Saturday, August 9, 2008

အသက်မဲ့ သံစဉ်


သံစဉ်မရှိဘဲ
နှလုံးသားကို တီးခတ်
စကားလုံးတွေ တရစပ် ကြွေကျခဲ့တယ်။
ကောက်ယူစားသုံးမယ့်သူမရှိ။
ဟိုး ....... အဝေးကိုကြည့်လိုက်တော့
သိပ်ကိုထူးဆန်းတဲ့ ရယ်သံ သဲ့သဲ့လေးတွေက
ကျနော့ နှလုံးသားထဲကို
တံခါးမခေါက်ဘဲ
ဝင်လာခဲ့တယ်။
ထိတ်ထိတ်ပြာပြာ ဖြစ်သွားတာက
ကျနော့လိပ်ပြာ
အိပ်ယာပေါ်ရောက်လည်း
အငြိမ်မနေဘူး။
တိမ်တွေကို ခိုစီးပြီး
လေထဲမှာ လွင့်နေတဲ့အသံတစ်သံကို
လိုက်ရှာနေမိတယ်။
(အသံကလေးကတော့ ထွက်ပြေးလို့ပေါ့ .....)
သိပ်လှတဲ့ ဒီအသံ
ခြေသံတွေ မကြားရအောင်
လေပေါ်မှာ ဖွဖွကလေးနင်းပြီး
အတင်းလိုက်ဖမ်းရတာလည်း မလွယ်လှဘူး။
အရိပ်ကိုသာ မြင်ခွင့်ရတဲ့ဘ၀မှာ
စိတ်တွေကို ကန့်သန့်ထားခြင်း
ခံနေရတယ်။

4 comments:

မသက်ဇင် said...

အသက်မဲ့ သံစဉ် ကဗျာကို လာဖတ်ခံစားပါတယ်။
ကောင်းပါတယ်။
စိတ်တွေကို ကန့် သပ်ထားခြင်း ၂ခါ ထပ်နေသလားလို့ ပါ။

Welcome said...

ကျွန်တော့်ရင်ထဲက သံစဉ်နဲ့ ထပ်တူထပ်မျှ ပါပဲ။ နှစ်သက်တယ် .. ..
ဝင်းဇော်

khin oo may said...

ထိတ်ထိတ်ပြာပြာ ဖြစ်သွားတာက
ကျနော့လိပ်ပြာ

ကိုရင်နော်ခင်လေးငယ် said...

အဝေးကိုကြည့်လိုက်တော့ ရယ်သံလေးတွေ...
လေထဲမှာ လွင့်နေတဲ့ အသံတစ်သံ
လေပေါ်မှာ ဖွဖွနင်း အရိပ်ကိုသာမြင်ခွင့်ရတဲ့ဘဝ...

အဲ့ဒီ..စကားလုံးလေးတွေ ကြိုက်မိတယ် အရမ်းကောင်းပါတယ်.. စကားပြေလေးတောင် ရေးချင်စိတ်ဖြစ်လာမိတယ်..

ခင်မင်ပျော်ရွှင်တတ်တဲ့
(ကိုရင်နော်)