Monday, June 2, 2008

Funny jokes.


အလည်ရောက်လာသူတွေကို ရီစရာမောစရာလေးတစ်ချို့နဲ့ဧည့်ခံပါရစေ။
ဟိုဟို ဒီဒီမှ တွေ့ရာများကို ဘာသာပြန်ထားခြင်း ဖြစ်ပါတယ်။
ဒီဟာသတွေကို ဖတ်ရင်း တစ်ချက်လောက်လေး မတော်တဆပြုံးသွားရင်ကို ၀မ်းသာလှပါပြီ။




ငါက ဒီလို ဒီလို


အမျိုးသမီး သုံးယောက် စကားဝိုင်းဖွဲ့နေကြလေသည်။
ပထမအမျိုးသမီး - ငါ့ယောက်ျားက ကာလာတီဗွီဝယ်ပေးတယ် စပီကာတွေကလည်း သိပ်ကောင်းတော့ အသံတွေလည်း ကြည်နေတာပဲ၊ သိပ်ကောင်းတယ်။ အပြင်လည်း သွားစရာမလိုတော့ဘူး၊ အိမ်မှာထိုင်ပြီး ကြည့်ယုံပဲ။
ဒုတိယအမျိုးသမီး - ငါ့ကျတော့ ငါ့ယောက်ျားက ဗွီဒီယိုပြစက်ဝယ်ပေးတာ။ အခွေတွေထိုင်ကြည့်နေယုံပဲ။ နင့်ကိုရော ဘာတွေဝယ်ပေးလဲ။ - ဟု ပြောကာ တတိယအမျိုးသမီးအားမေးလိုက်လေသည်။
တတိယအမျိုးသမီး - ငါ့ယောက်ျားက ငါ့ကို ဘာမှ ၀ယ်မပေးဘူး။ ငါနဲ့တွဲပြီး အပြင်ထွက် ရုပ်ရှင်တွေ ပြဇာတ်တွေ သွားကြည့်လို့ရသေးတယ်တဲ့။


ရှင်လောက်တော့…ဟင်း..ဟင်း…ဟင်း..

ယောက်ျားသည် ညမိုးချုပ်အိမ်သို့နောက်ကျပြန်လာပြီး မိန်းမအားပြောလေသည်
- မင်းကလေ ငါဘယ်ရောက်ခဲ့တယ်ဆိုတာ ဘယ်တော့မှလည်း မခန့်မှန်းဘူး။
- ခန့်မှန်းမှာပါ၊ ပထမဆုံး ရှင့် ဗားရှင်(version)လေး အရင်ပြောပါဦး။

အိပ်ယာက တကယ်ထချင်တာလား…


အကယ်၍ သင်သည် နိုးစက်နာရီအနီးတွင် ကြွက်ထောင်ချောက်ကို ထားပါက သင် အလုပ်သို့ အချိန်မှီရောက်ရန်အတွက် အိပ်ယာမှ စောစောထရန် လွယ်ကူပေလိမ့်မည်။

မှတ်သားဖွယ်ရာ

သောက်ဖွယ်မပါသော ပွဲတော်သည် ဓာတ်ပုံကပ်မထားသော မှတ်ပုံတင်နှင့်တူ၏။


7 comments:

တားမြစ် ထားသော... said...

ကောင်း၏။ နှိုးစက်နာရီနားသာ ကြွက်ထောင်ချောက်ချအိပ်လို့ ကတော့.... :P

nyiyekhaung said...

့ သေချာတယ် ကျွန်တော်ကတော့ နေ့တိုင်းကြွက်ထောင်ချောက်မိမှာဗျ ........:P

တာတူး(၀ါ) အမေ့ခံလူတစ်ယောက် said...

" သောက်ဖွယ်မပါသော ပွဲတော်သည် ဓာတ်ပုံကပ်မထားသော မှတ်ပုံတင်နှင့်တူ၏။ "
အဟီး မှန်လိုက်လေ ကိုကေဇက်ရေ ။

Han Thit Nyeim said...

" သောက်ဖွယ်မပါသော ပွဲတော်သည် ဓာတ်ပုံကပ်မထားသော မှတ်ပုံတင်နှင့်တူ၏။ "
ကွက်တိပဲဗျာ...။ မိုက်တယ်။
ပြီးတော့ အင်္ဂလိပ်လိုလေး သိချင်လို့ဗျာ... နောက်ဘိုတွေနဲ့ တွေ့ရင် မှုတ်လို့ရအောင်...။

ကေဇက် said...

Han Thit Nyeim ရေ
အွန်လိုင်းကနေဖတ်ရင်း ပြန်လိုက်တာ မူရင်းကို သိမ်းမထားမိလိုက်လို့ အတိအကျတောင် ဘယ်လိုလဲဆိုတာ မေ့သွားပြီဗျ။ နောက်ပြန်တွေ့ရင် ပြောပြမယ်ဗျာ။

စိုးထက် - Soe Htet ! said...

အဟဲ ... အကုန်မိုက်တယ် :)

Unknown said...

ဟား....ဟား..... လန်းတယ်ကွာ... စိတ်ညစ်စရာတွေ များတုန်း ခါတော်မှီ တင်ပေးတာ ကျေးဇူးကမ္ဘာ.......
ကြွက်ထောင်ချောက် တော့ လုပ်ပါနဲ့ဗျာ။ အလုပ်မရောက်ပဲ ဆေးရုံရောက်လိမ့်မယ်။ ဟီ...ဟိ
မှတ်သားဖွယ်ရာကတော့ အမိုက်ဆုံးဗျို့။ တသက်စာကို မှတ်သွားတယ်။ ကိုဟန်သစ် ပြောသလို ဗိုလ်လိုပါ ပြောပြဗျာ။ ရွှီးလို့ရအောင်.....