Saturday, June 28, 2008

အမုန်း… ဆုံးသူ

အမုန်း… ဆုံးသူ

အချစ်ဆုံး ဆိုတဲ့သူရယ်…
အချစ်တွေကုန်ကာဆုံးမယ့်သူမို့
အချစ်ဆုံးသူလို့ ခေါ်ခဲ့မိလေသလား။

ဆုံးသွားသမျှအချစ်တွေ တစ်ဖန်သစ်ဝေလို့
မုန်းထားသမျှအဖြစ်တွေ မကျန်ရစ်စေဖို့
အချစ်ရေ…
အမုန်းဆုံးသူလို့ ခေါ်ပါရစေလား။……….။

မာရေးသျှင်

2 comments:

တားမြစ် ထားသော... said...

အချစ်ဆုံးသူ တယောက်ကို
အမုန်းဆုံးသူ တစ်ယောက်အဖြစ်ပြောင်းလဲဖို့ဆိုတာ
ဘယ်ခါများမှ ဖြစ်နိုင်မှာလည်း။
ဒါပေမဲ့
ငါကမင်းကို မုန်းနေမှ
မင်းရင်ထဲက အမုန်း
ငါ့အတွက် ပျက်သုန်းမယ်ဆိုရင်
ထာဝရ၊
ငါ အမုန်းရှင်။.....။

ရွှေပြည်သူ (ShwePyiThu) said...

“အမုန်း”နဲ့“ဆုံးသူ”ကြားက ကွက်လပ်လေးကို သဘောကျမိပါတယ်။ အတွေးလေး သိပ်ကောင်းပါတယ်။