Monday, August 25, 2008

ငါသာလျှင် ငါ့ကံ၏အရှင်သခင်(၃)


ငါသာလျှင် ငါ့ကံ၏အရှင်သခင်

(ဆွဲဆောင်မှုနိယာမ)

အတွင်းမှ အပြင်သို့ ဆက်ဆံရေး

“စေတနာ ဟံ၊ ဘိက္ခဝေ ကမံ္မ ၀ဒါမိ”
ရဟန်းတို့ စေတနာကိုပင် ကံ ဟု ငါဆိုသည်။
(ဗုဒ္ဓ )


“ပထမဦးဆုံး ကိုယ်က သူတစ်ပါးကို နားလည်အောင် ကြိုးစားပါ။ ပြီးတော့ ကိုယ်ကို့ သူတစ်ပါးက နားလည်အောင် ကြိုးစားပါ။”

မာရေးသျှင် သတင်းနှင့် အတွေးအမြင် ... .. .” မှ

ဒါကြောင့် အတွင်းမှအပြင်သို့ဆက်ဆံရေးမှာလည်း မိမိကိုယ်ကို နားလည်အောင် ကြိုးစားဖို့က ပထမဖြစ်ပါတယ်။




“တစ်ဖက်သားကို ကျေနပ်အောင်လုပ်တယ်ဆိုတာ တစ်ဖက်သားကို အောင်နိုင်ခြင်းပါပဲ။ တစ်ဖက်သားကို ကျေနပ်အောင်လုပ်တယ်ဆိုတာ တကယ်တော့ ကိုယ့်အပေါ် ပြုမူဆက်ဆံစေချင်သလို သူ့အပေါ် ပြုမူဆက်ဆံလိုက်ဖို့ပါပဲ။”


ကျနော်တို့ သူများတွေက မိမိအပေါ် ပြုမူဆက်ဆံစေချင်သလို မိမိကိုယ်ကို ပြုမူဆက်ဆံဖြစ်ကြပါသလား။

ကျနော်တို့ရဲ့ ကာယကံမှုတွေဟာ ကျနော်တို့ရဲ့ မနောကံမှုက လာတာပါ။ ဒီတော့ ခင်များကိုခင်များ ချစ်ချစ်ခင်ခင်၊ လေးလေးစားစား မဆက်ဆံခြင်းဟာ “ခင်များဟာ မလေးစားထိုက်သူပါ၊ မချစ်ခင်ထိုက်သူပါ”လို့ ခင်များကိုယ်တိုင် ကြေညာနေတာပါပဲ။ ဒါကြောင့်ပဲ လူတွေရဲ့ ကောင်းကောင်းမွန်မွန် ဆက်ဆံခြင်းဆိုတာ ခင်များ မကြုံဖူးတာပေါ့။တကယ်တော့ အဲဒီလူတွေက အကျိုးတရားသက်သက်မျှသာ။ တကယ့်အကြောင်းတရားက ခင်များကိုယ်တိုင်ရဲ့ အတွေးတွေပါ။

ဒီတော့ အရင်ဆုံး ခင်များကိုခင်များ ချစ်ချစ်ခင်ခင်၊ လေးလေးစားစား ဆက်ဆံပါ။ ခင်များရဲ့ ဘဝမှာ ချစ်ခင်လေးစား အားထားသူတွေ ဝိုင်းဝိုင်းလည်လာမှာ အသေအချာ။


ကိုးကား။.........။ THE SECRET by RHONDA BYRNE

5 comments:

မယ် said...

ကိုမာရေးသျှင်....
ဟုတ်တယ်...သူများကိုနားလည်နိုင်ဖို့ ဆိုတာက... ကိုယ့်ကိုယ်ကိုအရင်နားလည်မှလေနော်...
ကိုယ့်ကိုယ်ကိုမှမလေးစားရင်... သူများကလည်းလေးစားမှာမဟုတ်ဘူးနော်...
ကျေးဇူးပါ....

ထွန်း said...

သိပ်နားလည်တာပေါ့

နားမလည်သူတွေကို ပြောနေရတာ မောတယ် ပေး ပေး ပေး ငါ့အိမ်လခပေး
ပုံ
အိမ်ရှင်

http://joyful4all.blogspot.com/2008/08/funny-landlord_24.html

နောက်တာပါဗျာ.. ပို့ စ်ဖတ်စေချင်လို့ ပါ။ စကားမစပ် ကျနော့်ဆိုဒ် ကို လင့်ထားပြီး အဖွဲ့ ဝင် တွေ တယောက်မှ လာမလည်ကြပါလား။...
ကဲ ခင်များလာရင် ဘာရီတိုက်မယ်

Unknown said...

:)

While we don't know even about ourselves completely, can we get success in trying to know about others? If yes, great. But..... ;P

တားမြစ် ထားသော... said...

“ကျနော်တို့ သူများတွေက မိမိအပေါ် ပြုမူဆက်ဆံစေချင်သလို မိမိကိုယ်ကို ပြုမူဆက်ဆံဖြစ်ကြပါသလား။”

*********************
အတွင်းမှ အပြင်သို့ ချဉ်းကပ်ခြင်း။

အတွေးကောင်းတွေ ဝေမျှတာကျေးဇူးပါ ခင်ဗျာ။

ထွန်း said...

ဒါပေါ့ အတွင်း အပြင်တွေ ချဉ်းကပ်တာတော့ မသိဘူး ခြင်ကပ်တာတော့ မကြိုက်ဘူး။ ဘာရီသောက်တော့လည်း ခြင်က ကပ်နေတာဘဲ
ရော့..................
ခြင်ကပ်နည်းတင်ထားတယ်http://joyful4all.blogspot.com/2008/08/blog-post.html