Monday, April 20, 2009

Where the monkey puts his hand by Paulo Coelho


မျောက်တွေလို..

ကျနော်က သူငယ်ချင်းကို ပြောတယ်။
- “မျောက်အိုတကောင်က သူ့လက်ကို ဘယ်တော့မှ အိုးထဲကို မထည့်ဘူး” - ဆိုတဲ့ ထူးခြားထူးခြား ဆိုရိုးလေးတခုရှိသကွ။



- သူ့မှာလည်း သူ့ကိုယ်ပိုင် ဆင်ခြင်ထားတာလေး ပါတယ်။ - လို့ သူငယ်ချင်းက ပြန်ပြောပါတယ်။
- အိန္ဒိယမှာ မုဆိုးတွေက အုန်းသီးကိုဖောက်ပြီး အထဲမှာ ငှက်ပျောသီးကို ထည့်ပြီး အဲဒီဟာကြီးကို တနေရာမှ ပစ်ထားလေ့ရှိတယ်။ မျောက်က အုန်းသီးကို တွေ့တော့ အုန်းသီးအတွင်းကို ငှက်ပျောသီးကို ဖမ်းဆုပ်ဖို့ လက်သွင်းလိုက်တယ်။ ဒါပေမယ့် သူတို့လက်ကို ပြန်မထုတ်နိုင်တော့ဘူး။ ဘာလို့လဲဆိုတော့ ငှက်ပျောသီးဆုပ်ထားတဲ့ လက်သီးဆုပ်က အုန်းသီးပေါက်ဝထက် ပိုကြီးသွားတာကိုး။ ငှက်ပျောသီးကို လက်လွှတ်လိုက်ရမယ့် အစား မျောက်က ဆုပ်ထားတော့ နောက်ဆုံးမှာ မုဆိုး လက်တွင်းမှာ အမိခံလိုက်ရတော့တယ်။
- တို့ဘဝတွေမှာလည်း ဒီလို အဖြစ်အပျက်တွေ ဖြစ်လေ့ရှိတယ်။ သေးမွှားပြီး အသုံးမတည့်တဲ့ အရာလေးတွေကို ပိုင်ဆိုင်လိုတာနဲ့ပဲ လိုချင်မှုရဲ့ အကျဉ်းသားအနေနဲ့ ဘဝကို အဆုံးသတ်သွားရတတ်တယ်။


8 comments:

မသက်ဇင် said...

တို့ဘဝတွေမှာလည်း ဒီလို အဖြစ်အပျက်တွေ ဖြစ်လေ့ရှိတယ်။ သေးမွှားပြီး အသုံးမတည့်တဲ့ အရာလေးတွေကို ပိုင်ဆိုင်လိုတာနဲ့ပဲ လိုချင်မှုရဲ့ အကျဉ်းသားအနေနဲ့ ဘဝကို အဆုံးသတ်သွားရတတ်တယ်။

အလွန်မှန်ပါပေတယ်
E - Journal စာပေအဖွဲ့လေး အစစအရာရာ
အဆင်ပြေကြပါစေ
စာပေ တာဝန်များဒီထက်မက ထမ်းဆောင်နိုင်ကြပါစေ

Welcome said...

မှတ်သား နာယူသင့်တဲ့ ဘ၀အသိပေးစာလေး ဖြစ်တယ်။ နှစ်သက်စွာ ယူသွားပါတယ်

လေးစားစွာဖြင့်
ဝင်းဇော်

Anonymous said...

မဆီမဆိုင် အမဲလိုက်အက. သီချင်းထဲက “မုဆိုးဖြစ်လိုက်.. သားကောင်ဖြစ်လိုက်..” ဆိုတဲ့ စာသားလေး သတိရမိတယ်။ သားကောင်အဖြစ် ကျရောက်ရတဲ့ အကြောင်းရင်းလေးကို စဉ်းစားဆင်ခြင်ရင်း အသိတရားလေး တစ်ခုကို ရလိုက်မိသလို။ “တစ်စုံတစ်ရာ အပေါ် တပ်မက်စွဲလမ်းစိတ်”.. တပ်မက်မှု(တဏှာ) ပေပဲလား။ ပုထုဇဉ်တို့ အနေနဲ့ ပယ်သတ်ဖို့ ခက်ခဲတဲ့ အဖြစ်ကိုလည်း မြင်ယောင်ရပါတယ်။ ပို့လေးကို နှစ်သက်မိတယ်။ ကျေးဇူးတင်ပါတယ် ခင်ဗျာ။ အဆင်ပြေပါစေ။

ကဗျာဦး said...

ပိုစ့်လေးကောင်းပါပေ့ရှင်
ကြိုက်တယ်

တားမြစ် ထားသော... said...

မျောက်တွေလို
ဟုတ်ပါတယ်။ မျောက်တွေလိုပါပဲ။
မျောက်တွေကလည်း၊ လူတွေလိုပါပဲ။
မျောက်နဲ့လူ၊ လူနဲ့မျောက်။
အင်း..
တစ်ခုခုတော့ တစ်ခုခုပဲ။


ကောင်းတဲ့ ပိုစ့်လေးပါ ကိုကေဇက်။
သုခမိန်။

Anonymous said...

ဟဲ ဟဲ ဦးလေးတာရဲ့ စကားကို ငှားသုံးရရင်
”ကျနော်သည် မျောက်က ဆင်းသက်၏“ ပေါ့ ခင်မျာ။

မယ် said...

" သေးမွှားပြီး အသုံးမတည့်တဲ့ အရာလေးတွေကို ပိုင်ဆိုင်လိုတာနဲ့ပဲ လိုချင်မှုရဲ့ အကျဉ်းသားအနေနဲ့ ဘဝကို အဆုံးသတ်သွားရတတ်တယ်။"
ဟုတ်ကဲ့ပါ...လိုချင်တာတွေများလွန်းသွားပြီး ...
ကိုယ်ဟာကိုအကျဉ်းချထားကြတာပါ...

Anonymous said...

ဟုတ်ပါ့ဗျား.. ကိုယ်အန္တာရယ် ကိုယ်မမြင်တော့လဲ ခံရပေတော့မပေါ့။
မှတ်သားစရာပါပဲဗျာ။