Wednesday, May 28, 2008

just for Smile!


ပြုံးချင်စရာ

“သူများအကြောင်းလည်း မပြောတတ်ပါ၊ စပ်မိစပ်ရာ ဘာညာကွိကွ” တဲ့။ စိုင်းစိုင်းကတော့ သီချင်းလုပ်ဆိုသွားတယ်။ “မင်း - သူများအတင်း အတော်ပြောနိုင်တဲ့ကောင်ပဲ။” အဲဒီလိုများ အပြောခံလိုက်ရပလားဆိုရင် လူအတော်များများက မခံချင်အောင် ဖြစ်သွားတတ်ကြတယ်လေ။ (ပြောရရင် ကျွန်တော်ကိုယ်တိုင်လဲ ဒီလိုပါပဲ။) အဲ… ဒါပေမဲ့ သူများမကောင်းကြောင်း ကိုယ့်ကောင်းကြောင်း ပြောနေရရင် စကားဆိုတာတွေကလည်း အတော်ချိုနေသလိုလို။ တစ်ခါတစ်လေများ ညစ်နေတာလေးတွေတောင် ပျောက်ကုန်ပြီး လန်းဆန်းလာတတ်တာ။ လူတစ်ချို့ကတော့ ဒီလိုခံစားမှုမျိုးကို အတော်ခုံမင်တတ်ကြသလား မသိပါဘူး။ နောက်တစ်ခု ရှိသေးတယ်။ စပ်စုတယ်ဆိုတဲ့ စကားလုံး။ “ဒီကောင် အတော်စပ်စုတတ်တယ်ကွ” အဲဒီလိုများ အပြောခံလိုက်ရပလားဆိုရင်လည်း မျက်နှာကြီးတွေက ဖြစ်သွားတတ်လိုက်ကြတာ။ မပြောချင်ဘူး။ ဒါပေမဲ့ လူဆိုတာ မျောက်ကဆင်းသက်လာတယ်တဲ့။ (အတော်များများ လက်ခံထားတဲ့ သီအိုရီတစ်ခုပေါ့။) မျောက်တွေ အတင်းပြောမပြောတော့ သေချာမသိပါဘူး။ ဒီကောင်တွေ စပ်စုမှာတော့ သေချာတယ်ဗျ။ အငြိမ်မှမနေပဲ။ ဟိုပြေးလိုက်၊ ဒီပြေးလိုက်။ သူများလုပ်တာ လိုက်လုပ်လိုက်နဲ့လေ။



ထားတော့။ ကျွန်တော် စပ်စပ်စုစုလုပ်ထားတဲ့ အကြောင်းလေးတစ်ခုကို ပြောချင်လို့ အားလုံးပဲ ဒီလို တစ်ခါတလေ စပ်စုမှာပဲလို့၊ စပ်စုဖော် စပ်စုဖက် ညှိနေတာ။ မစပ်စုတတ်ပါဘူး ပြောလာရင်တော့ - “ဟေ့ -- တို့တွေအားလုံးက မျိုးနွယ်တူနော်” လို့ ပြောမယ်လေ။ ကဲမပိုင်လိုက်တဲ့ အကြံလို့ တွေးမိဘူးလား။ အဖြစ်ကဒီလို။ တနေ့လည်ခင်းမှာပေါ့။ ကျွန်တော်ရယ် ကျွန်တော့်သူငယ်ချင်းတစ်ယောက်ရယ် ပျင်းနေကြတာလေ။ ပြောစရာ အတင်းအဖျင်းနဲ့ သတင်းတွေ၊ သူများမကောင်းကြောင်း ကိုယ့်ကောင်းကြောင်းတွေ ကလည်း ကုန်နေပြီ။ အဲ… အဲဒီလိုနေတုန်းကို ကျွန်တော်တို့နှစ်ယောက် ထိုင်နေတဲ့နားမှာ ကောင်မလေးတစ်ယောက် ဖုံးလာပြောပါတယ်။ တစ်ဖက်က ခေါ်လို့ လာပြောတာပါ။ ကျွန်တော်တို့ ထိုင်နေတာက အလုပ်ထဲက အများသုံး တယ်လီဖုံးနားမှာ။ ဘာရယ်ဟုတ်ပါဘူး ဒီလိုပဲ ဖုံးပြောတယ်။ ပြီးတော့ ထွက်သွားတယ်။ ကောင်မလေးပြန်သွားမှ သူငယ်ချင်းက တစ်စခန်းထတာ။ ဟေ့ကောင် ဒီကောင်မလေး ဖုံးပြောတာကို ငါလိုက်ရေးထားတယ်တဲ့။ ဟုတ်သလားပေါ့၊ ပေးပါအုံး ဖတ်ကြည့်မယ်။ ဒီလောက်ပဲ။ ဖတ်ကြည့်နေရင်းမှ စိတ်ထဲမှာ ပြုံးချင်တာ။ အော်.. တစ်ခါတစ်လေ ငါတို့ ဖုံးပြောလည်း ဒီလိုပဲထင်ပဆိုပြီးလေ။ စိတ်ထဲကနေ မဖတ်ဘဲ၊ အသံထွက်ဖတ်ကြည့်။ ပြီးတော့ သူတို့ဘာတွေပြောလည်း စဉ်းစားကြည့်။ ပြုံးချင်စရာဗျ။

အင်း…
အော်အင်း…
ဟုတ်လား…
အင်း…
ကြားရတယ်…
ဟုတ်လား…
အင်း…
နေကောင်းလား၊
အော်…
ဟုတ်လား…
ငှက်ဖျားမရှိဘူးလား၊
အင်း…
ဟုတ်လား…
အင်း…
အင်း…
အင်း..
ပြေရင်ပြီးတာပဲ၊
အမ်…
အမယ် ဟုတ်လို့လား၊
အင်း…
ဒါပဲနော်၊
အင်း။…..။


သုခမိန်။…..။

6 comments:

နှင်းပွင့်ဖြူ said...

ဟမ်
အာ
အော်......
အင်းအင်းအင်း
ကောင်းလေစွ :P

စိုးထက် - Soe Htet ! said...

ဂလောက် ... ဂွပ် ... :P

Unknown said...

ဟေ့လူကြီး... တားမြစ်ထားတာ တွေတော့ လိုက်မမှတ်နဲ့ကွာ။ ဟီး....
စာရေးသူဓာတ်ပုံကို email ပို့ပေးပါဗျို့။ နောက်သူ့ရှေ့ဖုန်းမပြောဖြစ်အောင် မှတ်ထာမှ....ဟီ...ဟိ

တားမြစ် ထားသော... said...

ဟေ့... အသည်းပြတိုက်ကြီး၊ လိုက်မှတ်တာ သားသူငယ်ချင်းနော်။ သားဟုတ်ဘူး။ ဒါကိုမှ ဓါတ်ပုံလိုချင်နေတုန်းပဲဆိုရင် ချစ်သူဆီ ခွင့်ပြုမိန့် တောင်းလိုက်ပေးမယ်။ (ဟီ..ဟိ) :P

ဒီဇင်ဘာနှင်း said...

အော်
ဒီလိုလား
အင်း
နှင်း လဒြီလိုပဲနေမှာနော်

ကိုရင်နော်ခင်လေးငယ် said...

ဟား....ဟား...
ဂလို ကိုး....။