Saturday, June 28, 2008

Is that jealousy?


စိတ်ကောက်တတ်လို့ အသည်းကွဲရသူ တယောက်အကြောင်း


တနေ့ကပေါ့၊ ဘလောဂ့်တွေ လျှောက်လည်ရင်း စိတ်မကောင်းစရာလေးတစ်ခု၊ တွေးစရာလေးတစ်ခု ပါလာတယ်။ ချစ်သူနှစ်ဦး အဆင်ပြေနေကြတာကနေ ဘာမဟုတ်တာလေးတခုကြောင့် လမ်းခွဲလိုက်တယ်လို့ ထင်လို့ စိတ်မကောင်းတာ။ ဒါပေမဲ့ ပြန်စဉ်းစားကြည့်တော့လည်း လမ်းခွဲလိုက်တာကိုက ဟုတ်နေသလိုလို။ သူ့နေရာမှာ ငါဆိုရင်ရော လမ်းခွဲပြီး ထားခဲ့မှာလားပေါ့။ တွေးကြည့်မိတယ်။ ချစ်သူချင်း ကွေကွင်းကြတယ်ဆိုတော့ စိတ်မကောင်းဘူးပေါ့၊ ဆုံးဖြတ်ချက်တွေပါတဲ့ လမ်းခွဲဆိုတော့လည်း တွေးစရာတွေနဲ့ပေါ့။ ပြောရရင် ကောင်မလေးကို သူ့ကောင်လေးက ခဏခဏ စိတ်ကောက်လို့၊ အသေးအဖွဲလေးတွေမှာပါ စိတ်ကောက်နေလို့ လမ်းခွဲလိုက်တာတဲ့။ အင်း …တွေးစရာက အဲဒီကစတာ။ ကောင်လေးက စိတ်ကောက်တယ်။



စိတ်ကောက်တယ်ဆိုတာက အလွယ်အားဖြင့်ဆိုရင် ကောင်မလေးတွေမှ ကောက်ရမယ်။ “ကျား”ဆိုတာ စိတ်မကောက်တတ်ဘူးပေါ့။ တကယ်ကတော့ စိတ်ကောက်တယ်ဆိုတာ အခြေအနေ တွေပေါ်မူတည်ပါတယ်။ “ကျား”မှ “မ”မှ စိတ်ကောက်ရမယ်လို့ မရှိဘူးထင်ပါတယ်။ သားငယ်တစ်ယောက်က လိုချင်တာဝယ်မပေးလို့ သူ့အဖေကို စိတ်ကောက်တာက တစ်မျိုး။ သူငယ်ချင်းကို ဈေးဝယ်ထွက်ရအောင် အဖော်ညှိတာမရလို့ စိတ်ကောက်တယ်ဆိုတာ တစ်ဖုံ။ ဟိုဟိုဒီဒီ အမျိုးတွေစုံနေအောင် ရှိမှာပါ။ ဒါပေမဲ့ ချစ်သူခြင်းမှာ (ကောင်လေးဘက်ကရော၊ ကောင်မလေးဘက်ကပါ) စိတ်ကောက်တယ်ဆိုတာကတော့ ကိုယ့်ချစ်သူကို မနာလိုဝန်တိုဖြစ်တာပါပဲ။ လူအတော်များများလည်း ချစ်သူအတွက်နဲ့ဆိုရင် အဲဒီလိုဖြစ်ကြမယ်လို့ ထင်ပါတယ်။

ဖတ်လိုက်ရတဲ့ ပိုစ့်မှာပြောထားတာကတော့ သူ့ကောင်လေးက သာမာန်မဟုတ်အောင်ကို ကောက်လို့ပါတဲ့။ ဖုန်းဆက်စေချင်တုန်းကို ဖုန်းမဆက်ရင်တော့ ကောက်မှာပါပဲ။ ဘယ်သူပဲဖြစ်ဖြစ်ပါ။ ငါ့ချစ်သူက ငါ့ကိုဂရုမစိုက်ဘူးလို့ စိတ်မှာထင်သွားရင် ပိုလို့ဆိုးတဲ့ အခြေအနေပါ။ စိတ်ကောက်နေတုန်းကို ချော့လိုက်ပါ။ မဆက်ဖြစ်တာကလည်း အကြောင်းတော့ရှိရမှာပေါ့။ ပျင်းလို့မဆက်တာဆိုရင်တော့ မဟုတ်သေးဘူးပေါ့။ အဲ နောက်တစ်မျိုးတော့ရှိတယ်။ ချစ်သူရယ်လို့ ဖြစ်လာဖို့ဆိုတာ တစ်ဦးနဲ့တစ်ဦး လေးစားယုံကြည်မှုလေးတွေ လိုအပ်မယ်လေ။ လေးစားမှုလေးတွေကို ထိပါးလာတဲ့ စိတ်ကောက်မှုမျိုးဆိုရင်တော့ တဖက်လူက တဖြည်းဖြည်းနဲ့ ကိုယ့်ကို လေးစားမှုကျသွားမယ်၊ ချစ်စိတ်တွေ ဒီဂရီကျလာပြီး ချန်ထားခဲ့မှာပါပဲ။ ဒီနေရာမှာ ဖြစ်သင့်တာကတော့ ကိုယ့်ချစ်သူရဲ့ စိတ်ကောက်မှုကိုသိအောင် သေချာလေ့လာသင့်တယ်။ နောက်တမျိုးကတော့ ကိုယ့်ဘက်ကနေ စိတ်ကောက်ပြီဆိုရင်လည်း ဘာလို့ဆိုတာကို အသေအချာ ရှင်းပြသင့်တယ်ထင်တယ်။ ဒါမှလည်း ချစ်သူနှစ်ဦးဟာ လှပတဲ့အနာဂတ်တွေကို ပိုင်ဆိုင်နှိုင်မှာပါ။

ဒီပိုစ့်လေးဖတ်ပြီး ဘာလို့ဒီလောက်တောင် လျှောက်တွေးနေလည်း မေးချင်နေမှာစိုးလို့ ရှင်းအုံးမယ်။ ကျွန်တော့်မှာလည်း ချစ်ရတဲ့သူတစ်ယောက်ရှိသဗျ။ သူကလည်း ကျွန်တော့်ကို မလိုအပ်ပဲ မကြာခဏ စိတ်ကောက်တတ်သူလို့ တွေးနေတာ။ တစ်ခါတစ်လေဆို နှုတ်နဲ့တောင် ပြောသဗျ။ အဲဒါနဲ့ တွေးမိသွားတာ။ အော် …သူလည်း ငါ့ကိုပစ်ချခဲ့ပြီး ပြေးသည်သာရှိ၏ လို့များတွေးနေပြီလားလို့ပါ။ ကျွန်တော်စိတ်ကောက်တယ် ဆိုတာကလည်း အတော်ရှားပါတယ်။ ကျွန်တော်မကြိုက်တာတွေ လုပ်မှပါ။ ဒါပေမဲ့ စိတ်ကောက်သူ ကျွန်တော်ကပဲ အမြဲပြန်အလျော့ပေးရတယ်ဗျ။ သူကတော့ ဒီလိုပဲနေတတ်တယ်၊ မချုပ်ချယ်နဲ့ဆိုပဲ။ တစ်ကယ်က ချုပ်ချယ်တာလည်းမဟုတ် ဖြစ်သင့်တာတွေကိုပဲ ပြောတာပါ။ သူက နားမလည်တာလား၊ မလည်ချင်ယောင်ဆောင်တာလားတော့ မသိပါဘူး။ သူကတော့ ဒါမျိုးပဲနေတတ်လို့ သူ့ကိုမကြိုက်ချင်ရင်လည်း မကြိုက်နဲ့တဲ့။ ကဲကောင်းရော။ စိတ်ကောက်ရရင်လည်း မတန်တဲ့သူပါဗျာ။ စဉ်းစားတယ်၊ အင်း ..ငါက ချစ်ရတဲ့သူကိုး။ သည်းခံရမှာပေါ့ဆိုပြီး စိတ်မကောက်အောင်နေတယ်။

ကျွန်တော်ထင်တာကတော့ ချစ်သူနှစ်ဦး တစ်ယောက်နဲ့တစ်ယောက် စိတ်ကောက်ပြီဆိုရင် မနာလိုဝန်တိုမှုတွေပဲ နေပါလိမ့်မယ်။ ကိုယ့်ချစ်သူ အရမ်းလှနေရင် ကောင်လေးတွေက ကြည်နူးနေသလိုနဲ့ စိတ်မှာတော့ ကြိတ်ပြီးမနာလိုဖြစ်နေမယ် ထင်ပ။ သူ့ကောင်မလေးကို တစ်ခြားတစ်ယောက်ကလည်း ကြိုက်သွားနိုင်တာကိုး။ ကောင်မလေးကလဲ ဒီလိုပဲနေမှာပါပဲ။ ဒါက တစ်ဦးခြင်းစီရဲ့ ရုပ်ရည်ကို ဥပမာပေးလိုက်တာပါ။ အခြားကိစ္စတွေမှာလည်း ဒီလိုပဲ နေမှာပါ။ ဖုံးမခေါ်တာလိုမျိုးပေါ့။ ငါနဲ့ ဖုန်းမပြောပဲ ဘယ်သူနဲ့ ဖုန်းပြောနေလည်း တွေးမိ၊ မေးမိပြီဆိုရင်တော့ သွားပါပြီ။ နောက်တစ်ယောက်သာ ကြိုရှာထားပေတော့ပဲ။ ဒါမှ အချိန်အကြာကြီး အသည်းကွဲမနေပဲ ချစ်သူထပ်ရမှာ။

ဟုတ်တယ်။ ချစ်သူတွေပဲ ဖြစ်နေအုံးတော့ ဂုဏ်သိက္ခာဆိုတာနဲ့ ပုဂ္ဂိုလ်ရေးစော်ကားမှုမှာ အချစ်မရှိဘူးထင်တယ်။ နားလည်မှုရအောင် ချစ်သူချင်း မာနတွေခဝါချပြီး ညှိနှိုင်းနိုင်ရင်တော့ အကောင်းဆုံးလို့ထင်ပ။ ဘယ်လိုပဲ ဖြစ်ဖြစ် ချစ်မိသူကကိုယ့်အတွက် အကောင်းဆုံး နားလည်ပေးနိုင်တဲ့ အဖော်ဖြစ်ပြီး၊ ချစ်သူတိုင်း ပျော်ရွှင်စရာ အနာဂတ်တွေကို ပိုင်ဆိုင်နှိုင်ကြပါစေလို့။ ဒီဆုတောင်းပြည့်တာ လောကကြီးလှပဖို့ ပိုနီးစပ်လာမှာပဲလေ။ အားလုံးပဲ ဒီဆုတောင်းလေးကို မေတ္တာပို့နှိုင်ကြပါစေဗျာ။

သုခမိန်။…..။

8 comments:

Anonymous said...

ငါ နဲ့ သူတစ်ပါး
မတူကွဲပြား ခြားနားတာကို သိကာ
ထိုအတိုင်းလက်ခံတာ ချစ်ခြင်းမ္မေတ္တာ။

ကိုရင်နော်ခင်လေးငယ် said...

ကိုသုခမိန်ကြီး..!
လာဖတ်သွားပြီနော်.. ခင်လေးတစ်ယောက်တော့ ဘယ်ရောက်နေတယ်မသိဘူး.. တွေ့မှလာဖတ်ခိုင်းလိုက်မယ်.. ရေးထားတာလေးကောင်းတယ်..
ခင်မင်စွာဖြင့်
(ကိုရင်နော်)

mgthonnya said...

နားလည်မှုရအောင် ချစ်သူချင်း မာနတွေခဝါချပြီး ညှိနှိုင်းနိုင်ရင်တော့ အကောင်းဆုံးလို့ထင်ပ။

မှန်ပ၊မှန်ပ ကောင်မလေးရခဲ့ရင်ဒါလေးတွေကြိုပြောထားရ
ဦးပေတော့မယ်ဗျာ :)

Unknown said...

အင်း……ဗျ။ အားကျလိုက်ပါ ဘိဗျာ…။ ကျုပ်တို့လဲ သူများတွေလို ကောက်ချင်လိုက်တာဗျာ..။ဒါပေမဲ့ ခက်တယ်ဗျ…..သူများလိုကောက်ရအောင်လဲ ချော့သူမရှိတော့ ..ကြောင်တောင်တောင်နော်.။ ကိုတာတူး ကို အဖော်ညှိ့ကြည့် အုံးမယ်။ တစ်ယောက်တစ်လှည့် ချော့ မလားလို့ …ဟီးဟီး။

ဇနိ said...

ဘ၀ဆိုတာ တခါတလေကျလည်း ကောက်ကောက်လေးနေမှ ပျော်စရာကောင်းတာနော...ဟီးဟီး

ကိုရင်နော်ခင်လေးငယ် said...

ခင်လေး post လေး ဖတ်ပြီးအတွေးလေး ရသွားတယ်
ဆိုလို့ စိတ်ဝင်တစားနဲ့ လာဖတ်တယ်နော်..
ကောက်တော့ ကောက်ပေါ့ နော်...ဒါပေမဲ့ ကြောက်ရင် ကြည့်ကောက်....;P
ခင်လေးတော့ ခု စောစောစီးစီး စိတ်တိုနေရတယ် ..
ကိုရင်ကြီးပေါ့်..ခင်လေး ကဗျာလေးကို ဖျက်ထားလို့....
အီးးးးးးးးးးးးး
(ခင်လေးငယ်)

တာတူး(၀ါ) အမေ့ခံလူတစ်ယောက် said...

အင်းဗျာ ကိုဗာဘိုရ ကောက်ချင်သားဗျ ။ အ ဟီး . . . ခက်တာက ကောက်စရာကို မရှိသေးတာ . . .။ရပ်သိရွာသိ ဆိုတော့လည်း ပြောတော့ပါဘူး . . .။ မှတိထားလိုက်တယ်။ နောင်ဘ၀ ကျရင် ကောက်ဖြစ်အောင်ကို ကောက်ဦးမယ် . . . ။ :D

ဆောင်း said...

ကြားကြားဘူးပေါင် ယောက်ျားလေးတွေ စိတ်ကောက်တာ မနေ့ က တွေ့ လိုက်ပါရဲ့ လက်၂ဘက်ဘေးချ မျက်လုံးစွေစောင်းပြီး ခြေဆောင့်လို့ အားမရဘဲ ခုန်ပြီးဆောင့်တာ ၇နစ်သားကလေး သူ့ အမေကို စိတ်ကောက်တာ ပြောပါတယ်။
ရီးစားကောင်မလေးကို ကောင်လေးက စိတ်ဆိုးတယ်တာဘဲ ကြားဘူးပါတယ် စိတ်ကောက်တယ် ဆိုတာ မကြားဘူးဘူး အခုမှဘဲ ဘလော့ကာ လောကမှာ အသစ်အဆန်းအဖြစ် တွေ့ ရတယ်။ ရော့ အင့်အင့် တင်းပုတ် ၊ ရီးစားကောင်လေးတွေ စိတ်ကောက်ရင် ဖြောင့်လို့ ရအောင်... စေတနာနဲ့ ပေးတာ နော်