သတိ (အရေးကောင်းလိုသူများနှင့် အရေးကောင်းသူများ) ကျွန်တော်ခင်မင်ရတဲ့၊ ကျွန်တော့်စိတ်ထဲကို ဝင်ရောက်နေတဲ့ ဒီဘလော့ဂ်လေးကို အွန်လိုင်းအဆင်ပြေတိုင်း ဖွင့်ကြည့်ရတာအမောပါ။ ကိုယ်ရေးထားတာလေးတွေ၊ အပေါင်းအသင်းရောင်းရင်းတို့ ရေးထားတာလေးတွေကို ပြန်ဖတ်ကြည့်၊ ကွန်မန့်လေးတွေကို ထပ်ဖတ်ကြည့် လုပ်နေရတာ စိတ်အစာပြေစေပါတယ်။ အချိန်များရခဲ့ရင် ဘလော့ဂ်လျှောက်ရင်း စာတွေဖတ်၊ ကွန်မန့်ရေး၊ စီဘောက်စ်မှာ နှုတ်ဆက်နဲ့ အများတကာကြည့်ရင် တကယ့် အရေးတကြီး ကိစ္စတစ်ခုခုကို လုပ်နေသလိုပါပဲ။ ကျွန်တော့်အတွက်လည်း အနည်းအကျဉ်း (ဒါမှမဟုတ်လည်း အတော်များများ) ဘလော့ဂ်လေးတွေက ဖမ်းစားနိုင်ပါတယ်။ အစချီနေရတာက ပြောချင်တာလေးရှိလို့ပါ။ တရက်မှာ ဘလော့ဂ်လျှောက်ရင်း စာတွေဖတ်လိုက်၊ ကိုယ့်ဘလော့ဂ်လေးကို ပြန်ကြည့်လိုက် လုပ်နေတဲ့ ကျွန်တော့်ကို အနားမှာရှိနေတဲ့ သူငယ်ချင်းတစ်ယောက်က သူဖတ်ဖူးတာလေးတစ်ခု ပြောပြပါတယ်။ သူ့စကားလေးတွေကို သဘောကျလို့ စာလာဖတ်တဲ့ ဘလော့ဂ်ဂါတွေကို ပြန်ဝေမျှပါတယ်။ သူပြောတာကတော့ နာမည်ကြီး စာရေးဆရာတစ်ယောက် ရေးထားတဲ့ စာလေးပါတဲ့။ သူက အကြောင်းအရာကိုပဲ မှတ်မိလို့ အကြောင်းအရာကိုပဲ အဓိကပြောသွားပါတယ်။ ကျွန်တော်ကလည်း အကြောင်းအရာလေးကိုပဲ အဓိက ပြန်လည်ပြောပြပါမယ်။ အားလုံးပဲ သတိထားနိုင်အောင်ပါ။ တစ်ခါက လူ့ဘဝကိုဖြတ်သန်းအပြီးမှာ အပြစ်တွေကို ပေးဆပ်စရာရှိလို့ ပုဂ္ဂိုလ်နှစ်ဦးဟာ ငရဲမင်းကြီးဆီကို အတူတကွ ရောက်လာခဲ့ပါတယ်။ ငရဲမင်းကြီးလည်း သူတို့ရဲ့ အချက်အလက်တွေကြည့်၊ လိုအပ်တာတွေ စစ်ဆေးအပြီးမှာ အပြစ်ရှိသူနှစ်ဦးကို သူ့လက်ထောက်လက်အပ်ပြီး ဆီပူနဲ့ကြော်တဲ့ငရဲကို ပို့စေလို့ မိန့်သတဲ့။ အဲဒီနှစ်ဦးမှာ တစ်ဦးသောသူက လူ့ဘဝမှာ တိုင်းသိ၊ပြည်သိ နာမည်ကြီး စာရေးဆရာပါတဲ့။ နောက်တစ်ယောက်ကတော့ ဘာမှအထွေအထူးမလုပ် လူ့ဘဝမှာ အချိန်လေးရတာနဲ့ အရက်သေစာ သောက်စားတတ်သူ အရက်သမားပါ။ ငရဲမင်းကြီးရဲ့ လက်ထောက်အရာရှိက သူတို့ကို သက်ဆိုင်ရာငရဲကိုပို့ပြီး အပြစ်ပေးပါသတဲ့။ ဆီပူမှာ စာရေးဆရာကိုထည့်ကြော်၊ မီးအပူစပေးတော့ မီးအရှိန်က နည်းသတဲ့။ အရက်သမားမှာတော့ ဆီပူမှာစထည့်ခံရကတည်းက ပြင်းလွန်းတဲ့ မီးအရှိန်နဲ့ပေါ့။ ဒီလိုနဲ့ ငရဲကျသူနှစ်ဦး ပြစ်ဒဏ်တွေခံနေလိုက်ရတာ အဖြည်းဖြည်း ကြာလာပါလေရော။ အဲဒီမှာပဲ သူတို့နှစ်ဦးရဲ့ ပြစ်ဒဏ်တွေက သိသာတဲ့ ပြောင်းလဲမှုတွေနဲ့ ကွားခြားလာပါတော့တယ်။ စာရေးဆရာရဲ့ ဆီပူအိုးမီးဟာ တဖြည်းဖြည်းနဲ့ ပိုလို့သာ အရှိန်ကောင်းလာပါတယ်။ အရက်သမားရဲ့ ဆီပူအိုးမီးကတော့ တဖြည်းဖြည်းနဲ့ အရှိန်ကျလာလိုက်တာ ဖယောင်းတိုင်မီးသာသာပဲ ရှိတော့သတဲ့။ ဒီအတိုင်းသာ ဆက်သွားရင် အရက်သမားရဲ့ မီးအပူရှိန်က လုံးဝသေဖို့ ဖြစ်လာပြီး၊ စာရေးဆရာခမျာမှာတော့ ပူပြင်းလွန်းတဲ့ ဆီပူမှာ တကြော်ကြော် အော်ဟစ် ခံစားနေရတော့မှာပါ။ ဒါကို သတိထားမိတဲ့ စာရေးဆရာက ငရဲမင်းရဲ့လက်ထောက်ကြီးကို မကျေနပ်ကြောင်းပြောပါတော့တယ်။ လက်ထောက်ကြီးကလည်း ညွှန်ကြားချက်အရလုပ်ရတာ သူကတော့ မျက်နှာလိုက်ခြင်း၊ ဘက်လိုက်ခြင်းမရှိပါဘူး။ ပြောချင်သပဆိုရင် ငရဲမင်းဆီ ခေါ်သွားပေးမယ်လို့ ပြောသတဲ့။ ဒါနဲ့ပဲ စာရေးဆရာဟာ ငရဲမင်းဆီသွားလို့ အရေးဆိုပါတော့တယ်။ ငရဲမင်းကြီးလည်း စာရေးဆရာရဲ့ မကြေနပ်ချက်တွေ တင်ပြပြီးတဲ့အထိ ပြုံးလို့နားထောင်ရင်း သူတို့နှစ်ဦးရဲ့ ပြစ်ဒဏ်တွေကို ရှင်းပြသတဲ့။ “အရက်သမားက ကောင်းမှုကုသိုလ်မလုပ်သော်လည်း အရက်သေစာ သောက်စားထားချိန်မှာသာ အမှားတွေလုပ်၊ လူတွေကို ဒုက္ခပေးတာ။ ကျန်တဲ့အချိန်မှာ ဒုက္ခမပေးဘူးကွ။ သေလွန်သည်ရဲ့ နောက်ကွယ်မှာလည်း သူ့အပြစ်တွေက အကျိုးဆက်မရှိ ရပ်တန့်သွားပြီ။ မင်း-စာရေးဆရာကတော့ အရေးကောင်းကောင်းနဲ့ မင်းရဲ့အတွေးအမြင်တွေ၊ နိယာမတွေကို ဖြန့်ဝေ။ လူတွေကို ဒုက္ခပေးလိုက်တာ သေလွန်သည်ရဲ့နောက်မှာတောင် အတိုင်းတိုင်း အပြည်ပြည်ကိုပျံ့နှံ့၊ မျိုးဆက်ပေါင်းများစွာကို ဒုက္ခပေးနေတာ။ မင်းအပြစ်က ရပ်တန့်မယ်မထင်ဘူး။ ကဲ - အဲဒါ မင်းတို့နှစ်ဦးရဲ့ ကွာခြားချက်ပဲ” လို့ ရှင်းပြသတဲ့။ ရေဒီယိုက လေသံအတိုင်းပြောရရင် ပုံပြင်လေးကတော့ ဒါပါပဲကွယ်ပေါ့။ အရေးအသားကောင်းလိုသူနဲ့ အရေးအသားကောင်းသူတို့ရေ သတိတော့ထားကြဗျို့။ စာပေဟာ ပြည်သူ့အတွက်၊ အနုပညာအတွက်။ ဘယ်အတွက်ပဲဖြစ်ဖြစ် ရည်ရွယ်ချက်ကောင်းကောင်းလေးနဲ့ အများသူငါအတွက် ဒုက္ခကင်းမဲ့၊ အကျိုးရှိမဲ့ စာကလေးတွေသာ ဝေမျှနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်သဗျာ။ တော်ကြာ မီးအရှိန်တွေ တိုးသထက်တိုးတဲ့ ငရဲမျိုးမှာလည်း ရောက်နေကြအုံးမယ်နော်။ သတိ ပိုတယ်လို့ မရှိကြောင်းပါ။ သုခမိန်။…..။ မှတ်ချက်။…..။ သူငယ်ချင်းပြောသော အကြောင်းအရာလေးကို ဖတ်ကောင်းအောင် ပြန်ရေးပြတာပါ။ အပျော်သဘောပါခင်ဗျာ။ မူရင်းစာကို ဖတ်ဖူးထားသူတွေကိုလည်း တောင်းပန်၏။
ဆုံရပ် 1st Dec 2024
1 week ago
9 comments:
သတိထားမွ..
း)
စိတ်ကူးပေါက်တိုင်း လျောက်ရေးလို့ မဖြစ်သေးဘူးနော..
****
စာဆက်ရေးဖို့ စဉ်းစားရတော့မယ်ထင်တယ်... ဒီအတိုင်းတောင်အကုသိုလ်ကများနေတာ... စာအရေးမှားလို့ ကတော့ ဆီပူအိုးက ထွက်ရတော့မှာ မဟုတ်....
ကျေးဇူးတင်လိုက်တာ... :-)
သားသားကြောက်ကြောက် :P
နာမည်ကြီးတွေ သတိထားပေရော့ :D
ကိုသုခမိန် ထိပ်ဆုံးက သူက ရသတွေရေးရင်လည်း အရေးကောင်း။ သူရေးတဲ့စာတွေတွက် ခံစားနေရတဲ့ သူတွေမနည်းတော့ဘူး။ ငယ်ငယ်ကတည်းက ရည်းစားစာကို ရှဲဒိုးရေးပေးတဲ့လူလေ။ ခုမှ သတိလာပေးနေတာ။ သူ့ကိုသူ ပေးတဲ့ သတိလည်းဖြစ်မယ်ထင်တယ်။
ဟာ။ ဦးသောကြာကတော့ဂျာ၊ လုပ်ပြီ။
သြော် ခုမှ အားတင်ပြီး ရေးမလို့ ဟာ ကို
အီး ဂျာနယ် ပြောတော့ ရှိုတို့ ရှန်းတန်းတွေ ဖြစ်ကုန်ပြီ။
ဆက်ရေး ရ ကောင်း နိုး
ရပ်ပစ်ရကောင်း နိုး
နိုး တွေ ထပ်ကုန်တယ်။
ခက်တာက ပိုးက ထ ထ လာတာခက်တယ်။ အရက်သမား များ လိုပဲ လေ အချိန်တန်ယင် လက်က ယားလာတယ်။ ရေး ချင်လွန်းလို့ လေ။
ချင်ခြင်းတပ်တယ် ဆိုလားဘာလားဗျာ၊ ဟိုမဗိုက်တွေ မှာ ဖြစ်တတ် သလိုပေါ့ဗျာ။ စာရေး ဖို့ ကိုလည်း ချင်ခြင်း
ကတပ်လာတော့ နဲနဲ လေးတော့ ရေးလိုက်ရမှ နေသာ
ထိုင်သာရှိသွား တယ်လေ။
တတ်နိုင်ဘူးလေ နော် ။ မနေနိုင်တော့ လဲ
စဉ်းစဉ်းစားစား နဲ့ အများအကျိုးရှိတာ ပဲ ရေးတော့ မယ်ခင်ဂျာ။
Post a Comment