Tuesday, August 26, 2008

ငါသာလျှင် ငါ့ကံ၏အရှင်သခင်(၄)


ငါသာလျှင် ငါ့ကံ၏အရှင်သခင်

(ဆွဲဆောင်မှုနိယာမ)

အတွင်းမှအပြင်သို့ ချစ်ခြင်းမေတ္တာ

“စေတနာ ဟံ၊ ဘိက္ခဝေ ကမံ္မ ၀ဒါမိ”
ရဟန်းတို့ စေတနာကိုပင် ကံ ဟု ငါဆိုသည်။

(ဗုဒ္ဓ )

“မေတ္တာဆိုတာ စိတ်မှာလွတ်လပ်သူ၊ စိတ်ဓာတ်အင်အားကြီးမားသူ၊ စိတ်မှာပြည့်စုံနေသူရဲ့ စိတ်မှာ အလိုအလျောက် ဖြစ်လာတာ။ လုပ်ယူရတာ မဟုတ်ဘူး။”

(ဦးဇောတိက)

“မိမိကိုယ်ကို စောင့်ရှောက်ခြင်းသည်ပင် သူတစ်ပါးကို စောင့်ရှောက်ခြင်းဖြစ်သည်။”

မိမိကိုယ်ကို ဂရုစိုက်စောင့်ရှောက်ခြင်းဆိုတာ မဖြစ်မနေ လုပ်ရမယ့် အရာပါ။ ခင်များကိုခင်များ အရင် ဖြည့်မထားရင် သူတစ်ပါးကို ပေးစရာ ဘာမှရှိမှာ မဟုတ်ပါ။



ခင်များရဲ့ ပျော်ရွှင်မှုကို ပထမဦးဆုံး စဉ်းစားပါ။ သင့်ပျော်ရွှင်မှုဟာ သင့်ဝန်တာ။ ကိုယ့်ပျော်ရွှင်မှု ကို ကိုယ်တာဝန်ယူပြီး ကိုယ့်ကိုပျော်ရွှင်စေတဲ့အရာတွေ ခင်များလုပ်တဲ့အခါ ခင်များဘဝနဲ့ ပတ်သက်ဆက်နွယ်သမျှသူတိုင်းအတွက် ခင်များကိုယ်တိုင်ဟာ ပျော်ရွှင်ခြင်း စံနမူနာဖြစ်လာပါတော့တယ်။ ခင်များ ပျော်ရွှင်လာပြီဆိုရင် သူတစ်ပါးကို ဝေမျှဖို့ဆိုတာ ထည့်သွင်းစဉ်းစားစရာ မလိုတော့ပါဘူး။ သူ့အလိုလို စီးဆင်းသွားပါလိမ့်မယ်။

ကိုးကား။.........။ THE SECRET by RHONDA BYRNE

3 comments:

မယ် said...

ဟုတ်..... ကိုမာရေးသျှင်....
ပျှော်ရွှင်တယ်....မပျော်ရွှင်ဘူးဆိုတာ..ကိုယ်စိတ်မှပဲမူတည်တာပါ....
ကိုယ်ကိုယ်တိုင်မှမပျော်ပဲနဲ့ ....
သူများကိုလည်းပျော်ရွှင်အောင်လုပ်နိုင်မှာ မဟုတ်ဘူးနော်...

ထွန်း said...

မပျော်ဘူးလား။ ကဲလာ အပန်းဖြေ ခရီးကို ကြင်နာသူလေးနဲ့ ထွက်ရင် ပျော်သွားမယ် ရော့ လက်မှတ်...
့http://joyful4all.blogspot.com/2008/08/not-so-funny-titanic.html

တားမြစ် ထားသော... said...

“ခင်များ ပျော်ရွှင်လာပြီဆိုရင် သူတစ်ပါးကို ဝေမျှဖို့ဆိုတာ ထည့်သွင်းစဉ်းစားစရာ မလိုတော့ပါဘူး။ သူ့အလိုလို စီးဆင်းသွားပါလိမ့်မယ်။”
***********
ကောင်း၏။