Thursday, June 19, 2008

ကျိန်စာ

ကျိန်စာ

နွယ်မြက်သစ်ပင်တွေလည်း
ဘယ်တော့မှဆေးဖက်ဝင်မလဲ…..
ကတိသစ္စာအတွက် အာမရဲရဲခံတယ်။

အနာသိပေမယ့်
ရှိနေတဲ့ဆေးက ခါးမှာလည်းစိုးတယ်။
မှားမှာလည်းစိုးတယ် ။ ။

မာရေးသျှင်

2 comments:

မင်းကျန်စစ်။ said...

ကျိန်စာဆိုတဲ့ ခေါင်းစဉ်နဲ့ ကျနော်လဲ ရေးခဲ့ဖူးတယ်။
ခု ဒီကဗျာလေးရဲ့ ရည်ရွယ်ချက်လေးကလဲ တမျိုးလေး ကောင်းတယ်။
တိုတိုလေးနဲ့ မြင်သာစေတယ်။

တာတူး(၀ါ) အမေ့ခံလူတစ်ယောက် said...

အနာ နဲ့ဆေး သင့်အောင်ပေးတဲ့ ။
အနာလည်းသိ ဆေးလည်းရှိပေမယ့် ဆေးဝယ်မရတာ၊ ဘယ်လိုဝယ်ရမယ်မှန်း မသိတာ၊
မ၀ယ်ရဲတာ အဲလိုတွေလည်း ဘ၀မှာ ခဏခဏကြုံ ရတွေ့ရ ။ အင်း ကျိန်စာ မိနေတာပဲ ဖြစ်မှာပါဗျာ . . . ။