Saturday, August 9, 2008

စွဲလမ်းမှု


မမြင်ရတဲ့ အိပ်မက်
ရင်ကို တိုက်ရိုက်ထိတဲ့အခါ
ကမ္ဘာကြီး ရပ်တန့်သွားသလို
ခံစားရတယ်။

အိပ်မက်တွေ နိုးထ
ရင်ခုန်သံနဲ့ တိုက်ရိုက်ဆက်သွယ်ခွင့်ရပြန်တော့
ကမ္ဘာကြီးက ပိုပြီးလှလာတယ်လို့
ထင်မိပြန်တယ်။

အရင်ဘဝက
သူနဲ့ ကျနော်ဟာ
ချစ်သူတွေပါလို့ပြောချင်ပေမဲ့
ကျနော့်မှာ မျက်မြင်သက်သေမရှိခဲ့ဘူး။

အချစ်တွေ ထပ်တူညီဖို့
ဘာတွေရင်းနှီးရမလဲ
..........ပြောပါ..............
ကျနော့်မှာ အချစ်နဲ့အချစ်ပေါင်းဖို့
စွမ်းအားအပြည့်ရှိတယ်။

2 comments:

တားမြစ် ထားသော... said...

ကျနော့်မှာ အချစ်နဲ့အချစ် ပေါင်းဖို့
စွမ်းအားအပြည့်ရှိတယ်။
************
တို့တွေလည်း ရှိချင်သား။ အဲဒီလို စွမ်းအားတွေ..း)

တာတူး(၀ါ) အမေ့ခံလူတစ်ယောက် said...

အရင်ဘ၀က ချစ်သူတွေလား မုန်းသူတွေလား မသိတော့ပါဘူးဗျာ ။ မေ့တေ့တေ့ ပါပဲ ။
:D

ပျော်ရွှင် အဆင်ပြေါစေ ခင်ဗျာ ။