Monday, August 11, 2008

Some Jokes at School.


ဆရာနှင့်တပည့်လေးများ၏ ရယ်စရာလေးများ။


Forward mail တစ်ခုကနေ သဘောကျတာလေးတွေကို မြန်မာမှုပြုထားတာပါ။ ရယ်စရာလေးတွေဆိုတော့လည်း ကိုရင်ညိန်းပြောသလို အသက်ရှည်တာပေါ့ဗျာ။ နော့။ မရယ်ရလည်း ရယ်ရတယ်ပြောဗျာ။ :P

သုခမိန်။…..။
********************************************



ဆရာ။…..။
“မိနွယ် - လူတွေက စိတ်မဝင်စားတော့ပါဘူး ဆိုတဲ့အထိကို အရှိန်ကောင်းကောင်းနဲ့ စကားပြောနေတတ်သူတွေက ဘယ်သူတွေလည်း။ သိရင် ဖြေပါအုံး။”
မိနွယ်။…..။
“ကျောင်းဆရာတွေပါ - ဆရာ”

**********************************************

ဆရာ။…..။
“မင်းအောင် - ရေရဲ့ ဓာတုဗေဒ ဖော်မြူလာကို ပြောစမ်း။”
မင်းအောင်။…..။
“ H, I, J, K, L, M, N, O ပါဆရာ။”
ဆရာ။…..။
“ဟေ့ကောင် မင်းဘာတွေ ရွတ်နေတာလည်းကွ။”
မင်းအောင်။…..။
“မနေ့က ဆရာပဲ ရေရဲ့ ဓာတုဗေဒ ဖော်မြူလာက “H to O” လို့ ပြောခဲ့ပါတယ်ခင်ဗျာ။”

**********************************************

ဆရာ။…..။
“မိနွယ် - မိကျောင်းကို အင်္ဂလိပ်လို မင်းဘယ်လို စာလုံးပေါင်းမလဲ။”
မိနွယ်။…..။
“K-R-O-K-O-D-I-A-L ပါဆရာ။”
ဆရာ။…..။
“မင်း စာလုံးပေါင်းတာ မှားနေတယ်။”
မိနွယ်။…..။
“ဟုတ်ကဲ့။ မှားချင်မှားနေမှာပါ ဆရာ။ ဆရာက သမီးဘယ်လို စာလုံးပေါင်းလည်း မေးလို့ ဖြေလိုက်တာပါ။”

**********************************************

ဆရာ။…..။
“မင်းအောင် - ဆရာ့နားလာပြီး မြောက်အမေရိကတိုက်ကို အားလုံးမြင်သာအောင် မြေပုံမှာ ထောက်ပြလိုက်ပါအုံး။”
မင်းအောင်။…..။
“ဒီမှာပါ ဆရာ။”
ဆရာ။…..။
“အေး.. မှန်တယ်။ ကဲ - အခု တစ်တန်းလုံးက ဖြေပါအုံး။ အမေရိကကို ဘယ်သူ ရှာဖွေ တွေ့ရှိခဲ့တာလည်း။”
“မင်းအောင်ပါ ဆရာ။”

7 comments:

မသက်ဇင် said...

ခံစားချက်တွေ ရေးသလိုတခါတရံလည်း ဒီလိုလေးတွေ
ဖတ်ရင်းပြုံးချင်တယ်။ ရယ်တော့မရယ်မိဘူး။ ပြုံးယုံပါ။

Welcome said...

ဘ၀အမောတွေ သောကဗျာပါဒတွေ ကြားကနေ အပြုံးပန်းလာဆင်ပါတယ်။
-ဝင်းဇော်

ဇနိ said...

အကုန်လုံးရီရတယ်ဗျို့
း)

တားမြစ် ထားသော... said...

ပြုံးယုံလေးပဲဆိုတဲ့ အမရယ်၊ အပြုံးပန်းတွေဆင်သွားတဲ့ ကိုဝင်းဇော်ရယ်၊ အကုန်ရီသွားတဲ့ ကိုဇနိတို့ရေ... ကျေးဇူးပါဗျို့။

သုခမိန်။.....။

တားမြစ် ထားသော... said...
This comment has been removed by the author.
ရွှေပြည်သူ (ShwePyiThu) said...

စိတ်ကို လွတ်လပ်ပေါ့ပါးစေတဲ့ ဟာသတွေအတွက် ကျေးဇူးတင်ပါတယ် ကိုတားမြစ်ရေ...

ပန်းချစ်သူ said...

မင်းအောင်ပါဆရာ လို. ဖြေလိုက်တဲ့ အပိုဒ်က အရီရဆုံးပဲ..။ အခုလို ဝေမျှတဲ့အတွက်ကျေးဇူးပါ ရှင်..။