Wednesday, April 8, 2009

ThinGyan Wish

"သင်္ကြန် ဆုတောင်း"


ရွက်ဝါကြွေ ပုရစ်ဖူး
တနှစ်ကူး သည်ချိန်ခါ
လန်းရွှင်ဖို့ရာ -

ရှေးစဉ်လာ မြန်ဓလေ့
ချိန်မှန်ဝှေ့ များရင်ခွင်
သင်္ကြန်ခါတွင် -

သူတပါး အေးချမ်းစေ
မေတ္တာဝေ ရေစင်လောင်း
ကျန်းမာစေကြောင်း
လန်းဖြာစေကြောင်း
ပိတောက်ဝါနဲ့
သင်္ကြန်ဆုတောင်း -လိုက်လေရဲ့ ။.....။

--
သုခမိန်

7 comments:

မသက်ဇင် said...

သူတပါး အေးချမ်းစေ
မေတ္တာဝေ ရေစင်လောင်း
ကျန်းမာစေကြောင်း
လန်းဖြာစေကြောင်း
ပိတောက်ဝါနဲ့
သင်္ကြန်ဆုတောင်း -လိုက်လေရဲ့ ။.....။

ပေးတဲ့ ဆုနဲ့ ပြည့်ပါစေ--ကိုသုရေ---

ဇနိ said...

တဖွဲ့သားလုံးလည်း ကျန်းမာ ချမ်းသာ လန်းဖြာပါစေ
ကိုသုခမိန်ပေးတဲ့ဆုနဲ့လည်း ပြည့်ပါစေ
မဇနိ

ဝါခေါင်မိုး said...

ပေးတဲ့ဆုနဲ့ပြည့်ပါစေ။
ဆရာသုလည်း နှစ်သစ်မှာ
အသစ်အသစ်တွေနဲ့ ပျော်ရွှင်ပါစေလို့။

ဝါခေါင်မိုး said...

ပေးတဲ့ဆုနဲ့ပြည့်ပါစေ။
ဆရာသုလည်း နှစ်သစ်မှာ
အသစ်အသစ်တွေနဲ့ ပျော်ရွှင်ပါစေလို့။

Anonymous said...

သာဓု သာဓု သာဓု
စေတနာလည်းတကယ်ပါ အသံလည်းတကယ်သာတဲ့ သင်္ကြန်ဆုတောင်းကဗျာလေးပါပဲခင်မျာ။
များဝေနေ အေးချမ်းစေကြောင်း
ကိုယ့်ကိုယ်ကို မေတ္တာဝေရေစင်လောင်း
နှစ်သစ်ကူးပြောင်း။……….။

သစ္စာ said...

E - Journal လာဖတ်သွားပါတယ်ရှင့်
ကောင်းပါတယ်
ပေးတဲ့ဆုနဲ့ပြည့်ပါစေ

Anonymous said...

ပိတောက်ဝါ... သင်္ကြန်ရေတွေနဲ့ အတူ အားလုံး ရွှင်လန်း ချမ်းမြေ့ နိုင်စေကြောင်း လိုက်ပါ ဆုတောင်းပေးရင်း.. ကဗျာလေးကို နှစ်သက်စွာ ခံစားသွားပါတယ်။