Sunday, August 3, 2008

တစ်ရှူးဗေဒင်ပါ….

နောက်ဗေဒင်မေးနည်းတစ်မျိုးပါ….
တစ်ရှူးဗေဒင်ပါ….
ဒီနည်းလေးက… မယ်ရဲ့ အဆောင်မှူး မမတစ်ယောက် ပြောပြတဲ့နည်းလေးပါ…
ပြောပြတဲ့မမ ကိုကျေဇူးတင်ပါတယ်….

ဒီဗေဒင်ကတော့ YES or NO! အဖြေပဲပေးနိုင်ပါတယ်….
တစ်ရှူးတစ်ရွက်ရှိယုံနဲ့ မေးလို့ ရပါတယ်….
တစ်ရှူးတစ်ရွက်ကို ဒေါင်လိုက် (သို့ ) အလျားလိုက် (၆) စပိုင်းလိုက်ပါ….
ပြီးရင် တစ်ရှူး တစချင်းစီကို ကြိုးကျစ်သလို ကျစ်လိုက်ပါ…
အဲလို ဆိုရင် တစ်ရှူးကြိုး (၆) ကြိုးရမယ်….
ရလာတဲ့ တစ်ရှူးတွေရဲ့ အစတဖက်ကို လက်ထဲမှာ ဆုပ်ကိုင်ထားလိုက်….
ပြီးရင်ကိုယ်မေးချင်တဲ့မေးခွန်းကိုမေး….
ဥပမာ …. စာမေးပွဲအောင်မှာလား အောင်မယ်ဆိုရင် အကွင်း (၃) ကွင်းရပါစေ….
အဲလိုမေးပြီးရင်….တဖက်မှာရှိနေတဲ့ ကြိုးစတွေကို (၂) ပင်စီပူး ချည်လိုက်ပါ….
ပြီးရင် မချည်ရသေးတဲ့ နောက်တဖက်မှာရှိတဲ့ အစတွေကို (၂) ပင်စီပူး ချည်လိုက်ပါ….
ပြီးရင် လက်ဖ၀ါးဖြန့် ပြီးတစ်ရှုးတွေကို ကြည့်ရင် ကြိုးကွင်းလေးတွေရနေလိမ့်မယ်….
အဲဒီကြိုးကွင်းလေးတွေက (၃) ကွင်းဆိုရင်တော့….. အောင်ပြီပေါ့…..
ကြိုးကွင်းက (၁) ကွင်း (၂) ကွင်း (၃) ကွင်း အထိဖြစ်နိုင်ပါတယ်….
ပြီးတော့သီးသန့် ကွင်းလေးတွေကော… ကွင်းဆက်လေးတွေပါဖြစ်နိုင်တယ်….
ကွင်းဘယ်နှစ်ကွင်းလဲလို့  မေးတဲ့အချိန်မှာ ကွင်းဆက်လေးလား သီးသန့် ကွင်း လားဆိုတာကို သေချာပြောနိုင်ရင် ပိုကောင်းပါတယ် …..

PS . ( ဒီနည်းလေးသုံးပြီးဗေဒင်မေးရင်… ကိုတာတူးတို့ ….. ကိုတားမြစ်တို့ လို လူပျိုကြီးတွေ….
အခက်တွေ့ နိုင်ပါတယ်…. တစ်ရှူးကိုင်ပေးမဲ့သူမရှိလို့ လေ…..)

မယ် (5:00 pm .2.8.08)

6 comments:

တားမြစ် ထားသော... said...

ဒီဗေဒင်တော့။ မေးတော့ဘူး။ တစ်ရှူးမရှိလို့နော်။ ဟဲဟဲ။ မယ်ပြောသလိုဟုတ်ဘူး။
မေးချင်မေးပါတဲ့။ တစ်ရှူးလည်းပေးမယ်။ ကိုင်လည်းပေးမယ်တဲ့။ Avril ကပြောတယ်။ လက်ခံလိုက်ရင် မိုးဟေကိုလေး မျက်နှာငယ်နေရမှာဆိုးလို့ မေးတော့ပါဘူး။း)

တာတူး(၀ါ) အမေ့ခံလူတစ်ယောက် said...

အ မယ် အမယ် လူကို အထင်သေးလိုက်တာနော် ။တစ်ရှူးကို မီရှယ်ဝီ နဲ့ ရှာရာဗိုဗာ သူကိုင်မယ် ငါကိုင်မယ် အငြင်းပွားရင်း ရန်ဖြစ်နေမှာ စိုးလို့ မမေးတော့တာများ . . . ဟွန်း . . . ။

အိမ်လွမ်းသူ(မှန်နီကုန်း) said...

ဟဲဟဲ...
ကျနော်လဲ အားကျမခံဗျ.... ။
တစ်ရှူးကိုင်ပေးမဲ့သူ လိုက်ရှာတာလေ..
တွေ့မယ့်တွေ့တော့လဲ...ဖြူဖြူကျော်သိန်းနဲ့ တွေတာဗျို့..။
ကျနော်က ပြောပါတယ်...ဒါက တစ်ရှူးနော်...လို့...။
အဲဒီလို ပြောနေရဲ့သားနဲ့.....ဗျာ..။
တစ်ရှူး....တွေကို ၂ပင်စီပူးချည်ပြီး..လက်ဝါးလဲ ဖြန့်လိုက်ရော့....
ကျနော်က တော် တော် ထူးတယ်ဗျ...။
ကွင်းဆက်မရဘူးဗျို့....ကွင်းပြတ်တွေဗျ..။

Myo Win Zaw said...

ပိုက်ဆံမကုန်ဗေဒင်မေးတဲ့နည်းလေး ကောင်မလေးတွေနဲ့အပြင်းပြေ ဆော့လို့ရတဲ့နည်းလေး ကောင်းတယ်ဗျာ ဝေမျှပေးတဲ့အတွက်

မသက်ဇင် said...

လောကကြီး
နာကျင်မှုတွေ
စွန့်လွှတ်ရမည့် အရာများ
ရွှင်လန်းချမ်းမြေ့ပါစေ...

ကိုရင်နော်ခင်လေးငယ် said...

လူပျိုကြီးတွေနော်..

ကြော်ငြာComment လေးတွေ ဖတ်သွားတယ်
ရှက်...ရှက်
ဟီးးးး....