Friday, August 8, 2008

ဘဝ


၈-ရက်၊၈-လ၊၂၀၀၈
ရုပ်မြင်သံကြားမှာ အဆွေတော်၊ပေါက်ဖော်ကြီးတို့ရဲ့ ဇာတိပုည ဂုဏ်မာနကို ဖော်ပြတဲ့ ဘေဂျင်းအိုလံပစ်ဖွင့်ပွဲကို ခြိမ့်ခြိမ့်သဲသဲ ဆင်နွဲနေပါတယ်။ မနက်ဖြန်ဆိုရင် ချစ်သော စင်္ကာပူရ်ကလည်း အမျိုးသားအောင်ပွဲနေ့ကို အံ့သြဘနန်း တခမ်းတနား ကျင်းပပါတော့မယ်။
အဲဒီအကြည့်၊အဲဒီအသိတွေဟာ ငုပ်လျှိုးနေတဲ့ ကျနော့်ဘဝကို ဥာဏ်အလင်းပြန်ရစေပါတယ်။
၁၉၉၈ က ဘဝ ပါ။
တစ်စုံတစ်ရာမှသည် အစစအရာရာအတွက် ရည်ရွယ်ပါကြောင်း....




ဘဝ

အံ့သြမှင်သက်
ကောင်းကင်ထက်ရှိ
မီးစက်ရှုးပန်း
အံ့မခန်းသည်
သက်တမ်းတိုတိုလေးပါတကား။……….။

မာရေးသျှင်

3 comments:

Anonymous said...

သက်တမ်းတိုတိုလေးပါတကား...........

တားမြစ် ထားသော... said...

ဘဝ။ သက်တမ်းတိုတိုလေးမှာ စိတ်ကျေနပ်စွာနဲ့ ဖြတ်သန်းချင်ပါတယ်။ မီးပန်းလေးတစ်ခုလို ဖြစ်ဖြစ်ပေါ့။

မောင်မောင် said...

မီးပန်း လေး ရဲ့  ဘ၀တို တာထက်
လူ့ ဘ၀ ကလဲ တိုတောင်းပါတယ်လေ။
ကွေးသောလက် မဆန့် မှီ သေခြင်းတရား ကလက်တကမ်း
မှာရှိနေတယ်။
ကောင်းတဲ့ စာသားလေးတွေ မျှဝေပေးတာ ကျေးဇူးပါ။