Wednesday, December 24, 2008

မွေးနေ့ဆုတောင်း

ဒီနေ့ ၂၀၀၈ ခုနှစ် ဒီဇင်ဘာလ (၂၄)ရက်နေ့ဟာ ညီလေးသို့ပေးစာ(ရက် ၉၀-အဓိဋ္ဌာန် ၊ ငြင်းပယ်ခြင်းရဲ့အလှ)ညီလေးသို့ပေးစာ(ရက် ၉၀-အဓိဋ္ဌာန် ၊ ငြင်းပယ်ခြင်းရဲ့အလှ) -၂ညီလေးသို့ပေးစာ (ဝန်ချတောင်းပန်ခြင်း အနုပညာ) စတဲ့ ညီလေးသို့ ပေးစာ များကို လက်ခံရယူနေတဲ့ ချစ်လှစွာသော ညီငယ်လေးရဲ့ မတော်တဆကြုံကြိုက်တိုက်ဆိုင်မှုတစ်ခု၏ သက်တမ်း (သို့) မွေးနေ့ ဖြစ်ပါတယ်။
ဒီနေ့ဆို ညီလေးဟာ (၂၇) နှစ်သားကြီးဖြစ်ခဲ့ပါပြီ။ ကျနော်အတွက်တော့ ညီလေးဟာ (၂)နှစ်နဲ့ (၇)လသားလေးလို ချစ်ခင်မြတ်နိုးစရာကောင်းပြီး (၇၂)နှစ် လူကြီးကြီးတစ်ယောက်ပမာ ယုံကြည်လေးစားထိုက်သူပါ။ ကျနော့်ရင်ထဲမှာ ချစ်ခြင်းမေတ္တာဟာ ညီလေးကိုချစ်ခင်တတ်ရာက စတင်ပြီး အမြစ်တွယ်ရှင်သန် ကြီးထွားရင့်သန်လာခဲ့တာပါ။
အခု ကဗျာလေးက ညီလေးရဲ့ (၂၆) နှစ်ပြည့်မွေးနေ့မှာ အမေရဲ့ မွေးနေ့ဆုတောင်းပါ။





မွေးနေ့ဆုတောင်း


မွေးမိရင်သွေး ၊ ပိစိကွေးသည်
မွေးမိရင်မှ ၊ လျှင်စွာခွာပြေး
တိုးတက်ရေးမို့ ၊ လွမ်းလွမ်းလျက်သာ
နှစ်တွေကြာလည်း ၊ လွမ်းနေဆဲ ။

မွေးနေ့ရက်မှာ ၊ ဝေးရပ်ရွာမှ
မေ့သည်းချာလေး ၊ မာစေရေးနဲ့
ဘေးကင်းရန်ကွာ ၊ စိတ်ချမ်းသာပြီး
လိုရာဆန္ဒ ၊ ကောင်းသမျှကို
ပြည့်ဝပြီးလျှင် ၊ တရားမြင်တွေ့
မဂ်ဖိုလ်မွေ့စေ။

သံသရာဖြတ် ၊ နိဗ္ဗာန်မြတ်ကို
မရသေးခင် ၊ အောင်မြင်တိုးတက်
မျိုးဆက်ဖွံ့ဖြိုး ၊ ဂုဏ်မြင့်မိုးနေ
မွေးမေတောင်းဆု ၊ ပြည့်ပါစေ။..........။

4 comments:

Anonymous said...

အကိုမာရေးသျှင်ရဲ့ ချစ်ညီလေး ၂၇ မြောက်မွေးနေ့မှသည် နောက်နှစ်ပေါင်း ၁၂၀ တိုင်အောင် ပျော်ရွှင်ချမ်းမြေ့မှုအပေါင်းနဲ့ ခညောင်းပြည့်စုံစေသော်ဝ် ... ။

မသက်ဇင် said...

ိုမာရေးသျှင်ရဲ့ ချစ်ညီလေး --
အတွက် မိခင်ပေးသော ဂရုဏာမေတ္တာ
မွေးနေ့ကဗျာလေးကဖြင့်---
လောက မှာအလှဆုံးပါပဲ--
မွေးနေ့မှသည်--နှစ်ပေါင်း၁၀၀ကျော်ရှည်စေသော်---

တားမြစ် ထားသော... said...

မွေးမေတောင်းဆု ပြည့်ပါစေ။

Welcome said...

မွေးနေ့ဆုတောင်းကဗျာလေးကို
နှစ်သက်စွာနဲ့ ဖတ်သွားပါတယ်

http://winzaw-mdy.blogspot.com