Friday, June 27, 2008

ဒီထီးအောက်

ဒီထီးအောက်

ဒီနွေ…
ဒီမိုး…
ဒီဆောင်း…
ဒီတစ်ချောင်းတည်းသောထီးနဲ့
ဒီခရီးကို ငါနှင်ခဲ့။

အခုတော့…
တစ်ချောင်းတည်းသော ဒီထီးအောက်
မင်းရောက်ခဲ့ပြီ … ချစ်သူ။

ဂိမ္မန္တနေပူထဲ
အရောင်မွဲချင်မွဲမယ်၊
မိုးသည်းသည်း လေထန်ထန်
အရွက်လန်ချင်လန်မယ်၊
နှင်းဖွဲဖွဲဆောင်းနေမှာ
ချုပ်ကြောင်းပါချင်ပါမယ်၊
ဘာပဲဖြစ်ဖြစ်
မညည်းမညူ
ခရီးအတူလျှောက်
ဒီထီးအောက်မှာပဲ
ကဲ… လျှောက်ရဲလားဖြေ။……။

မာရေးသျှင်

5 comments:

khin oo may said...

good. excellent.

Hiddenspider said...

Hint Inn,
Ma Shauk Yae` Bu....Kyauk Tal Loe So,
Nauk Kwal Hmar Bae` Nay Dot Mal

Anonymous said...

ဒီထီးအောက်
အရောက်လာချင်ပင်မယ့်
တစ်ယောက်သောသူ
လုံခြုံပါစေ
အေးမြပါစေ
ဆိုပြီး
လျှောက်နေတဲ့
ခြေလမ်းလေးတွေ
နောက်က
ဖ၀ါးထပ်ချပ်
ကပ်ရပ်မကွာ
လိုက်ခဲ့တာတွေ
မင်းသိပါစေ......

RePublic said...

ကဲ..အဖြေပေးလိုက်ပါတော့..
တယ်ရင်းရေ..လိုအင်တွေပြေ့စေဗျား

တားမြစ် ထားသော... said...

နင်လျှောက်ရဲလား ချစ်သူတဲ့။
ကဲ ...ခုတော့ ဘာပြောမလဲ...