Saturday, August 2, 2008

သီချင်းဗေဒင်ပါ....

ဗေဒင်ကိုစိတ်ဝင်စားတဲ့သူငယ်ချင်းတွေအတွက်...
စိတ်ညစ်နေတဲ့အချိန်...
ပျင်းနေတဲ့အချိန်....
တစ်ခုခုကိုစိတ်စနိုးစနှောင့်ဖြစ်နေတဲ့အချိန်.....
စိတ်ဖြေစရာ တစ်ခုအနေနဲ့ ...
သူငယ်ချင်းတစ်ယောက်ပြောပြဖူးတဲ့.....
သီချင်းဗေဒင်မေးတဲ့နည်းလေးပါ....
သိပြီးသားဖြစ်ရင်လည်း ကျော်သွားလိုက်ပါ...
စိတ်ဝင်စားတယ်ဆိုရင်လည်း စမ်းသပ်ကြည့်လိုက်ပါ....
Winamp လို Software ကို သုံးပြီး Male /Female/Couple Vocalist အစုံပါတဲ့ သီးချင်းပေါင်းစုံ (အချစ်… အလွမ်း… အပျော် ) ကိုထည့်ပါ…
သီချင်းအပုဒ်ရေများရင်ပိုကောင်းပါတယ်……
ပြီးရင်…Play မှာ Shuffle (သို့ ) Random ကို ရွေး…
ပြီးရင် Play ……အဲ…. ပြီးရင် ကိုယ်သိချင်တဲ့မေးခွန်းကိုမေး…
ဥပမာ….. " သူ့စိတ်ထဲမှာကိုယ်နဲ့ ပတ်သက်ပြီးဘာရှိလဲ " လို့ စိတ်ထဲမှာမေးပြီးရင် Next ကို Click ….
အဲ… Play နေတဲ့သီချင်းရဲ့ အဓိပ္ပါယ်ကအဖြေပါပဲ ……
ကိုယ်သိချင်တဲ့မေးခွန်းကို ကိုယ်လိုသလိုမေးပြီး သီချင်းစာသားရဲ့ အဓိပ္ပါယ်ကို အဖြေအဖြစ်ယူလိုက်ပါ….

4 comments:

တားမြစ် ထားသော... said...

ဟား ဟား။
ဗေဒင်မေးမယ်ဆိုပြီး သီချင်းရှာတာ အချစ်သီချင်းနဲ့ အပျော်သီချင်းတွေပဲ တွေ့တယ်။ ဗေဒင်က အကောင်းတွေပဲ ဟောတယ်ဟေ့။ :P
*****
ဝေမျှတာကျေးဇူးပါ။

မင်းကျန်စစ်။ said...

ဟားဟားဟား သဘောကျတယ်ဗျာ။
ကျနော်ဆိုရင်တော့ အချစ်ရယ် ပျော်စရာရယ် ကြည်နူးစရာသီချင်းတွေ ထည့်ပစ်မယ်။
ကဲ ... အားလုံးကောင်းရော :D

မယ် said...

သြော်... ပြောပြီးသားပါနော်... စိတ်ဖြေစရာတစ်ခုအနေနဲ့  .....
အသုံးချလို့ ရအောင်ပါလို့ .....

ဖိုးသောကြာ said...

ကျွန်တော်တို့ သူငယ်ချင်းတစ်ယောက်ကတော့ သူခံစားချက်အတိုင်း သူငြီးတတ်တဲ့ သီချင်းက ပြောင်းပြောင်းသွားတယ်ဗျာ့။ အထက်ကလူတွေပြောသလိုပဲ။ သူလည်း ခံစားချက်နဲ့ လိုက်တဲ့ သီချင်းတွေများများထည့်ပြီးမေးရင် ဗေဒင်က အမြဲမှန်နေမှာပေါ့။ ကျွန်တော်လည်း မေးစမ်းကြည့်ဦးမယ်။