Friday, June 20, 2008

Changing to words!


ကဗျာတွေကို အဖတ်များလာတော့ ကျွန်တော်လည်း ကဗျာတဒ်ပုဒ်လောက် ရေးကြည့်ချင်လာတာ။ ဒီခံစားချက်တွေကို အသွင်ပြောင်းဖို့ တခဏတော့ ဆိတ်ကွယ်ရာမှာ အတွေးချဲ့ပြီး ချစ်သူရဲ့စကားတွေကို ခံစားလိုက်ရသေးတယ်။ လောလောဆယ်မှာတော့ ဆုတောင်းနေရဆဲပါပဲဗျာ။ ဖတ်လို့ အဆင်ပြေတယ်ဆိုရင် ဖျစ်ညှစ်ခံစားလိုက်ရကျိုး နပ်လေရဲ့လို့ တွေးမိကြောင်းပါ….. …။




အသွင်ပြောင်းခြင်း
ငါပြောတဲ့
ချစ်တယ်ဆိုတဲ့စကား
မိုင်ပေါင်းကုဋေခြားလည်း
မင်းရဲ့ရင်တွင်း
သက်ဆင်းရန်
အကြောင်းဖန်ပါစေသား။..။

မင်းပြောတဲ့
မှေးမှိန်နေတဲ့မျှော်လင့်ချက်
အလင်းဆက်ရန်အားများ
ကံကြမ္မာရဲ့လက်တွင်း
သက်ဆင်းရန်
အကြောင်းမဖန်ပါစေသား။..။

မင်းနဲ့ငါရဲ့ချစ်ခြင်း
မျှော်လင့်ခြင်းကောင်းကင်မှာ
အကြင်နာမိုးရွာသွန်းဖြိုးလို့
ရင်တွင်းမှာပန်းပျိုးခွင့်ရရင်
အကြင်အနာအသီးအပွင့်များသာ
ခံစားရပါစေသား။..။

ငါတမ်းတတဲ့ ဆုတောင်း
မင်းတမ်းတတဲ့ မျှော်လင့်ချက်
ခေတ်အဆက်ဆက်တည်တံ့အောင်
ငါ… …..
အက္ခရာအသွင်ပြောင်းလိုက်တယ်ချစ်သူ။..။

သုခမိန်။…..။

6 comments:

Anonymous said...
This comment has been removed by the author.
Anonymous said...

တောင်းတဲ့ဆုတောင်း
ပြည့်စေကြောင်း
ထပ်လောင်းဆုတောင်းလိုက်ပါသည်။

မင်းကျန်စစ်။ said...

ဖျစ်ညစ်ပီး ခံစားထားလို့ ထင်တယ်ဗျာ။ တော်တော် ကောင်းတယ်။

ဖိုးသောကြာ said...

ကိုသုခမိန်ကလည်း ချစ်တတ်တာပဲပေါ့။

အရင်တုန်းက ပို့စ်တွေဖတ်ကြည်ပြီး အဲလိုတောင် မထင်ထားဘူး။ :P

တာတူး(၀ါ) အမေ့ခံလူတစ်ယောက် said...

ငါပြောတဲ့
ချစ်တယ်ဆိုတဲ့စကား
မိုင်ပေါင်းကုဋေခြားလည်း
မင်းရဲ့ရင်တွင်း
သက်ဆင်းရန်
အကြောင်းဖန်ပါစေသား။..။

အဲဒီဆုတောင်းကတော့ ကျနော်လေ ထိုနည်းလည်းကောင်း ထိုနည်းလည်းကောင်း လို့
ရွှေမန်းတင်မောင် ပုံစံလေးဆုတောင်းရင်း . . . . .

Unknown said...

ငါတမ်းတတဲ့ ဆုတောင်း
မင်းတမ်းတတဲ့ မျှော်လင့်ချက်
ခေတ်အဆက်ဆက်တည်တံ့အောင်
ငါ… …..
အက္ခရာအသွင်ပြောင်းလိုက်တယ်ချစ်သူ။..။
ဟေ့လူ... ဆက်ချဗျာ..
ကဗျာလေးကောင်းတယ်။