Friday, August 22, 2008

အိပ်မက်

အိပ်မက်
ဟိုးအရင်ကတည်းက
အိပ်မက်တစ်ခုကို စွဲစွဲလမ်းလမ်းမက်ခဲ့ဖူးတယ်။
အိပ်မက်တွေနဲ့သာ ရှင်သန်ခွင့် ရခဲ့ရင်
.................................
အိပ်မက်ဆိုတာ.
ကိုယ်စွဲလမ်းနေတဲ့အရာတွေကို
ပုံဖော်ပေတဲ့သဘောပါ။
ကျနော့်ရဲ့စွဲလမ်းမှုကတစ်မျိုး
သူများတွေမြင်မှာစိုးလို့
အိပ်မက်တွေကို ခိုးပြီးမက်ခဲ့ရသူပါ။
ဘယ်သူမှ မသိစေချင်ပေမဲ့
အိပ်မက်ကလေး သိစေချင်တယ်။
အိပ်မက်ကလေးကို သိစေချင်ပေမဲ့
ဘယ်သူမှ မသိစေချင်ဘူး။
တောကြောင်။.....။

1 comment:

တားမြစ် ထားသော... said...

အိမ်မက်တွေထဲက အကြည့်
အသိစိတ်မှမရှိတာဆိုပေမဲ့
တရားသောနည်းနဲ့ ခိုးအနမ်း
ဟောဟို ကောင်းကင်မှာ
ငါ့စိတ်တို့ ဖြတ်သန်းသွားတယ်။
********************
ကောင်း၏။ ဆက်လက်လို့ချီတက်ပါအုံးဗျာ။