Wednesday, April 22, 2009

ညီမလေးအတွက် မွေးနေ့လက်ဆောင်ကဗျာ


ဒီနေ့ ၂၃၊ဧပြီ၊၂၀၀၉ ဟာ ကိုချောရဲ့ “ညီမလေးမမမြင့်”လိုပါပဲ ကျနော်ထက်အသက်ကြီးတဲ့ “ညီမလေး”ရဲ့ (၂၉)နှစ်ပြည့် မွေးနေ့ဖြစ်ပါတယ်။

ညီမလေးက ကျနော့်သူငယ်ချင်း မဟုတ်ပါ။ လူချင်းသိတယ်ဆိုရုံလေးတော့ သိပါတယ်။ ညီမလေးဟာ ကျနော့်မိတ်ဆွေရဲ့ မိတ်ဆွေပါ။ ကျနော့်မိတ်ဆွေက သူ့ကို ညီမလေးလို့ ခေါ်ပါတယ်။ ထို့ကြောင့် ကျနော်ကလည်း သူ့ကို ညီမလေးလို့သိပါတယ်။

ထို ကျနော့်သူငယ်ချင်းမဟုတ်သော ကျနော့်ထက် အသက်မငယ်သော ညီမလေးအတွက် ကျနော်က မွေးနေ့လက်ဆောင်ကဗျာရေးပါတယ်။



သုံးဆယ်တစ်လျော့ ၊ မငယ်တော့ပြီ
ချစ်ညီမလေး ၊ လှပဂေး၏
မွေးနေ့ချိန်ခါ ၊ မင်္ဂလာမှ
ရှည်ကြာသမျှ ၊ ဤဘဝတွင်
ချမ်းမြကြည်လင် ၊ မြဲပျော်ရွှင်လျက်
ချစ်ခင်ကြင်နာ ၊ သူတကာကို
မေတ္တာဖြန့်ဝေ …..
ဘမျိုးဆွေ၏
“မတေ”သက်လျာ ၊ ရတနာဟု
ဗြဟ္ဗာနတ်လူ ၊ လှိုက်ဝှန်ဆူပွတ်
ကြည်ဖြူနှစ်သက်ကြစေသောဝ်။……….။

7 comments:

တားမြစ် ထားသော... said...

“မတေ”သက်လျာ ရတနာတဲ့လား...
ကောင်းတဲ့ စကားလုံးဗျ။

ကိုမာရေး သူငယ်ချင်းရဲ့ ညီမလေးဆိုတော့ ကျွန်တော်တို့ ညီမလေးပဲပေါ့ဗျာ။ ကဗျာထဲက ချစ်ခြင်းအားဖြင့်ဆုတောင်းလေးကို ထပ်ဆင့်ဆုတောင်းလိုက်ပါကြောင်း။

သုခမိန်

မသက်ဇင် said...

“မတေ”သက်လျာ ၊ ရတနာဟု
ဗြဟ္ဗာနတ်လူ ၊ လှိုက်ဝှန်ဆူပွတ်
ကြည်ဖြူနှစ်သက်ကြစေသောဝ်။……….။

ကဗျာစပ်ကတော့ နံပါတ် ဝမ်း ပါပဲ
ခုခေတ်မှာ ရှားပါးသည့် အချိုးစပ်လေးပါပဲ
E - Journal စာပေအဖွဲလေး အစစအရာရာ အဆင်ပြေပါစေသောဝ်။

ကဗျာဦး said...

ကဗျာက လန်းတယ်ရှင်

Anonymous said...

ထပ်တူဆုတောင်းပေးလိုက်ပါတယ်နော်

ခင်တဲ့
မေတ္တာရောင်ပြန်

မယ် said...

ကိုမာရေးသူငယ်ချင်းရဲ့ ညီမလေး...
မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် ကိုယ်စိတ်နှစ်ပါးရွှင်လန်းပါစေလို့....

Anonymous said...

ညီမလေးအတွက် ဆုတောင်းပေးသွားပါတယ်ဗျား။ ကဗျာလေးလဲ ကြိုက်တယ်ဗျ

Ðaywalker[Soul] said...

အကြောင်းအရာက သိပ်မထူးဆန်း ရိုးရှင်းပေမယ့်.... ကာရန်ယူထားတာလေးတွေကတော့ လှတယ်ဗျ...

ခင်မင်စွာဖြင့်
စိုးလှိုက်ဦး