ဇင်ဆရာကြီးတယောက်က သူ့တပည့်အား စပါးစိုက်ခင်းကို စောင့်ရှောက်ဖို့ တာဝန်ပေးလိုက်တယ်။
ပထမနှစ်မှာ တပည့်က လိုအပ်တဲ့ရေပမာဏကို မပြတ်သွားအောင် ဂရုစိုက်တယ်။ စပါးပင်တွေ သန်မာထွားကျိုင်းလာပြီးတော့ ကောင်းမွန်စွာ ကောက်ရိတ်သိမ်းရပါတယ်။
တတိယနှစ်မှာ ဓာတ်မြေသြဇာကို ပိုပြီး သုံးပါတယ်။ ကောက်သိမ်းရတာ ပိုများလာပေမယ့် စပါးစေ့လေးတွေကတော့ ပိုပြီးသေးသွားပါတယ်။
- ဓာတ်မြေသြဇာပမာဏကို ဆက်ပြီး ပိုသုံးနေမယ်ဆိုရင် နောက်နှစ်မှာ ဘာမှရမှာမဟုတ်တော့ဘူး - လို့ ဆရာကြီးက ပြောပါတယ်။
- သင်က တစုံတယောက်ကို အကူအညီ အနည်းငယ်သာပေးတာဆိုရင် သင်က တစုံတယောက်ကို ခွန်အားပေးတာဖြစ်ပါတယ်။ အကယ်၍ သင်က သူ့ကို အကူအညီတွေ အများကြီးပေးလိုက်ရင် သင်က သူ့ကို အားနည်းအောင် ပြုလုပ်လိုက်တာပါပဲ။
Thursday, April 2, 2009
Making the field fertile by Paulo Coelho
ဒုတိယနှစ်မှာတော့ ဓာတ်မြေသြဇာထည့်ပါတယ် စပါးပင်တွေက မြန်မြန်ကြီးထွားပြီးတော့ အရင်နှစ်နဲ့စာရင် ကောက်သိမ်းရတာ ပိုများလာပါတယ်။
ခံစား၊ ဝေမျှ၊ တင်ပြသူက ကေဇက် at 4:54 AM
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် ပုံပြင်လေးတွေ, အရောင်စုံ အတွေးများ . . . . ., ကေဇက်
Subscribe to:
Post Comments (Atom)
8 comments:
အင်း ဟုတ်တယ်နော်။
အကူအညီ ပေးတတ်ဖို့တော့လိုတယ်နော်။
ခုလိုစာကောင်းလေးတွေ ဝေမျှပေးတာကျေးဇူးပါ။
Art of Interdependence (အညမညနိဿရည်း) ပေါ့ခင်မျာ။ ဟဲ ဟဲ မှားတယ်ဆိုလည်း ပြင်သွားကြပါဗျာ။
ဘာပဲဖြစ်ဖြစ် မဇ္ဈိမပဋိပဒါ ကျင့်ကြံကြဖို့သာ။ အဲ.. အလယ်စွန်းဆိုတာလည်း ရှိသတဲ့ဗျာ။
ဘာမဆို--မဇ္ဈိမပဋိပဒါ ပဲကောင်းပါတယ်--
ပျော်ရွှင်ပါစေ--
မှတ်သားသွားပါတယ် ခင်ဗျာ။
သူများတွေဆီက အကူအညီ အများကြီး ယူနေတဲ့သူတွေလဲ ကိုယ့်ကိုယ်ကို အားနည်းအောင် လုပ်နေတာမျိုး နေမှာဗျ
ထပ်လာဖတ်ပါတယ်---
ပျော်ရွှင်ပါစေ--
ကိုကေဇက်
မှတ်သားစရာလေးတွေပါ။ ကျွန်တော့်ကိုများ သတိပေးလိုက်သလားလို့တောင် ထင်မိသေးတယ်။ ကျွန်တော်က သူများကို သိပ်အားကိုးချင်တာကိုးဗျ။
ကောင်းတဲ့ ပိုစ့်လေးပါပဲ။
သုခမိန်
E - Journal လာဖတ်သွားပါတယ်ရှင့်
ကောင်းပါတယ်
အကူအညီ ပေးတဲ့ နေရာ၊ ယူတဲ့ နေရာမှာတွေမှာ လိုက်နာသင့်တာလေး ဖတ်ရှု မှတ်သားလိုက်ပါတယ်။
Post a Comment