ”။............။
မေမေ(နဝဒေး)
၂၇၊ ဧပြီလ၊ ၂၀၁၀ (၅၃-နှစ်ပြည့် မွေးနေ့)
သမီးနှစ်ထောင် သားနှစ်ထောင် ဖေဖေရဲ့လက်ဆောင်တွေရဲ့အဝေး ဖေဖေ့ရဲ့နံဘေးမှာ နှစ်ကိုယ်တည်းသာကျင်းပရရှာတဲ့ မေမေ့မွေးနေ့မှာ (“ကြက်သားအုပ်မ”ပမာ နေခွင့်မရရှာသေးတဲ့)မေမေရေးတဲ့ ကဗျာပါ။ ဒီကဗျာကို မေမေက ထုံးစံအတိုင်း ဖုန်းထဲက ရွတ်ဆိုပြခဲ့ပါတယ်။
ခံစား၊ ဝေမျှ၊ တင်ပြသူက Anonymous at 11:31 PM 0 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် မာရေးသျှင်, ဝေမျှခြင်း ကဗျာများ
Tuesday, April 27, 2010
၃၈ ဖြာ မင်္ဂလာတရားတော်
အမှန်ကဒီပို့စ်ကို New Year ကတည်းကတင်ဖို့ရည်ရွယ်ခဲ့တာပါ…
အကြောင်းကြောင်းသော ကိစ္စတွေကြောင့် မတင်ဖြစ်ခဲ့ပါဘူး…
E-Journal မောင်နှမအားလုံးနဲ့ E-Journal ကို လာရောက်လည်ပတ်ကြတဲ့ သူငယ်ချင်း အားလုံး မြန်မာနှစ်သစ် ၁၃၇၂ မှာ မင်္ဂလာတရားတော်နဲ့အညီနေထိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်…
မြန်မာနှစ်သစ် ၁၃၇၂ မှစ၍ ဆန္ဒ နှင့် ဘဝ ထပ်တူကျနိုင်ကြပါစေလို့....
(မယ်, ၁၇.၄.၂၀၁၀)
(၁) အသေဝနာ စ ဗာလာနံ - လူမိုက်ကို ရှောင်ကြည်ခြင်း
(၂) ပဏ္ဍိတာနဉ္ဇ သေဝနာ - ပညာရှိကို ပေါင်းသင်းခြင်း
(၃) ပူဇာစ ပူဇနေယျာနံ - ပူဇော်ထိုက်သူကို ပူဇော်ခြင်း
(၄) ပတိရူပဒေသဝါသောစ - သင့်တော်ရာ အရပ်၌ နေခြင်း
(၅)ပုဗ္ဗေ စ ကတပုညတာ - ရှေးဘဝ ကောင်းမှုပြုခဲ့ခြင်း
(၆)အတ္တသမ္မာပဏိဓိစ - ကိုယ်နှင့်စိတ်ကို ကောင်းစွာထားခြင်း
(၇) ဗာဟုဿစ္စဉ္စ - အကြားအမြင် ဗဟုသုတရှိခြင်း
(၈) သိပ္ပဉ္စ - စက်မှုလက်မှု အတတ် တစ်ခုခုတတ်ကျွမ်းခြင်း
(၉) ဝိနယောစ သုသိက္ခိတော - လူမှုရေး ကျင့်ဝတ်များ သင်ကြားခြင်း
(၁၀) သုဘာသိတာ စ ယာဝါစာ- အကျိုးရှိသောစကားကို ပြောဆိုခြင်း
(၁၁) မာတာပိသုဥပဌာနံ - မိဘတို့ကို လုပ်ကျွေးပြုစုခြင်း
(၁၂.၁၃) ပုတ္တဒါရဿ သင်္ဂဟော - သားသမီးနှင့် ဇနီးတို့ကို ချီးမြှောက်ထောက်ပံ့ခြင်း
(၁၄) အနာကုလာ စ ကမ္မန္တာ - အနှောက်အယှက်မရှိသောအလုပ် လုပ်ရခြင်း
(၁၅) ဒါနဉ္စ - စွန့်ကြဲပေးကမ်း လှူဒါန်းခြင်း
(၁၆) ဓမ္မစရိယာစ - သုစရိုက် တရားများကို ကျင့်ခြင်း
(၁၇) ဉာတကာနဉ္စ သင်္ဂဟော - ဆွေမျိုးတို့ကို ချီးမြှောက်ထောက်ပံခြင်း
(၁၈) အနဝဇ္ဇာနိကမ္မာနိ - အပြစ်ကင်းသော အမှုတို့ကိုပြုခြင်း
(၁၉) အာရတီ ဝိရတီ ပါပါ - မကောင်းမှုမှ ရှောင်ကြဉ်ခြင်း
(၂၀) မဇ္ဇပါနစ သံယမော - အရက်သေစာသောက်စားခြင်းမှ ရှောင်ကြဉ်ခြင်း
(၂၁) အပ္ပမာဒေါစ စမ္မေသု - ကုသိုလ်တရားတို့ကို မမေ့ခြင်း
(၂၂) ဂါရဝေါစ - ရိုသေထိုက်သူကို ရိုသေခြင်း
(၂၃) နိဝါတောစ - မိမိကိုယ်ကို နှိမ့်ချခြင်း
(၂၄) သန္တုဠိစ - တင်းတိမ်ရောင့်ရဲခြင်း
(၂၅) ကတညုတ - သူတပါး၏ ကျေးဇူးကိုသိခြင်း
(၂၆) ကာလေန ဓမ္မဿဝနံ - လျောက်ပတ်သောအခါ တရားနာခြင်း
(၂၇) ခန္တီစ - သည်းခံခြင်း
(၂၈)သောသစဿတာ - ဆုံးမစကားကို နာယူလွယ်ခြင်း
(၂၉)သမဏာနဉ္စ ဒဿနံ - ရဟန်းသံဃာကို ဖူးမြော်ခြင်း
(၃၀) ကာလေန ဓမ္မသာကစ္ဆာ - တရား ဆွေးနွေးခြင်း
(၃၁) တပေါစ - ဣနြ္ဒိယ သံဝရစသော တပအကျင့်တို့ကို ကျင့်ခြင်း
(၃၂) ဗြဟ္မစရိယဉ္စ - အကျင့်မြတ်ကို ကျင့်ခြင်း
(၃၃) အရိယသစ္စာန ဒဿနံ - အရိယာသစ္စာ လေးပါးကို သိမြင်ခြင်း
(၃၄) နိဗ္ဗာန သစ္ဆိကိရိယာစ - နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်း
(၃၅-၃၈) လောကဓံတရားရှစ်ပါးနှင့် တွေ့ကြုံရသော်လည်း မတုန်လှုပ်ခြင်း ၊ မစိုးရိမ်ခြင်း ၊ ကိလေသာမြူမရှိခြင်း ၊ ဘေးရန်မရှိခြင်း
ခံစား၊ ဝေမျှ၊ တင်ပြသူက မယ် at 10:02 AM 0 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် Asterisk, အရောင်စုံ အတွေးများ . . . . .
Saturday, April 24, 2010
နာမည်
လိပ်ပြာ အုံ
ထုံထုံ ပျံ့ပျံ့
မွှေးရနံ့ ။
အမှိုက် တစ်ပုံ
ယင်ကောင် အုံ
မထုံ မပျံ့
အပုပ်နံ့ ။
နာမည်တစ်လုံး ကျက်သရေ
လူတို့ကြားမှာ လွင့်ပျံ့နေ
ပန်းရုံလေလား အမှိုက်ပုံလား
ကွဲပြား ခွဲခြား စွဲမှတ်ထား
မွှေးမြပါစေသား ။.........။
ဆွေသန်း
စိတ်စေတနာ အမြော်အမြင်ကြီးမားစွာ စပ်ဆိုပေးသော ဆရာကြီးကို အမှူးထားလျက်၊ မြန်မာကလေးများအားလုံးကို သူတို့ရင်သွေးလေးတွေပမာ ထပ်တူထားကာ ဝေမျှခွင့်ပေးလာသော ဆရာကြီး၏မိသားစုနှင့်တကွ လိုရာရောက်အောင် ဝိုင်းဝန်းကူညီ ထပ်ဆင့်ဝေမျှ ပို့ဆောင်ပေးကြသူများကို မြန်မာကလေးများအားလုံးရဲ့ကိုယ်စား (မြန်မာ့ကလေးစာပေရဲ့ကိုယ်စား) ကျေးဇူးစကား ဆိုပါသည်။
မာရေးသျှင်
ခံစား၊ ဝေမျှ၊ တင်ပြသူက Anonymous at 3:19 PM 0 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် ကလေးကဗျာများ, မာရေးသျှင်, သဒ္ဓါစံဖတ်ဖို့ မှတ်စုအချို့ 
Sunday, April 18, 2010
ဆဲသံ ဆိုသံ
ဆဲတာ ဆိုတာ ရိုင်းပျစွာ
နားဝ မခံသာ
မသေခင်မှာ ကြိုတင်ပုပ်
သူ့ပါးစပ်က အကျင့်ယုတ်
ပလုတ်ကျင်းလည်း အနံ့မပြယ်
ထောင်းထောင်း ထ နေတယ်
ဘယ်သူကမှ အနားမကပ်
စုပ်ပဲ့ လွန်ညစ်ပတ်
ဆဲတတ်သူကို ဝိုင်းလို့ကြဉ်
လူတို့ မချစ်ခင်
ချစ်စေလိုလျှင် နှုတ်ခံတွင်း
ဆဲသံပျောက်မှ မွှေးပျံ့သင်း
ယဉ်ကျေးကြစေမင်း။..........။
ဆွေသန်း
မြေးကလေးများဖြစ်ကြသော “မငြိမ်းသီရိဟန်”၊ “မချိုဆုသီ” တို့နှင့်တကွ ကလေးတိုင်းအတွက် အမှတ်တရ ...အဖြစ် ကလေးတွေ ပျော်ပျော်ရွှင်ရွှင် ရွတ်ကြ၊ ဆိုကြဖို့ ရည်ရွယ်စပ်ဆိုထားတဲ့ ဆရာဆွေသန်း (ဆရာကြီးဦသန်းဆွေ - မြို့နယ်ပညာရေးမှူးငြိမ်း - ပခုက္ကူမြို့) ရဲ့ “သမီးလေးရဲ့မနက်ခင်း” ကလေးကဗျာများ မှ ကဗျာတစ်ပုဒ်ဖြစ်ပါတယ်။ ဆရာကြီး၏သားဖြစ်သူ၊ မချိုဆုသီရဲ့ဖေဖေ ကိုသီဟဆွေထံမှ ခွင့်ပြုချက်တောင်းခံပြီး ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ မြန်မာကလေးများအားလုံး(သို့) မြန်မာ့အနာဂတ်တစ်ခုလုံးသို့ ရည်ရွယ်ပါသည်။ သူတို့လေးတွေဆီ တကယ်ရောက်ဖို့ ထောက်ပံ့ကူညီ လက်ဆင့်ကမ်းမျှဝေပေးကြမည်ဟု ယုံကြည်ပါသည်။
စိတ်စေတနာ အမြော်အမြင်ကြီးမားစွာ စပ်ဆိုပေးသော ဆရာကြီးကို အမှူးထားလျက်၊ မြန်မာကလေးများအားလုံးကို သူတို့ရင်သွေးလေးတွေပမာ ထပ်တူထားကာ ဝေမျှခွင့်ပေးလာသော ဆရာကြီး၏မိသားစုနှင့်တကွ လိုရာရောက်အောင် ဝိုင်းဝန်းကူညီ ထပ်ဆင့်ဝေမျှ ပို့ဆောင်ပေးကြသူများကို မြန်မာကလေးများအားလုံးရဲ့ကိုယ်စား (မြန်မာ့ကလေးစာပေရဲ့ကိုယ်စား) ကျေးဇူးစကား ဆိုပါသည်။
မာရေးသျှင်
ခံစား၊ ဝေမျှ၊ တင်ပြသူက Anonymous at 12:31 PM 0 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် ကလေးကဗျာများ, မာရေးသျှင်, သဒ္ဓါစံဖတ်ဖို့ မှတ်စုအချို့ 


