Thursday, August 21, 2008

တိုင်တည်ခွင့်

တိုင်တည်ခွင့်


အမှတ်တရ ဖြစ်ဖို့အတွက်
အမှတ်တမဲ့ ဖြစ်ခဲ့တာလား။

နာကျင်စေဖို့အတွက်
ကြင်နာခဲ့မိတာလား။

အဖြေကမရေရာ
မသေချာလှတဲ့ ဘဝမှာ…
မိုးနတ်မင်းကြီးရယ်
တိုင်တယ်ခွင့်ပေးပါ။

သူ့ကိုချစ်ခဲ့မိတာဟာ
အမှတ်တမဲ့ဖြစ်ပေမဲ့
နှလုံးသားမှာ ထာဝရ
အမှတ်တရ ဖြစ်နေမယ်ဆိုတာ
သူသိစေချင်လိုက်တာ။

Rhyme။…..။

1 comment:

တားမြစ် ထားသော... said...

“နှလုံးသားမှာ ထာဝရ
အမှတ်တရ ဖြစ်နေမယ်ဆိုတာ....”