Monday, March 21, 2011

နဝဒေးမိသားစုကဗျာများ


မုန်တိုင်း
ရိုင်းစိုင်းရက်စက်
သီးကင်းပျက်ကြွေ
မြေမှာအနှံ့ ကျဲပြန့်ပျက်ဆီး
အနိဋ္ဌာရုံကြီးပါလားနော်။

မုန်တိုင်းစဲသော်
ရုန်းကန်နိုးထ စိတ်မကျဘဲ
ဇွဲနဲ့ထူထောင် အမောင်လောကဓံ
ဘာခံနိုင်မလဲ။..........။


မေမေ (နဝဒေး)

- ။ -
**
ချိုင့်တွေ့ရင်ဖို့
တောင်ပို့ကိုဖြို
ချောင်းအိုကို တံတားခင်း
တို့သွားခြင်းကို မတားနဲ့။

တို့ရည်မှန်းထား
ပန်းတိုင်သွားဖို့
အင်အားအပြည့်တို့မှာရှိတယ်။..........။


ဖေဖေ (နဝဒေး)

** http://ver-bo-ten.blogspot.com/2008/10/blog-post_22.html

ဆက်ဖတ်မယ်ဆိုရင် ...

Wednesday, March 16, 2011

“ သားရေ……ရှိတဲ့ ဟာနဲ့ ဝအောင်စားပါ…တဲ့ ….”။

ကျွန်နော် တက္ကသိုလ်စတက်တော့ ကျွန်နော့်မှာ ဘာမှမရှိဘူး။ ကျွန်နော့်

ရွယ်တူကောင်လေးတွေမှာ ဆိုင်ကယ်တွေကိုယ်စီ ကားတွေကိုယ်စီနဲ့ 

တောက်တောက်ပြောင်ပြောင်အ၀တ်အစားတွေနဲ့  အားပါးပါး သုံးနိုင်ဖြုံး

နိုင် ပျော်နေလိုက်ပုံများ ကျွန်နော့် အတွက်တော့ ရည်မှန်းချက်တွေဖြစ်လာရ

တာပေါ့လေ။ တချို့ ကောင်လေးတွေဆို “ သားသူငယ်ချင်းတွေမှာ ဒီလိုဒီလိုတွေ

ရှိတယ်…အဖေရေ..၀ယ်ပေးပါဦး…..အမေရေ…၀ယ်ပေးပါဦး နဲ့ ဖုန်းတွေဆက်၊

စာတွေရေး မိဘတွေဆီ ချော့တလှည့်၊ခြောက်တလှည့် တောင်းနေကြပုံများ၊

ရတော့ပျော်၊ မရတော့ မပျော်ဖြစ်နေကြပုံများ ကျွန်နော့် အတွက်တော့ ဆရာမ

ရေးခိုင်းတဲ့ စာစီစာကုံးကောင်းကောင်းတစ်ပုဒ်ဖြစ်လာခဲ့တာပေါ့။

့။ (ကျောင်းခန်း

ထဲမှာ စာစီစာကုံးရေးကြပြီဆိုရင် ကျွန်နော်က အမှတ်အများဆုံးရတာ)ကျွန်နော့်

ရွယ်တူတွေ၊ကြီးတွေ၊ငယ်တွေ အားလုံးဟာ ကျွန်နော့်ထက် အများကြီးရှိ၊ သုံးနိုင်

ဖြုံးနိုင်၊စားနိုင်ပေမယ့် ကျွန်နော့်လိုတော့ ရှိတဲ့ ဟာနဲ့ ဝအောင်မစားနိုင်ကြဘူး။

ကျွန်နော့်အတွက်ကတော့ ဘာမှမရှိပဲနဲ့ ကိုမသုံးနိုင်ပဲနဲ့ ကိုမဖြုံးနိုင်ပဲနဲ့ ကို

ပြည့်စုံနေတယ်လို့ ခံစားနေလေရဲ့။ ဘာမှမရှိပဲနဲ့ လည်း သူများသုံးသလို၊သူများ

စားသလို စားနိုင်ခဲ့တယ်။ (ရှိတဲ့ သူတွေ၊ စားနိုင်တဲ့ သူတွေ၊ သုံးနိုင်တဲ့ သူတွေက

ကျွန်နော့်ကို လိုအပ်လွန်းလို့ )ဒါပေမယ့် ကျွန်နော် လုံးဝ အချောင်သမားမလုပ်ခဲ့ဘူး။

ကျွန်နော် အခွင့်အရေးမယူခဲ့ဘူး။ သြော်….အမေ့ ကျေးဇူး ကြီးမားလှပါဘိ။

ရှိတာလေးနဲ့ စားတတ်ခဲ့တယ်။ အစားနဲ့ ပက်သက်ပြီးဇီဇာ မကြောင်တတ်ခဲ့ဘူး။

ကျောင်းတက်ခဲ့တဲ့ အချိန်တုန်းက အမေအဖေတို့ က တစ်လ ကို ပိုက်ဆံလေးသောင်း

ကြီးတောင် ပို့ ပေးနိုင်တယ်။( ပိုက်ဆံလေးသောင်းကြီးတောင်။ အင်မတိအင်မတန်ကို

သုံးရတယ်ကျွန်နော့်အတွက်ပေါ့။) အဆောင်လခ တစ်သောင်း။ ကျန်တဲ့ ပိုက်ဆံ

အ၀တ်အစား၊ နက်လှစွာသော ၀မ်းတစ်ထွာအတွက်၊ ကျောင်းစရိတ်၊ ထမင်းတစ်နပ်

အတွက် ရင်းနှီးမြုပ်နံရတာတွေပေါ့။ ဒီလိုရက်ပေါင်းများစွာထဲမှာပေါ့ ရက်သုံးဆယ်မှာ

နှစ်ဆယ် ရက်လောက်က ထမင်းနှစ်နပ်ပဲ့ စားတယ်။ တစ်နှပ်ကတော့ ဘုန်းကြီးတွေ

လိုပေါ့။ ဘုန်းကြီးတွေက ညနေဖက်မစားဘူး။ ကျွန်နော်က နံနက်စာမစားဘူး။

(ဒါပဲ့ကွာတာ။ ဘုန်းကြီးနဲ့ ကျွန်နော်ထမင်းစားတဲ့ အလေ့အထက။နံနက်နဲ့ ညနေလေ)

ကျွန်နော့် အတွက် အင်မတိအင်မတန်ကို များတဲ့ ပိုက်ဆံလေးသောင်းဆိုတာ

အဲဒီအချိန်တုန်းကဆို ပိုက်ဆံရှိတဲ့ သူ( အမြင့်ဆုံးမဟုတ်ဘူး။ အလယ်လတ်တန်းစား

ကိုပြောတာ) တစ်နေ့ မုန့် ဖိုးလောက်ပဲ့ရှိတယ်လေ။ ဒါပေမယ့် ကျွန်နော် သူတို့ ကို

အားမကျခဲ့ပါဘူး။။။ဒါပေမယ့် အားတော့ ငယ်ခဲ့ပါရဲ့ ။ပြီးတော့ ကျွန်နော် ချွေတာရေး

နည်းလမ်းတစ်ခုကိုလည်း တီထွင်ခဲ့သေးတယ်။ တစ်နာရီကျော်ကျော် လောက်

ညနက်မှအိပ်ယာဝင်တယ်။ မနက်ဆယ်နာရီကျော်ကျော်လောက်မှ အိပ်ယာကထတယ်။

ဒီအချိန်အိပ်ယာက ထမှ နံနက်စာအတွက်လည်းသက်သာ နေ့ လည်စာနဲ့ လည်း

အချိန်ကိုက်ဆိုတော့ ကျွန်နော့်အတွက် နေ့ တိုင်း ထမင်း တစ်နှပ်ဖိုးစုမိနေလေရဲ့ ။

ပြီးတော့ စီးကမ်းတစ်ခုကိုလည်း ချမှတ်နိုင်ခဲ့သေးတယ်။ မနက်စောစောစီးစီး

ကျွန်နော့်ကိုနိုးတဲ့ သူ နံနက်စာ ကျွေးကြေး။( ပိုပြီး သေချာအောင် စာရွက်ပေါ်

ရေး ပြီး ကျွန်နော် အိပ်တဲ့ ခေါင်းရင်း စာကပ်ထားတာ။) အတူနေ ဘော်ဒါသူ

ဘော်ဒါသားအပေါင်း ဘယ်လောက်လိုက်နာသလဲမမေးနဲ့  မနက်စောစောဆို

ကျွန်နော့် ကို ကျွေးရမှာကြောက်လို့ လား။ ဒါမှမဟုတ်…ကျွန်နော် ချထားတဲ့ 

စည်းကမ်းကို လိုက်နာကြတာလား ဆိုတာကတော့ မသိဘူး။ အားလုံးသော

ဘော်ဒါသူဘော်ဒါသားအပေါင်း (ပိုက်ဆံပြတ်တဲ့ ရက်တွေဆိုအများစုပြောတာ)

ကျွန်နော့် လိုပဲ့ ကျင့်ကြံနေထိုင်ကြသည်အထိ ချွေတာရေးကို လိုက်နာကြလေ၏။

ကျွန်နော် ဒီလို ချွေတာရေးလည်းလုပ် တစ်ဖက်ကလည်း Part Time အလုပ်လေး

လုပ်လိုက်သေးတယ်။ ဘယ်လိုလုပ်တာလဲဆိုတော့ ရည်းစားစာတစ်စောင် ခေါက်ဆွဲ

တစ်ပွဲလေ။ ကျွန်နော် ကျောင်းတက်တုန်းက ကျွန်နော် ဒီလို Part Time လုပ်ရတာ

တော်တော်လေး စီးပွားဖြစ်တယ်ဗျာ့။ ညနေစာအတွက်၊ ဒါမှမဟုတ် နေ့ လည်စာ

အတွက်ကာမိနေတာကိုး။(လိုအပ်တဲ့ သူတွေက လာပြောတယ်။ စာလာရေးခိုင်း

တယ်။ ကျွန်နော်က ပိုက်ဆံမယူပေမယ့်..သူတို့ ကိုယ်တိုင်က စေတနာပါပါ

သူတို့ အတွက် လုပ်ပေးနိုင်အောင် ထောက်ပံ့တဲ့ သဘောကျွေးတာဗျာ့)

ပြီးတော့ ရပ်ကွက်ထဲအလှူ၊ ဘယ်နေရာမှာ ဘာဘာညာညာ ပွဲတွေ ၊ အလှူ

တွေဆိုရင် ကျွန်နော်က ရောက်ပြီးသားပဲ့ (ပွဲလုပ်တဲ့ သူတွေက ကျွန်နော့်ကို

သိကြတယ်လေ..ဒါကြောင့် သူတို့ ကိုယ်တိုင်က လာခေါ်ကြတာ)ဒါဆိုရင်တော့

ကျွန်နော် က တစ်ဝဆွဲတာပါပဲ့။ (ဒါပေမယ့် အာလကားစားတာမဟုတ်ဘူး။

အာလကားစားရင် သူများလှူတဲ့ စေတနာတွေက ကိုယ့်အတွက်မီးခဲတွေ

မျိုနေသလိုဖြစ်နေမှာစိုးလို့ နိုင်တဲ့ နေရာဝင်ကူရတာပေါ့လေ။(ထမင်းဟင်းချက်တဲ့ 

နေရာတွေမှာဆို ကျွန်နော်က ရှေ့ တန်းကနေတာ)ဒီလို များများလှူတဲ့ 

သူတွေ၊နည်းနည်းလှူတဲ့ သူတွေဆို လေးစားပြီးသား။ အဲဒီလိုနေ့ တွေများ

စွာနဲ့ ပေါ့ ကျွန်နော့် နေထိုင်ခဲ့တယ်။ ရှိတဲ့ ဟာတွေနဲ့ ဝအောင်စားတတ်ခဲ့တယ်။

ဒါပေမယ့် ကျွန်နော် လုံးဝ ခေါင်းပုံမဖြတ်ခဲ့ဘူး။ ဈေးကွက်ကိုလည်း မျက်ချည်

မပြတ်ခဲ့ဘူး။ အရည်အသွေးကိုလည်း မလျော့ချခဲ့ဘူး။စားသုံးသူအကြိုက်

နှစ်သက်သွားအောင် ကျွန်နော်ရိုးသားစွာစီးပွာရှာခဲ့ဖူးတယ်။ အဲဒီလောက်တောင်

ကျွန်နော်ရှိတဲ့ ဟာနဲ့ ၊ရှိတဲ့ အားနဲ့  ၊ လုပ်နိုင်တဲ့ အားနဲ့ ၊ဥာဏ်နဲ့  ၀အောင်စားခဲ့တယ်။

မရှိတဲ့ အချိန်ရေသောက် ဗိုက်မှောက်အိပ်ခဲ့တယ်။ မပြည့်စုံပေမယ့် ၀ခဲ့တယ်။ မရှိပေ

မယ့် မခိုးခဲ့ပါဘူး။ မလိမ်ခဲ့ပါဘူး။ မညာခဲ့ပါဘူး။ အရင်းအနှီးမရှိပေမယ့် စေတနာတွေ

ရှာတတ်ခဲ့တယ်။ သြော်….အမေ့ကျေးဇူး ကြီးမားလှပါဘိ။

(ကျွန်နော် တကယ် ဒီလို နေရက်တွေ ပိုင်ဆိုင်ခဲ့ဖူးတယ်ဗျာ့…မယုံရင် ဟာသ လို့ ပဲ့ 

မှတ်ပါလို့ …)အမေ့ ကျေးဇူးကို သတိရနေလျက်………………။

ပျော်ရွှင်ကြပါစေလို့ …………………..။

ဆက်ဖတ်မယ်ဆိုရင် ...

Sunday, March 6, 2011

အုံ့ပုန်း (၃)


မေတ္တာလွှမ်းခြုံ
အချစ်ငုံမို့
လုံးစုံမပွင့်
ရာသီချင့်ရင်း
ရော်ရင့်ကြွေကျ “ငုံ”ဘဝဖြင့်။..........။


မာရေးသျှင်
၂၇၊ ၄၊ ၁၉၉၈ - မနက် (၈း၅၀) နာရီ။

ဆက်ဖတ်မယ်ဆိုရင် ...

Thursday, February 24, 2011

Malware Free!!

ကျနော်တို့ E-Journal လေးလည်း Malware ကင်းစင်သွားပါပြီဗျို့ . .
:D


ဆက်ဖတ်မယ်ဆိုရင် ...

Wednesday, February 23, 2011

တောသားလေး ပိုင်ဆိုင်ခဲ့သောသော ဟာသ

“ သားရေ…..တွေ့ တဲ့ သူနဲ့ တည့်အောင် ပေါင်းပါ……တဲ့ ။……..”

ကျွန်နော် တွေ့ တဲ့ သူနဲ့ တည့်အောင်ပေါင်းခဲ့တယ်။ (ကျောင်းတုန်းကပြောတာဗျာ့။

ဖားတတ်ခဲ့တယ်…မြှောက်လည်းမြှောက်ပြောတတ်ခဲ့ တယ်ဆိုပါတော့) ယုံမလား

မသိဘူး…တစ်ကျောင်းလုံးက ကျွန်နော့်ကို သိတယ်ဗျာ့။ကျွန်နော် မသိတဲ့ ၊မမြင်ဖူး

တဲ့ သူတွေတောင် ကျွန်နော့်ကိုသိကြတယ်ဗျာ့။ ( ကျွန်နော် သူငယ်ချင်း လက်သုံး

စကားအတိုင်းပြောရရင်တော့ ကျော်ဟိန်းကို လူတိုင်းက သိပေမယ့် ကျော်ဟိန်း

ကတော့ လူတိုင်းကို မသိပါဘူး …ဆိုသလိုမျိုး ဆိုပါတော့) ကျွန်နော့် ပတ်ဝန်းကျင်

မှာပြောတာနော်။ လူတိုင်းမပြောနဲ့ ကျွန်နော် နေတဲ့ ရပ်ကွက်က ခွေးကအစ ကျွန်နော်

ကိုသိတယ်။ အဲဒီလောက်တောင် ကျွန်နော် တည့်အောင်ပေါင်းနိုင်ခဲ့တယ်။ ကျွန်နော့်

ကို ကျောင်းမှာ ကောင်မလှလှလေးတွေက ဒီလိုခေါ်ကြတယ်။ “ ကိုကို နာဗူးတဲ”့ ။

(ချစ်စနိုးနဲ့ ခေါ်ကြတာ) မလှတလှ ကောင်မလေးတွေက “ကိုကိုဖူးစာရေးနတ်တဲ “့။

(ချစ်စနိုးနဲ့ ခေါ်ကြတာ) ကျွန်နော့် ကိုသိတဲ့ အပျိုကြီးတွေဆို တချို့ က “အားကိုးတုံး

ကြီး”(အောင်သွယ်ဆရာလုပ်ပေးလို့ ) တချို့ က “ကျောက်ချောရေပက်မျက်နှာ”တဲ့ 

(ကျောက်ချောကို မြင်ဖူးမယ်ထင်တယ်…ကျောက်ချောပေါ် ရေပက်ထားရင် ဖြစ်နေတဲ့ 

ပုံစံလို ကျွန်နော် မျက်နှာက ဆွဲဆောင်မှုရှိလို့ ထင်တယ်) အဖွားကြီးတွေကဆို

“လိမ္မာတုံးလေး…လိမ္မာတုံးလေး” နဲ့ တစ်တွတ်တွတ်ရွတ်လို့ ။ ရွယ်တူဘော်ဒါတွေ၊

ကောင်လေးတွေ၊ ကောင်ကြီးတွေကဆို “ ဖူးစာရေးနတ်(အောင်သွယ်ပေးလို့ )

အာလူး၊ငပေါ၊စာရေးဆရာ( ရည်းစားစာတွေရေးလို့ )ကတ်ပါးကောင်( ပိုက်ဆံ

ရှိတဲ့ သူတွေနောက်မှာ အမြဲတမ်းကပ်လိုက်နေလို့ )ဖွတ်ချမ်းသာ တဲ့ (လက်ထဲ

မှာ ပိုက်ဆံတစ်ပြားမှ မရှိပေမယ့် လိုတာရနေလို့ )” ယုံမလားမသိဘူး…

ကျွန်နော် ဒီလို ငါးမည်ရ ခြောက်မည်ရ နာမယ်တွေ တွင်လို့ ။အဲဒီလောက်တောင်

တည့်အောင်ပေါင်းခဲ့တာ။ အဖိုးကြီးတွေ၊ ဦးလေးကြီးတွေလား မပြောနဲ့  ကျွန်နော်

Social ကောင်းပုံများ” ကောင်လေး၊ မြေးလေး…အခုရည်းစားရှိနေပြီလား…ငါ့သမီးနဲ့ 

ငါ့မြေးမလေးနဲ့  ငါ့တူမလေးနဲ့  စပ်ပေးမလို့ …ပေးစားချင်လို့ ” ဒီလို စိတ်ကူးမျိုးဖြစ်

လာအောင်ကို ကျွန်နော် တွေ့ တဲ့ သူတိုင်းနဲ့ တည့်အောင်ပေါင်းခဲ့တာ။လူတွေမပြောနဲ့ 

ကျွန်နော် နေတဲ့ ရပ်ကွက်က ခွေးတွေဆို ကျွန်နော့် အသံကို မဆိုထားနဲ့  အဝေးက

နေကျွန်နော့် အန့ံကိုရတာနဲ့ တင် သူ့ ထက်ငါသာ ပျော်ပျော်ကြီး သံပြိုင်ထိုးဟောင်

(မဟုတ်ပါဘူး) သံပြိုင်အူပြီး ကျွန်နော့်ကို ဆီးကြိုကြတာ၊ ရှေးခတ်က ဘုရင်တွေ

နန်းတော်ထဲကထွက်တော့မယ်ဆိုရင် ဘုံတွေဘင်တွေ၊ခရာတွေ၊ခရုတွေ မှုတ်သလို

၊တီးသလိုမျိုး။ အဲဒီလောက်တောင် ကျွန်နော် Social ကောင်းခဲ့တယ်ဗျာ့။

ဒါပေမယ့် ကျွန်နော် အမြတ်မထုတ်ခဲ့ဘူး။ မရိုးမသားလုံးဝကို မလုပ်ခဲ့ ဘူး။

တကယ့်ကိုစိတ်ရင်းအမှန်နဲ့ ပေါင်းသင်းခဲ့ တာဗျာ့။ အမေ့ ကျေးဇူး ကြီးမား

လှပါဘိ။ ကျွန်နော့်ရွယ်တူတွေ၊ကြီးတွေ၊ငယ်တွေ အားလုံးဟာ ကျွန်နော့်ထက် အများကြီးရှိ၊

သုံးနိုင် ဖြုံးနိုင်ပေမယ့် ကျွန်နော့်လောက်တော့လူတိုင်းနဲ့ တည့်အောင်မပေါင်းနိုင်ကြဘူး။

ကျွန်နော့်မှာဘာမှမရှိဘူး ဒါပေမယ့် အများကြီးရှိတဲ့ သူတွေနဲ့ စာရင် လူတိုင်းနဲ့ 

တည့်ခဲ့တယ်။ ပေါင်းခဲ့တယ်။ သူများစီးသလိုစီးနိုင်ခဲ့တယ်။ သူများသုံးသလို

သုံးနိုင်ခဲ့တယ်။ သူများသွားသလို သွားနိုင်ခဲ့တယ်။ ဘာဖြစ်လို့ လဲဆိုတော့

ကျွန်နော် လူတိုင်းနဲ့ လည်းတည့်အောင်ပေါင်းတယ်။ တည့်အောင်နေတယ်ဆိုတော့

စီးနိုင်တဲ့ သူတွေ၊ သုံးနိုင်တဲ့ သူတွေ၊ သွားနိုင်တဲ့ သူတွေက ကျွန်နော့်ကိုခေါ်ခေါ်

ကြလွန်းလို့ ( ဒါကြောင့်လားမသိဘူး တချို့ က ကျွန်နော့်ကို ခေါ်ကြတယ်

“ ကပ်ပါးကောင်၊ ဖွတ်ချမ်းသာ “တဲ့  ချစ်စနိုးနဲ့ ခေါ်ကြတာပါ။ ချစ်စနိုးနဲ့ မခေါ်လည်း

စိတ်မဆိုးပါဘူး( ယုံမလား မသိဘူး…ကြုံတုန်း ရေးပြရတာဆိုတော့…

အမေ့ စကားက အမြဲတမ်း နားထဲကြားနေတာဗျာ့…

အမြဲတမ်း အရှုံးသမား ဖြစ်နေပေမယ့်..အမြဲတမ်း နိုင်နေခဲ့တယ်…

မာန မရှိဘူးဆိုပေမယ့်…..မာန ဆိုတာကို လှလှပပထုတ်ပိုးခဲ့တယ်…

ကျွန်နော့် မာနက လူတိုင်းအတွက် ချိုနေတာဗျာ့…တကယ်လုပ်ခဲ့တယ်…

မယုံရင် ဟာသလို့ မှတ်)။

နောက်တစ်ခွန်းကျန်သေးတယ်ဗျာ့.....

မျှော်........

ဆက်ဖတ်မယ်ဆိုရင် ...

Tuesday, February 22, 2011

မဆုံဖြစ်တော့သော ငယ်သူငယ် ချင်း တစ်ချို့ အကြောင်း (၁)

မဆုံဖြစ်တော့သော ငယ်သူငယ် ချင်း တစ်ချို့ အကြောင်း

တွေ့ဆုံကြုံကွဲ လောကထဲမှာ ကျနော်တို့ လူရယ်လို့ ဖြစ်လာခဲ့ကြတယ်။
လူဆိုတာက Social Animal ဆိုတော့ ကျနော်တို့ မှာ ပတ်ဝန်းကျင်၊ အသိုင်း အ၀ိုင်း၊ အပေါင်းအဖော်ဆိုတာ ရှိလာခဲ့ကြတယ်။ လူတိုင်းလူတိုင်းမှာ သတိရစရာ အတိတ်တွေ ရှိတတ်ကြတယ်။ ကျနော့်မှာလည်း ရှိတယ်။ အဲဒီ အမှတ်တရတွေထဲက သူငယ်ချင်းတစ်ချို့ အကြောင်း ပြောပြချင်ပါတယ်။ အမှတ်တရ ရှိနေပေမယ့် ပြန်မဆုံဖြစ်တော့တဲ့ ကျနော့် ငယ်သူငယ်ချင်း ၃ ယောက် အကြောင်းပါ။ တကယ်လို့ သူတို့ ဒီစာကို ဖတ်မိရင်လည်း ကျနော်တို့ ပြန်ဆုံဖြစ်မယ် ဆိုတဲ့ မျှော်လင့်ချက် ခပ်ပါးပါးလေးလည်း ပါပါတယ်။ ခုနှစ်အလိုက် ငယ်စဉ်ကြီးလိုက် စီထားပြီး ပြောပြပါမယ်။

၁။ ဇော်ဇော်အောင် (ပထမတန်း ၁၉၈၅)

ဇော်ဇော်အောင့် အကြောင်း မပြာခင် ကျနော်တို့ ပထမတန်းနဲ့ ကျောင်းရဲ့ ပုံစံကို အရင်ပြောပြပါ့မယ်။
ကျနော်တို့ အခြေခံ ပညာ သင်ယူခဲ့တဲ့ ကျနော်တို့မြို့လေးရဲ့ တစ်ခုထည်းသော အ.ထ.က ကျောင်းတော်ကြီးက ပြည်တော်သာ စီမံကိန်းနဲ့အတူ ပေါ်လာခဲ့တာဆိုတော့ အဲဒီခေတ်က State ကျောင်းတွေ ပုံစံအတိုင်း အင်္ဂလိပ် အက္ခရာ အီး (E) ပုံသဏ္ဍန် ရှိတယ် ။ ကျနော်တို့ ပထမတန်းရယ် နောက် သူငယ်တန်းရယ်က အဲဒီ အီးအက္ခရာ ရဲ့ အောက်ဘက် တောင်ပံက ထောင့်စွန်ဖြစ်တဲ့ အခန်းကျယ်ကြီးထဲမှာ အတူတူ။

သူငယ်တန်းက ကော်ရစ်ဒါကနေ ၀င်တဲ့ တခါးဘက်ကို မျက်နှာလှည့်တယ်။ ကျနော်တို့ ပထမတန်းက ကျာင်းရဲ့ နောက်ဖေးဘက်ဖြစ်တဲ့ လယ်ကွင်းတွေ ဘက်ကို မျက်နှာလှည့်တယ်။ (မျက်နှာလှည့်တယ်=အဲဒီဘက် နံရံမှာ ကျောက်သင်ပုန်း တပ်ထားတယ်) ။ အတန်းပိုင်ဆရာမက ကနော့် အဖေ ငယ်ငယ်ထဲက ဆရာမတော်ဘူးတဲ့ ဒေါ်သန်းကြွယ်။ ဆရာမက သားသမီး မရှိ၊ လူကလည်း ပြည့်ပြည့်စုံစုံ ချမ်းချမ်းသာသာ၊ ဘာသာတရားဘက်လည်း ကိုင်းရှိုင်းတော့ ဆရာမက သူ့အသက်ထက် တော်တော်ငယ်တယ် ထင်ရလောက်အောင် နုပျိုတယ်။

ကဲ အခုမှ ဇော်ဇော်အောင် အကြောင်းက စမှာ . . . :D

မှတ်မှတ် ရရ ပထမဆုံး တစ်ယောက်က ဇော်ဇော်အောင် ။ သူနဲ့ ကျနော်နဲ့က ပထမတန်းမှာ တစ်ခုံထည်း အတူထိုင်ခဲ့ကြတာ။ ကျနော်တို့ ခေတ်တုံးက လူကောင်တွေက ထွားကြတယ်။ ထူးထူးခြားခြား သူက အခန်းထဲမှာ အညှက်ဆုံး ကျောင်းသား။ ကျနော်တို့ ပထမတန်းမှာ ကျောင်းသားဘယ်နှစ်ယောက်လောက် အတူတူ တက်ခဲ့ကြ တယ်ဆိုတာတော့ ကျနော် မမှတ်မိတော့ပါဘူး ။ မှတ်မိနေသေးတာက Column သုံးခု ရှိတယ် ။ကျောက်သင်ပုန်းကို မျက်နှာမူထားရင် တဘက် ဘယ်အစွန်က ကောင်မလေးတွေချည့်ပဲ။ အလယ်က ပထမ ၂ တန်းက ကောင်မလေး၊ နောက်က ယောက်ကျားလေး။ ပြီးတော့ ကျနော်တို့ ယောက်ကျားလေးတွေချည့်က ညာအစွန်။ ခင်ဇော်အောင်ရယ်၊ ဇော်ဇော်အောင်ရယ်၊ ကျနော် ကိုတာတူးရယ်က ညာစွန် ယောက်ကျားလေး Column ရဲ့ ဒုတိယမြောက် အတန်းမှာ ဘယ်မှ ညာ အစဉ်လိုက်ထိုင်ကြတယ်။ ကျနော်က လူကောင်ထွားပြီး အရပ်က မြင့်ပေမယ့် ဆရာ၊ ဆရာမ တွေရဲ့ သားသမီးတို့ ထုံးစံအတိုင်း ကျောင်းရဲ့ မျက်နှာသာ ပေးမှုအရ ဒုတိယမြောက် အတန်းမှာ ထိုင်ခွင့်ရခဲ့တယ်။

ဇော်ဇော်အောင်ရဲ့ အဖေက ကျနော်တို့မြို့လေးမှာ တာဝန်ကျလို့ သူက အဲဒီနှစ်ကမှ ပြောင်းလာတဲ့ ကျောင်းသားသစ်။ ဘယ်ဌာနက ဘယ်ရာထူးနဲ့ ဆိုတာတော့ ကျနော် မသိပါဘူး။ သူ့အဖေကိုတော့ ကျနော် တို့ ခွဲသွားကြတဲ့အထိ လုံးဝ မမြင်ဘူးလိုက်ဘူး ။သူ့ကို သူ့အမေက ကျောင်းလိုက်ပို့တယ်၊ကျောင်းလာကြိုတယ်။ ကျနော်တို့ ခေတ်တုံးက ကျောင်းသားတွေ အတန်းထဲအထိ မိဘတွေက လာစောင့်ပြီး ကြို၊ ပို့ လုပ်လို့ ရသေးတယ်။ သူ့မှာ ညီမလေး တယောက်ရှိတယ်။ အဲဒီ ကောင်မလေးက အဲဒီတုံးက ၃ နှစ်သမီးလောက်ပဲ ရှိဦးမယ် ။

ဇော်ဇော်အောင်က အဲဒီတုံးက ငယ်သွား မလဲသေးတော့ သွားကျိုးလေးဗျ။ သူ့ရှေ့သွားတွေ အားလုံးက အကောင်းတစ်ခုမှ မရှိတော့ဘူး သွားပိုးစားထားလို့ မဲမဲလေးတွေပဲ မြင်ရတယ် ။ သူက အတန်းထဲမှာ လူတော်တော်များများကို ကြောက်ရတယ်။ အဲလို ကြောက်တတ်တဲ့ ပင်ကိုယ် သဘာဝလည်း ရှိတယ်။ ကစား ရင် သူပဲ ခံရတာများတယ်။ ကစားဖို့ Break ပေးတဲ့ အချိန် တော်တော်များများမှာ သူက သူ့အမေရယ် ၊ သူ့ညီမလေးရယ် အနားမှာပဲ နေပြီး အတန်းသားတွေ ကစားတာကို ငေးနေလေ့ ရှိတယ်။ အဲလိုမျိုး သူ့ကို အမှတ်တရ ရှိအောင်ကို သူက တကယ့် တသီးတခြားလေး။ ကျနော်တို့ ငယ်တုံးက ကလေးတွေ ထုံးစံအတိုင်း ထိုင်ခုံပေါ်မှာ မျဉ်းသားပြီး သူ့ဘက်၊ ငါ့ဘက် စည်းမကျော်ကြေး၊ စည်းကျော်ရင် ကျော်တဲ့လက်ကို သစ်သားပေတံနဲ့ ရိုက်ကြေး အဲလိုတွေလည်း စိတ်ဆိုးတဲ့ အခါတွေ အခန့်မသင့်တဲ့ အခါတွေ ရှိခဲ့ကြဘူးတယ်။ အိမ်က ထည့်ပေးတဲ့ မုန့်တွေကို အတူတူဝေစားပြီး ရှေ့ကအတန်း နောက်က အတန်းတွေနဲ့လည်း စစ်ဖြစ်ခဲ့ကြဘူးတယ်။

ကျနော်တို့ ပထမတန်း ပြီးခါနီးမှာ သူ့အဖေက ပဲခူးဘက်ကို ပြောင်းရတယ်။ အဲဒါနဲ့ပဲ သူ့အတန်းတင် စာမေးပွဲပြီးတော့ သူရယ်၊ သူ့အမေရယ်၊ သူ့ညိမလေးရယ်က ပြောင်းပြီး လိုက်သွားကြတယ်။ ကျနော်တို့က နယ်မြို့လေးမှာဆိုတော့ အမှတ်တရ ကျွေးတာတွေ၊ လက်ဆောင် ဖလှယ်တာတွေ မရှိခဲ့ပါဘူး။ အဲဒီနောက်လည်း ကျနော်တို့ ပြန်ဆုံတာ မရှိတော့ပါဘူး။ ပထမတန်း အတန်းတင် စာမေးပွဲ နောက်ဆုံးနေ့ကနောက်ဆုံး တွေ့ဖြစ်ခဲတာဆိုတော့ ကျနော်တို့ ပြန်မဆုံ ဖြစ်ကြတာ ခုဆို ၂၅ နှစ်ကျော်ကျော် ရှိပြီ။ ကျနော်တို့ တစ်နှစ်ထည်းပဲ အတန်းအတူတူ တက်ဘူးပေမယ့် ထူးထူးခြားခြား သူ့ကို ကျနော် အမှတ်တရ ရှိနေဆဲ ။

(စာဖတ်ရတာတွေ များမှာစိုးလို့ နောက်နှစ်ယောက် အကြောင်းကို နောက်နေ့မှပဲ ဆက်ပါတော့မယ် ။ )

လေးစားခင်မင်လျက်

တာတူး

ဆက်ဖတ်မယ်ဆိုရင် ...

Sunday, February 13, 2011

တောသားလေး ပိုင်ဆိုင်ခဲ့သောသော ဟာသ

အမေ၊အဖေ ကျေးဇူးနဲ့ အတူ တောသားလေးဖြတ်သန်းခဲ့ခြင်း

ကျွန်တော်တောသားပါ။ မိဘတွေက လယ်သမားတွေဆိုတော့ကျွန်တော်

မချမ်းသာပါဘူး။ မချမ်းသာပေမယ့် ဆင်းဆင်းရဲရဲကြီးလည်းမဟုတ်ဘူးဗျ။

ကျွန်နော့် မိဘက ရှေ့ ရေးမျှော်ပြီး ကျွန်တော့်ကို မြို့ ပေါ်သို့ လွတ်၊ပညာ

တော်သင်သွားခိုင်းပါတော့တယ်။ကျွန်တော်မသွားချင်ပါဘူး။ ကိုယ့်ရွာ၊ကိုယ့်ဓလေ့၊

ကိုယ့်အပေါင်းအသင်းတွေနဲ့ ကိုယ့်လယ်တောမှာပဲပျော်တာကိုး။ ဒါပေမယ့် မရပါဘူး။

အမေက….” သားရေ….အမေတို့ အသက်ရှင်နေတုန်း၊လုပ်နိုင်၊ကိုင်နိုင်၊စားနိုင်တုန်း

မြို့ တက်ပြီးပညာသင်စမ်းပါ။ ငါတို့ သေရင် ငါ့သားကိုပေးစရာအမွေ ဆိုလို့ ဘာတစ်

ခုမှမရှိဘူး။ အခု ငါတို့ မသေခင်ပေးနိုင်တာ ပညာသင်စရိတ်ပဲ့ရှိတယ်။

အသက်မွေးဝမ်းကြောင်းပညာတစ်ခုခုတတ်အောင်မြို့ တက်ပြီးသင်စမ်းပါ ”တဲ့။

ကျွန်တော်က“ ဟင့်…အင်း…” ပါပဲ။ ( “ ဟင့်…အင်း…”ဆိုတာ NO လို့ ပြောတာဗျ။)

ပြီးတော့ ကျွန်တော်က ပြန်ပြောလိုက်သေးတယ်။

“ဟာ……….အမေတို့  အခုလုပ်ကိုင်စားသောက်နေတဲ့ လယ်လုပ်ငန်းက အသက်မွေး

ဝမ်းကြောင်းပညာမဟုတ်ဘူးလား…….ကျွန်တော် ကောင်းကောင်းလုပ်တတ်ပါတယ်”

လို့ ပေါ့လေ။ ဒီလိုငြင်းနေတုန်း အဖေက

“ သား…..လိမ္မာပါတယ်ကွယ်….တဲ့ . ..အခုအဖေတို့ လုပ်နေတဲ့  လယ်ယာလုပ်ငန်း

ကိုကြည့်..ဘယ်လောက်ပင်ပန်းလိုက်လဲ…တစ်မိုးလုံးလုပ်မှ စပါးတစ်ရာနှစ်ရာပဲ

ရတယ်။ သား အဖိုး လက်ထက်ကတည်းကနေ လုပ်လာခဲ့တဲ့ ဒီလယ်လုပ်ငန်း

အခုဆို အဖေတို့ သားတို့ လက်ထက်ရောက်လာပြီ…စားနိုင်သောက်နိုင်တာပဲ

အဖတ်တင်တယ်။ တောက်တောက်ပြောင်ပြောင်ဖြစ်မလာဘူး မဟုတ်လား..

နောက်ဆို …သားလက်ထဲရောက်လာတော့မယ်။ သားအဖိုးကနေ လုပ်လာတဲ့ 

လယ်…အခု အဖေတို့ သားတို့ လက်ထဲမှာလည်း ဒုံရင်းဒုံရင်းဘ၀နဲ့ နေသွားတော့

မှာလား…တဲ့ …။

( ကျွန်နော် တို့ ဒေသမှာ ရာသီသုံးရာသီမှာ မိုးရာသီ မှာပဲ့ လယ်လုပ်ကြတာဗျာ့။

နွေ၊ဆောင်း ကတော့ လယ်မလုပ်ကြဘူး၊ ဒါကြောင့်တစ်မိုးလုံးလုပ်ထားပြီးရထားတဲ့ 

စပါးတင်းတစ်ရာနှစ်ရာကိုဆောင်းနွေမှ နောက်တစ်နှစ်မိုးရာသီလယ်လုပ်ချိန်အထိ

သိုထားပြီး၊ စားကြရတာလေ…)

အဖေ့..လေလှိုင်းထဲ ကျွန်နော် မူးနေတုန်း..အမေက

“ သားရေ….အမေကတော့ ငါ့သားကို သူများပညာတတ်တွေလို အေးအေးဆေးဆေး

အရိပ်ထဲမှာနေပြီး ဘောပင်တစ်ချောင်းနဲ့  အဲယားကွန်းနဲ့ ဖုန်းနဲ့ ကားနဲ့ မြင်ချင်စမ်း

ပါဘိ…ဒါကြောင့် မြို့ တက်ပြီး ပညာတတ်အောင်သင်စမ်းပါတဲ့။

( ကျွန်တော်တို့ ရွာမှာ မိဘတိုင်းက မြို့ တက်ပြီး ကျောင်းတက်နိုင်ရင်

ပညာရှိဖြစ်ပြီ၊ သူဌေးတစ်ယောက်လို နေနိုင်ပြီလို့ ဆိုရလောက်အောင်

မြို့ ဆိုတဲ့ နေရာ ကို အထင်ကြီးကြ၊ အားကျကြတာဗျာ့)

မြို့ တက်ပြီး ပညာတတ်အောင်သင်စမ်းပါ ..သားရယ်…အမေတို့ တစ်မျိုးလုံးမှာ

သားတစ်ယောက်ကို ထွန်းထွန်းပေါက်ပေါက် ပညာတတ်တစ်ယောက် ဖြစ်တာ

အမေတို့ မြင်ချင်စမ်းပါဘိ…………..တဲ့။

( အမေ၊အဖေ တို့ က သူတို့ စိတ်ထဲမှာ တက္ကသိုလ်တက်ဘွဲ့ ရပြီးရင်

သူများတွေလို ပညာတတ်ဖြစ်သွားပြီ၊ အေးအေးဆေးဆေးနေနိုင်ပြီလို့ 

တွေးထင်ထားတာ..)

ဟုတ်လည်းဟုတ်ပါတယ်…လေ..တစ်မျိုးလုံးမှာ ဆယ်တန်း အောင်တယ်ဆိုလို့ 

ကျွန်နော်တစ်ယောက်ပဲ့ ရှိတာကိုး….မြို့ ဆိုတာဘယ်လိုလည်း..ဘာပညာကို

တတ်အောင်သင်ရမှာလဲ..ဆိုတာ….ဘာဆိုဘာမှမသိဘူးဆိုပါတော့…ဒီအချိန်

တုန်းကဆို မြို့ ကိုလည်းရောက်ဖူးချင်တယ်….ရွာနဲ့ လည်း မခွဲချင်ဘူး….

လူတော ထဲ တိုးရမယ်ဆိုတော့ ကြောက်တယ် ဗျာ့…ပြီးတော့ Knowledge

ဆိုတာက ကိုယ့်ရွာကိုယ့်ဓလေ့နဲ့ ဖတ်ဖူးတဲ့ စာအုပ်နည်းနည်းပဲ့ရှိတာကိုး…..။

ကျွန်နော် ဒီလိုနဲ့ မငြင်းနိုင်တော့ပဲ ကိုယ်ချစ်တဲ့ ကိုယ့်အိမ်၊ကိုယ့်ရွာ၊ကိုယ့်ဓလေ့၊ ကိုယ့်

အပေါင်းအသင်းတွေနဲ့ တကွ ကိုယ့်လယ်တောကိုပါမခွဲချင် ခွဲချင်နဲ ကြောက်လန့် စွာ၊

ရှက်ရွံ့ စွာ၊ သိမ်ငယ်စွာ မွေးကတည်းကစပြီး တစ်ခါမှမရောက်ဘူးတဲ့ မြို့ ပေါ်သို့  ပညာ

တော်သင်ဆိုတဲ့ ခေါင်းစဉ်နဲ့ စလှမ်းကာ ကျောင်းဆက်တက်ခဲ့ပါတယ်လေ..။

အမေ့လက်ဆောင် စကားသုံးခွန်း

(ဒါမှမဟုတ်)

တောသားလေးနဲ့ စကားကြီးသုံးခွန်းဆိုပါတော့။

ဒီလိုနဲ့ ကျွန်နော် ကျောင်းတက်ဖြစ်ခဲ့ပါတယ်။ ကျွန်နော် ရွာကထွက်တော့

အမေက စကားသုံးခွန်းကို လက်ဆောင်ပေးပါတယ်။ ကျွန်နော် ကျောင်း

တက်ခဲ့ တဲ့ တစ်လျောက်လုံး အမေမှာလိုက်တဲ့ စကားကြီးသုံးခွန်းကို မြေ၀ယ်

မကျ နားထောင်ခဲ့ပါတယ်။ အခုလည်းနားထောင်တုန်း ဆိုပါတော့။ တခါမှ

မရောက်ဖူးတဲ့ မြို့ ကိုရောက်တဲ့ အချိန်၊ ကျောင်းစတက်တဲ့ အချိန်ကဆိုရင်

စကားကောင်းကောင်းမပြောတတ်ပါဘူး။ လူရိပ်လူခြေလည်း မကြည့်တတ်

ဘူး။ နားမလည်ဘူး။ အရိပ်သုံးပါးနားမလည်ဘူးဆိုပါတော့။ ဘာမှလည်းမသိ

ဘူး။ လူရည်မလည်သေးဘူးဆိုပါတောဗျာ့။ ဒီလိုဒီလိုနဲ့ ပေါ့လေ……

ကျွန်နော် ကျောင်းတက်ရင်း သူငယ်ချင်းတွေရလာပါတယ်။ သူငယ်ချင်း

တွေ ရလာတယ်ဆိုရင်ပဲ့ ကျောင်းတက်ရတာ ပျော်လာတယ်ဗျာ့။ ပျော်လာ

တယ်ဆိုရင်ပဲ့ တစ်ကျောင်းလုံးမှာရှိတဲ့ ကျောင်းသူကျောင်းသားတွေက

ကျွန်နော့်ကိုသိလာတယ်ဗျာ့။ တွေ့ တဲ့ သူတိုင်းကလည်း ကျွန်နော့်ကိုမှတ်

မိသွားလေ့ရှိတယ်ဗျာ့။ ဘာဖြစ်လို့ လဲဆိုတော့ အမေ့ရဲ့ စကားကြီးသုံးခွန်းကို

မြေ၀ယ်မကျဂရုစိုက်စွာ ထိန်းသိမ်းထားလို့ ပေါ့။( မယုံလည်းနေပေါ့နော်..ဟိဟိ )

ကျွန်နော်ဟာ ကျွန်နော် သိပ်ကိုခင်တွယ်တဲ့ မွေးရပ်နဲ့ ဝေးတဲ့နေရာ

ရောက်နေတော့ အဖေ၊အမေကို၊ အိမ်ကို၊ မွေးရပ်ကို၊ အပေါင်းအသင်းသူငယ်

ချင်းတွေကို သတိရလိုက်တာ၊ လွမ်းလိုက်တာ မငိုဘဲနဲ့ မျက်ရည်ကျတဲ့ အထိပေါ့။

(ကျွန်နော် အသံထွက်အောင်မငိုပါဘူး။ မငိုမိအောင်အံကြိတ်တင်းထားပေမယ့်

မျက်ရည်က အလိုလိုတိုးထွက် ထွက်ကျလာတာ) ကျွန်နော့်ရဲ့ အချို့ သူငယ်ချင်း

တွေက သတိရရင်၊ လွမ်းရင် (သူတို့ မွေးရပ်ကို)ဖုန်းတွေဆက်ပြီးအလွမ်းတွေဖြေ၊

အသံထွက်အောင်ငိုနေကြတာတွေမြင်ဖူးပါတယ်။ ကျွန်နော်သူတို့ ကိုကြည့်ပြီးတော့

သူတို့ လိုလိုက်မလုပ်ပါဘူး။ ကျွန်နော့် အမေက ကျွန်နော့်ကို မှာလိုက်တယ်။

“ သား………ရောက်တဲ့ အရပ်မှာ ပျော်အောင်နေပါ……..တဲ့။…….”

ကျွန်တော် ပျော်အောင်နေခဲ့ပါတယ်။ ဘယ်လိုနေခဲ့လဲဆိုတော့ အိမ်ကို

လွမ်းလာပြီ၊ သတိရလာပြီ၊ငိုချင်လာပြီ၊ ခံစားရလာပြီဆိုရင် ကျွန်နော်နေတဲ့

ဘော်ဒါတစ်ဆောင်လုံးကို သန့် ရှင်းရေးစလုပ်ပါတယ်။ လမ်းထဲမှာရှိတဲ့ 

သောက်ရေအိုးတွေကို ရေလိုက်ဖြည့်တယ်။ သူငယ်ချင်းတွေအတွက်

ရည်းစားစာတွေရေးပေးတယ်။ အိမ်ကို လွမ်းတဲ့ အကြောင်းစာတွေရေး

ပေးတယ်။ ကျွန်နော် အမြဲတမ်းထမင်းစားတဲ့ ဆိုင်ကိုသွားပြီး စားပွဲထိုး

လုပ်ပါတယ်။ ငိုချင်လာပြီဆိုရင် အချို့ သူငယ်ချင်းတွေလို အရက်မသောက်

ပါဘူး။ ဒီိလိုနဲ့ ကျွန်နော် ပျော်အောင်နေတတ်လာခဲ့တယ်။ ခံစားမှုပျောက်

အောင်နေတတ်လာခဲ့တယ်။ ဒါပေမယ့် အရက်မသောက်တတ်ခဲ့ဘူးဗျာ့။

( ယုံမလား မသိဘူး…ကြုံတုန်း ရေးပြရတာဆိုတော့…

တကယ်လုပ်ခဲ့ တာ၊ တကယ် အိမ်ကိုလွမ်းခဲ့တာ..မယုံရင် ဟာသလို့ မှတ်)

နောက်ထပ်ဆက်ပါဦးမည်….မျှော်….

ဆက်ဖတ်မယ်ဆိုရင် ...