Friday, June 20, 2008

ရနံ့

ရနံ့

တစ်ထပ်ပြီးတစ်ထပ်
တစ်လွှာပြီးတစ်လွှာ
တစ်နှစ်ပြီးတစ်နှစ်နဲ့
ရာစုတွေလည်းပြောင်းခဲ့ပြီ . . .
အနည်ထိုင်ကျောက်တွေနဲ့အတူ
တန်ဖိုးတွေလည်း မြင့်တက်လာခဲ့ပြီ . . .
အရည်ပျော်မြစ်တွေ စီးဆင်းခြင်းနဲ့အတူ
မေတ္တာတရားတွေ စီးမျောနေတာတွေ့တယ် . . .
ချစ်ခြင်းတရားရဲ့ အနံ့တွေမွှေးပျံ့လာတယ် . . .
အာရုံတွေအားလုံးရဲ့ တောင့်တမှုနဲ့
အသက်ရှင်ချိန်တွေအားလုံး ပေးဆပ်ရမယ့်အတူတ
မျက်ရည်မြစ်တွေရဲ့ မြစ်ဖျားခံရာကိုရှာဖွေရင်း
ဘ၀ကို ငါစတေးပါရစေ . . .

နယုန်မိုး

3 comments:

နယုန်မိုး said...

နာဂစ်ရဲ့ဒုက္ခတွေကို ဘ၀နဲ့ရင်းပြီး ကူညီတဲ့ blogger ညီအစ်ကိုများကို ဂုဏ်ပြုလျက်

Anonymous said...

ဤရာစုနှစ်
ငါတို့ခေတ်တွင်
ထိုမြစ် ခမ်းခြောက်ရမည်တည်း။

တာတူး(၀ါ) အမေ့ခံလူတစ်ယောက် said...

မေတ္တာ တရားရဲ့ ရနံ့က ထုံအီ
အမည်သိခွင့်မရတဲ့ ခပ်ဆိုးဆိုး ပုဒ်မတွေက ထပ်
ဇာတ်ကတော့ နာလွန်းအားကြီးသည်
အို ဘယ့် အမိ မြန်ပြည် . . . ။