Sunday, June 29, 2008

စက်ဝိုင်း


သြော်. . . လူ့ ဘ၀တဲ့
ရောက်ခဲ့ ၊ လျှောက်ခဲ့ပေမယ့်လည်း
ရှေ့ဆက်ရန် ခဲခက်
ရက်စက်လွန်းလှတဲ့ ကံကြမ္မာတွေ
ရေပွက်ပမာလို့ ဆိုကြသမို့ပါပဲ
သြော် . . . ဆင်းရဲလိုက်တဲ့ ဘ၀တွေ
အချစ်၊ မေတ္တာ၊ ငွေနဲ့ အကြင်နာ
ဘာသာ တရား
ဘာသာစကား
အရှက်၊အကြောက်တရား
ကိုယ်ချင်းစာတရား
ဟာ . . . မဲ့နေ ၊ဆင်းရဲနေကြတဲ့ လောက
ငါကိုယ်တိုင်ကိုက နှမ်းတစ်စိလိုမျိုး
မီးကို တိုးတိုးမိနေတာကခက်
နေ့တွေ ၊လတွေ ရေတွက်ရင်း
နောက်ဆုံးတော့လည်း
မောလျှစွာနဲ့ . . . . လူ့ဘ၀က ပြန်ထွက် ။

7 comments:

ကိုရင်နော်ခင်လေးငယ် said...

မီးကိုတိုးတဲ့ ပိုးဖလံလိုမျိုး
ဆိုးတဲ့ဘဝတွေထဲမှာ..
ပျိုးမိတဲ့ သံယောဇဉ်တွေနဲ့..

““နေ့တွေ ၊လတွေ ရေတွက်ရင်း
နောက်ဆုံးတော့လည်း
မောလျှစွာနဲ့ ... လူ့ဘ၀က ပြန်ထွက်။””

ပြန်ထွက်လို့ မရခင်ထိတော့ နွယ်တွေလိုရစ်ပတ် တုပ်နှောင်ခံနေရတာ...ခုဆို အဲဒီကြိုးက သံမဏိထက်တောင်ခိုင်လို့နေပေါ့ ။

Anonymous said...

လက်ကျန်ဘဝ
ဒုလ္လဘ၏
ခဏတိုင်းတွင်
သတိယှဉ်က
ဝဲယဉ်သြဃ
လွတ်မြောက်ရမည်
မုချမလွဲဧကန်တည်း ။ ။

တန်ခူး said...

ကိုတာတူးရေ…စက်ဝိုင်းအဆုံးမှာ ပင့်သက်တွေ အကြိမ်ကြိမ်ရှိုက်မိတယ်….

အိမ်လွမ်းသူ(မှန်နီကုန်း) said...

အင်း.......! စက်ဝိုင်း.....စက်ဝိုင်း....!
ဖတ်ပြီးသကာလ.....ဘာလုပ်လို့ ..ဘာကိုင်ရမှန်း မသိတော့ လောက်အောင်..ဝိုင်းသွားပြီ...။

တာတူး(၀ါ) အမေ့ခံလူတစ်ယောက် said...

ကိုရင်နော်၊ ခင်လေးငယ်ရေ နွယ်တွေပတ်လည်း တစ်နေ့တော့ ခွဲသွားရမှာ ပါပဲဗျာ ။ ကိုယ့် အတွက် ကျန်အောင် လုပ်ကြဖို့မမေ့ကြပါနဲ့ ။ ကိုမာရေး သျှင်ရေ လွတ်အောင်တော့ ကြိုးစားရမှာပါပဲဗျာ။ ခက်တာက ခုအထိ လူက ယောင်ချာချာရယ် ။ ဘာမှ ဟုတ်တိ ပတ်တိ မလုပ်ရသေးဘူး။ အမ တန်ခူးရေ ကိုလာခဲ့တဲ့ လမ်းမှာပဲ ကျနော်တို့ ပြန်ရမှာပါ။ ချခဲ့တဲ့ ခြေရာတွေ ကို ပြန်ကြည့်ချိန်မှာ ဂုဏ်ယူစရာ ၊ ကျေနပ်စရာ ကောင်းမယ်ဆိုရင် ကျနော်တို့ လာရကျိုး နပ်မှာပါ ။ အိမ်လွမ်းသူရေ အဲလိုကြီးတော့ မ၀ိုင်းသွားနဲ့လေဗျာ ။ လုပ်စရာတွေ အပုံ အပင် ကျန်သေးတယ်လေဗျာ။ ရွာက ကောင်မလေးကိုလည်း ထည့်တွေးမှပေါ့ ။ တော်ကြာ ဟိုက အပျိုဟိုင်းကြီး ဖြစ်တော့မယ် ။ ဘုရားသွား ကျောင်းတက် ၊ ကုသိုလ်ရေးလေး ဖက်ဖို့ ၊ ဒါန သီလလေး ဖက်ဖို့ လုပ်ဦးလေ ။ ခုလို လာရောက် အားပေးကြတာ ကျေးဇူးတင်ပါတယ်ခင်ဗျာ။

အခြား said...

အတွေ့အကြုံတွေ ကဗျာအနေနဲ့ ဝေငှတာ ရသ မြောက်ပါပေတယ်။

ရွှေပြည်သူ (ShwePyiThu) said...

အရမ်းကို အဓိပ္ပါယ်ပြည့်ဝတဲ့ ကဗျာတစ်ပုဒ်ပါပဲ။
“နောက်ဆုံးတော့လည်း
မောလျှစွာနဲ့... လူ့ဘ၀ကပြန်ထွက်”
ဟုတ်ပါတယ်လေ...
ကဗျာကောင်းတစ်ပုဒ်အတွက် ကျေးဇူးတင်ပါတယ် ကိုတာတူးရေ...