Tuesday, June 24, 2008

လွမ်း

လွမ်း


အလွမ်းကမ္ဘာ
လွမ်းကန္တာမှာ
လွမ်းလာစေစွမ်း
လွမ်းစေစွမ်းသည့်
အလွမ်းပွေစေ
လွမ်းလေပွေသည်
လွမ်းလေသူတွက်
လွမ်းရမ္မက်ဖြင့်
လွမ်းဇာတ်ရှည်မျော
အလွမ်းတောတွင်
လွမ်းမောယစ်မူး
လွမ်းလေဦးဟု
လွမ်းကြူးလေအောင်
လွမ်းသွေးဆောင်လို့
လွမ်းစို့ဖော်စပ်
လွမ်းရင်ခတ်သည်
လွမ်းတတ်သောသူ
အလွမ်းတူက
လွမ်းကူခံစားလှည့်ပါလေ။ ။


မာရေးသျှင်

4 comments:

တားမြစ် ထားသော... said...

လွမ်း ... ရင်ထဲလှိုက်လို့ အတိတ်ကိုလွမ်း။
အလွမ်းတွေက များလွန်းလှသဗျာ။ ကူတော့ မလွမ်းပရစေနဲ့၊ ကိုယ့်ဟာကိုယ် လွမ်းနေရတာနဲ့ကို အတော်ဆိုးနေပေါ့။

တာတူး(၀ါ) အမေ့ခံလူတစ်ယောက် said...

လွမ်း တယ် . . .

တာတူး(၀ါ) အမေ့ခံလူတစ်ယောက် said...

ချရေးခွင့်မရတဲ့ အရာလေးကို လွမ်းတယ် . . .ဗျာ

Hiddenspider said...

Doe Ka Ma lwan tat bu
Ngan Bae` ngan tat tal
Nan lal yan tat tal
Yan lal yan tat tal
Kyan lal kyan tal