Friday, August 1, 2008

LOVE!


"အချစ်"

အချစ်တဲ့
လူပြောများတဲ့ စကားလုံး
ရာစု အဆက်ဆက်သုံးကြ
မစားရ ၀ခမန်းတွေကို ဖြစ်လို့ ။
တစ်ချို့ဆို
ကိုယ်ပျော်လို့သူကမှိုင်
သုံး၊လေးပွင့်တွေတောင် ဆိုင်လို့
တစ်ချို့ကျ ဘား
တစ်ချို့က ဘုံဆိုင်
မနိုင်ခဲ့ ကြသူတွေ ထိုင်ကြ
ဒီလိုနဲ့ ဘ၀တွေကခါး
အချစ်က ဘုရားဖြစ်
နစ်သထက် နစ် နေလိုက်ကြတာ
ငါ . . . ငါဆိုတဲ့ အတ္တတွေတောင်
အရောင်တွေ လွင့်လို့ ။
. . . . .
ဤ သို့ ထိုသို့
အချစ်ဆိုတာကိုဖွဲ့ကြ
တစ်ထောင့် တစ်ည ပြောမကုန်ကြတာလည်းရှိ
နင်မရှိရင် ငါလည်းမရှိသူကမရှား
သြော် . . . လူတွေများနှယ်နော် ။

တာတူး(၀ါ) အမေ့ခံလူတစ်ယောက်



အဟီး စိတ်ဆိုးကြနဲ့နော် စတာ ။:D
ဆက်ဖတ်ကြပါဦး။
ဖွက်ထားတဲ့ နောက်ဆက်တွဲ ရှိသေးတယ် ။

လူမလစ်တဲ့ လောကထဲ
ငါလည်း လူလာဖြစ်လေတော့
အချစ်ကပြုစား
လာခဲ့ သွားမယ်ကွယ် ဘုရား
အဲလေ . . . မှားလို့
ချစ်ကြစို့တဲ့ တူပြိုင်
နိုင်ချင်နိုင် ရှုံးချင်ရှုံး
တစ်သက်လုံးပဲ ချစ်တော့မယ် ။

တာတူး

12 comments:

khin oo may said...

မချစ်တတ်သေးတော.လဲ ဒီလိုဘဲပြောဦးပေါ. နောက်မှ အချစ်မရှိရင်မောင်လဲ မနေဘူးလို.သွားပြောနေဦးမှာ မြင်ယောင်မိသေး

khin oo may said...

မပြီးသေးဘဲနဲ.ဘာလို.ဆိုင်းထိုးရတာလဲ

မင်းကျန်စစ်။ said...

ဖြူဖြူကျော်သွိန်း ကို သတိရတယ် :P
..."ဘာလဲအချစ်ဆို....တာ..." :D

တာတူး(၀ါ) အမေ့ခံလူတစ်ယောက် said...

အဟီး . . . စိတ်ဆိုးကြနဲ့နော် ။ စတာပါ။ ပီးအောင်သာ ဖတ်ကြ ။
ဘလော့က ပျောက်နေရတာ ကြာလာတော့ အားနာလာလို့ ပျောင်အောင် စတာပါနော်။
ကျနော်လည်းလေ လောကိသားမို့
ချစ်တယ် . . . . ချစ်မယ် ။

တားမြစ် ထားသော... said...

ရှုပ်နေတာပဲ။ စာဖတ်သူတွေကို စနောက်လာအောင်ထိ ဆိုးနေပြီ။ အလကား... တကယ်က ဒီကောင် ကြောင်နေပြီ၊ ရည်းစားမရှိလို့လေ။ ဟာ ဟ။
****
နောက်တာနော်။ ချိတ်ချိုးနဲ့။ :P

စိုးထက် - Soe Htet ! said...

ရှိ ... :P

မယ် said...

လူပျိုကြီး...ကိုတာတူးက...ဒါမျိုးတွေရတာပဲ....
တစ်သက်လုံးပဲချစ်တာကဟုတ်ပါပြီ.....
တစ်ယောက်တည်းကိုလား ??????? or.......

Anonymous said...

အမေ့ခံကြီးကလည်း မရေးတော့မရေးဘူး ရေးတော့လဲ တယ်မြောက်ပါလား... ကဗျာများသူက ပဟေဠိဖွက်သလိုတောင်လုပ်လိုက်သေးတယ်..

အိမ်လွမ်းသူ(မှန်နီကုန်း) said...

အင်း................!
ထူးအိမ်သင်ရဲ့ ..ဟိုသီချင်းလေး...ကို
သတိရတယ်....ဗျ။
"နဲနဲလေး..တော့ လွဲနေတယ်....."
ဧကန္တ...ဒီလူကြီး... "အချစ် ခမဲ". လိုနေတယ်...
ထင်ပနော်...။
အရပ်ကတို့....ရေ...ကူညီလိုက်ပါအုံး...ဗျို့။

ရွှေပြည်သူ (ShwePyiThu) said...

ကိုယ်တိုင်ကျ အချစ်ကဗျာတွေရေးနေမိပြီး ဒီကဗျာကျတော့လည်း ထောက်ခံမိပြန်ရော ကိုတာတူးရေး) အရေးအသား သိပ်ကောင်းပါတယ်။

ကိုရင်နော်ခင်လေးငယ် said...

ment ပို့လို့ရဝူးးးး..
စမ်းနေတာ..

ကိုရင်နော်ခင်လေးငယ် said...

ဘုရားသွားရင် မေ့ခဲ့မှာစိုးလို့
စိတ်ပုတီး လာပို့တာ...
တူးတူးနော်...
ဘုရားသွားတာ ရည်းစားနဲ့ သွားစရာလား..
လူကြီးကိုနောက်ပြီ....
တစ်ယောက်ထဲသွား အပေါ်အောက်
အဖြူဝမ်းဆက်လေးသာဝတ်သွား..
ဆံပင်လေးတွေပါ ဖြူနေရင် ပိုလိုက်မှာ သိလား..
(ခင်လေး)